ရွှေအကျိုးအမြတ်နဲ့ ဆူဒန်မှ မကြားဝံ့စရာလူမျိုးတုံး သတ်ဖြတ်မှု

92

တင်ဇာ (NP News) - နိုဝင်ဘာ ၁၇
လက်နက်ကိုင် Rapid Support Forces (RSF) အဖွဲ့က ဆူဒန်နိုင်ငံမြောက်ပိုင်း ဒါဖာပြည်နယ် ရဲ့မြို့တော်ဖြစ်တဲ့ အယ်လ်ဖာရှာကိုသိမ်းပိုက်ပြီးနောက်ပိုင်း လူပေါင်းထောင်ချီ သတ်ဖြတ်ခံခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အယ်လ်ဖာရှာမြို့ဟာ RSF ကဝိုင်းရံထားတာကို (၁၈)လကြာခံခဲ့ရပြီး နောက် အောက်တိုဘာလ (၂၆)ရက်မှာ ပြိုလဲသွားခဲ့တာဖြစ်ပါတယ်။ RSF တို့ရဲ့ဝိုင်းရံမှုကြောင့် အတွင်း ထဲမှာပိတ်မိနေတဲ့ လူထောင်ပေါင်းများစွာဟာ အစား အသောက်နဲ့ အခြေခံလိုအပ်ချက်ပစ္စည်းတွေမရှိဘဲ ဒုက္ခရောက်ခဲ့ကြရပါတယ်။ ဆူဒန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ပြည်တွင်းစစ်ကြောင့် ပျက်စီး ယိုယွင်းနေခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ဖော်ပြချက်အရ သေဆုံးသူ (၄၀ယဝဝဝ)ခန့်ရှိပြီး လူ (၁၂) သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။
RSF ဟာ အယ်လ်ဖာရှာမြို့ကိုသိမ်းပိုက်ပြီးနောက် ဆူဒန်အစိုးရတပ်ဖွဲ့ SAF ထိန်းချုပ်ထားတဲ့ နေရာတွေကို ဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။ SAF ရဲ့အဆိုအရ အောက်တိုဘာလ (၂၉)ရက်အထိ ဒေသ ခံ (၂,ဝဝဝ)ခန့် သတ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။ ဆူဒန်ဆရာဝန်များကွန်ရက်ကတော့ အနည်းဆုံး လူ (၁,၅၀ဝ) လောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ အယ်လ်ဖာရှာမြို့ထဲက လူ (၁ ဒသမ ၂) သန်းဟာ (၁၈) လကြာ RSF ရဲ့ (၅၆) ကီလိုမီတာ အရှည်ရှိတဲ့အရံအတားတွေနဲ့ပိတ်ဆို့ခံခဲ့ရတာကြောင့် အစား အစာနဲ့ ဆေးဝါးတွေမရရှိသလို မြို့ထဲကနေလည်း ထွက်ပြေးဖို့မတတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် သူတို့ဟာ တိရစ္ဆာန် အစာတွေနဲ့ အသက်ဆက်ရှင်ဖို့ ကြိုးစားခဲ့ရပါတယ်။ အယ်လ်ဖာရှာကို လက်နက်ကိုင်တွေ သိမ်းပိုက်ပြီး တဲ့နောက် ကုလသမဂ္ဂရဲ့ဖော်ပြချက်အရ လူ (၂၆ယဝဝဝ)ကျော်ဟာ နှစ်ရက်အတွင်း အယ်လ်ဖာ ရှာမြို့ ကနေ ထွက်ပြေးခဲ့ကြပြီး အများစုဟာ အနောက်ဘက် (၇၀)ကီလိုမီတာအကွာရှိ တာဝီလာမြို့ဘက်ကို ခြေကျင်ထွက်ပြေးကြတာလို့သိရပါတယ်။ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ရဲ့အဆိုအရ အရပ် သား (၁၇၇,ဝဝဝ) ခန့်ဟာ အယ်လ်ဖာရှာမြို့မှာ ပိတ်မိနေဆဲဖြစ်တယ်လို့သိရပါတယ်။
