အမေရိကန်နိုင်ငံရဲ့ အဓိကမြို့ ကြီးတစ်မြို့ဖြစ်တဲ့ နယူးယောက်မြို့တော်ဝန်အသစ်အကြောင်း တစေ့တစောင်း

 406

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၇

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြို့တော်ဝန် ရွေးကောက်ပွဲကိုကျင်းပခဲ့ရာ လက်ရှိ အာ ဏာရပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေ က အများ စုအနိုင်ရသွားခဲ့တယ်လို့သိရပါတယ်။ နိုဝင်ဘာလ (၄)ရက်ကကျင်းပခဲ့တဲ့ နယူးယောက် မြို့ တော်ဝန်ရွေးချယ်ပွဲမှာ မမ်ဒါနီဟာ ၎င်းရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ကိုယ်စား လှယ်လောင်း၊ စလီဝါနဲ့ တစ်သီးပုဂ္ဂလိကကိုယ်စားလှယ် ကူအိုမိုတို့ကိုအနိုင်ရခဲ့ပြီး ဆန္ဒမဲ စုစုပေါင်း (၅၀ ဒသမ ၄) ရာခိုင်နှုန်းကိုရရှိခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ (၂၀၂၆)ခုနှစ် ဇန်နဝါရီလ (၁)ရက်မှာ နယူး ယောက်မြို့တော်ဝန်အသစ်အဖြစ်တာဝန်ယူတော့မှာလည်းဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးထားတဲ့ကြားကနေ အမေရိကန်နိုင်ငံရဲ့မြို့ကြီးတစ်မြို့ဖြစ်တဲ့ နယူး ယောက်မြို့မှမြို့ခံတွေဟာ လက်ဝဲဒီမိုကရက်တစ်ယောက်ဖြစ်တဲ့ ဇိုရန်မမ်ဒါနီကို သူတို့ရဲ့ မြို့တော်ဝန် သစ်အဖြစ် ရွေးလိုက်ပြီဖြစ်ပါတယ်။ နယူးယောက်မြို့ဟာ အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ အများ ဆုံးမြို့တစ်မြို့ဖြစ်ပြီး (၂၀၁၈) ခုနှစ်က ခန့်မှန်းခြေ လူဦးရေ (၈၃၉၈၇၄၈) ဦးရှိကာ ကုန်းမြေဧရိယာ (၃၀၂ ဒသမ ၆) စတုရန်းမိုင် (၇၈၄ စတုရန်း ကီလိုမီတာ)ပေါ်မှာနေထိုင်ကြပါတယ်။
အမေရိကန်နိုင်ငံရှိမြို့ကြီးများထဲမှာ လူဦးရေ အထူထပ်ဆုံးမြို့တစ်မြို့လည်းဖြစ်ပြီး ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံး မဂ္ဂါစီးတီးမြို့တော်ကြီးများထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ် မက်ထ ရို ပိုလစ်တန်စာရင်းအင်းဒေသတွင် လူဦးရေ (၁၉၉၇၉၄၇၇)ဦးရှိကာ ပေါင်းစပ်မက်ထရိုပိုလစ်တန် စာ ရင်းအင်းဒေသမှာ လူဦးရေ (၂၂၆၇၉၉၄၈)ဦးရှိ၍ ကမ္ဘာလုံးဆိုင်ရာမြို့တော်တစ်ခုဖြစ်ပြီး နယူးယောက် မြို့ တော်ကို ကမ္ဘာရဲ့ယဉ်ကျေးမှုဆိုင်ရာ၊ ငွေကြေးဆိုင်ရာနဲ့ မီဒီယာဆိုင်ရာ မြို့တော်တစ်ခုအဖြစ် သတ်မှတ် ကြပါတယ်။ ကူးသန်းရောင်းဝယ်ရေး၊ ဖျော်ဖြေရေး၊ သုတေသန၊ နည်းပညာ၊ ပညာရေး၊ နိုင်ငံရေး၊ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်း၊ အနုပညာ၊ ဖက်ရှင်နဲ့အားကစားတို့အပေါ်မှာ သိသာထင်ရှားတဲ့ ရိုက်ခတ်လွှမ်းမိုး မှုရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ကမ္ဘာ့ကုလ သမဂ္ဂရုံးချုပ်တည်ရှိရာမြို့ဖြစ်တဲ့အတွက် နယူးယောက်မြို့ ဟာ နိုင်ငံတကာ သံတမန်ရေးရာအတွက် အရေးပါတဲ့နေရာဌာနတစ်ခုဖြစ်ပါတယ်။ အဲဒီရွေးချယ်မှုဟာ သမ္မတ ထရမ့်ရဲ့သတိပေးချက်တွေကို