အပျိုရည်ဖျက်ခံရသော မိုးကုတ်နှင့် စွန့်ခွာသူတို့၏ မန္တလေးသို့ ခရီးရှည်

118

သုတကျော် (NP News) - နိုဝင်ဘာ ၁၇
ရှေးနှစ်ပေါင်းများစွာက သူဌေးလောင်းတို့၏ အိပ်မက်မြို့တော်။ သဘာဝက လက်ဆောင်ပေး ထားသည့် ပတ္တမြား နှင့် နီလာတို့ကြောင့် ပတ္တမြား နှင့် မိုးကုတ်တည်းဟူသော ဝိသေသ နှစ်ခု ခွဲမရလေအောင် တစ်ပေါင်းတည်းကပ်နေသော မိုးကုတ်မြို့သည် မြန်မာနိုင်ငံ၏လည်ဆွဲရတနာ မြို့တစ်မြို့ဖြစ် သည်။
အရှေ့အလယ်ပိုင်းမှ အာရပ်စော်ဘွားများ၊ ရေနံ သူဌေးများ ကျိကျိတက် ချမ်းသာသည်၊ ငွေကို ရေလို သုံးနိုင်သည်ဟု သတင်းမထွက်မီကပင် မိုးကုတ်မြို့က ကျောက်သူဌေးဟုပြောရုံဖြင့် ငွေကို လေလို သုံးနိုင်သူများဖြစ်သည်ဟု နာမည်ကြီးနှင့်ပြီးသားဖြစ်၏။ မိုးကုတ် ကျောက်သူဌေးများ အကြောင်းသည် ကား ပြောမဆုံးပေါင် တောသုံးထောင်ရှိခဲ့သည်။ အချို့သတင်းစကားကား မှန်၏။ အချို့ကလည်း အလွန် အကြူးတင်စားခြင်းများရှိခဲ့သည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ မိုးကုတ်မြို့သည် ကံအကျိုးပေး တိုး မြင့်စေမည့် မြို့တစ်မြို့ဖြစ်ကြောင်းကိုကား ငြင်းချက်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။
(၁၅) ရာစုခန့်က စတင်ကာ အီတလီ မှတ်တမ်းတွင် ပတ္တမြားထွက်သည်ဟုပါနေပြီး အနောက် တိုင်းသားတို့ စိတ်ဝင်စားခဲ့ကြသည်။ မိုးကုတ်သည် သမိုင်းတစ်လျှောက် အရည်အသွေးမြင့် ပတ္တမြားတို့ ထွက်ရှိခဲ့သောကြောင့် မြန်မာဘုရင်တို့က ပတ္တမြားကို ကုန် တော်အဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့သော် မိုးကုတ်မြို့မှ ဘိုးဘေးတို့သည်ကား လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် တွင်းထွက်တို့ မည်သည် ကုန် ခန်းတတ်သော သဘော သဘာဝကို ဆင်ခြင်နိုင်ခဲ့ကြ၏။
ထို့ကြောင့် ထွက်သမျှ တူးဖော်ထုတ်ယူနေခြင်းမဟုတ်။ နောင်လာနောက်သားများ အကျိုး အတွက်၊ ရေရှည်အတွက် ထိန်းသိမ်းထုတ်ယူခဲ့ကြ၏။ “ထွက်တိုင်းတော့ တူးနေတာ မဟုတ်ဘူး။ ချမ်း သာပြီဆိုရင် အကုန် တူးမယ်ဆိုတာထက် နောင်လာနောက်သားတွေအတွက် ချန်ထားခဲ့လေ့ရှိတယ်။ ရတနာထွက်တဲ့နေရာပေါ် ဘုရားတည်တာလည်း ရှိတယ်။ မတူးဘဲ ထားတာလည်း ရှိတယ်” ဟု မိုးကုတ် မြို့ခံတစ်ဦးကဆိုသည်။
ယင်းသို့ဖြင့် သမိုင်းတစ်လျှောက် ဂုဏ်တင့်လာခဲ့သော မိုးကုတ်မြို့သည် ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် အမြဲမပြတ် ဆက်သွယ်နေခဲ့ရသော မန္တလေးမြို့ နှင့် နီးစပ်ခဲ့သည်။ ယနေ့ခေတ်တွင် အကွာအဝေးအားဖြင့် (၁၂၈) မိုင်ခန့်ရှိပြီး (၅) နာရီကျော်ခန့် ကားဖြင့် သွားရမည့်ခရီးတွင်ရှိသော မိုးကုတ် - မန္တလေး ခရီးသည် လမ်းပန်းဆက်သွယ်ရေး မကောင်းသောခေတ်များက တိုင်အကူးအလူး အသွား အလာ များပြားခဲ့ခြင်းဖြစ်သည်။
မိုးကုတ်မှ မန္တလေးသို့ အလာခရီးအတွက် အသုံးပြုခဲ့ရသောလမ်းသည် ဘုရင့်နန်းတော်သို့ ပတ္တ မြား ဆက်သရန် အသုံးပြုသောကြောင့် ရတနာလမ်းဖြစ်ပြီး မိုးကုတ်သို့ ကြီးပွားလိုသော စိတ်အဟုန်ဖြင့် သွားရောက်လိုသူများအတွက်ကား သူဌေးလောင်းလမ်းဟု တင်စားက လွန်အံ့မထင်ပေ။ ခေတ်အဆက် ဆက်ပြောင်းပြီးနောက်တွင်ကား လမ်းကောင်း လမ်း မွန်ဖြင့်မိုးကုတ် နှင့် မန္တလေးအကြား ဆက်မိလာ သည်။ ပထဝီအနေအထားအရ မိုးကုတ်မြို့၏အရှေ့ဘက် နှင့် မြောက်ဘက်တွင် မိုးမိတ်မြို့နယ်၊ တောင် ဘက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့တည်ရှိကာ ဧရာဝတီမြစ်၏ အရှေ့ဘက် (၃၆) မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ (၃၈၀ဝ) တွင်တည်ရှိသော တောင်ပေါ်မြို့ဖြစ်သည်။ မြေက ရတနာထွက်သကဲ့သို့ မြို့တည်ရာ အနေအထား နှင့် ခေတ်အဆက်ဆက် အဆင့်မြှင့်တင်လာခဲ့သော လမ်းပန်းဆက်သွယ်ရေးတို့ ကြောင့်လည်း လမ်းကြောင်းအရလည်း အရေး ပါလာသည်။
ယင်းသို့ဖြင့် အကောင်းပေါ် အကောင်းဆင့်နေသော မိုးကုတ်မြို့အတွက် ကြမ္မာငင်သော နေ့တစ် နေ့ကို ရောက်လာခဲ့သည်။ တရားခံမှာ စစ်ဖြစ်ပြီး စစ်တည်းဟူသော သတ္တဝါကိုယူဆောင်လာသူတို့ကား TNLA နှင့် အပေါင်းအပါတို့ ဖြစ်သည်။
(၁၀၂၇) ဟု ၎င်းတို့ဘာသာ အမည်ပေးထားသော စစ်ဆင်ရေးကာလအတွင်း TNLA နှင့် ပူးပေါင်း အဖွဲ့တို့က စစ်ဘုရင်ဝါဒဖြင့် ပလောင်လူမျိုး အနည်းငယ်သာရှိသော မြို့များကို ထိန်းချုပ်ခဲ့ရာ သီပေါ၊ ကျောက်မဲ၊ နောင်ချိုပြီးလျှင် စစ်ဦးလှည့်စရာကား မိုးကုတ်မြို့အပြင် အခြားပစ်မှတ်မရှိခဲ့ပေ။ စစ် ကို မကြုံဖူးသော မိုးကုတ်မြို့ခံတို့မှာ မြို့မှစတင် တိမ်းရှောင်ခဲ့ကြရသည်။ ယင်းမှာ မိုးကုတ်သူ၊ မိုးကုတ်သား တို့အတွက် ပလောင်ယူလာသော ဆိုးကျိုးများ၏ နိဒါန်းသာ ရှိသေး၏။ မည်သည့်အချိန်က စတင်ကာ သွားရည် တမြားမြား ကျနေခဲ့သည် မသိသော်လည်း မိုးကုတ်မြို့ကို ထိန်းချုပ်နိုင်ပြီးနောက် အတိုင်းအဆ မရှိ ကျောက်တူးဖော်မှုများ ပြုလုပ်ခဲ့သည်။
သို့သော် မြို့ကို မသိမ်းမီ ပျားရည်နှင့် ဝမ်းချခဲ့သေး၏။ ထို့ကြောင့်ပင် PDF ထောက်ခံသူများက PDF တို့ကို ပန်းနှင့် ကြိုခဲ့ကြသည်။ ပလောင်တို့က မိုးကုတ် PDF တို့ အိမ်ပြန်နိုင်ရန် စေတနာ့ ဝန်ထမ်း အဖြစ် မြို့ကိုသိမ်းရန် ကူတိုက်ပေးခဲ့သယောင် သရုပ် ဆောင်ခဲ့သော်လည်း အကယ်ဒမီကို လိုချင်ခဲ့ဟန် မတူပေ။ ပလောင်တို့ မင်းသားခေါင်းဆောင်းအောက် က ဘီလူးရုပ်ကား မြန်မြန်ပင်ထွက်ပေါ်လာသည်။ မြို့ကို မထိန်းချုပ်မီ က TNLA နှင့် MDY – PDF တို့ နှစ်ဖက်ညီညာစွာ ဦးဆောင်ခဲ့သည်ဟု အွန်လိုင်း ထက်တွင်ဓာတ်ပုံတင်ကာ ဝါဒဖြန့်ချီခဲ့သော်လည်း မြို့သိမ်းပြီးနောက် ပလောင်တို့က မြို့တွင်နေပြီး PDF တို့ကို အစွန်အဖျား ပို့လိုက်သည်။ ယင်းမှာ မိုးကုတ်မြို့ကို ဘနဖူး သိုက်တူးရန် ဇာတ်လမ်းအစပင် ဖြစ်တော့သည်။
တိုက်ပွဲဖြစ်ချိန်က စစ်ဘေးရှောင်ကြရပြီး မိုးကုတ်မြို့ကို TNLA တို့ ထိန်းချုပ်ပြီးနောက်တွင်လည်း မိုးကုတ်ဒေသခံများမြို့မှ တိမ်းရှောင်ကြရပြန်သည်။ သို့သော် လွယ်သည်ကား မဟုတ်ပါ။ ယခင်ကဲ့သို့ ဖြောင့်ဖြောင့်တန်းတန်းသွားရသည် မဟုတ်ဘဲ အစစ်ဆေး ထူပြောသည်။ လမ်းပန်းဆက်သွယ်ရေးကလည်း သွားရိုး လမ်းဟောင်းမှ မသွားနိုင်သောကြောင့် တောလမ်းမှ ဖြတ်ရ သည်လည်း ရှိသည်။
“မှတ်ပုံတင် စစ်ရင် ဝန်ထမ်းဟောင်းဆိုလည်း ဖမ်းခံရတယ်။ ဖုန်းတွေလည်း စစ်တယ်။ ပြီးတော့ ဖုန်းထဲမှာ အဆက်သွယ်တို့၊ ပုံတို့ ပါရင်လည်း ဖမ်းတယ်။ တကယ်က အဆက်အသွယ်ဆိုတာ ဒီအတိုင်း သတင်း မပေးလည်း ရှိနေနိုင်တာမျိုးပဲ” ဟု ထိုစဉ်က အခြေ အနေကို မိုးကုတ်မြို့ခံတစ်ဦးက ရှင်းပြ သည်။ ယင်း နောက် ပလောင်တို့က မြို့ပြအုပ်ချုပ်ရေး ဖော်ဆောင် သည်ဟုဆိုကာ ပလောင်ကို ဗဟိုပြု သော အုပ်ချုပ်ရေး ယန္တရား စတင်သည်။ မိုးကုတ်မှ ပလောင်တို့ အုပ်ချုပ်ရေးကား ကျောက်တူးရန် အတွက်သာဖြစ်ပြီး အခြားမည်သည့် ရည်ရွယ်ချက်မျှမရှိပေ။ ထို့ပြင် အပိုအလုပ်အဖြစ် အယူဝါဒ မတူ သူများကို ဒလန်အဖြစ် ဖမ်းဆီး ခြင်းများရှိခဲ့သည်။ တစ်ဖက်တွင်လည်း ကျောက်တူး သည်။ မိုးကုတ်မြို့မှ ဘိုးဘေးတို့က နောင်လာနောင်သားတို့အတွက် မတူဘဲ ချန်ခဲ့သောနေရာတို့တွင် သွေးသား မတော်စပ် သော TNLA တို့က တူးဖော်သည်။
မိုးကုတ်ဂေါက်ကွင်းသည် ပတ္တမြားထွက်သည့် နေရာဖြစ်သော်လည်း မိုးကုတ်မြို့ခံများနှင့် အစိုးရ အဆက်ဆက်တို့က ထိန်းသိမ်းထားခဲ့သော်လည်း ပလောင်တို့အောက်တွင် ဘက်ဟိုးများဖြင့် ကော်ထုတ် ပြီး တူးသည်။ ပလောင်တို့လက်အောက်တွင် တစ်ချိန်က ခရီးနီးခဲ့သော မိုးကုတ် - မန္တလေး လမ်းမှာ ဝေး ကွာခဲ့ရသည်။
မိုးကုတ်မြို့ကို TNLA တို့ ရောက်အပြီးတွင်ကား ယခင် ကြော့ကြော့မော့မော့သွားလာရသော ခရီး မှ မဖြစ်ဖြစ်အောင်သုံးရသောလမ်းများကို အားကိုးရ သောအခြေအနေသို့ ဆိုက်လာသည်။ ယခင် သွား နေကျ မိုးကုတ် - ပြင်ဦးလွင် - မန္တလေး လမ်းပိုင်းသုံး မရသောကြောင့် MDY – PDF တို့၏ဂိတ်များကို ပိုက်ဆံပေးကာ မတ္တရာ - စဉ့်ကူးလမ်းကို သွားသည်။ သို့သော် ယင်းလမ်းတွင် တိုက်ပွဲများဖြစ်နေသော ကြောင့် မန္တလေးမှ မိုးကုတ်သို့သွားလိုလျှင် စစ်ကိုင်း မြို့၊ ထိုမှတစ်ဆင့် ရွှေဘို၊ ဝက်လက်ကိုဖြတ်ကာ ဇက်ကူးပြီး မတ္တရာဘက်သွားရသည်။ တစ်ဖန် နောင်ချို ဘက်က ပတ်သွားသောလမ်းကိုလည်း သုံးနေရ သည်။ ယခင်က နာရီအနည်းငယ်ခရီးမှ နာရီများစွာ ကြာသည်။ အခန့်မသင့်လျှင် နေ့ချင်းမရောက်တော့။
ယင်းသို့ ပြည်သူများ ခက်ခက်ခဲခဲသွားနေချိန် TNLA တို့က ပတ္တမြား ရှာ၍ ကောင်းနေဆဲ။ ယင်း သို့ ရှာနေဆဲတွင် တစ်ဖက်က TNLA တို့ စစ်ဦးကျိုး လာသည်။ ထို့နောက် စစ်ဦး တုံးသွားသည်။ ပြီးလျှင် ကား စစ်ဆုတ်ရသောကိန်း ဆိုက်လာ၏။ နောင်ချိုမြို့၊ ကျောက်မဲမြို့ နှင့် သီပေါမြို့တို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ နှာခေါင်းကျည်ပွေ့ တွေ့ နေချိန်အထိ TNLA တို့မှာ မိုးကုတ်မြို့မှ အဆီ၊ အသားတို့ကို စူဇကာပုဏ္ဏားသဖွယ် အငတ်တကြီး စားသုံးနေဆဲ။ သို့သော် အခြေမဟန်တော့ကြောင်း ကား သိစပြုနေပြီဟု ဆိုနိုင်သည်။
နောင်ချို၊ ကျောက်မဲဘက် TNLA တို့ ထိုးစစ်ဆင်နေချိန် တစ်ဖက်တွင်လည်း မတ္တရာမြို့နယ် ဘက်မှ TNLA တို့၏ တပည့်ဖြစ်သော MDY – PDF နှင့် TNLA တို့၏ချိတ်ဆက်မှုလမ်းကြောင်းကို ဖြတ်တောက်ရာ အောင်မြင်သည့်အပြင် ယင်းဒေသဘက်တွင်လည်း ထိုးစစ်အောင်မြင်မှုများရှိနေသည်။ တပ်မတော်ကလည်း မိုးကုတ်ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းများထွက်လာ၏။
ထို့နောက်တွင်ကား တပ်မတော် နှင့် အပစ်ရပ်ပြီး မိုးကုတ် နှင့် မိုးမိတ်မှဆုတ်ရန် သဘောတူ ခဲ့သည်။ ယင်းသို့ TNLA ကဆုတ်မည်ဟု ဆိုသောအခါ ၎င်းတို့အခြေစိုက်ရာ စဉ့်ကူးအထိ အန္တရာယ်ရှိ သည်ဟုဆိုပြီး MDY – PDF နှင့် အခြား PDF တို့ က မိုးကုတ်မြို့မှ TNLA တို့ အဆုတ်တွင် တပ်မတော်ကို ခုခံတိုက်ခိုက်မည်ဆို၏။ မိုးကုတ်မြို့ခံတို့ မြို့မှတစ်ဖန် ပြန်ပြေးရမည့်ကိန်းဆိုက်လာသည်။ တစ်ဖက် တွင်လည်း မြို့ကို ခုခံမည်ဆိုသော PDF များဘက်က မိုးကုတ်တွင် သံပုံးတီးနေသော Video ကို အွန် လိုင်းထက်တွင်တင်ကာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်သည်ကို မြင်ရသည်။
“သံပုံးတီးတာက နံပါတ်တစ်က ပလောင်ကို ရွံလို့တီးတာ။ နံပါတ်နှစ်ကတော့ PDF တွေဘာတွေ ဘက်က စည်းရုံရေးလုပ်တဲ့သူက တပ်ဝင်လာမယ်ဆိုတော့ ဆန့်ကျင်ပြီး သံပုံးတီးတာလည်းရှိတယ်။ နှစ် ပိုင်းတော့ ရှိတယ်။ ဒါပေမဲ့ အဓိက နံပါတ်တစ် အချက်က ပလောင်။ ပလောင်ကို အဖျက်သမား မ ကောင်းဆိုးဝါးပေါ့။ တပ်ကိုလည်း မကြိုက်ကြတာရှိတယ်။ ဒါပေမဲ့ တပ်နဲ့ပလောင်ဆိုရင် တပ်ကိုပဲ ယူ ရမှာပေါ့။ ပလောင်ဝင်လာတဲ့အချိန်ကျတော့ မိုးကုတ်မြို့မှာ တစ်ခါမှ မဖြစ်ဖူးတာ ဖြစ်သွားတော့ မိုးကုတ် သူ၊ မိုးကုတ်သားတွေက ရွံ၊ မုန်း၊ ကြောက်၊ မသတီ ဖြစ်သွားတယ်။ ဒီသံပုံးတီးတာက မကောင်းဆိုးဝါး မောင်းထုတ်တာပဲလေ။ မလာနိုင်အောင်ဆိုတာက ဒုတိယ ဟာ ဖြစ်ပါလိမ့်မယ်” ဟု မိုးကုတ်မြို့ခံ တစ်ဦး က သံပုံးတီးသော အခြေအနေနှင့် ပတ်သက်၍ ရှင်းပြသည်။