အွန်လိုင်းမှာထွက်ပေါ်နေတဲ့ဗီဒီယိုတွေမှာ RSF လက်နက်ကိုင်တွေဟာ လူတွေကို ကွပ်မျက်တာ၊ နှိပ်စက်ညှဉ်းပန်းတာတွေပြုလုပ်နေကြောင်း တွေ့ရပါ တယ်။ သူတို့သတ်ခဲ့တဲ့အလောင်း ထောင်ချီက လည်း မြင်ရက်စရာမရှိအောင် ပြန့်ကျဲနေတာကိုတွေ့ရပါ တယ်။ RSF အဖွဲ့ဝင်တွေဟာ အတိတ်မှာ လည်း သူတို့ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သူတို့ဘာသာ မှတ်တမ်းတင်လေ့ရှိကြပါတယ်။
RSF တွေက ဘယ်သူတွေလဲ
RSF ဆိုတာ အစိုးရစစ်တပ်နဲ့ စင်ပြိုင်ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုပါ။ သူတို့ဟာ (၂၀ဝ၃) ခုနှစ်မှာစတင်ခဲ့တဲ့ ဒါဖာစစ်ပွဲအတွင်း သမ္မတဟောင်း အိုမာအယ်လ်ဘာရှာအတွက် တိုက်ခိုက် ပေးခဲ့တဲ့ ခြေသလုံးအိမ်တိုင်မျိုးနွယ်စုလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ “Janjaweed” အဖြစ် အစပိုင်းမှာ ဖွဲ့ စည်းခဲ့ပြီး သူတို့ရဲ့ ကြမ်းတမ်းရက်စက်မှုကြောင့် လူတွေက ကြောက်ရွံ့ခဲ့ကြပါတယ်။ Janjaweed အဖွဲ့ ဟာ တခြားသောမျိုးနွယ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ့အစည်း အချို့ က ဒီလုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်သတ်မှတ် ခဲ့ပြီး လူပေါင်း (၁၀ဝ,ဝဝဝ) မှ (၃၀ဝ,ဝဝဝ) ကြား သတ်ဖြတ်ခံခဲ့ရကာ လူ (၂ ဒသမ ၅)သန်း အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ သမ္မတဟောင်း အယ်လ်ဘာရှာက (၂၀၁၃)ခုနှစ်မှာ Janjaweed ကို အဖွဲ့ဝင် (၁၀ဝ,ဝဝဝ) ခန့်ရှိတဲ့ RSF အဖြစ် တရားဝင်ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီနောက် (၂၀၁၇) ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ တစ်ခုက RSF ကို လွတ်လပ်တဲ့ လုံခြုံရေးတပ်ဖွဲ့အနေနဲ့ အာဏာတွေပိုမိုပေးအပ်ခဲ့ပါတယ်။ RSF ဟာ (၂၀၁၉)ခုနှစ် လူထုအုံကြွမူအတွင်း အယ်လ်ဘာရှာကိုဖြုတ်ချရာမှာကူညီခဲ့ပါတယ်။ အဲဒီနောက် (၂၀၂၁) ခုနှစ်မှာတော့ အရပ်သား ဝန်ကြီးချုပ် အဗ္ဗဒလ္လာဟမ်ဒေါ့ကိုဖြုတ်ချဖို့ RSF နဲ့ မဟာမိတ်ဖွဲ့ခဲ့ပြီး အရပ်သား ကူးပြောင်းအစိုးရကို အဆုံးသတ်ခဲ့ပါတယ်။
အဲဒီနောက် ဆူဒန်စစ်တပ်က အစိုးရကိုဦးဆောင်တဲ့အချိန်မှာတော့ RSF ကို အစိုးရတပ်ထဲ ပူးပေါင်းပေါင်းစည်းဖို့တိုက်တွန်းရာကနေ RSF ခေါင်းဆောင် Hemedti နှင့် SAF ခေါင်းဆောင် alBurhan တို့ကြား တင်းမာမှုတွေမြင့်တက်လာခဲ့ရာက (၂၀၂၃) ခုနှစ် ဧပြီလ(၁၅)ရက်မှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရပါ တယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပဋိပက္ခအတွင်း နှစ်ဖက်စလုံးက ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲထားပါတယ်။