အာခံလိုက်တာဖြစ်ပြီး သမ္မတထရမ့်ရဲ့လုပ်ရပ်တွေအပေါ် သဘော မတူကြောင်း ပြသပုံ ပြသနည်းတစ်ရပ် လည်းဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ အမေရိကန်သမ္မတ ထရမ့်က မြို့တော်ဝန် ရွေးကောက်ပွဲကြို မဲဆွယ်ကာလမှာ မမ်ဒါနီကို ကွန်မြူနစ်ဆိုပြီး တံဆိပ်ကပ်ခဲ့သလို၊ မစ္စတာ မမ်ဒါနီသာနိုင်ရင် နယူးယောက်မြို့ကြီးအတွက် ဗဟိုအစိုးရကထောက်ပံ့တဲ့ ဘတ်ဂျက်ငွေတွေ မပေးဘဲ ထားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နယူးယောက်မြို့သူမြို့သားတွေက မမ်ဒါနီကို မြို့တော်ဝန်အဖြစ် မဲပေးရွေးချယ်ခဲ့လိုက်တာမျိုးဖြစ်ပါတယ်။ အသက် (၃၄) နှစ်သာရှိသေးတဲ့ မမ်ဒါနီဟာ နယူးယောက်ရဲ့ ပထမဆုံး မွတ်စလင် မြို့တော်ဝန် ဖြစ်လာမှာဖြစ်သလို၊ အနှစ် (၁၀ဝ) ကျော်အတွင်း အသက်အငယ်ဆုံးမြို့တော်ဝန် ဖြစ်လာပြီလည်းဖြစ်ပါတယ်။ အသက် (၃၄) နှစ်သာရှိသေးတဲ့ နယူး ယောက်မြို့တော်ဝန်က အပြောင်းအလဲဆောင် ကြဉ်းပေးခွင့်ကို ဒီကနေ့ည ခင်ဗျားတို့ အပ်နှင်းလိုက် တာပဲဖြစ်တယ်။ နိုင်ငံရေးအသစ်အတွက်လည်း ခင်ဗျားတို့ခွင့်ပြုပေးတာမျိုးဖြစ်တယ်”လို့ ပြောပါတယ်။
မမ်ဒါနီရဲ့ နိုင်ငံရေးအယူဆဟာ သမ္မတဒေါ်နယ် ထရမ့်ကတံဆိပ်ကပ်သလို ကွန်မြူနစ်ဆိုတဲ့အထိ မသွားပေမယ့် ဒီမိုကရက်တစ် ဆိုရှယ်လစ်တစ်ဦး ဖြစ်ပါတယ်။ သူရဲ့ရွေးကောက်ပွဲကတိတွေအပါအဝင် ပြောဆိုနေတာတွေဟာလည်း သူရဲ့ လက်ဝဲနိုင်ငံရေးမူတွေကို ထင်ဟပ်နေတာမျိုးဖြစ်ပါတယ်။ မမ်ဒါနီရဲ့ မဲ ဆွယ်စည်းရုံးမှုတွေဟာ အင်မတန်မှကို ထူးခြားပြောင်မြောက်ခဲ့ပြီး လူတွေကို စိတ်အားထက်သန်လာ အောင်၊ စိတ်လှုပ်ရှားတက်ကြွလာအောင် ဖန်တီးပေးနိုင်ခဲ့တယ်လို့ သတင်းမီဒီယာတွေက ရေးသားဖော် ပြခဲ့ပါတယ်။ အဲဒီလောက် လူအများစိတ်ပါဝင်စားတာ၊ တက်ကြွလာတာတွေကို နယူးယောက်မှာမဆို ထားနဲ့ အမေရိကန်တစ်ခုလုံးရဲ့ နိုင်ငံရေးမှာကို မမြင်ရတာ ကြာလှပြီဖြစ်တယ်လို့ အမေရိကန် ပြည်သူ တွေကိုယ်တိုင်ကပြောပါတယ်။ နယူးယောက်မြို့သားတစ်ဦး ကိုယ်တိုင်ကလာပြီး မဲထည့်ကြတဲ့အရေ အတွက်ဟာ စံချိန်တင်အောင် များလှပြီး၊ သူဟာ မဲတွေရဲ့ (၅၀) ရာခိုင်နှုန်းကျော်ရရှိခဲ့ပါတယ်။ သူရဲ့ နိုင်ငံ ရေးမူတွေကတော့ လက်ဝဲမူတွေဖြစ်ပြီး၊ ဒီမိုကရက်တစ်ပါတီကြီး ကိုယ်၌အပြည့်အဝထောက်ခံတာမျိုး မလုပ်ကြပါဘူး”လို့ ပြောပါတယ်။
သူဟာ ကလေးသူငယ်ပြုစုစောင့်ရှောက်မှုနဲ့ အများပြည်သူသုံး ခရီးပို့ဆောင်ရေး၊ အိုးအိမ်ရရှိနေ ထိုင်နိုင်မှုတွေမှာ အခမဲ့ ပံ့ပိုးမယ်ဆိုတာတွေအပြင်၊ ဝင်ငွေအများဆုံးရရှိသူတွေအပေါ် အခွန်တိုးကောက် မယ်ဆိုပြီး ကတိကဝတ်တွေပြုထားပါတယ်။ ဇိုဟ်ရန်း မမ်ဒါနီကို အရှေ့အာဖရိကနိုင်ငံဖြစ်တဲ့ ယူဂန်ဒါမှာ အိန္ဒိယနွယ်ဖွားမိဘတွေကနေမွေးခဲ့ပြီး အသက် (၇) နှစ်သားမှာ မိဘတွေနဲ့အတူ နယူးယောက်မြို့ဆီ ပြောင်းရွှေ့အခြေချပါတယ်။ သူဟာ ယူဂန်ဒါနိုင်ငံ ကမ်ပလာမြို့မှာမွေးဖွားခဲ့ပြီး တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့မှာလည်း နေထိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဘရွန့်ဇ် သိပ္ပံအထက်တန်းကျောင်းမှာတက်ပြီး၊ ဘိုဒင် ကောလိပ်ကနေ အာဖရိကလေ့လာရေးဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ကာ ကောလိပ်မှာ ပါလက်စတိုင်း တရားမျှတရေး ကျောင်းသားအဖွဲ့ ပူးတွဲထူထောင်ခဲ့ပါတယ်။ အိန္ဒိယမိဘတွေကမွေးလို့ အိန္ဒိယနွယ်ဖွား အာရှသွေး ဖြစ်သလို၊ ယူဂန်ဒါမှာမွေးတဲ့အတွက် အာဖရိကန်လို့ ခေါ်နိုင်ပြီး၊ အမေရိကန်တစ်ယောက် လည်းပဲဖြစ်ပါတယ်။ မမ်ဒါနီဟာ နယူးယောက်ရဲ့အပိုင်းကြီး (၅)ပိုင်းထဲက ကွင်းစ်ရဲ့ ပြည်နယ်အမတ် အဖြစ်ကနေ အခုလို တစ်နိုင်ငံလုံးရဲ့အာရုံစိုက်မှုရလာတာဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို သူရဲ့ လက်ဝဲမူတွေအပေါ်အခြေခံတဲ့ ရဲဝံ့တဲ့ ပြောဆိုလှုပ်ရှားမှုတွေဟာ ထောင်စုနှစ်သစ်မျိုးဆက်တွေအပေါ် ဆွဲဆောင်နိုင်ခဲ့သလို၊ လူမျိုးစုံ အနွယ်စုံ ဘာသာအယူအစုံ မှီတင်းနေထိုင်ရာ ‌နယူးယောက်မြို့ကြီးရဲ့ မြိုခံတွေရဲ့ထောက်ခံမှုလည်းရခဲ့ပါတယ်။ ၎င်းဟာ (၂၀၁၅)ခုနှစ်မှာ နိုင်ငံ ရေးလောကကိုစတင်ဝင် ရောက်ခဲ့ပြီးနောက် မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ဘဲ အခက်ခဲများစွာရင် ဆိုင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။ ဇိုဟ်ရန်း မမ်ဒါနီဟာ ဘာသာ ရေးနဲ့ပတ်သက်ရင်လည်း သူဟာ မွတ်စ လင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်ကို မြို့တော်ဝန် ရွေး ကောက်ပွဲမဲဆွယ်ကာလတစ်လျှောက် အထင် အရှားပြသနေခဲ့ကာ ဗလီဝတ်ကျောင်းတော်တွေဆီ ပုံမှန် သွားနေခဲ့ပြီး မြို့ကြီးရဲ့ လူနေမှုစရိတ် အဆမ တန်ကြီးနေမြင့်နေတဲ့အကြောင်းကိုလည်း ဝေဖန် ထောက်ပြခဲ့ဖူးသူဖြစ်ပါတယ်။ သူရဲ့ဇနီးသည်ဟာ အသက်(၂၇)နှစ်အရွယ် ဆီးရီးယားနွယ်ဖွား အနု ပညာ ရှင် ရာမာ ဒူဝါဂျီ ဖြစ်ပြီး၊ နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်မှာ အခြေစိုက်သူဖြစ်ကာ ၎င်းတို့စုံတွဲ ဟာ အတွဲရှာပေးတဲ့ ဒိတ်တင်အက်ပ် Hinge ပေါ်မှာဆုံခဲ့ကြတယ်လို့ဆိုပါတယ်။ မိခင်ဖြစ်သူ မီရာ နဲရ်ဟာ နာမည်ရှိတဲ့ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး၊ ဖခင်ဖြစ်သူ ပါမောက္ခ မာမွတ်မမ်ဒါနီကတော့ ကိုလံဘီယံ တက္က သိုလ်မှာ စာသင်ပါတယ်။ အမေရော အဖေပါ ဟားဗတ်တက္ကသိုလ်ထွက်တွေ ဖြစ်ပါတယ်။ ဇိုရန်မမ် ဒါနီ နိုင်ငံရေးထဲမဝင်ခင် အိုးအိမ်ရေးရာအကြံပေး အဖြစ်လုပ်ခဲ့ပြီး ဝင်ငွေနည်းမိသားစုတွေ ငွေမတတ် နိုင်တော့လို့ ကိုယ်ရဲ့အိမ်တွေကနေ ထွက်ပေးရ၊ မောင်းချ နှင်ချခံရတာမျိုးတွေမဖြစ်ရလေအောင် အ ဓိကကူညီတာမျိုးတွေလုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့် မမ်ဒါနီဦးစားပေးတဲ့ကိစ္စတွေမှာ လူတိုင်း နေထိုင်ရာ အိုးအိမ်ရှိနိုင်ရေးပါဝင်သလို၊ နယူးယောက်မြို့ကြီး ဘေးကင်းရေးနဲ့ လူတွေအပေါ် နေစရိတ် စားစရိတ် အထွေထွေကုန်ကျစရိတ်တွေ ဖိစီးနေတာကနေ သက်သာစေရေးအပေါ်တွေမှာ အာရုံစိုက်ပြောခဲ့ပါ တယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က သတိပေးထားတဲ့ကြားက မြို့သူမြို့သားတွေ ဟာ မမ်ဒါနီကို မြို့တော်ဝန်အဖြစ်ရွေးချယ်လိုက်ခြင်းဟာ နယူးယောက်မြို့ရဲ့အနာဂတ်မှာ ဘာတွေ ဆက် လက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ အမေရိကန်သမ္မတဟာ မမ်ဒါနီကို မြို့ တော်ဝန် အဖြစ်ရွေးချယ်လိုက်ခြင်းကြောင့် မြို့နဲ့ပတ်သက်တဲ့ ရန်ပုံငွေတွေကို အမှန်တကယ်ဖြတ် တောက်လိုက်မလား၊ တကယ်လို့ ရန်ပုံငွေတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ဘာတွေဆက်ဖြစ်လာ မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ နယူးယောက်မြို့နဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြို့ တော်ဝန်အသစ် မမ်ဒါနီတို့ကြား ဘယ်လိုမျိုး အားပြိုင်မှုတွေထပ်မံဖြစ်လာ မလဲဆိုတာ စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။ နယူးယောက်မြို့သူမြို့သားတွေဟာ ၎င်းတို့ရွေးချယ်ခဲ့တဲ့ မြို့တော်ဝန်ဘက်က အမြဲ တမ်း ရပ်တည်သွားမလားဆိုတာကလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မမ်ဒါနီဟာ မြို့တော်ဝန်အဖြစ် တာဝန်ယူချိန်အတွင်း တွေ့ ကြုံရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။ ၎င်းက “အနာဂတ်က ကျွန်တော်တို့လက် ထဲမှာပါ။ လူသား တွေအတွက် ပိုမိုကောင်းမွန်တဲ့နေ့ တစ်နေ့ရဲ့အရုဏ်ဦးကို ကျွန်တော်မြင်နိုင်ပါတယ်” လို့ ပြောပါတယ်။ မမ်ဒါနီဟာ နယူးယောက်မြို့သူမြို့သားတွေတွေအတွက် ပိုမိုကောင်းမွန်တဲ့နေ့ကို ဖန်တီးလုပ်ကိုင်မယ် လို့ကတိပြုထားရာ မြို့တော်ဝန်အဖြစ်တာဝန်ယူချိန်အတွင်း နယူးယောက်မြို့သားတွေအတွက် အနာ ဂတ်နဲ့ လူမူကိစ္စအဝဝကို ဘယ်လောက်အထိ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မလဲဆိုတာ စိတ် ဝင်စားဖွယ်ကောင်းနေပါတယ်။ တခြားတစ်ဖက်မှာ မြို့တော်ဝန်အသစ်ဟာ အမေရိကန်သမ္မတနဲ့လည်း ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိနေတဲ့အတွက် ဒေါ် နယ်ထရမ်ရဲ့ဖိအားပေးမှုအမျိုးမျိုးကို မြို့သူမြို့သား တွေနဲ့ ပူးပေါင်းပြီး ဘယ်လိုမျိုးကျော်ဖြတ်မလဲဆိုတာ စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။ မည်သို့ပင် ဆို နေစေကာမူ မမ်ဒါနီဟာ နယူးယောက်မြို့တော်ဝန် သမိုင်းမှာ အသက်အငယ်ဆုံးနဲ့ မွတ်စလင်တစ်ဦး အဖြစ် တာဝန်ယူခွင့်ရခြင်းက သမိုင်းအသစ်ရေးထိုး လိုက်ခြင်းဖြစ်တဲ့အတွက် အမေရိကန်သမ္မတနဲ့ ဒီမို ကရက်တစ်ပါတီကိုယ်စားပြုရွေးကောက်ခံရတဲ့ မြို့တော်ဝန်အသစ်တွေကြားမှာ ဘယ်လိုမျိုး ထိပ်တိုက် တွေ့ဆုံမလဲဆိုတာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံရဲ႕ အဓိကၿမိဳ႕ ႀကီးတစ္ၿမိဳ႕ျဖစ္တဲ့ နယူးေယာက္ၿမိဳ႕ေတာ္ဝန္အသစ္အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၇