ထို့ပြင် ယခုလက်ရှိအခြေအနေတွင် တိုက်ပွဲဖြစ်လာနိုင်မည်ဆိုသောကြောင့် မိုးကုတ်မြို့ခံများ တိမ်းရှောင်သော အရေအတွက်မှာ TNLA တို့ မြို့ကို စတင်ထိန်းချုပ်ခဲ့စဉ်ကထက် ပိုများကြောင်း ၎င်း ကဆိုသည်။ PDF တို့နှင့် ရင်ပေါင်တန်းပြီး မြို့ခံများတိုက်ပွဲ မဝင်လိုခြင်းကိုပြသခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ဘေးရှောင်တဲ့ သူတွေက PDF တွေနဲ့ အတူတူပေါင်းပြီး ခုခံမယ် ဆိုရင် သူတို့ ဘာလို့ ရှောင်စရာလိုလို့လဲ။ ရှောင်တယ်ဆိုတည်းက စစ်တပ်ကို ဝင်စေချင်လို့ ရှောင်တာ လေ။ ရိုးရိုးလေးပဲလေ။ သီအိုရီအရ တွေးကြည့်လိုက်လေ။ စစ်တပ်ကို ဝင်ရင်ရပြီ။ ကြဲစရာရှိတာ ကြဲ၊ တိုက်စရာ ရှိတာတိုက်၊ တချိန်ကျရင် မြေကျန်ရင် ကိုယ့်ခြံကိုယ် တဲဆောက်ပြီး ပြန်နေရုံပဲပေါ့” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်သူများအတွက်လည်း မလွယ်လှပါ။ ပိုက်ဆံရှိသူများက ငွေပေးနိုင်သော်လည်း ပိုက်ဆံ မရှိသူများက သဗ္ဗေသတ္တာကမ္မသကာ ထုံး နှလုံးမူနေ ကြရသည်။ ဖြစ်သမျှအကြောင်း အကောင်း ချည်းဟု သာ မှတ်နေကြရ၏။ ခေတ်အဆက်ဆက်တွင် နင်း ပြားလူတန်းစားတို့မှာ ဘေးမှန်သမျှ ကြံ့ကြံ့ ခံခဲ့ရသည်သာ ဖြစ်သည်။
“သွားတဲ့လမ်းကတော့ အခုမိုးကုတ် လမ်းဟောင်းကနေလာပြီး စစ်ကိုင်းက ဝင်တဲ့လမ်းရှိ တယ်။ နောက်တစ်ခါ ဟိုဘက်ကို ရွှေဘိုဘက်ကို မြစ်ကူးတဲ့ဟာက တစ်လမ်းရှိတယ်။ စစ်ကိုင်းဘက်ကို မြစ်ကူး တဲ့လမ်းရှိတယ်။ နောက်တစ်ခုက နောင်ချိုဘက်က ပတ်တာရှိတယ်။ ဘယ်လမ်းက သွားသွား မိုးကုတ် ကနေ မန္တလေးထွက်လာမယ့်သူတွေက အခု ကားခ တစ်ယောက်ကို ဆယ်သိန်းလောက်ဖြစ်နေပြီ။ ဒီ စစ်ဘေးရှောင်တဲ့သူတွေကလေ။ ဆယ်သိန်းဆိုတာ Light Truck နဲ့ လာရတာ” ဟု အထက်ပါ မိုးကုတ် မြို့ခံက ဆိုသည်။
သို့သော် ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ခြင်းလည်း မဟုတ်ပေ။ တိုက်ပွဲရှိ၍ ရပ်ပါဟုဆိုလျှင် ရပ်ရ သောကြောင့် မန္တလေး နှင့် မိုးကုတ်ကိုသွားရန် ရက်ပိုင်းအထိ ကြန့်ကြာခြင်းများရှိနေ၏။ ယင်းသို့ မြို့ခံများ မြို့မှစွန့်ခွာချိန် TNLA တို့က မြို့တွင် တစ်နိုင်တစ်ပိုင် ပတ္တမြားတူးဖော်ခွင့်များ ပေးနေပြန်သည်။ မြို့မှလုပ်ငန်းရှင်များ စွန့်ခွာနေချိန်တွင် လတ်တလော ပတ္တမြားထွက်ရာ မိုးကုတ် ဂေါက်ကွင်း၊ ပင့်ကူ တောင်၊ ဘော်ဗဒန်း၊ ဝန်းထရံ စသော လုပ်ကွက်များတွင် လေးပေတွင်းများကို တူးဖော်ခွင့် ပြုနေ၏။
“အခုက မြို့ကနေ ကျောက်လုပ်ငန်းရှင်တွေက စွန့်သွားပြီ။ စွန့်သွားတော့ တခါသူတို့နေရာ အစားဝင်ဖို့ဆိုပြီး အရင်က နေရာမရတဲ့ဒေသခံတွေကို တနိုင်တပိုင် ဆိုပြန်ခွင့်ပြုတာ။ အချိုးကလည်း ရယ်ရတယ်။ ကျောက်တွေ့ရင် (၁၀ဝ) မှာ (၇၀) က သူတို့ ယူတာ။ မထွက်ခင်မှာ ရသလောက် ထုတ်တဲ့ သဘောပါပဲ” ဟု အခြား မိုးကုတ်မြို့ခံတစ်ဦးက ဆိုသည်။ မိုးကုတ်သည် အပျိုမ ကလေးဆိုပါက TNLA တို့သည် မိုးကုတ်ကို ကျောရရုံ ကြံသည်ဟု ဆိုရချေတော့မည်။ အဘယ် ကြောင့်ဆိုသော် တန်းတူညီမျှ ရေး တွင်တွင်အော်ပြီး ပလောင်နှင့် ရှမ်းကို ခွဲခြားသော TNLA တို့သည် မိုးကုတ်ကိုလာခဲ့ခြင်းမှာ အဆီကို စားပြီး အသားကို မျိုလိုသောကြောင့်သာ ဖြစ်သည်။
မိုးကုတ် - မန္တလေး ခရီးသည် ဒေသခံတို့အတွက် အသက်ရှင်ရေးအတွက်သာမက လွတ်မြောက် ရေး အိပ်မက်အတွက်လည်း လမ်းဖြစ်သည်။ ထို့ပြင် ယခင်လမ်းတွင် အေးချမ်းခဲ့သောအချိန်ကိုလည်း မျှော်လင့်နေကြပေလိမ့်မည်။ မိုးကုတ်ကား TNLA တို့ကြောင့် ဒဏ်ရာများစွာရခဲ့သော်လည်း ပြန်လည် ထူထောင်ရန်မှာ မခက်လှပါ။ အဘယ်ကြောင့်ဆိုသော် မြို့ကိုယ်တိုင်က နာကျင်နေခဲ့ပြီဖြစ်သည်။