အဲဒီချိန်က RSF ဟာ ချတ်ဒ်လိုမျိုး အိမ်နီးချင်းနိုင်ငံတချို့ရဲ့ထောက်ခံမှုကိုရရှိထားခဲ့ပါတယ်။ ယူ အေအီးကတော့ မထောက်ပံ့ဘူးလို့ငြင်းဆိုပေမယ့် ယူအေအီးဆီကနေလည်း ငွေကြေးအထောက်အပံ့နဲ့ လက်နက်အများအပြားရရှိထားတယ်လို့သိရပါတယ်။ တိုက်ပွဲတွေဟာ နိုင်ငံအပေါ်မှာ အကြီးအကျယ် ပျက်စီးယိုယွင်းစေခဲ့ပြီး နိုင်ငံတကာကယ်ဆယ်ရေးကော်မတီက မှတ်တမ်းတင်ခဲ့ဖူးသမျှထဲမှာ အဆိုးရွား ဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အ တည်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အထူးသဖြင့် RSF ဟာ သူတို့ထိန်းချုပ်ထားတဲ့ဒေသတွေမှာ အာရပ်မဟုတ်သူတွေကို အစုလိုက်အပြုံလိုက် ညှဉ်းပန်းနှိပ် စက်မှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်တယ်လို့ စွပ်စွဲခံထားရပါတယ်။ (၂၀၂၃) ခုနှစ်ကတည်းက အာဖရိကသမဂ္ဂ၊ နိုင်ငံတကာ အစိုးရများဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ အပါအဝင် အမေရိကန်၊ ဆော်ဒီအာရေဗျနဲ့ ဆွစ်ဇာလန်တို့က ပဋိပက္ခကိုအဆုံးသတ်ဖို့ ကြိုးပမ်းမှုတွေ ပြု လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ အောင်မြင်မှု မရှိသေးပါဘူး။
ရွှေလုပ်ကွက်တွေက ရာဇဝတ်မှုကျူးလွန်ဖို့ တွန်းအားဖြစ်လာပြီး သူတို့ရဲ့စစ်ပွဲဟာ ရွှေနဲ့ လည် ပတ်နေခဲ့တာဖြစ်ပါတယ်။ ဒါဖာနဲ့ ကော်ဒိုဖန်ဒေသတွေက မိုင်းတွင်းတွေကိုထိန်းချုပ်ထားခြင်းနဲ့ ဆာဟဲ လ်ဒေသ ကုန်သွယ်ရေးကို အခွန်ကောက်ခံခြင်းတို့က RSF ကို နိုင်ငံတော်က ဘယ်တော့မှ မယှဉ်နိုင်တဲ့ နိုင်ငံခြားငွေစီးဆင်းမှုတွေရရှိစေခဲ့ပါတယ်။ ဆူဒန်နိုင်ငံအတွင်းမှာ RSF လက်နက်ကိုင်တွေဟာ မိုင်းတွင်း ဇုန်တွေကို စီမံခန့်ခွဲတယ်၊ အခကြေးငွေတွေ ကောက်ခံတယ်၊ ယာဉ်တန်းတွေကိုထိန်းချုပ်တာမျိုးတွေပြု လုပ်နေတယ်လို့သိရပါတယ်။ ရွှေတုံးတင်ပို့မှုတွေဟာ အနောက်ဘက်ချတ်ဒ်နဲ့ ဗဟိုအာဖရိက သမ္မတ နိုင်ငံတွေကနေတစ်ဆင့် ဒါမှမဟုတ် တောင်ဘက် တောင်ဆူဒန်ကနေတစ်ဆင့် လျှို့ဝှက်ထွက်ခွာသွားပြီး နောက် ပင်လယ်ကွေ့က သန့်စင်စက်ရုံတွေဆီရောက်ရှိသွားပါတယ်။ အဲဒီသတ္တုတွေ ဒူဘိုင်းကိုရောက် တဲ့အချိန်မှာ သူတို့ရဲ့ မူလဇာစ်မြစ်သမိုင်းဟာ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။
