"သားဖြစ်သူက ၂၀၂၁ အရေးအခင်းတွင် ပါဝင်ခဲ့သည်" ဟု မဲဆွယ်စည်းရုံးသောပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းကို အရေးယူမည်ဟုဆို

292

စော (NP News)-နိုဝင်ဘာ ၁၈
သားဖြစ်သူက ၂၀၂၁ အရေးအခင်းတွင် ပါဝင်ခဲ့ကြောင်း မဲဆွယ်စည်းရုံးခဲ့သော ပြည်သူ့ပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို အကြောင်းအရာ မှန်ကန်ပါက တရားစွဲအဖွဲ့အစည်း များက သက်ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်၏ TikTokရှိ မဲဆွယ်စည်းရုံးမှု ရုပ်သံဖိုင် တစ်ခုတွင် “၂၀၂၁ အရေးတော်ပုံ” ဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်းသုံးခဲ့ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေခဲ့သည်။
ထို့ကြောင့် အကြောင်းအရာ မှန်ကန်ပါက တရားစွဲ အဖွဲ့အစည်းများက သက်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ရမည် ဖြစ်ပြီး အရေးယူဆောင် ရွက်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သက်ဆိုင်သော လွှတ်တော်ရွေး ကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်များဖြင့် ဆက်လက် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ဦးလွင်မြင့်၏အဖေဖြစ်သူကလည်း မဆလအစိုးရကို တော်လှန်ခဲ့၍ အကြိမ်ကြိမ် ထောင်ကျခဲ့ပြီး ၎င်းအနေဖြင့် (၈၈)နောက်ပိုင်း ဗကသ၌ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် အကြိမ်ကြိမ်ထောင်ကျခဲ့ကြောင်း ပြောဆိုထားသည်။
အလားတူ ၎င်းရဲ့ သားဖြစ်သူကလည်း ၂၀၂၁ တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီး မကြာသေးခင်က ထောင်မှလွတ်မြောက်ခဲ့ကြောင်း မဲဆွယ်စည်းရုံးရေးပွဲတစ်ခု၌ ပြောဆိုထားခြင်းဖြစ်သည်။
ဦးလွင်မြင့်သည် ရွေးကောက်ပွဲအောင်နိုင်ရေး လက်ကမ်းစာစောင်မှာလည်း မျိုးဆက် (၃)ဆက်တိုင် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့၍ သားဖြစ်သူ အဖမ်းခံရချိန်၌လည်း ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအတွက် ငွေကြေးနှင့် ထောင်ဝင်စာပါဆယ် ပေးပို့ရာတွင် တတက်တအား ပါဝင်ကူညီခဲ့သည်ဟု အကျယ်တဝင့် ရေးသားထားတာကို တွေ့ရသည်။
အထက်ပါ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို အရေးယူမည့် ကိစ္စသည် တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၏ ကိုယ်စားလှယ်လောင်းများတွင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်ပြီးလျှင် ကိုယ်စားလှယ်လောင်းစာရင်းဝင်ပြီးမှ ဒုတိယမြောက် ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်း ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
