တရုတ်နိုင်ငံမှာ ငွေကြေးအလွဲသုံးစားမှုနဲ့ ရှောင်လင်ဘုန်းတော်ကြီးတစ်ဦး ဖမ်းဆီးခံရ

 98

ရောင်နီ (NP News) - နိုဝင်ဘာ ၁၈
တရုတ်လက်ဖက်ရည် ဂုံးဖူးရဲ့မွေးရပ်မြေအဖြစ် လူသိများတဲ့ဟီနန်ပြည်နယ်က တရုတ်ဘုရားကျောင်း တစ်ခုရဲ့ ရှီယောင်ရှင်း အမည်ရှိ အကြီးအကဲ ဘုန်းတော်ကြီးဟောင်းတစ်ဦးကို ဒေသဆိုင်ရာအာဏာပိုင်တွေက ငွေကြေးအလွဲသုံးစားမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ရှောင်လင် ဘုရားကျောင်းရဲ့ယခင်ကျောင်းထိုင်ဆရာတော်ဖြစ်ခဲ့တဲ့ ရှီယောင်ရှင်းဟာ စီမံကိန်းရန်ပုံငွေနဲ့ ဘုရားကျောင်း ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလုပ်မှု စွပ်စွဲချက်တွေနဲ့အတူ ဇူလိုင်လကတည်းက ရာထူးမှ ဖယ်ရှားခံထားရတာ ဖြစ်ပါတယ်။
ရှောင်လင်ဘုရားကျောင်းတည်ရှိရာ တရုတ်အလယ်ပိုင်း ဟီနန်ပြည်နယ်ရှိ အာဏာပိုင်တွေဟာ ရှီကို ငွေ အလွဲသုံးစားမှု၊ ရန်ပုံငွေအလွဲသုံးစားလုပ်မှုနဲ့ အစိုးရမဟုတ်သော ဝန်ထမ်းတစ်ဦးအနေနဲ့ လာဘ်ငွေလက်ခံမှု သံသယနဲ့ဖမ်းဆီးဖို့ အတည်ပြုခဲ့တာဖြစ်တယ်လို့ ရှင်ရှန်ပြည်နယ် ရှေ့နေရုံးက ကြေညာချက်တစ်စောင်နဲ့အတူ ပြောကြားခဲ့ပါတယ်။ အသက် ၆၀ အရွယ်ရှိ ရှီဟာ ၁၉၉၉ ခုနှစ်က ဘုရားကျောင်းမှာ အကြီးအကဲဆရာတော်အဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းနှစ်တွေအတွင်း ရှောင်လင်ပညာရပ်နဲ့ ယဉ်ကျေးမှုဆိုင်ရာအသိပညာတွေကို ပြည်ပကိုပါ တိုးချဲ့ပျံ့နှံ့အောင် စွမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်ပမှာ ကုမ္ပဏီများစွာ တည်ထောင်ခဲ့ခြင်းအတွက် “CEO ဘုန်းကြီး” အဖြစ် လူသိများခဲ့ပြီး ဗုဒ္ဓဘာသာကို စီးပွားဖြစ် ရောင်းဝယ်ဖောက်ကားမှုပြုလုပ်နေတယ်ဆိုတဲ့ ဝေဖန်မှု တွေ ရရှိခဲ့ပါတယ်။ ဒါအပြင် ရှီ ဟာ ယခင်က ဘုန်းကြီးကျောင်းမှ စီမံခန့်ခွဲတဲ့ကုမ္ပဏီတစ်ခုမှ ငွေကြေးအလွဲသုံးစားလုပ်မှု၊ ဇိမ်ခံကားများစွာကို ပိုင်ဆိုင်မှု၊ မိန်းမလိုက်စားမှု စတဲ့ သတင်းတွေထွက်ခဲ့သေးတယ်လို့ သိရပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ ေငြေၾကးအလြဲသုံးစားမႈနဲ႔ ေရွာင္လင္ဘုန္းေတာ္ႀကီးတစ္ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၈