ယူအေအီးမှတာဝန်ရှိသူတွေက သူတို့ရဲ့ရွှေကုန် သွယ်မှုဟာ ပွင့်လင်းမြင်သာတယ်လို့ အခိုင် အမာပြောဆိုနေပေမယ့် ပဋိပက္ခဇုန်တွေကနေရောက်လာတဲ့ တင်ပို့ကုန်တွေရဲ့ဇာစ်မြစ်ကိုတော့ သေသေ ချာချာ မစစ်ဆေးဘဲထားလေ့ရှိပါတယ်။ RSF အတွက် ကတော့ အဲဒီလမ်းကြောင်းတွေဟာ ငွေကြေး အရင်းအနှီးနဲ့ တရားဝင်မှုကိုရရှိစေပြီး နိုင်ငံတစ်နိုင်ငံလိုပြု မူဖို့လုံလောက်တဲ့အခြေအနေမျိုးဖြစ်စေပါ တယ်။ RSF ဟာ နယ်မြေကိုအုပ်ချုပ်တယ်၊ ကုန်သွယ်မှုကို အခွန်ကောက်ခံတယ်၊ နိုင်ငံတကာကုန် သွယ်မှုကနေတစ်ဆင့် သူရဲ့တပ်မတော်ကို ငွေကြေးထောက်ပံ့ပါတယ်။ တိုက်ခိုက်ရေးသမားတွေကို ဒေါ်လာနဲ့ပေးတယ်။ သေနတ်တွေက မိုင်းတွင်းတွေကိုကာကွယ်ပေးပြီး မိုင်းတွင်းတွေက သေနတ်တွေ ပိုဝယ်နိုင်ဖို့အတွက် ငွေရရှိတဲ့ စစ်ဘုရင်စီးပွားရေးစနစ်ပဲဖြစ်ပါတယ်။
ဒါကြောင့် အယ်လ်ဖာရှာကိုသိမ်းပိုက်ရခြင်းဟာ စစ်ရေးသီးသန့်မဟုတ်ပါဘူး၊ စီးပွားရေးအရပါ သိမ်းပိုက်ခြင်းဖြစ်ပါတယ်။ ဒီမြို့မှာရှိတဲ့ ရွှေတွင်းတွေဟာ ချတ်ဒ်နဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံကိုသွားတဲ့ လမ်းကြောင်းတွေဆုံရာမှာတည်ရှိပါတယ်။ RSF ယာဉ်တန်းတွေဟာ မြို့တံခါးဝတွေကို ဖြတ်ကျော်ဝင် ရောက်တဲ့အခါ မြေပြင်ကိုသိမ်းပိုက်ရုံတင်မကဘဲ အရေးပါတဲ့စီးဆင်းမှုလမ်းကြောင်းတွေကိုပါ သိမ်းပိုက် လိုက်တာဖြစ်ပါတယ်။ လောင်စာဆီ၊ အစားအသောက် နဲ့ရွှေတုံးတွေဟာ သူတို့ရဲ့ အစောင့်အရှောက် အောက်မှာ စတင်ရွေ့လျားစီးဆင်းနေပါပြီ။ နယ်မြေ၊ ဝင်ငွေ၊ နိုင်ငံတွေရဲ့အသိအမှတ်ပြုမှု စတဲ့ ခေတ်သစ် တရားဝင်မှုရဲ့ ကြောက်မက်ဖွယ်ရာ သုံးပါးစလုံးဟာ RSF တွေရဲ့လက်ထဲကိုရောက်ရှိသွားပါပြီ။ ဒါကြောင့် သူတို့ရဲ့ဝိုင်းရံမှုပြီးဆုံးခြင်းက ငြိမ်းချမ်းရေးကို အရိပ်အမြွက် ပြတာမဟုတ်ပါဘူး၊ အမြဲတမ်း တည်ရှိနေ ခြင်းကို အရိပ်အြွမက်ပြနေတာဖြစ်ပါတယ်။
ခုချိန်မှာတော့ ဆူဒန်နိုင်ငံမှာ သူတို့ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ အ နောက်အစိုးရတွေက စိုးရိမ်ကြောင်းထုတ်ပြန်ချက် တွေထုတ်ပြန်နေပါတယ်။ ပြီးတော့ RSF ခေါင်း ဆောင်တချို့ကို ပိတ်ဆို့အရေးယူတယ်၊ နောက်ပြီးမှ အရေးအကြီးဆုံးဖြစ်တဲ့ ရွှေတုံးလမ်းကြောင်းတွေကို ပိတ်ဆို့မယ့်ပုံပေါ်ပါတယ်။ ပဋိပက္ခဒေသက ရွှေတွေဟာ ဒူဘိုင်းဈေးကွက်တွေကတစ်ဆင့် ဆက်လက် တောက်ပြောင်နေဆဲဖြစ်ပြီး ဂျီနီဗာက ဆွေးနွေးပွဲတွေကလည်း ထူးမခြားနားရလဒ်သာ ထွက်နေပါ တယ်။ ဒါကြောင့် ဒီရွှေတွေက အရောင်အဝါမလျော့မချင်း သေနတ်သံတွေလည်း တိတ်မှာမဟုတ်ပါဘူး။ ကမ္ဘာကြီးက ဆူဒန်ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကိုကျော်ပြီး အကျိုးအမြတ်အတွက်သာ ဆက်ကြည့်နေ မယ်ဆိုရင် RSF အပါအဝင် အကြမ်းဖက်လက်နက်ကိုင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက နေရာအနှံ့ ဆက်လက်ဖြစ်ပွားနေဦးမှာဖြစ်ပါတယ်။