Zawgyi Version:
အပ်ိဳရည္ဖ်က္ခံရေသာ မိုးကုတ္ႏွင့္ စြန႔္ခြာသူတို႔၏ မႏၲေလးသို႔ ခရီးရွည္
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၇
ေရွးႏွစ္ေပါင္းမ်ားစြာက သူေဌးေလာင္းတို႔၏ အိပ္မက္ၿမိဳ႕ေတာ္။ သဘာဝက လက္ေဆာင္ေပး ထားသည့္ ပတၱျမား ႏွင့္ နီလာတို႔ေၾကာင့္ ပတၱျမား ႏွင့္ မိုးကုတ္တည္းဟူေသာ ဝိေသသ ႏွစ္ခု ခြဲမရေလေအာင္ တစ္ေပါင္းတည္းကပ္ေနေသာ မိုးကုတ္ၿမိဳ႕သည္ ျမန္မာႏိုင္ငံ၏လည္ဆြဲရတနာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ သည္။
အေရွ႕အလယ္ပိုင္းမွ အာရပ္ေစာ္ဘြားမ်ား၊ ေရနံ သူေဌးမ်ား က်ိက်ိတက္ ခ်မ္းသာသည္၊ ေငြကို ေရလို သုံးႏိုင္သည္ဟု သတင္းမထြက္မီကပင္ မိုးကုတ္ၿမိဳ႕က ေက်ာက္သူေဌးဟုေျပာ႐ုံျဖင့္ ေငြကို ေလလို သုံးႏိုင္သူမ်ားျဖစ္သည္ဟု နာမည္ႀကီးႏွင့္ၿပီးသားျဖစ္၏။ မိုးကုတ္ ေက်ာက္သူေဌးမ်ား အေၾကာင္းသည္ ကား ေျပာမဆုံးေပါင္ ေတာသုံးေထာင္ရွိခဲ့သည္။ အခ်ိဳ႕သတင္းစကားကား မွန္၏။ အခ်ိဳ႕ကလည္း အလြန္ အၾကဴးတင္စားျခင္းမ်ားရွိခဲ့သည္။ သို႔ေသာ္ မည္သို႔ပင္ဆိုေစကာမူ မိုးကုတ္ၿမိဳ႕သည္ ကံအက်ိဳးေပး တိုး ျမင့္ေစမည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းကိုကား ျငင္းခ်က္ထုတ္ႏိုင္လိမ့္မည္ မဟုတ္ေပ။
(၁၅) ရာစုခန႔္က စတင္ကာ အီတလီ မွတ္တမ္းတြင္ ပတၱျမားထြက္သည္ဟုပါေနၿပီး အေနာက္ တိုင္းသားတို႔ စိတ္ဝင္စားခဲ့ၾကသည္။ မိုးကုတ္သည္ သမိုင္းတစ္ေလွ်ာက္ အရည္အေသြးျမင့္ ပတၱျမားတို႔ ထြက္ရွိခဲ့ေသာေၾကာင့္ ျမန္မာဘုရင္တို႔က ပတၱျမားကို ကုန္ ေတာ္အျဖစ္ သတ္မွတ္ခဲ့ၾကသည္။ သို႔ေသာ္ မိုးကုတ္ၿမိဳ႕မွ ဘိုးေဘးတို႔သည္ကား လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာကပင္ တြင္းထြက္တို႔ မည္သည္ ကုန္ ခန္းတတ္ေသာ သေဘာ သဘာဝကို ဆင္ျခင္ႏိုင္ခဲ့ၾက၏။
ထို႔ေၾကာင့္ ထြက္သမွ် တူးေဖာ္ထုတ္ယူေနျခင္းမဟုတ္။ ေနာင္လာေနာက္သားမ်ား အက်ိဳး အတြက္၊ ေရရွည္အတြက္ ထိန္းသိမ္းထုတ္ယူခဲ့ၾက၏။ “ထြက္တိုင္းေတာ့ တူးေနတာ မဟုတ္ဘူး။ ခ်မ္း သာၿပီဆိုရင္ အကုန္ တူးမယ္ဆိုတာထက္ ေနာင္လာေနာက္သားေတြအတြက္ ခ်န္ထားခဲ့ေလ့ရွိတယ္။ ရတနာထြက္တဲ့ေနရာေပၚ ဘုရားတည္တာလည္း ရွိတယ္။ မတူးဘဲ ထားတာလည္း ရွိတယ္” ဟု မိုးကုတ္ ၿမိဳ႕ခံတစ္ဦးကဆိုသည္။
ယင္းသို႔ျဖင့္ သမိုင္းတစ္ေလွ်ာက္ ဂုဏ္တင့္လာခဲ့ေသာ မိုးကုတ္ၿမိဳ႕သည္ ကုန္းေဘာင္ေခတ္ ေႏွာင္းပိုင္းတြင္ အၿမဲမျပတ္ ဆက္သြယ္ေနခဲ့ရေသာ မႏၲေလးၿမိဳ႕ ႏွင့္ နီးစပ္ခဲ့သည္။ ယေန႔ေခတ္တြင္ အကြာအေဝးအားျဖင့္ (၁၂၈) မိုင္ခန႔္ရွိၿပီး (၅) နာရီေက်ာ္ခန႔္ ကားျဖင့္ သြားရမည့္ခရီးတြင္ရွိေသာ မိုးကုတ္ - မႏၲေလး ခရီးသည္ လမ္းပန္းဆက္သြယ္ေရး မေကာင္းေသာေခတ္မ်ားက တိုင္အကူးအလူး အသြား အလာ မ်ားျပားခဲ့ျခင္းျဖစ္သည္။
မိုးကုတ္မွ မႏၲေလးသို႔ အလာခရီးအတြက္ အသုံးျပဳခဲ့ရေသာလမ္းသည္ ဘုရင့္နန္းေတာ္သို႔ ပတၱ ျမား ဆက္သရန္ အသုံးျပဳေသာေၾကာင့္ ရတနာလမ္းျဖစ္ၿပီး မိုးကုတ္သို႔ ႀကီးပြားလိုေသာ စိတ္အဟုန္ျဖင့္ သြားေရာက္လိုသူမ်ားအတြက္ကား သူေဌးေလာင္းလမ္းဟု တင္စားက လြန္အံ့မထင္ေပ။ ေခတ္အဆက္ ဆက္ေျပာင္းၿပီးေနာက္တြင္ကား လမ္းေကာင္း လမ္း မြန္ျဖင့္မိုးကုတ္ ႏွင့္ မႏၲေလးအၾကား ဆက္မိလာ သည္။ ပထဝီအေနအထားအရ မိုးကုတ္ၿမိဳ႕၏အေရွ႕ဘက္ ႏွင့္ ေျမာက္ဘက္တြင္ မိုးမိတ္ၿမိဳ႕နယ္၊ ေတာင္ ဘက္တြင္ ေက်ာက္မဲၿမိဳ႕နယ္၊ အေနာက္ဘက္တြင္ သပိတ္က်င္းၿမိဳ႕နယ္တို႔တည္ရွိကာ ဧရာဝတီျမစ္၏ အေရွ႕ဘက္ (၃၆) မိုင္ ကြာေဝးၿပီး ပင္လယ္ေရမ်က္ႏွာျပင္ အထက္အျမင့္ေပ (၃၈၀ဝ) တြင္တည္ရွိေသာ ေတာင္ေပၚၿမိဳ႕ျဖစ္သည္။ ေျမက ရတနာထြက္သကဲ့သို႔ ၿမိဳ႕တည္ရာ အေနအထား ႏွင့္ ေခတ္အဆက္ဆက္ အဆင့္ျမႇင့္တင္လာခဲ့ေသာ လမ္းပန္းဆက္သြယ္ေရးတို႔ ေၾကာင့္လည္း လမ္းေၾကာင္းအရလည္း အေရး ပါလာသည္။
