ကမ္ဘာအေးလမ်းပေါ်ရှိ နာမည်ကြီးကွန်ဒိုတစ်ခု အဂတိကော်မရှင်ထံ တိုင်ကြားခံရ

 774

စော (NP News) - နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးလမ်းမပေါ်ရှိ နာမည်ကြီး Kabar Aye Ex­ecutive(KER) အထပ်မြင့်ကွန်ဒိုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်ကြားထား ကြောင်း နေထိုင်သူများက NP News ကိုပြောသည်။
အဆိုပါ KER ကွန်ဒိုတွင် Condominium အင်္ဂါစုံလင်စွာပါဝင်သည့်အပြင် စည်ပင်ကခွင့်ပြုထား သော အခန်းပေါင်း (၁၁၅)ခန်းရှိကြောင်း ဝယ်ယူသူများထံသို့ရောင်းချခဲ့ပြီးနောက် Developer က စည် ပင်ခွင့်ပြုပြီးသား အခန်းအရေအတွက်ထက်ပို၍ ကားပါကင်၊ ပန်းခြံများဖြစ်သော အများပိုင်နေရာများ၌ အခန်းများ ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ထိုသို့ အခန်းများထပ်မံတိုးချဲခဲ့သည့်အတွက် နေ ထိုင်သူများက ကွန်ဒို၏ ခံနိုင်ရည်ရှိမှု၊ ခိုင်ခံ့မှုနှင့် Public Area ဆုံးရှုံးမှုများကြောင့် ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာနသို့ စစ်ဆေးပေးရန်တင်ပြခဲ့ရာ လာရောက်စစ်ဆေးခဲ့ ကြောင်းသိရသည်။
အဆိုပါ လာရောက်စစ်ဆေးခြင်းနှင့်ပတ်သက်၍ မည်သို့ အရေးယူဆောင်ရွက်ကြောင်းမသိရှိရ ဘဲ ထိုသို့တိုးချဲ့ဆောက်လုပ်ခဲ့သည့် တိုက်ခန်းများအရေအတွက်မှာလည်း (၁၃၂)ခန်းအထိဖြစ်လာသည့် အပြင် အချောကိုင် အပြီးသတ်ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။
ထိုသို့ BCC ရရှိပြီးနောက် အခန်းတိုးချဲ့ခြင်း၊ ပြင်ဆင်ဆောက်လုပ်ခြင်း၊ Public Area ဆုံးရှုံးခြင်း များအပေါ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် တည်ဆဲ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိကိုမသိရ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့တိုင်ကြားခဲ့သည့်အပေါ် ကော်မရှင်အ စည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်သာ စိစစ်အရေးယူဆောင်ရွက်ရန်ဆုံးဖြတ် ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ထပ်မံအကြောင်းကြားတင်ပြခဲ့ကြောင်းလည်းသိရ သည်။ ယင်း KER ကွန်ဒိုကို ဝယ်ယူနေထိုင်သူများထံသို့ စုပေါင်းပိုင်အဆောက်အအုံအဖြစ် ရောင်းချခဲ့ ပြီဖြစ်သော်လည်း ယခုအချိန်အထိ အခန်းပိုင်ရှင်များပါဝင်သော အိမ်ရာကော်မတီအားဖွဲ့စည်းပေးခြင်း မရှိသည့်အပြင် Developer တစ်ဦးတည်းကသာ အိမ်ရာနှင့်ပတ်သက်သောကိစ္စအဝဝကို ချုပ်ကိုင်ခြယ် လှယ်နေကြောင်းသိရသည်။

