အာဆီယံ-ကိုရီးယားကုန်စည်ပြပွဲမှတစ်ဆင့် စားသောက်ကုန်အချို့ တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့

 97

Pearl (NP News)- နိုဝင်ဘာ ၁၈

အာဆီယံ-ကိုရီးယားကုန်စည်ပြပွဲမှတစ်ဆင့် စားသောက်ကုန်အချို့ တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ရှိ Korea International Exhibition Center - KINTEX) တွင် ASEAN Trade Fair 2025 ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပြီးအာဆီယံ-ကိုရီး ယားဗဟိုဌာန (ASEAN-KOREA Centre) ၏ အတွင်းရေးမှူးချုပ်အပါအဝင် ဆိုးလ်မြို့ အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲအတွင်း သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး၊ စီးပွားရေး သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူများသည် မြန်မာလုပ်ငန်းရှင်များကို သွားရောက်အားပေးခြင်း၊ ကိုရီးယားလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းတို့အပါအဝင် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ကုန်စည်ပြပွဲမှတစ်ဆင့် စားသောက်ကုန်အချို့ တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ASEAN Trade Fair သည် တောင်ကိုရီးယားနိုင်ငံရှိ ASEAN-KOREA Centre က ကြီးမှူး၍ နှစ်စဉ်ကျင်းပသည့် ကုန်စည်ပြပွဲတစ်ခု ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ကွန်ရက်ချိတ်ဆက်မိစေရန်၊ အာဆီယံနိုင်ငံများရှိ စားသောက်ကုန်ထုတ်လုပ်သည့် SMEs များကို အားပေးရန်၊ တောင်ကိုရီးယားဈေးကွက်တွင် အာဆီယံ စားသောက်ကုန်များ ထင်ရှားလာစေရန်နှင့် ထိုမှတစ်ဆင့် အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အားပေးရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ASEAN Trade Fair 2025 တွင် မြန်မာနိုင်ငံမှ စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ကုမ္ပဏီ (၁၀) ခု ပါဝင်ပြသခဲ့ပြီး ၎င်းတို့မှာ Apiculture Resource and Business Center (ARBC) Limited.၊ Coffee Win Myanmar Co., Ltd.၊ Mudra Myay Co., Ltd.၊ Delous Co., Ltd.၊ Myanmar Pyi Thar @ Eain Chat Food Stuffs Production၊ Tharawon Shwe Company Limited၊ TTH MYANMAR Co., Ltd.၊ Ngwe Larb Minn Co., Ltd.၊ YaThar Taw Win Co., Ltd. နှင့် EL International Co., Ltd. တို့ ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
အာဆီယံ-ကိုရီးယားကုန္စည္ျပပြဲမွတစ္ဆင့္ စားေသာက္ကုန္အခ်ိဳ႕ တင္ပို႔ႏိုင္ေရး နားလည္မႈစာခြၽန္လႊာမ်ား ေရးထိုးခဲ့
Pearl (NP News)- ႏိုဝင္ဘာ ၁၈

အာဆီယံ-ကိုရီးယားကုန္စည္ျပပြဲမွတစ္ဆင့္ စားေသာက္ကုန္အခ်ိဳ႕ တင္ပို႔ႏိုင္ေရး နားလည္မႈစာခြၽန္လႊာမ်ား ေရးထိုးႏိုင္ခဲ့ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၃ ရက္ေန႔မွ ၁၆ ရက္ေန႔အထိ ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ ရွိ Korea International Exhibition Center - KINTEX) တြင္ ASEAN Trade Fair 2025 ဖြင့္ပြဲ အခမ္းအနားကို က်င္းပခဲ့ၿပီးအာဆီယံ-ကိုရီး ယားဗဟိုဌာန (ASEAN-KOREA Centre) ၏ အတြင္းေရးမႉးခ်ဳပ္အပါအဝင္ ဆိုးလ္ၿမိဳ႕ အေျခစိုက္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံသံ႐ုံးမ်ားမွ သံအမတ္ႀကီးမ်ားႏွင့္အတူ ကိုရီးယားႏိုင္ငံဆိုင္ရာ ျမန္မာ သံ႐ုံး၊ ဆိုးလ္ၿမိဳ႕မွ သံ႐ုံးယာယီတာဝန္ခံ/ သံအမတ္ႀကီး ဦးမ်ိဳးျမင့္ေမာင္တို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျပပြဲအတြင္း သံ႐ုံးယာယီတာဝန္ခံ/ သံအမတ္ႀကီး၊ စီးပြားေရး သံမႉးႏွင့္ သံ႐ုံးမွ တာဝန္ရွိသူမ်ားသည္ ျမန္မာလုပ္ငန္းရွင္မ်ားကို သြားေရာက္အားေပးျခင္း၊ ကိုရီးယားလုပ္ငန္းရွင္မ်ားႏွင့္ ခ်ိတ္ဆက္ေပးျခင္းတို႔အပါအဝင္ လိုအပ္သည္မ်ား ေပါင္းစပ္ညႇိႏႈိင္းေပးခဲ့ၿပီး ကုန္စည္ျပပြဲမွတစ္ဆင့္ စားေသာက္ကုန္အခ်ိဳ႕ တင္ပို႔ႏိုင္ေရး နားလည္မႈစာခြၽန္လႊာမ်ား ေရးထိုးႏိုင္ခဲ့ေၾကာင္း သိရသည္။

ASEAN Trade Fair သည္ ေတာင္ကိုရီးယားႏိုင္ငံရွိ ASEAN-KOREA Centre က ႀကီးမႉး၍ ႏွစ္စဥ္က်င္းပသည့္ ကုန္စည္ျပပြဲတစ္ခု ျဖစ္ၿပီး အာဆီယံႏိုင္ငံမ်ားႏွင့္ ေတာင္ကိုရီးယားႏိုင္ငံတို႔ရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားအၾကား ကြန္ရက္ခ်ိတ္ဆက္မိေစရန္၊ အာဆီယံႏိုင္ငံမ်ားရွိ စားေသာက္ကုန္ထုတ္လုပ္သည့္ SMEs မ်ားကို အားေပးရန္၊ ေတာင္ကိုရီးယားေဈးကြက္တြင္ အာဆီယံ စားေသာက္ကုန္မ်ား ထင္ရွားလာေစရန္ႏွင့္ ထိုမွတစ္ဆင့္ အာဆီယံႏိုင္ငံမ်ားႏွင့္ ေတာင္ကိုရီးယား ႏိုင္ငံတို႔အၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရးကို အားေပးရန္အတြက္ ရည္႐ြယ္၍ က်င္းပျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ASEAN Trade Fair 2025 တြင္ ျမန္မာႏိုင္ငံမွ စားေသာက္ကုန္မ်ား ထုတ္လုပ္ျဖန႔္ျဖဴး ေရာင္းခ်ေနသည့္ ကုမၸဏီ (၁၀) ခု ပါဝင္ျပသခဲ့ၿပီး ၎တို႔မွာ Apiculture Resource and Business Center (ARBC) Limited.၊ Coffee Win Myanmar Co., Ltd.၊ Mudra Myay Co., Ltd.၊ Delous Co., Ltd.၊ Myanmar Pyi Thar @ Eain Chat Food Stuffs Production၊ Tharawon Shwe Company Limited၊ TTH MYANMAR Co., Ltd.၊ Ngwe Larb Minn Co., Ltd.၊ YaThar Taw Win Co., Ltd. ႏွင့္ EL International Co., Ltd. တို႔ ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.