ယင္းသို႔ျဖင့္ အေကာင္းေပၚ အေကာင္းဆင့္ေနေသာ မိုးကုတ္ၿမိဳ႕အတြက္ ၾကမၼာငင္ေသာ ေန႔တစ္ ေန႔ကို ေရာက္လာခဲ့သည္။ တရားခံမွာ စစ္ျဖစ္ၿပီး စစ္တည္းဟူေသာ သတၱဝါကိုယူေဆာင္လာသူတို႔ကား TNLA ႏွင့္ အေပါင္းအပါတို႔ ျဖစ္သည္။
(၁၀၂၇) ဟု ၎တို႔ဘာသာ အမည္ေပးထားေသာ စစ္ဆင္ေရးကာလအတြင္း TNLA ႏွင့္ ပူးေပါင္း အဖြဲ႕တို႔က စစ္ဘုရင္ဝါဒျဖင့္ ပေလာင္လူမ်ိဳး အနည္းငယ္သာရွိေသာ ၿမိဳ႕မ်ားကို ထိန္းခ်ဳပ္ခဲ့ရာ သီေပါ၊ ေက်ာက္မဲ၊ ေနာင္ခ်ိဳၿပီးလွ်င္ စစ္ဦးလွည့္စရာကား မိုးကုတ္ၿမိဳ႕အျပင္ အျခားပစ္မွတ္မရွိခဲ့ေပ။ စစ္ ကို မႀကဳံဖူးေသာ မိုးကုတ္ၿမိဳ႕ခံတို႔မွာ ၿမိဳ႕မွစတင္ တိမ္းေရွာင္ခဲ့ၾကရသည္။ ယင္းမွာ မိုးကုတ္သူ၊ မိုးကုတ္သား တို႔အတြက္ ပေလာင္ယူလာေသာ ဆိုးက်ိဳးမ်ား၏ နိဒါန္းသာ ရွိေသး၏။ မည္သည့္အခ်ိန္က စတင္ကာ သြားရည္ တျမားျမား က်ေနခဲ့သည္ မသိေသာ္လည္း မိုးကုတ္ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ၿပီးေနာက္ အတိုင္းအဆ မရွိ ေက်ာက္တူးေဖာ္မႈမ်ား ျပဳလုပ္ခဲ့သည္။
သို႔ေသာ္ ၿမိဳ႕ကို မသိမ္းမီ ပ်ားရည္ႏွင့္ ဝမ္းခ်ခဲ့ေသး၏။ ထို႔ေၾကာင့္ပင္ PDF ေထာက္ခံသူမ်ားက PDF တို႔ကို ပန္းႏွင့္ ႀကိဳခဲ့ၾကသည္။ ပေလာင္တို႔က မိုးကုတ္ PDF တို႔ အိမ္ျပန္ႏိုင္ရန္ ေစတနာ့ ဝန္ထမ္း အျဖစ္ ၿမိဳ႕ကိုသိမ္းရန္ ကူတိုက္ေပးခဲ့သေယာင္ သ႐ုပ္ ေဆာင္ခဲ့ေသာ္လည္း အကယ္ဒမီကို လိုခ်င္ခဲ့ဟန္ မတူေပ။ ပေလာင္တို႔ မင္းသားေခါင္းေဆာင္းေအာက္ က ဘီလူး႐ုပ္ကား ျမန္ျမန္ပင္ထြက္ေပၚလာသည္။ ၿမိဳ႕ကို မထိန္းခ်ဳပ္မီ က TNLA ႏွင့္ MDY – PDF တို႔ ႏွစ္ဖက္ညီညာစြာ ဦးေဆာင္ခဲ့သည္ဟု အြန္လိုင္း ထက္တြင္ဓာတ္ပုံတင္ကာ ဝါဒျဖန႔္ခ်ီခဲ့ေသာ္လည္း ၿမိဳ႕သိမ္းၿပီးေနာက္ ပေလာင္တို႔က ၿမိဳ႕တြင္ေနၿပီး PDF တို႔ကို အစြန္အဖ်ား ပို႔လိုက္သည္။ ယင္းမွာ မိုးကုတ္ၿမိဳ႕ကို ဘနဖူး သိုက္တူးရန္ ဇာတ္လမ္းအစပင္ ျဖစ္ေတာ့သည္။
တိုက္ပြဲျဖစ္ခ်ိန္က စစ္ေဘးေရွာင္ၾကရၿပီး မိုးကုတ္ၿမိဳ႕ကို TNLA တို႔ ထိန္းခ်ဳပ္ၿပီးေနာက္တြင္လည္း မိုးကုတ္ေဒသခံမ်ားၿမိဳ႕မွ တိမ္းေရွာင္ၾကရျပန္သည္။ သို႔ေသာ္ လြယ္သည္ကား မဟုတ္ပါ။ ယခင္ကဲ့သို႔ ေျဖာင့္ေျဖာင့္တန္းတန္းသြားရသည္ မဟုတ္ဘဲ အစစ္ေဆး ထူေျပာသည္။ လမ္းပန္းဆက္သြယ္ေရးကလည္း သြား႐ိုး လမ္းေဟာင္းမွ မသြားႏိုင္ေသာေၾကာင့္ ေတာလမ္းမွ ျဖတ္ရ သည္လည္း ရွိသည္။
“မွတ္ပုံတင္ စစ္ရင္ ဝန္ထမ္းေဟာင္းဆိုလည္း ဖမ္းခံရတယ္။ ဖုန္းေတြလည္း စစ္တယ္။ ၿပီးေတာ့ ဖုန္းထဲမွာ အဆက္သြယ္တို႔၊ ပုံတို႔ ပါရင္လည္း ဖမ္းတယ္။ တကယ္က အဆက္အသြယ္ဆိုတာ ဒီအတိုင္း သတင္း မေပးလည္း ရွိေနႏိုင္တာမ်ိဳးပဲ” ဟု ထိုစဥ္က အေျခ အေနကို မိုးကုတ္ၿမိဳ႕ခံတစ္ဦးက ရွင္းျပ သည္။ ယင္း ေနာက္ ပေလာင္တို႔က ၿမိဳ႕ျပအုပ္ခ်ဳပ္ေရး ေဖာ္ေဆာင္ သည္ဟုဆိုကာ ပေလာင္ကို ဗဟိုျပဳ ေသာ အုပ္ခ်ဳပ္ေရး ယႏၲရား စတင္သည္။ မိုးကုတ္မွ ပေလာင္တို႔ အုပ္ခ်ဳပ္ေရးကား ေက်ာက္တူးရန္ အတြက္သာျဖစ္ၿပီး အျခားမည္သည့္ ရည္႐ြယ္ခ်က္မွ်မရွိေပ။ ထို႔ျပင္ အပိုအလုပ္အျဖစ္ အယူဝါဒ မတူ သူမ်ားကို ဒလန္အျဖစ္ ဖမ္းဆီး ျခင္းမ်ားရွိခဲ့သည္။ တစ္ဖက္တြင္လည္း ေက်ာက္တူး သည္။ မိုးကုတ္ၿမိဳ႕မွ ဘိုးေဘးတို႔က ေနာင္လာေနာင္သားတို႔အတြက္ မတူဘဲ ခ်န္ခဲ့ေသာေနရာတို႔တြင္ ေသြးသား မေတာ္စပ္ ေသာ TNLA တို႔က တူးေဖာ္သည္။