တ႐ုတ္လက္ဖက္ရည္ ဂုံးဖူးရဲ႕ေမြးရပ္ေျမအျဖစ္ လူသိမ်ားတဲ့ဟီနန္ျပည္နယ္က တ႐ုတ္ဘုရားေက်ာင္း တစ္ခုရဲ႕ ရွီေယာင္ရွင္း အမည္ရွိ အႀကီးအကဲ ဘုန္းေတာ္ႀကီးေဟာင္းတစ္ဦးကို ေဒသဆိုင္ရာအာဏာပိုင္ေတြက ေငြေၾကးအလြဲသုံးစားမႈနဲ႔ ဖမ္းဆီးခဲ့တယ္လို႔ တနဂၤေႏြေန႔ (ႏိုဝင္ဘာ ၁၆ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။ ေရွာင္လင္ ဘုရားေက်ာင္းရဲ႕ယခင္ေက်ာင္းထိုင္ဆရာေတာ္ျဖစ္ခဲ့တဲ့ ရွီေယာင္ရွင္းဟာ စီမံကိန္းရန္ပုံေငြနဲ႔ ဘုရားေက်ာင္း ပိုင္ဆိုင္မႈေတြကို အလြဲသုံးစားလုပ္မႈ စြပ္စြဲခ်က္ေတြနဲ႔အတူ ဇူလိုင္လကတည္းက ရာထူးမွ ဖယ္ရွားခံထားရတာ ျဖစ္ပါတယ္။
ေရွာင္လင္ဘုရားေက်ာင္းတည္ရွိရာ တ႐ုတ္အလယ္ပိုင္း ဟီနန္ျပည္နယ္ရွိ အာဏာပိုင္ေတြဟာ ရွီကို ေငြ အလြဲသုံးစားမႈ၊ ရန္ပုံေငြအလြဲသုံးစားလုပ္မႈနဲ႔ အစိုးရမဟုတ္ေသာ ဝန္ထမ္းတစ္ဦးအေနနဲ႔ လာဘ္ေငြလက္ခံမႈ သံသယနဲ႔ဖမ္းဆီးဖို႔ အတည္ျပဳခဲ့တာျဖစ္တယ္လို႔ ရွင္ရွန္ျပည္နယ္ ေရွ႕ေန႐ုံးက ေၾကညာခ်က္တစ္ေစာင္နဲ႔အတူ ေျပာၾကားခဲ့ပါတယ္။ အသက္ ၆၀ အ႐ြယ္ရွိ ရွီဟာ ၁၉၉၉ ခုႏွစ္က ဘုရားေက်ာင္းမွာ အႀကီးအကဲဆရာေတာ္အျဖစ္ တာဝန္ယူခဲ့ၿပီး ေနာက္ပိုင္းႏွစ္ေတြအတြင္း ေရွာင္လင္ပညာရပ္နဲ႔ ယဥ္ေက်းမႈဆိုင္ရာအသိပညာေတြကို ျပည္ပကိုပါ တိုးခ်ဲ႕ပ်ံ႕ႏွံ႔ေအာင္ စြမ္းေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ ျပည္ပမွာ ကုမၸဏီမ်ားစြာ တည္ေထာင္ခဲ့ျခင္းအတြက္ “CEO ဘုန္းႀကီး” အျဖစ္ လူသိမ်ားခဲ့ၿပီး ဗုဒၶဘာသာကို စီးပြားျဖစ္ ေရာင္းဝယ္ေဖာက္ကားမႈျပဳလုပ္ေနတယ္ဆိုတဲ့ ေဝဖန္မႈ ေတြ ရရွိခဲ့ပါတယ္။ ဒါအျပင္ ရွီ ဟာ ယခင္က ဘုန္းႀကီးေက်ာင္းမွ စီမံခန႔္ခြဲတဲ့ကုမၸဏီတစ္ခုမွ ေငြေၾကးအလြဲသုံးစားလုပ္မႈ၊ ဇိမ္ခံကားမ်ားစြာကို ပိုင္ဆိုင္မႈ၊ မိန္းမလိုက္စားမႈ စတဲ့ သတင္းေတြထြက္ခဲ့ေသးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.