"သားျဖစ္သူက ၂၀၂၁ အေရးအခင္းတြင္ ပါဝင္ခဲ့သည္" ဟု မဲဆြယ္စည္း႐ုံးေသာျပည္သူ႔ပါတီမွ ကိုယ္စားလွယ္ေလာင္းကို အေရးယူမည္ဟုဆို
ေစာ (NP News)-ႏိုဝင္ဘာ ၁၈
သားျဖစ္သူက ၂၀၂၁ အေရးအခင္းတြင္ ပါဝင္ခဲ့ေၾကာင္း မဲဆြယ္စည္း႐ုံးခဲ့ေသာ ျပည္သူ႔ပါတီမွ သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးလြင္ျမင့္ကို အေၾကာင္းအရာ မွန္ကန္ပါက တရားစြဲအဖြဲ႕အစည္း မ်ားက သက္ဆိုင္ရာ ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ရမည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံမွ သိရသည္။
သဃၤန္းကြၽန္းၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျပည္သူ႔ပါတီ ကိုယ္စားလွယ္ေလာင္း ဦးလြင္ျမင့္၏ TikTokရွိ မဲဆြယ္စည္း႐ုံးမႈ ႐ုပ္သံဖိုင္ တစ္ခုတြင္ “၂၀၂၁ အေရးေတာ္ပုံ” ဆိုတဲ့ အသုံးအႏႈန္းကို ထည့္သြင္းသုံးခဲ့ျခင္းႏွင့္ ပတ္သက္၍ ေဝဖန္မႈမ်ားရွိေနခဲ့သည္။
ထို႔ေၾကာင့္ အေၾကာင္းအရာ မွန္ကန္ပါက တရားစြဲ အဖြဲ႕အစည္းမ်ားက သက္ဆိုင္ရာဥပေဒျဖင့္ အေရးယူေဆာင္႐ြက္ရမည္ ျဖစ္ၿပီး အေရးယူေဆာင္ ႐ြက္ၿပီးပါက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းႏွင့္ သက္ဆိုင္ေသာ လႊတ္ေတာ္ေ႐ြး ေကာက္ပြဲ ဥပေဒျပ႒ာန္းခ်က္မ်ားျဖင့္ ဆက္လက္ အေရးယူေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။
ဦးလြင္ျမင့္၏အေဖျဖစ္သူကလည္း မဆလအစိုးရကို ေတာ္လွန္ခဲ့၍ အႀကိမ္ႀကိမ္ ေထာင္က်ခဲ့ၿပီး ၎အေနျဖင့္ (၈၈)ေနာက္ပိုင္း ဗကသ၌ ပါဝင္ေဆာင္႐ြက္ခဲ့ေသာေၾကာင့္ အႀကိမ္ႀကိမ္ေထာင္က်ခဲ့ေၾကာင္း ေျပာဆိုထားသည္။
အလားတူ ၎ရဲ႕ သားျဖစ္သူကလည္း ၂၀၂၁ ေတာ္လွန္ေရးတြင္ ပါဝင္ခဲ့ၿပီး မၾကာေသးခင္က ေထာင္မွလြတ္ေျမာက္ခဲ့ေၾကာင္း မဲဆြယ္စည္း႐ုံးေရးပြဲတစ္ခု၌ ေျပာဆိုထားျခင္းျဖစ္သည္။
ဦးလြင္ျမင့္သည္ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး လက္ကမ္းစာေစာင္မွာလည္း မ်ိဳးဆက္ (၃)ဆက္တိုင္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းျဖစ္ခဲ့၍ သားျဖစ္သူ အဖမ္းခံရခ်ိန္၌လည္း ေထာင္တြင္း ႏိုင္ငံေရးအက်ဥ္းသားမ်ားအတြက္ ေငြေၾကးႏွင့္ ေထာင္ဝင္စာပါဆယ္ ေပးပို႔ရာတြင္ တတက္တအား ပါဝင္ကူညီခဲ့သည္ဟု အက်ယ္တဝင့္ ေရးသားထားတာကို ေတြ႕ရသည္။
အထက္ပါ ျပည္သူ႔ပါတီကိုယ္စားလွယ္ေလာင္း ဦးလြင္ျမင့္ကို အေရးယူမည့္ ကိစၥသည္ တစ္ႏိုင္ငံလုံးဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီမ်ား၏ ကိုယ္စားလွယ္ေလာင္းမ်ားတြင္ ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠဌ ေဒါက္တာသက္သက္ခိုင္ၿပီးလွ်င္ ကိုယ္စားလွယ္ေလာင္းစာရင္းဝင္ၿပီးမွ ဒုတိယေျမာက္ ပယ္ဖ်က္ခံရသည့္ ကိုယ္စားလွယ္ေလာင္း ျဖစ္လာမည္ ျဖစ္ေၾကာင္း သိရသည္။