မိုးကုတ္ေဂါက္ကြင္းသည္ ပတၱျမားထြက္သည့္ ေနရာျဖစ္ေသာ္လည္း မိုးကုတ္ၿမိဳ႕ခံမ်ားႏွင့္ အစိုးရ အဆက္ဆက္တို႔က ထိန္းသိမ္းထားခဲ့ေသာ္လည္း ပေလာင္တို႔ေအာက္တြင္ ဘက္ဟိုးမ်ားျဖင့္ ေကာ္ထုတ္ ၿပီး တူးသည္။ ပေလာင္တို႔လက္ေအာက္တြင္ တစ္ခ်ိန္က ခရီးနီးခဲ့ေသာ မိုးကုတ္ - မႏၲေလး လမ္းမွာ ေဝး ကြာခဲ့ရသည္။
မိုးကုတ္ၿမိဳ႕ကို TNLA တို႔ ေရာက္အၿပီးတြင္ကား ယခင္ ေၾကာ့ေၾကာ့ေမာ့ေမာ့သြားလာရေသာ ခရီး မွ မျဖစ္ျဖစ္ေအာင္သုံးရေသာလမ္းမ်ားကို အားကိုးရ ေသာအေျခအေနသို႔ ဆိုက္လာသည္။ ယခင္ သြား ေနက် မိုးကုတ္ - ျပင္ဦးလြင္ - မႏၲေလး လမ္းပိုင္းသုံး မရေသာေၾကာင့္ MDY – PDF တို႔၏ဂိတ္မ်ားကို ပိုက္ဆံေပးကာ မတၱရာ - စဥ့္ကူးလမ္းကို သြားသည္။ သို႔ေသာ္ ယင္းလမ္းတြင္ တိုက္ပြဲမ်ားျဖစ္ေနေသာ ေၾကာင့္ မႏၲေလးမွ မိုးကုတ္သို႔သြားလိုလွ်င္ စစ္ကိုင္း ၿမိဳ႕၊ ထိုမွတစ္ဆင့္ ေ႐ႊဘို၊ ဝက္လက္ကိုျဖတ္ကာ ဇက္ကူးၿပီး မတၱရာဘက္သြားရသည္။ တစ္ဖန္ ေနာင္ခ်ိဳ ဘက္က ပတ္သြားေသာလမ္းကိုလည္း သုံးေနရ သည္။ ယခင္က နာရီအနည္းငယ္ခရီးမွ နာရီမ်ားစြာ ၾကာသည္။ အခန႔္မသင့္လွ်င္ ေန႔ခ်င္းမေရာက္ေတာ့။
ယင္းသို႔ ျပည္သူမ်ား ခက္ခက္ခဲခဲသြားေနခ်ိန္ TNLA တို႔က ပတၱျမား ရွာ၍ ေကာင္းေနဆဲ။ ယင္း သို႔ ရွာေနဆဲတြင္ တစ္ဖက္က TNLA တို႔ စစ္ဦးက်ိဳး လာသည္။ ထို႔ေနာက္ စစ္ဦး တုံးသြားသည္။ ၿပီးလွ်င္ ကား စစ္ဆုတ္ရေသာကိန္း ဆိုက္လာ၏။ ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ ႏွင့္ သီေပါၿမိဳ႕တို႔ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ ႏွာေခါင္းက်ည္ေပြ႕ ေတြ႕ ေနခ်ိန္အထိ TNLA တို႔မွာ မိုးကုတ္ၿမိဳ႕မွ အဆီ၊ အသားတို႔ကို စူဇကာပုဏၰားသဖြယ္ အငတ္တႀကီး စားသုံးေနဆဲ။ သို႔ေသာ္ အေျခမဟန္ေတာ့ေၾကာင္း ကား သိစျပဳေနၿပီဟု ဆိုႏိုင္သည္။
ေနာင္ခ်ိဳ၊ ေက်ာက္မဲဘက္ TNLA တို႔ ထိုးစစ္ဆင္ေနခ်ိန္ တစ္ဖက္တြင္လည္း မတၱရာၿမိဳ႕နယ္ ဘက္မွ TNLA တို႔၏ တပည့္ျဖစ္ေသာ MDY – PDF ႏွင့္ TNLA တို႔၏ခ်ိတ္ဆက္မႈလမ္းေၾကာင္းကို ျဖတ္ေတာက္ရာ ေအာင္ျမင္သည့္အျပင္ ယင္းေဒသဘက္တြင္လည္း ထိုးစစ္ေအာင္ျမင္မႈမ်ားရွိေနသည္။ တပ္မေတာ္ကလည္း မိုးကုတ္ကို ထိုးစစ္ဆင္ရန္ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သတင္းမ်ားထြက္လာ၏။
ထို႔ေနာက္တြင္ကား တပ္မေတာ္ ႏွင့္ အပစ္ရပ္ၿပီး မိုးကုတ္ ႏွင့္ မိုးမိတ္မွဆုတ္ရန္ သေဘာတူ ခဲ့သည္။ ယင္းသို႔ TNLA ကဆုတ္မည္ဟု ဆိုေသာအခါ ၎တို႔အေျခစိုက္ရာ စဥ့္ကူးအထိ အႏၲရာယ္ရွိ သည္ဟုဆိုၿပီး MDY – PDF ႏွင့္ အျခား PDF တို႔ က မိုးကုတ္ၿမိဳ႕မွ TNLA တို႔ အဆုတ္တြင္ တပ္မေတာ္ကို ခုခံတိုက္ခိုက္မည္ဆို၏။ မိုးကုတ္ၿမိဳ႕ခံတို႔ ၿမိဳ႕မွတစ္ဖန္ ျပန္ေျပးရမည့္ကိန္းဆိုက္လာသည္။ တစ္ဖက္ တြင္လည္း ၿမိဳ႕ကို ခုခံမည္ဆိုေသာ PDF မ်ားဘက္က မိုးကုတ္တြင္ သံပုံးတီးေနေသာ Video ကို အြန္ လိုင္းထက္တြင္တင္ကာ စိတ္ဓာတ္စစ္ဆင္ေရးလုပ္သည္ကို ျမင္ရသည္။
“သံပုံးတီးတာက နံပါတ္တစ္က ပေလာင္ကို ႐ြံလို႔တီးတာ။ နံပါတ္ႏွစ္ကေတာ့ PDF ေတြဘာေတြ ဘက္က စည္း႐ုံေရးလုပ္တဲ့သူက တပ္ဝင္လာမယ္ဆိုေတာ့ ဆန႔္က်င္ၿပီး သံပုံးတီးတာလည္းရွိတယ္။ ႏွစ္ ပိုင္းေတာ့ ရွိတယ္။ ဒါေပမဲ့ အဓိက နံပါတ္တစ္ အခ်က္က ပေလာင္။ ပေလာင္ကို အဖ်က္သမား မ ေကာင္းဆိုးဝါးေပါ့။ တပ္ကိုလည္း မႀကိဳက္ၾကတာရွိတယ္။ ဒါေပမဲ့ တပ္နဲ႔ပေလာင္ဆိုရင္ တပ္ကိုပဲ ယူ ရမွာေပါ့။ ပေလာင္ဝင္လာတဲ့အခ်ိန္က်ေတာ့ မိုးကုတ္ၿမိဳ႕မွာ တစ္ခါမွ မျဖစ္ဖူးတာ ျဖစ္သြားေတာ့ မိုးကုတ္ သူ၊ မိုးကုတ္သားေတြက ႐ြံ၊ မုန္း၊ ေၾကာက္၊ မသတီ ျဖစ္သြားတယ္။ ဒီသံပုံးတီးတာက မေကာင္းဆိုးဝါး ေမာင္းထုတ္တာပဲေလ။ မလာႏိုင္ေအာင္ဆိုတာက ဒုတိယ ဟာ ျဖစ္ပါလိမ့္မယ္” ဟု မိုးကုတ္ၿမိဳ႕ခံ တစ္ဦး က သံပုံးတီးေသာ အေျခအေနႏွင့္ ပတ္သက္၍ ရွင္းျပသည္။