Zawgyi Version:
ကမာၻေအးလမ္းေပၚရွိ နာမည္ႀကီးကြန္ဒိုတစ္ခု အဂတိေကာ္မရွင္ထံ တိုင္ၾကားခံရ
ေစာ (NP News) - ႏိုဝင္ဘာ ၁၇
ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္းၿမိဳ႕နယ္ ကမာၻေအးလမ္းမေပၚရွိ နာမည္ႀကီး Kabar Aye Ex­ecutive(KER) အထပ္ျမင့္ကြန္ဒိုကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ထံသို႔ တိုင္ၾကားထား ေၾကာင္း ေနထိုင္သူမ်ားက NP News ကိုေျပာသည္။
အဆိုပါ KER ကြန္ဒိုတြင္ Condominium အဂၤါစုံလင္စြာပါဝင္သည့္အျပင္ စည္ပင္ကခြင့္ျပဳထား ေသာ အခန္းေပါင္း (၁၁၅)ခန္းရွိေၾကာင္း ဝယ္ယူသူမ်ားထံသို႔ေရာင္းခ်ခဲ့ၿပီးေနာက္ Developer က စည္ ပင္ခြင့္ျပဳၿပီးသား အခန္းအေရအတြက္ထက္ပို၍ ကားပါကင္၊ ပန္းၿခံမ်ားျဖစ္ေသာ အမ်ားပိုင္ေနရာမ်ား၌ အခန္းမ်ား ထပ္မံတိုးခ်ဲ႕ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။ ထိုသို႔ အခန္းမ်ားထပ္မံတိုးခ်ဲခဲ့သည့္အတြက္ ေန ထိုင္သူမ်ားက ကြန္ဒို၏ ခံႏိုင္ရည္ရွိမႈ၊ ခိုင္ခံ့မႈႏွင့္ Public Area ဆုံးရႈံးမႈမ်ားေၾကာင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာ ဌာနသို႔ စစ္ေဆးေပးရန္တင္ျပခဲ့ရာ လာေရာက္စစ္ေဆးခဲ့ ေၾကာင္းသိရသည္။
အဆိုပါ လာေရာက္စစ္ေဆးျခင္းႏွင့္ပတ္သက္၍ မည္သို႔ အေရးယူေဆာင္႐ြက္ေၾကာင္းမသိရွိရ ဘဲ ထိုသို႔တိုးခ်ဲ႕ေဆာက္လုပ္ခဲ့သည့္ တိုက္ခန္းမ်ားအေရအတြက္မွာလည္း (၁၃၂)ခန္းအထိျဖစ္လာသည့္ အျပင္ အေခ်ာကိုင္ အၿပီးသတ္ၿပီးစီးသြားခဲ့ၿပီျဖစ္ေၾကာင္းသိရသည္။
ထိုသို႔ BCC ရရွိၿပီးေနာက္ အခန္းတိုးခ်ဲ႕ျခင္း၊ ျပင္ဆင္ေဆာက္လုပ္ျခင္း၊ Public Area ဆုံးရႈံးျခင္း မ်ားအေပၚ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသည္ တည္ဆဲ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာ ယာေရးဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ခဲ့ျခင္း ရွိ၊ မရွိကိုမသိရ၍ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္သို႔ တိုင္ၾကားခဲ့ေၾကာင္းသိရသည္။
အဆိုပါ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔တိုင္ၾကားခဲ့သည့္အေပၚ ေကာ္မရွင္အ စည္းအေဝးတြင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အေနျဖင့္သာ စိစစ္အေရးယူေဆာင္႐ြက္ရန္ဆုံးျဖတ္ ခဲ့သျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံသို႔ ထပ္မံအေၾကာင္းၾကားတင္ျပခဲ့ေၾကာင္းလည္းသိရ သည္။ ယင္း KER ကြန္ဒိုကို ဝယ္ယူေနထိုင္သူမ်ားထံသို႔ စုေပါင္းပိုင္အေဆာက္အအုံအျဖစ္ ေရာင္းခ်ခဲ့ ၿပီျဖစ္ေသာ္လည္း ယခုအခ်ိန္အထိ အခန္းပိုင္ရွင္မ်ားပါဝင္ေသာ အိမ္ရာေကာ္မတီအားဖြဲ႕စည္းေပးျခင္း မရွိသည့္အျပင္ Developer တစ္ဦးတည္းကသာ အိမ္ရာႏွင့္ပတ္သက္ေသာကိစၥအဝဝကို ခ်ဳပ္ကိုင္ျခယ္ လွယ္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.