Zawgyi Version:
ေ႐ႊအက်ိဳးအျမတ္နဲ႔ ဆူဒန္မွ မၾကားဝံ့စရာလူမ်ိဳးတုံး သတ္ျဖတ္မႈ
တင္ဇာ (NP News) - ႏိုဝင္ဘာ ၁၇
လက္နက္ကိုင္ Rapid Support Forces (RSF) အဖြဲ႕က ဆူဒန္ႏိုင္ငံေျမာက္ပိုင္း ဒါဖာျပည္နယ္ ရဲ႕ၿမိဳ႕ေတာ္ျဖစ္တဲ့ အယ္လ္ဖာရွာကိုသိမ္းပိုက္ၿပီးေနာက္ပိုင္း လူေပါင္းေထာင္ခ်ီ သတ္ျဖတ္ခံခဲ့ရတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ အယ္လ္ဖာရွာၿမိဳ႕ဟာ RSF ကဝိုင္းရံထားတာကို (၁၈)လၾကာခံခဲ့ရၿပီး ေနာက္ ေအာက္တိုဘာလ (၂၆)ရက္မွာ ၿပိဳလဲသြားခဲ့တာျဖစ္ပါတယ္။ RSF တို႔ရဲ႕ဝိုင္းရံမႈေၾကာင့္ အတြင္း ထဲမွာပိတ္မိေနတဲ့ လူေထာင္ေပါင္းမ်ားစြာဟာ အစား အေသာက္နဲ႔ အေျခခံလိုအပ္ခ်က္ပစၥည္းေတြမရွိဘဲ ဒုကၡေရာက္ခဲ့ၾကရပါတယ္။ ဆူဒန္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက ျပည္တြင္းစစ္ေၾကာင့္ ပ်က္စီး ယိုယြင္းေနခဲ့ပါတယ္။ ကုလသမဂၢရဲ႕ေဖာ္ျပခ်က္အရ ေသဆုံးသူ (၄၀ယဝဝဝ)ခန႔္ရွိၿပီး လူ (၁၂) သန္း အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရတယ္လို႔သိရပါတယ္။
RSF ဟာ အယ္လ္ဖာရွာၿမိဳ႕ကိုသိမ္းပိုက္ၿပီးေနာက္ ဆူဒန္အစိုးရတပ္ဖြဲ႕ SAF ထိန္းခ်ဳပ္ထားတဲ့ ေနရာေတြကို ဆက္လက္သိမ္းပိုက္ခဲ့ပါတယ္။ SAF ရဲ႕အဆိုအရ ေအာက္တိုဘာလ (၂၉)ရက္အထိ ေဒသ ခံ (၂,ဝဝဝ)ခန႔္ သတ္ျဖတ္ခံခဲ့ရတယ္လို႔သိရပါတယ္။ ဆူဒန္ဆရာဝန္မ်ားကြန္ရက္ကေတာ့ အနည္းဆုံး လူ (၁,၅၀ဝ) ေလာက္ေသဆုံးခဲ့တယ္လို႔ဆိုပါတယ္။ အယ္လ္ဖာရွာၿမိဳ႕ထဲက လူ (၁ ဒသမ ၂) သန္းဟာ (၁၈) လၾကာ RSF ရဲ႕ (၅၆) ကီလိုမီတာ အရွည္ရွိတဲ့အရံအတားေတြနဲ႔ပိတ္ဆို႔ခံခဲ့ရတာေၾကာင့္ အစား အစာနဲ႔ ေဆးဝါးေတြမရရွိသလို ၿမိဳ႕ထဲကေနလည္း ထြက္ေျပးဖို႔မတတ္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ သူတို႔ဟာ တိရစာၦန္ အစာေတြနဲ႔ အသက္ဆက္ရွင္ဖို႔ ႀကိဳးစားခဲ့ရပါတယ္။ အယ္လ္ဖာရွာကို လက္နက္ကိုင္ေတြ သိမ္းပိုက္ၿပီး တဲ့ေနာက္ ကုလသမဂၢရဲ႕ေဖာ္ျပခ်က္အရ လူ (၂၆ယဝဝဝ)ေက်ာ္ဟာ ႏွစ္ရက္အတြင္း အယ္လ္ဖာ ရွာၿမိဳ႕ ကေန ထြက္ေျပးခဲ့ၾကၿပီး အမ်ားစုဟာ အေနာက္ဘက္ (၇၀)ကီလိုမီတာအကြာရွိ တာဝီလာၿမိဳ႕ဘက္ကို ေျခက်င္ထြက္ေျပးၾကတာလို႔သိရပါတယ္။ ႏိုင္ငံတကာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအဖြဲ႕ရဲ႕အဆိုအရ အရပ္ သား (၁၇၇,ဝဝဝ) ခန႔္ဟာ အယ္လ္ဖာရွာၿမိဳ႕မွာ ပိတ္မိေနဆဲျဖစ္တယ္လို႔သိရပါတယ္။
အြန္လိုင္းမွာထြက္ေပၚေနတဲ့ဗီဒီယိုေတြမွာ RSF လက္နက္ကိုင္ေတြဟာ လူေတြကို ကြပ္မ်က္တာ၊ ႏွိပ္စက္ညႇဥ္းပန္းတာေတြျပဳလုပ္ေနေၾကာင္း ေတြ႕ရပါ တယ္။ သူတို႔သတ္ခဲ့တဲ့အေလာင္း ေထာင္ခ်ီက လည္း ျမင္ရက္စရာမရွိေအာင္ ျပန႔္က်ဲေနတာကိုေတြ႕ရပါ တယ္။ RSF အဖြဲ႕ဝင္ေတြဟာ အတိတ္မွာ လည္း သူတို႔က်ဴးလြန္ခဲ့တဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို သူတို႔ဘာသာ မွတ္တမ္းတင္ေလ့ရွိၾကပါတယ္။
RSF ေတြက ဘယ္သူေတြလဲ
RSF ဆိုတာ အစိုးရစစ္တပ္နဲ႔ စင္ၿပိဳင္ဖြဲ႕စည္းထားတဲ့ လက္နက္ကိုင္အဖြဲ႕တစ္ခုပါ။ သူတို႔ဟာ (၂၀ဝ၃) ခုႏွစ္မွာစတင္ခဲ့တဲ့ ဒါဖာစစ္ပြဲအတြင္း သမၼတေဟာင္း အိုမာအယ္လ္ဘာရွာအတြက္ တိုက္ခိုက္ ေပးခဲ့တဲ့ ေျခသလုံးအိမ္တိုင္မ်ိဳးႏြယ္စုလက္နက္ကိုင္အဖြဲ႕ ျဖစ္တဲ့ “Janjaweed” အျဖစ္ အစပိုင္းမွာ ဖြဲ႕ စည္းခဲ့ၿပီး သူတို႔ရဲ႕ ၾကမ္းတမ္းရက္စက္မႈေၾကာင့္ လူေတြက ေၾကာက္႐ြံ႕ခဲ့ၾကပါတယ္။ Janjaweed အဖြဲ႕ ဟာ တျခားေသာမ်ိဳးႏြယ္စုေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ပါတယ္။ လူ႔အခြင့္အေရးအဖြဲ႕အစည္း အခ်ိဳ႕ က ဒီလုပ္ရပ္ကို လူမ်ိဳးတုံးသတ္ျဖတ္မႈအျဖစ္သတ္မွတ္ ခဲ့ၿပီး လူေပါင္း (၁၀ဝ,ဝဝဝ) မွ (၃၀ဝ,ဝဝဝ) ၾကား သတ္ျဖတ္ခံခဲ့ရကာ လူ (၂ ဒသမ ၅)သန္း အိုးအိမ္စြန႔္ခြာခဲ့ရတယ္လို႔ဆိုပါတယ္။
ဒါေပမဲ့ သမၼတေဟာင္း အယ္လ္ဘာရွာက (၂၀၁၃)ခုႏွစ္မွာ Janjaweed ကို အဖြဲ႕ဝင္ (၁၀ဝ,ဝဝဝ) ခန႔္ရွိတဲ့ RSF အျဖစ္ တရားဝင္ဖြဲ႕စည္းေပးခဲ့ပါတယ္။ အဲဒီေနာက္ (၂၀၁၇) ခုႏွစ္မွာ ျပ႒ာန္းလိုက္တဲ့ ဥပေဒ တစ္ခုက RSF ကို လြတ္လပ္တဲ့ လုံၿခဳံေရးတပ္ဖြဲ႕အေနနဲ႔ အာဏာေတြပိုမိုေပးအပ္ခဲ့ပါတယ္။ RSF ဟာ (၂၀၁၉)ခုႏွစ္ လူထုအုံႂကြမူအတြင္း အယ္လ္ဘာရွာကိုျဖဳတ္ခ်ရာမွာကူညီခဲ့ပါတယ္။ အဲဒီေနာက္ (၂၀၂၁) ခုႏွစ္မွာေတာ့ အရပ္သား ဝန္ႀကီးခ်ဳပ္ အဗၺဒလႅာဟမ္ေဒါ့ကိုျဖဳတ္ခ်ဖို႔ RSF နဲ႔ မဟာမိတ္ဖြဲ႕ခဲ့ၿပီး အရပ္သား ကူးေျပာင္းအစိုးရကို အဆုံးသတ္ခဲ့ပါတယ္။
အဲဒီေနာက္ ဆူဒန္စစ္တပ္က အစိုးရကိုဦးေဆာင္တဲ့အခ်ိန္မွာေတာ့ RSF ကို အစိုးရတပ္ထဲ ပူးေပါင္းေပါင္းစည္းဖို႔တိုက္တြန္းရာကေန RSF ေခါင္းေဆာင္ Hemedti ႏွင့္ SAF ေခါင္းေဆာင္ alBurhan တို႔ၾကား တင္းမာမႈေတြျမင့္တက္လာခဲ့ရာက (၂၀၂၃) ခုႏွစ္ ဧၿပီလ(၁၅)ရက္မွာ ျပည္တြင္းစစ္ျဖစ္ပြားခဲ့ရပါ တယ္။ လူ႔အခြင့္အေရးအဖြဲ႕ေတြကေတာ့ ပဋိပကၡအတြင္း ႏွစ္ဖက္စလုံးက ရက္စက္ၾကမ္းၾကဳတ္မႈေတြ က်ဴးလြန္ေနတယ္လို႔ စြပ္စြဲထားပါတယ္။