အေမရိကန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ၿမိဳ႕ေတာ္ဝန္ ေ႐ြးေကာက္ပြဲကိုက်င္းပခဲ့ရာ လက္ရွိ အာ ဏာရပါတီျဖစ္တဲ့ ရီပတ္ဘလစ္ကန္ပါတီရဲ႕ၿပိဳင္ဘက္ ဒီမိုကရက္တစ္ပါတီရဲ႕ကိုယ္စားလွယ္ေလာင္းေတြ က အမ်ား စုအႏိုင္ရသြားခဲ့တယ္လို႔သိရပါတယ္။ ႏိုဝင္ဘာလ (၄)ရက္ကက်င္းပခဲ့တဲ့ နယူးေယာက္ ၿမိဳ႕ ေတာ္ဝန္ေ႐ြးခ်ယ္ပြဲမွာ မမ္ဒါနီဟာ ၎ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ရီပတ္ဘလစ္ကန္ပါတီရဲ႕ကိုယ္စား လွယ္ေလာင္း၊ စလီဝါနဲ႔ တစ္သီးပုဂၢလိကကိုယ္စားလွယ္ ကူအိုမိုတို႔ကိုအႏိုင္ရခဲ့ၿပီး ဆႏၵမဲ စုစုေပါင္း (၅၀ ဒသမ ၄) ရာခိုင္ႏႈန္းကိုရရွိခဲ့တာျဖစ္ပါတယ္။ ၎ဟာ (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလ (၁)ရက္မွာ နယူး ေယာက္ၿမိဳ႕ေတာ္ဝန္အသစ္အျဖစ္တာဝန္ယူေတာ့မွာလည္းျဖစ္ပါတယ္။ အထူးသျဖင့္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က သတိေပးထားတဲ့ၾကားကေန အေမရိကန္ႏိုင္ငံရဲ႕ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္တဲ့ နယူး ေယာက္ၿမိဳ႕မွၿမိဳ႕ခံေတြဟာ လက္ဝဲဒီမိုကရက္တစ္ေယာက္ျဖစ္တဲ့ ဇိုရန္မမ္ဒါနီကို သူတို႔ရဲ႕ ၿမိဳ႕ေတာ္ဝန္ သစ္အျဖစ္ ေ႐ြးလိုက္ၿပီျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕ဟာ အေမရိကန္ျပည္ေထာင္စုရွိ လူဦးေရ အမ်ား ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး (၂၀၁၈) ခုႏွစ္က ခန႔္မွန္းေျခ လူဦးေရ (၈၃၉၈၇၄၈) ဦးရွိကာ ကုန္းေျမဧရိယာ (၃၀၂ ဒသမ ၆) စတုရန္းမိုင္ (၇၈၄ စတုရန္း ကီလိုမီတာ)ေပၚမွာေနထိုင္ၾကပါတယ္။
အေမရိကန္ႏိုင္ငံရွိၿမိဳ႕ႀကီးမ်ားထဲမွာ လူဦးေရ အထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ၿပီး ကမာၻေပၚမွာ လူဦးေရအထူထပ္ဆုံး မဂၢါစီးတီးၿမိဳ႕ေတာ္ႀကီးမ်ားထဲ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ (၂၀၁၈)ခုႏွစ္ မက္ထ ႐ို ပိုလစ္တန္စာရင္းအင္းေဒသတြင္ လူဦးေရ (၁၉၉၇၉၄၇၇)ဦးရွိကာ ေပါင္းစပ္မက္ထ႐ိုပိုလစ္တန္ စာ ရင္းအင္းေဒသမွာ လူဦးေရ (၂၂၆၇၉၉၄၈)ဦးရွိ၍ ကမာၻလုံးဆိုင္ရာၿမိဳ႕ေတာ္တစ္ခုျဖစ္ၿပီး နယူးေယာက္ ၿမိဳ႕ ေတာ္ကို ကမာၻရဲ႕ယဥ္ေက်းမႈဆိုင္ရာ၊ ေငြေၾကးဆိုင္ရာနဲ႔ မီဒီယာဆိုင္ရာ ၿမိဳ႕ေတာ္တစ္ခုအျဖစ္ သတ္မွတ္ ၾကပါတယ္။ ကူးသန္းေရာင္းဝယ္ေရး၊ ေဖ်ာ္ေျဖေရး၊ သုေတသန၊ နည္းပညာ၊ ပညာေရး၊ ႏိုင္ငံေရး၊ ကမာၻ လွည့္ခရီးသြားလုပ္ငန္း၊ အႏုပညာ၊ ဖက္ရွင္နဲ႔အားကစားတို႔အေပၚမွာ သိသာထင္ရွားတဲ့ ႐ိုက္ခတ္လႊမ္းမိုး မႈရွိတဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ ကမာၻ႔ကုလ သမဂၢ႐ုံးခ်ဳပ္တည္ရွိရာၿမိဳ႕ျဖစ္တဲ့အတြက္ နယူးေယာက္ၿမိဳ႕ ဟာ ႏိုင္ငံတကာ သံတမန္ေရးရာအတြက္ အေရးပါတဲ့ေနရာဌာနတစ္ခုျဖစ္ပါတယ္။ အဲဒီေ႐ြးခ်ယ္မႈဟာ သမၼတ ထရမ့္ရဲ႕သတိေပးခ်က္ေတြကို အာခံလိုက္တာျဖစ္ၿပီး သမၼတထရမ့္ရဲ႕လုပ္ရပ္ေတြအေပၚ သေဘာ မတူေၾကာင္း ျပသပုံ ျပသနည္းတစ္ရပ္ လည္းျဖစ္တယ္လို႔ဆိုႏိုင္ပါတယ္။ အေမရိကန္သမၼတ ထရမ့္က ၿမိဳ႕ေတာ္ဝန္ ေ႐ြးေကာက္ပြဲႀကိဳ မဲဆြယ္ကာလမွာ မမ္ဒါနီကို ကြန္ျမဴနစ္ဆိုၿပီး တံဆိပ္ကပ္ခဲ့သလို၊ မစၥတာ မမ္ဒါနီသာႏိုင္ရင္ နယူးေယာက္ၿမိဳ႕ႀကီးအတြက္ ဗဟိုအစိုးရကေထာက္ပံ့တဲ့ ဘတ္ဂ်က္ေငြေတြ မေပးဘဲ ထားမယ္ဆိုၿပီး ၿခိမ္းေျခာက္ခဲ့ပါတယ္။ ဒါေပမဲ့လည္း နယူးေယာက္ၿမိဳ႕သူၿမိဳ႕သားေတြက မမ္ဒါနီကို ၿမိဳ႕ေတာ္ဝန္အျဖစ္ မဲေပးေ႐ြးခ်ယ္ခဲ့လိုက္တာမ်ိဳးျဖစ္ပါတယ္။ အသက္ (၃၄) ႏွစ္သာရွိေသးတဲ့ မမ္ဒါနီဟာ နယူးေယာက္ရဲ႕ ပထမဆုံး မြတ္စလင္ ၿမိဳ႕ေတာ္ဝန္ ျဖစ္လာမွာျဖစ္သလို၊ အႏွစ္ (၁၀ဝ) ေက်ာ္အတြင္း အသက္အငယ္ဆုံးၿမိဳ႕ေတာ္ဝန္ ျဖစ္လာၿပီလည္းျဖစ္ပါတယ္။ အသက္ (၃၄) ႏွစ္သာရွိေသးတဲ့ နယူး ေယာက္ၿမိဳ႕ေတာ္ဝန္က အေျပာင္းအလဲေဆာင္ ၾကဥ္းေပးခြင့္ကို ဒီကေန႔ည ခင္ဗ်ားတို႔ အပ္ႏွင္းလိုက္ တာပဲျဖစ္တယ္။ ႏိုင္ငံေရးအသစ္အတြက္လည္း ခင္ဗ်ားတို႔ခြင့္ျပဳေပးတာမ်ိဳးျဖစ္တယ္”လို႔ ေျပာပါတယ္။
မမ္ဒါနီရဲ႕ ႏိုင္ငံေရးအယူဆဟာ သမၼတေဒၚနယ္ ထရမ့္ကတံဆိပ္ကပ္သလို ကြန္ျမဴနစ္ဆိုတဲ့အထိ မသြားေပမယ့္ ဒီမိုကရက္တစ္ ဆိုရွယ္လစ္တစ္ဦး ျဖစ္ပါတယ္။ သူရဲ႕ေ႐ြးေကာက္ပြဲကတိေတြအပါအဝင္ ေျပာဆိုေနတာေတြဟာလည္း သူရဲ႕ လက္ဝဲႏိုင္ငံေရးမူေတြကို ထင္ဟပ္ေနတာမ်ိဳးျဖစ္ပါတယ္။ မမ္ဒါနီရဲ႕ မဲ ဆြယ္စည္း႐ုံးမႈေတြဟာ အင္မတန္မွကို ထူးျခားေျပာင္ေျမာက္ခဲ့ၿပီး လူေတြကို စိတ္အားထက္သန္လာ ေအာင္၊ စိတ္လႈပ္ရွားတက္ႂကြလာေအာင္ ဖန္တီးေပးႏိုင္ခဲ့တယ္လို႔ သတင္းမီဒီယာေတြက ေရးသားေဖာ္ ျပခဲ့ပါတယ္။ အဲဒီေလာက္ လူအမ်ားစိတ္ပါဝင္စားတာ၊ တက္ႂကြလာတာေတြကို နယူးေယာက္မွာမဆို ထားနဲ႔ အေမရိကန္တစ္ခုလုံးရဲ႕ ႏိုင္ငံေရးမွာကို မျမင္ရတာ ၾကာလွၿပီျဖစ္တယ္လို႔ အေမရိကန္ ျပည္သူ ေတြကိုယ္တိုင္ကေျပာပါတယ္။ နယူးေယာက္ၿမိဳ႕သားတစ္ဦး ကိုယ္တိုင္ကလာၿပီး မဲထည့္ၾကတဲ့အေရ အတြက္ဟာ စံခ်ိန္တင္ေအာင္ မ်ားလွၿပီး၊ သူဟာ မဲေတြရဲ႕ (၅၀) ရာခိုင္ႏႈန္းေက်ာ္ရရွိခဲ့ပါတယ္။ သူရဲ႕ ႏိုင္ငံ ေရးမူေတြကေတာ့ လက္ဝဲမူေတြျဖစ္ၿပီး၊ ဒီမိုကရက္တစ္ပါတီႀကီး ကိုယ္၌အျပည့္အဝေထာက္ခံတာမ်ိဳး မလုပ္ၾကပါဘူး”လို႔ ေျပာပါတယ္။
သူဟာ ကေလးသူငယ္ျပဳစုေစာင့္ေရွာက္မႈနဲ႔ အမ်ားျပည္သူသုံး ခရီးပို႔ေဆာင္ေရး၊ အိုးအိမ္ရရွိေန ထိုင္ႏိုင္မႈေတြမွာ အခမဲ့ ပံ့ပိုးမယ္ဆိုတာေတြအျပင္၊ ဝင္ေငြအမ်ားဆုံးရရွိသူေတြအေပၚ အခြန္တိုးေကာက္ မယ္ဆိုၿပီး ကတိကဝတ္ေတြျပဳထားပါတယ္။ ဇိုဟ္ရန္း မမ္ဒါနီကို အေရွ႕အာဖရိကႏိုင္ငံျဖစ္တဲ့ ယူဂန္ဒါမွာ အိႏၵိယႏြယ္ဖြားမိဘေတြကေနေမြးခဲ့ၿပီး အသက္ (၇) ႏွစ္သားမွာ မိဘေတြနဲ႔အတူ နယူးေယာက္ၿမိဳ႕ဆီ ေျပာင္းေ႐ႊ႕အေျခခ်ပါတယ္။ သူဟာ ယူဂန္ဒါႏိုင္ငံ ကမ္ပလာၿမိဳ႕မွာေမြးဖြားခဲ့ၿပီး ေတာင္အာဖရိကႏိုင္ငံ ကိတ္ေတာင္းၿမိဳ႕မွာလည္း ေနထိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ ဘ႐ြန႔္ဇ္ သိပၸံအထက္တန္းေက်ာင္းမွာတက္ၿပီး၊ ဘိုဒင္ ေကာလိပ္ကေန အာဖရိကေလ့လာေရးဘာသာရပ္နဲ႔ ဘြဲ႕ရရွိခဲ့ကာ ေကာလိပ္မွာ ပါလက္စတိုင္း တရားမွ်တေရး ေက်ာင္းသားအဖြဲ႕ ပူးတြဲထူေထာင္ခဲ့ပါတယ္။ အိႏၵိယမိဘေတြကေမြးလို႔ အိႏၵိယႏြယ္ဖြား အာရွေသြး ျဖစ္သလို၊ ယူဂန္ဒါမွာေမြးတဲ့အတြက္ အာဖရိကန္လို႔ ေခၚႏိုင္ၿပီး၊ အေမရိကန္တစ္ေယာက္ လည္းပဲျဖစ္ပါတယ္။ မမ္ဒါနီဟာ နယူးေယာက္ရဲ႕အပိုင္းႀကီး (၅)ပိုင္းထဲက ကြင္းစ္ရဲ႕ ျပည္နယ္အမတ္ အျဖစ္ကေန အခုလို တစ္ႏိုင္ငံလုံးရဲ႕အာ႐ုံစိုက္မႈရလာတာျဖစ္ပါတယ္။ အထက္မွာေျပာခဲ့သလို သူရဲ႕ လက္ဝဲမူေတြအေပၚအေျခခံတဲ့ ရဲဝံ့တဲ့ ေျပာဆိုလႈပ္ရွားမႈေတြဟာ ေထာင္စုႏွစ္သစ္မ်ိဳးဆက္ေတြအေပၚ ဆြဲေဆာင္ႏိုင္ခဲ့သလို၊ လူမ်ိဳးစုံ အႏြယ္စုံ ဘာသာအယူအစုံ မွီတင္းေနထိုင္ရာ ‌နယူးေယာက္ၿမိဳ႕ႀကီးရဲ႕ ၿမိဳခံေတြရဲ႕ေထာက္ခံမႈလည္းရခဲ့ပါတယ္။ ၎ဟာ (၂၀၁၅)ခုႏွစ္မွာ ႏိုင္ငံ ေရးေလာကကိုစတင္ဝင္ ေရာက္ခဲ့ၿပီးေနာက္ ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရခဲ့ဘဲ အခက္ခဲမ်ားစြာရင္ ဆိုင္ခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ၿမိဳ႕ေတာ္ဝန္အျဖစ္ ေ႐ြးခ်ယ္ခံရတာျဖစ္ပါတယ္။ ဇိုဟ္ရန္း မမ္ဒါနီဟာ ဘာသာ ေရးနဲ႔ပတ္သက္ရင္လည္း သူဟာ မြတ္စ လင္တစ္ေယာက္ျဖစ္တယ္ဆိုတဲ့အခ်က္ကို ၿမိဳ႕ေတာ္ဝန္ ေ႐ြး ေကာက္ပြဲမဲဆြယ္ကာလတစ္ေလွ်ာက္ အထင္ အရွားျပသေနခဲ့ကာ ဗလီဝတ္ေက်ာင္းေတာ္ေတြဆီ ပုံမွန္ သြားေနခဲ့ၿပီး ၿမိဳ႕ႀကီးရဲ႕ လူေနမႈစရိတ္ အဆမ တန္ႀကီးေနျမင့္ေနတဲ့အေၾကာင္းကိုလည္း ေဝဖန္ ေထာက္ျပခဲ့ဖူးသူျဖစ္ပါတယ္။ သူရဲ႕ဇနီးသည္ဟာ အသက္(၂၇)ႏွစ္အ႐ြယ္ ဆီးရီးယားႏြယ္ဖြား အႏု ပညာ ရွင္ ရာမာ ဒူဝါဂ်ီ ျဖစ္ၿပီး၊ နယူးေယာက္ၿမိဳ႕ ဘ႐ြတ္ကလင္းအရပ္မွာ အေျခစိုက္သူျဖစ္ကာ ၎တို႔စုံတြဲ ဟာ အတြဲရွာေပးတဲ့ ဒိတ္တင္အက္ပ္ Hinge ေပၚမွာဆုံခဲ့ၾကတယ္လို႔ဆိုပါတယ္။ မိခင္ျဖစ္သူ မီရာ နဲရ္ဟာ နာမည္ရွိတဲ့႐ုပ္ရွင္ဒါ႐ိုက္တာျဖစ္ၿပီး၊ ဖခင္ျဖစ္သူ ပါေမာကၡ မာမြတ္မမ္ဒါနီကေတာ့ ကိုလံဘီယံ တကၠ သိုလ္မွာ စာသင္ပါတယ္။ အေမေရာ အေဖပါ ဟားဗတ္တကၠသိုလ္ထြက္ေတြ ျဖစ္ပါတယ္။ ဇိုရန္မမ္ ဒါနီ ႏိုင္ငံေရးထဲမဝင္ခင္ အိုးအိမ္ေရးရာအႀကံေပး အျဖစ္လုပ္ခဲ့ၿပီး ဝင္ေငြနည္းမိသားစုေတြ ေငြမတတ္ ႏိုင္ေတာ့လို႔ ကိုယ္ရဲ႕အိမ္ေတြကေန ထြက္ေပးရ၊ ေမာင္းခ် ႏွင္ခ်ခံရတာမ်ိဳးေတြမျဖစ္ရေလေအာင္ အ ဓိကကူညီတာမ်ိဳးေတြလုပ္ကိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ မမ္ဒါနီဦးစားေပးတဲ့ကိစၥေတြမွာ လူတိုင္း ေနထိုင္ရာ အိုးအိမ္ရွိႏိုင္ေရးပါဝင္သလို၊ နယူးေယာက္ၿမိဳ႕ႀကီး ေဘးကင္းေရးနဲ႔ လူေတြအေပၚ ေနစရိတ္ စားစရိတ္ အေထြေထြကုန္က်စရိတ္ေတြ ဖိစီးေနတာကေန သက္သာေစေရးအေပၚေတြမွာ အာ႐ုံစိုက္ေျပာခဲ့ပါ တယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကိုယ္တိုင္က သတိေပးထားတဲ့ၾကားက ၿမိဳ႕သူၿမိဳ႕သားေတြ ဟာ မမ္ဒါနီကို ၿမိဳ႕ေတာ္ဝန္အျဖစ္ေ႐ြးခ်ယ္လိုက္ျခင္းဟာ နယူးေယာက္ၿမိဳ႕ရဲ႕အနာဂတ္မွာ ဘာေတြ ဆက္ လက္ျဖစ္လာမလဲဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။ အေမရိကန္သမၼတဟာ မမ္ဒါနီကို ၿမိဳ႕ ေတာ္ဝန္ အျဖစ္ေ႐ြးခ်ယ္လိုက္ျခင္းေၾကာင့္ ၿမိဳ႕နဲ႔ပတ္သက္တဲ့ ရန္ပုံေငြေတြကို အမွန္တကယ္ျဖတ္ ေတာက္လိုက္မလား၊ တကယ္လို႔ ရန္ပုံေငြေတြကို ျဖတ္ေတာက္လိုက္မယ္ဆိုရင္ ဘာေတြဆက္ျဖစ္လာ မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕နဲ႔ပတ္သက္ၿပီး သမၼတ ေဒၚနယ္ထရမ့္နဲ႔ ၿမိဳ႕ ေတာ္ဝန္အသစ္ မမ္ဒါနီတို႔ၾကား ဘယ္လိုမ်ိဳး အားၿပိဳင္မႈေတြထပ္မံျဖစ္လာ မလဲဆိုတာ စိတ္ဝင္စားဖြယ္ ျဖစ္ေနပါတယ္။ နယူးေယာက္ၿမိဳ႕သူၿမိဳ႕သားေတြဟာ ၎တို႔ေ႐ြးခ်ယ္ခဲ့တဲ့ ၿမိဳ႕ေတာ္ဝန္ဘက္က အၿမဲ တမ္း ရပ္တည္သြားမလားဆိုတာကလည္း ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ မမ္ဒါနီဟာ ၿမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ယူခ်ိန္အတြင္း ေတြ႕ ႀကဳံရင္ဆိုင္ရမယ့္ စိန္ေခၚမႈေတြကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္မလား ဆိုတာ ေစာင့္ၾကည့္ရမွာလည္း ျဖစ္ပါတယ္။ ၎က “အနာဂတ္က ကြၽန္ေတာ္တို႔လက္ ထဲမွာပါ။ လူသား ေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ေန႔ တစ္ေန႔ရဲ႕အ႐ုဏ္ဦးကို ကြၽန္ေတာ္ျမင္ႏိုင္ပါတယ္” လို႔ ေျပာပါတယ္။ မမ္ဒါနီဟာ နယူးေယာက္ၿမိဳ႕သူၿမိဳ႕သားေတြေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ေန႔ကို ဖန္တီးလုပ္ကိုင္မယ္ လို႔ကတိျပဳထားရာ ၿမိဳ႕ေတာ္ဝန္အျဖစ္တာဝန္ယူခ်ိန္အတြင္း နယူးေယာက္ၿမိဳ႕သားေတြအတြက္ အနာ ဂတ္နဲ႔ လူမူကိစၥအဝဝကို ဘယ္ေလာက္အထိ ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ေပးႏိုင္မလဲဆိုတာ စိတ္ ဝင္စားဖြယ္ေကာင္းေနပါတယ္။ တျခားတစ္ဖက္မွာ ၿမိဳ႕ေတာ္ဝန္အသစ္ဟာ အေမရိကန္သမၼတနဲ႔လည္း ထိပ္တိုက္ရင္ဆိုင္ရဖြယ္ရွိေနတဲ့အတြက္ ေဒၚ နယ္ထရမ္ရဲ႕ဖိအားေပးမႈအမ်ိဳးမ်ိဳးကို ၿမိဳ႕သူၿမိဳ႕သား ေတြနဲ႔ ပူးေပါင္းၿပီး ဘယ္လိုမ်ိဳးေက်ာ္ျဖတ္မလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာလည္းျဖစ္ပါတယ္။ မည္သို႔ပင္ ဆို ေနေစကာမူ မမ္ဒါနီဟာ နယူးေယာက္ၿမိဳ႕ေတာ္ဝန္ သမိုင္းမွာ အသက္အငယ္ဆုံးနဲ႔ မြတ္စလင္တစ္ဦး အျဖစ္ တာဝန္ယူခြင့္ရျခင္းက သမိုင္းအသစ္ေရးထိုး လိုက္ျခင္းျဖစ္တဲ့အတြက္ အေမရိကန္သမၼတနဲ႔ ဒီမို ကရက္တစ္ပါတီကိုယ္စားျပဳေ႐ြးေကာက္ခံရတဲ့ ၿမိဳ႕ေတာ္ဝန္အသစ္ေတြၾကားမွာ ဘယ္လိုမ်ိဳး ထိပ္တိုက္ ေတြ႕ဆုံမလဲဆိုတာေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.