ထို႔ျပင္ ယခုလက္ရွိအေျခအေနတြင္ တိုက္ပြဲျဖစ္လာႏိုင္မည္ဆိုေသာေၾကာင့္ မိုးကုတ္ၿမိဳ႕ခံမ်ား တိမ္းေရွာင္ေသာ အေရအတြက္မွာ TNLA တို႔ ၿမိဳ႕ကို စတင္ထိန္းခ်ဳပ္ခဲ့စဥ္ကထက္ ပိုမ်ားေၾကာင္း ၎ ကဆိုသည္။ PDF တို႔ႏွင့္ ရင္ေပါင္တန္းၿပီး ၿမိဳ႕ခံမ်ားတိုက္ပြဲ မဝင္လိုျခင္းကိုျပသျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။
“ဘာျဖစ္လို႔လဲဆိုေတာ့ ဒီစစ္ေဘးေရွာင္တဲ့ သူေတြက PDF ေတြနဲ႔ အတူတူေပါင္းၿပီး ခုခံမယ္ ဆိုရင္ သူတို႔ ဘာလို႔ ေရွာင္စရာလိုလို႔လဲ။ ေရွာင္တယ္ဆိုတည္းက စစ္တပ္ကို ဝင္ေစခ်င္လို႔ ေရွာင္တာ ေလ။ ႐ိုး႐ိုးေလးပဲေလ။ သီအိုရီအရ ေတြးၾကည့္လိုက္ေလ။ စစ္တပ္ကို ဝင္ရင္ရၿပီ။ ႀကဲစရာရွိတာ ႀကဲ၊ တိုက္စရာ ရွိတာတိုက္၊ တခ်ိန္က်ရင္ ေျမက်န္ရင္ ကိုယ့္ၿခံကိုယ္ တဲေဆာက္ၿပီး ျပန္ေန႐ုံပဲေပါ့” ဟု ၎ကဆိုသည္။
စစ္ေဘးေရွာင္သူမ်ားအတြက္လည္း မလြယ္လွပါ။ ပိုက္ဆံရွိသူမ်ားက ေငြေပးႏိုင္ေသာ္လည္း ပိုက္ဆံ မရွိသူမ်ားက သေဗၺသတၱာကမၼသကာ ထုံး ႏွလုံးမူေန ၾကရသည္။ ျဖစ္သမွ်အေၾကာင္း အေကာင္း ခ်ည္းဟု သာ မွတ္ေနၾကရ၏။ ေခတ္အဆက္ဆက္တြင္ နင္း ျပားလူတန္းစားတို႔မွာ ေဘးမွန္သမွ် ႀကံ့ႀကံ့ ခံခဲ့ရသည္သာ ျဖစ္သည္။
“သြားတဲ့လမ္းကေတာ့ အခုမိုးကုတ္ လမ္းေဟာင္းကေနလာၿပီး စစ္ကိုင္းက ဝင္တဲ့လမ္းရွိ တယ္။ ေနာက္တစ္ခါ ဟိုဘက္ကို ေ႐ႊဘိုဘက္ကို ျမစ္ကူးတဲ့ဟာက တစ္လမ္းရွိတယ္။ စစ္ကိုင္းဘက္ကို ျမစ္ကူး တဲ့လမ္းရွိတယ္။ ေနာက္တစ္ခုက ေနာင္ခ်ိဳဘက္က ပတ္တာရွိတယ္။ ဘယ္လမ္းက သြားသြား မိုးကုတ္ ကေန မႏၲေလးထြက္လာမယ့္သူေတြက အခု ကားခ တစ္ေယာက္ကို ဆယ္သိန္းေလာက္ျဖစ္ေနၿပီ။ ဒီ စစ္ေဘးေရွာင္တဲ့သူေတြကေလ။ ဆယ္သိန္းဆိုတာ Light Truck နဲ႔ လာရတာ” ဟု အထက္ပါ မိုးကုတ္ ၿမိဳ႕ခံက ဆိုသည္။
သို႔ေသာ္ ေျဖာင့္ေျဖာင့္တန္းတန္း သြားႏိုင္ျခင္းလည္း မဟုတ္ေပ။ တိုက္ပြဲရွိ၍ ရပ္ပါဟုဆိုလွ်င္ ရပ္ရ ေသာေၾကာင့္ မႏၲေလး ႏွင့္ မိုးကုတ္ကိုသြားရန္ ရက္ပိုင္းအထိ ၾကန႔္ၾကာျခင္းမ်ားရွိေန၏။ ယင္းသို႔ ၿမိဳ႕ခံမ်ား ၿမိဳ႕မွစြန႔္ခြာခ်ိန္ TNLA တို႔က ၿမိဳ႕တြင္ တစ္ႏိုင္တစ္ပိုင္ ပတၱျမားတူးေဖာ္ခြင့္မ်ား ေပးေနျပန္သည္။ ၿမိဳ႕မွလုပ္ငန္းရွင္မ်ား စြန႔္ခြာေနခ်ိန္တြင္ လတ္တေလာ ပတၱျမားထြက္ရာ မိုးကုတ္ ေဂါက္ကြင္း၊ ပင့္ကူ ေတာင္၊ ေဘာ္ဗဒန္း၊ ဝန္းထရံ စေသာ လုပ္ကြက္မ်ားတြင္ ေလးေပတြင္းမ်ားကို တူးေဖာ္ခြင့္ ျပဳေန၏။
“အခုက ၿမိဳ႕ကေန ေက်ာက္လုပ္ငန္းရွင္ေတြက စြန႔္သြားၿပီ။ စြန႔္သြားေတာ့ တခါသူတို႔ေနရာ အစားဝင္ဖို႔ဆိုၿပီး အရင္က ေနရာမရတဲ့ေဒသခံေတြကို တႏိုင္တပိုင္ ဆိုျပန္ခြင့္ျပဳတာ။ အခ်ိဳးကလည္း ရယ္ရတယ္။ ေက်ာက္ေတြ႕ရင္ (၁၀ဝ) မွာ (၇၀) က သူတို႔ ယူတာ။ မထြက္ခင္မွာ ရသေလာက္ ထုတ္တဲ့ သေဘာပါပဲ” ဟု အျခား မိုးကုတ္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။ မိုးကုတ္သည္ အပ်ိဳမ ကေလးဆိုပါက TNLA တို႔သည္ မိုးကုတ္ကို ေက်ာရ႐ုံ ႀကံသည္ဟု ဆိုရေခ်ေတာ့မည္။ အဘယ္ ေၾကာင့္ဆိုေသာ္ တန္းတူညီမွ် ေရး တြင္တြင္ေအာ္ၿပီး ပေလာင္ႏွင့္ ရွမ္းကို ခြဲျခားေသာ TNLA တို႔သည္ မိုးကုတ္ကိုလာခဲ့ျခင္းမွာ အဆီကို စားၿပီး အသားကို မ်ိဳလိုေသာေၾကာင့္သာ ျဖစ္သည္။
မိုးကုတ္ - မႏၲေလး ခရီးသည္ ေဒသခံတို႔အတြက္ အသက္ရွင္ေရးအတြက္သာမက လြတ္ေျမာက္ ေရး အိပ္မက္အတြက္လည္း လမ္းျဖစ္သည္။ ထို႔ျပင္ ယခင္လမ္းတြင္ ေအးခ်မ္းခဲ့ေသာအခ်ိန္ကိုလည္း ေမွ်ာ္လင့္ေနၾကေပလိမ့္မည္။ မိုးကုတ္ကား TNLA တို႔ေၾကာင့္ ဒဏ္ရာမ်ားစြာရခဲ့ေသာ္လည္း ျပန္လည္ ထူေထာင္ရန္မွာ မခက္လွပါ။ အဘယ္ေၾကာင့္ဆိုေသာ္ ၿမိဳ႕ကိုယ္တိုင္က နာက်င္ေနခဲ့ၿပီျဖစ္သည္။