အဲဒီခ်ိန္က RSF ဟာ ခ်တ္ဒ္လိုမ်ိဳး အိမ္နီးခ်င္းႏိုင္ငံတခ်ိဳ႕ရဲ႕ေထာက္ခံမႈကိုရရွိထားခဲ့ပါတယ္။ ယူ ေအအီးကေတာ့ မေထာက္ပံ့ဘူးလို႔ျငင္းဆိုေပမယ့္ ယူေအအီးဆီကေနလည္း ေငြေၾကးအေထာက္အပံ့နဲ႔ လက္နက္အမ်ားအျပားရရွိထားတယ္လို႔သိရပါတယ္။ တိုက္ပြဲေတြဟာ ႏိုင္ငံအေပၚမွာ အႀကီးအက်ယ္ ပ်က္စီးယိုယြင္းေစခဲ့ၿပီး ႏိုင္ငံတကာကယ္ဆယ္ေရးေကာ္မတီက မွတ္တမ္းတင္ခဲ့ဖူးသမွ်ထဲမွာ အဆိုး႐ြား ဆုံး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအက်ပ္အ တည္းကို ျဖစ္ေပၚေစခဲ့ပါတယ္။ အထူးသျဖင့္ RSF ဟာ သူတို႔ထိန္းခ်ဳပ္ထားတဲ့ေဒသေတြမွာ အာရပ္မဟုတ္သူေတြကို အစုလိုက္အၿပဳံလိုက္ ညႇဥ္းပန္းႏွိပ္ စက္မႈ၊ အဓမၼျပဳက်င့္မႈ၊ လုယက္မႈနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြက်ဴးလြန္တယ္လို႔ စြပ္စြဲခံထားရပါတယ္။ (၂၀၂၃) ခုႏွစ္ကတည္းက အာဖရိကသမဂၢ၊ ႏိုင္ငံတကာ အစိုးရမ်ားဖြံ႕ၿဖိဳးတိုးတက္ေရး အာဏာပိုင္အဖြဲ႕ အပါအဝင္ အေမရိကန္၊ ေဆာ္ဒီအာေရဗ်နဲ႔ ဆြစ္ဇာလန္တို႔က ပဋိပကၡကိုအဆုံးသတ္ဖို႔ ႀကိဳးပမ္းမႈေတြ ျပဳ လုပ္ခဲ့ပါတယ္။ ဒါေပမဲ့ ခုခ်ိန္ထိေတာ့ ေအာင္ျမင္မႈ မရွိေသးပါဘူး။
ေ႐ႊလုပ္ကြက္ေတြက ရာဇဝတ္မႈက်ဴးလြန္ဖို႔ တြန္းအားျဖစ္လာၿပီး သူတို႔ရဲ႕စစ္ပြဲဟာ ေ႐ႊနဲ႔ လည္ ပတ္ေနခဲ့တာျဖစ္ပါတယ္။ ဒါဖာနဲ႔ ေကာ္ဒိုဖန္ေဒသေတြက မိုင္းတြင္းေတြကိုထိန္းခ်ဳပ္ထားျခင္းနဲ႔ ဆာဟဲ လ္ေဒသ ကုန္သြယ္ေရးကို အခြန္ေကာက္ခံျခင္းတို႔က RSF ကို ႏိုင္ငံေတာ္က ဘယ္ေတာ့မွ မယွဥ္ႏိုင္တဲ့ ႏိုင္ငံျခားေငြစီးဆင္းမႈေတြရရွိေစခဲ့ပါတယ္။ ဆူဒန္ႏိုင္ငံအတြင္းမွာ RSF လက္နက္ကိုင္ေတြဟာ မိုင္းတြင္း ဇုန္ေတြကို စီမံခန႔္ခြဲတယ္၊ အခေၾကးေငြေတြ ေကာက္ခံတယ္၊ ယာဥ္တန္းေတြကိုထိန္းခ်ဳပ္တာမ်ိဳးေတြျပဳ လုပ္ေနတယ္လို႔သိရပါတယ္။ ေ႐ႊတုံးတင္ပို႔မႈေတြဟာ အေနာက္ဘက္ခ်တ္ဒ္နဲ႔ ဗဟိုအာဖရိက သမၼတ ႏိုင္ငံေတြကေနတစ္ဆင့္ ဒါမွမဟုတ္ ေတာင္ဘက္ ေတာင္ဆူဒန္ကေနတစ္ဆင့္ လွ်ိဳ႕ဝွက္ထြက္ခြာသြားၿပီး ေနာက္ ပင္လယ္ေကြ႕က သန႔္စင္စက္႐ုံေတြဆီေရာက္ရွိသြားပါတယ္။ အဲဒီသတၱဳေတြ ဒူဘိုင္းကိုေရာက္ တဲ့အခ်ိန္မွာ သူတို႔ရဲ႕ မူလဇာစ္ျမစ္သမိုင္းဟာ လုံးဝ ေပ်ာက္ကြယ္သြားခဲ့ပါၿပီ။
ယူေအအီးမွတာဝန္ရွိသူေတြက သူတို႔ရဲ႕ေ႐ႊကုန္ သြယ္မႈဟာ ပြင့္လင္းျမင္သာတယ္လို႔ အခိုင္ အမာေျပာဆိုေနေပမယ့္ ပဋိပကၡဇုန္ေတြကေနေရာက္လာတဲ့ တင္ပို႔ကုန္ေတြရဲ႕ဇာစ္ျမစ္ကိုေတာ့ ေသေသ ခ်ာခ်ာ မစစ္ေဆးဘဲထားေလ့ရွိပါတယ္။ RSF အတြက္ ကေတာ့ အဲဒီလမ္းေၾကာင္းေတြဟာ ေငြေၾကး အရင္းအႏွီးနဲ႔ တရားဝင္မႈကိုရရွိေစၿပီး ႏိုင္ငံတစ္ႏိုင္ငံလိုျပဳ မူဖို႔လုံေလာက္တဲ့အေျခအေနမ်ိဳးျဖစ္ေစပါ တယ္။ RSF ဟာ နယ္ေျမကိုအုပ္ခ်ဳပ္တယ္၊ ကုန္သြယ္မႈကို အခြန္ေကာက္ခံတယ္၊ ႏိုင္ငံတကာကုန္ သြယ္မႈကေနတစ္ဆင့္ သူရဲ႕တပ္မေတာ္ကို ေငြေၾကးေထာက္ပံ့ပါတယ္။ တိုက္ခိုက္ေရးသမားေတြကို ေဒၚလာနဲ႔ေပးတယ္။ ေသနတ္ေတြက မိုင္းတြင္းေတြကိုကာကြယ္ေပးၿပီး မိုင္းတြင္းေတြက ေသနတ္ေတြ ပိုဝယ္ႏိုင္ဖို႔အတြက္ ေငြရရွိတဲ့ စစ္ဘုရင္စီးပြားေရးစနစ္ပဲျဖစ္ပါတယ္။
ဒါေၾကာင့္ အယ္လ္ဖာရွာကိုသိမ္းပိုက္ရျခင္းဟာ စစ္ေရးသီးသန႔္မဟုတ္ပါဘူး၊ စီးပြားေရးအရပါ သိမ္းပိုက္ျခင္းျဖစ္ပါတယ္။ ဒီၿမိဳ႕မွာရွိတဲ့ ေ႐ႊတြင္းေတြဟာ ခ်တ္ဒ္နဲ႔ ဗဟိုအာဖရိကသမၼတႏိုင္ငံကိုသြားတဲ့ လမ္းေၾကာင္းေတြဆုံရာမွာတည္ရွိပါတယ္။ RSF ယာဥ္တန္းေတြဟာ ၿမိဳ႕တံခါးဝေတြကို ျဖတ္ေက်ာ္ဝင္ ေရာက္တဲ့အခါ ေျမျပင္ကိုသိမ္းပိုက္႐ုံတင္မကဘဲ အေရးပါတဲ့စီးဆင္းမႈလမ္းေၾကာင္းေတြကိုပါ သိမ္းပိုက္ လိုက္တာျဖစ္ပါတယ္။ ေလာင္စာဆီ၊ အစားအေသာက္ နဲ႔ေ႐ႊတုံးေတြဟာ သူတို႔ရဲ႕ အေစာင့္အေရွာက္ ေအာက္မွာ စတင္ေ႐ြ႕လ်ားစီးဆင္းေနပါၿပီ။ နယ္ေျမ၊ ဝင္ေငြ၊ ႏိုင္ငံေတြရဲ႕အသိအမွတ္ျပဳမႈ စတဲ့ ေခတ္သစ္ တရားဝင္မႈရဲ႕ ေၾကာက္မက္ဖြယ္ရာ သုံးပါးစလုံးဟာ RSF ေတြရဲ႕လက္ထဲကိုေရာက္ရွိသြားပါၿပီ။ ဒါေၾကာင့္ သူတို႔ရဲ႕ဝိုင္းရံမႈၿပီးဆုံးျခင္းက ၿငိမ္းခ်မ္းေရးကို အရိပ္အႁမြက္ ျပတာမဟုတ္ပါဘူး၊ အၿမဲတမ္း တည္ရွိေန ျခင္းကို အရိပ္ႁအြမက္ျပေနတာျဖစ္ပါတယ္။
ခုခ်ိန္မွာေတာ့ ဆူဒန္ႏိုင္ငံမွာ သူတို႔က်ဴးလြန္ေနတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြနဲ႔ပတ္သက္လို႔ အ ေနာက္အစိုးရေတြက စိုးရိမ္ေၾကာင္းထုတ္ျပန္ခ်က္ ေတြထုတ္ျပန္ေနပါတယ္။ ၿပီးေတာ့ RSF ေခါင္း ေဆာင္တခ်ိဳ႕ကို ပိတ္ဆို႔အေရးယူတယ္၊ ေနာက္ၿပီးမွ အေရးအႀကီးဆုံးျဖစ္တဲ့ ေ႐ႊတုံးလမ္းေၾကာင္းေတြကို ပိတ္ဆို႔မယ့္ပုံေပၚပါတယ္။ ပဋိပကၡေဒသက ေ႐ႊေတြဟာ ဒူဘိုင္းေဈးကြက္ေတြကတစ္ဆင့္ ဆက္လက္ ေတာက္ေျပာင္ေနဆဲျဖစ္ၿပီး ဂ်ီနီဗာက ေဆြးေႏြးပြဲေတြကလည္း ထူးမျခားနားရလဒ္သာ ထြက္ေနပါ တယ္။ ဒါေၾကာင့္ ဒီေ႐ႊေတြက အေရာင္အဝါမေလ်ာ့မခ်င္း ေသနတ္သံေတြလည္း တိတ္မွာမဟုတ္ပါဘူး။ ကမာၻႀကီးက ဆူဒန္ျပည္သူေတြရဲ႕ဆင္းရဲဒုကၡကိုေက်ာ္ၿပီး အက်ိဳးအျမတ္အတြက္သာ ဆက္ၾကည့္ေန မယ္ဆိုရင္ RSF အပါအဝင္ အၾကမ္းဖက္လက္နက္ကိုင္ေတြရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြက ေနရာအႏွံ႔ ဆက္လက္ျဖစ္ပြားေနဦးမွာျဖစ္ပါတယ္။