မွန်ပြည်နယ်တွင် ဆေးရုံသုံးရော်ဘာလက်အိတ်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် ပြင်ဆင်နေ

 81

Pearl (NP News)-နိုဝင်ဘာ ၁၈
မွန်ပြည်နယ်တွင် ဆေးရုံသုံးရော်ဘာလက် အိတ်ထုတ်လုပ်သည့်စက်ရုံတည်ဆောက်ရန် ပြင်ဆင် နေကြောင်း ရော်ဘာလုပ်ငန်းရှင်များထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များ အရသိရသည်။
ကိုဗစ်ကာလနောက်ပိုင်း သုံးစွဲမှုများပြားလာပြီး ပြည်တွင်း၌ ဝယ်လိုအားများစွာရှိနေသည့် ရော် ဘာလက်အိတ်များကို လာမည့် (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း၌ထုတ်လုပ်နိုင်ရန် ပြင်ဆင် နေကြောင်းသိရသည်။
“လက်ရှိ ရော်ဘာရေကနေ တိုက်ရိုက်ထုတ်တဲ့လက်အိတ်ပေါ့နော် ဆေးရုံသုံးရော်ဘာ လက်အိတ် ထုတ်လုပ်တဲ့စက်ရုံဆောက်ဖို့ ပြင်ဆင်နေတယ်။ လာမယ့်(၂၀၂၆-၂၀၂၇)ဘဏ္ဍာနှစ်လောက်မှာတည် ဆောက်ပြီးစီးပြီး ထုတ်လုပ်တဲ့အဆင့်အထိသွားဖြစ်မယ်။ လက်အိတ်ဆိုတာ ကမ္ဘာ့လိုအပ်ချက်များတယ် လေ။ ပြည်တွင်းမှာလည်း လက်အိတ်က နိုင်ငံခြားကနေ တင်သွင်းနေရတာလေ။ တော်တော်ကို များ တယ်။ ကိန်းဂဏန်းကတော့ သေချာပြန်ကြည့်ရဦးမယ်။ တစ်နိုင်ငံလုံးဆေးရုံတွေ အကုန်သုံးတာပေါ့။ ပြည်တွင်းလိုအပ်ချက်ကတော့ သန်းနဲ့တော့ချီတာပေါ့။ တကယ်တမ်းသုံးမယ်ဆို သန်းကို ဆယ်ဂဏန်း ရှိမှာပေါ့။ လက်အိတ်ဆိုတာ သုံးပြီးတော့လွှင့်ပစ်လိုက်တာလေ။ ပြန်သုံးတာမရှိတော့ လည်ပတ်မှုတွေ ကတော့ တစ်ခါသုံးလက်အိတ်ဆိုတော့ အသုံးပြုမှုလည်းများတာပေါ့”ဟု လုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
အဆိုပါစက်ရုံကို ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့်ပူးပေါင်းကာ မြေဧက (၄၀၊ ၅၀) ဝန်းကျင်ခန့် အသုံးပြု၍ မွန်ပြည်နယ်တွင်း တည်ဆောက်သွားမည် ဖြစ်ပြီး ကုန်ကျစရိတ်အားဖြင့် ဒေါ်လာ သန်း (၅၀) ထက်မနည်း ကုန်ကျနိုင်ကြောင်းလည်းသိရသည်။
“နေရာကတော့ မွန်ပြည်နယ်ထဲမှာ ကြည့်နေတယ်။ စက်ရုံက ဘယ်လောက်ထိ ထုတ်လုပ်မယ် ဆိုတာကိုတော့ တွက်ချက်တုန်းရှိသေးတယ်။ စက်ရုံ တည်ဆောက်ရင်တော့ ဒေါ်လာ သန်း (၄၀)၊ (၅၀) ကတော့ကုန်မှာပဲ။ အခုကတော့ တည်ဆောက်မယ့်နေရာဒေသကို မြေနေရာလုံခြုံမှုရှိမရှိ တွက်ချက်နေ တုန်းပါ။ ပြည်တွင်းလုပ်ငန်းရှင်တွေကတော့ အဲဒီလောက်ထိ မရင်းနိုင်ဘူး။ ဒါပေမဲ့ ပြည်ပက ရင်းနှီး မြှုပ်နှံမယ့်လူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာပေါ့။ မြေဧကကတော့ ဧက (၄၊ ၅၀) ဝန်းကျင်ပေါ့။ သူက စက်ရုံတစ်ခုတည်းအတွက်မဟုတ်ဘူး။ စက်ရုံတည်ဆောက်တဲ့အတွက် Waste Products အတွက်ပါ တွက်ချက်ပြီးလုပ်နေတာ။ မဟုတ်ရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မယ့်ဟာတွေကလည်းရှိနေတော့။ အခုတော့ ညှိနှိုင်းဆောင်ရွက်နေတဲ့အဆင့်ပါ။ စက်ရုံ တည်ဆောက်ပြီးရင် ပြည်တွင်းအလုပ်အကိုင်အခွင့် အလမ်းလည်း အများကြီးဖန်တီးပေးနိုင်မယ်။ ပြည်တွင်းလိုအပ်ချက်ကို အားလုံးတော့ ဖြည့်ဆည်းပေး နိုင်မှာ မဟုတ်ဘူး။ Pilot Project ဖြစ်တဲ့အတွက်ကြောင့်မို့ တစ်စိတ်တစ်ဒေသလောက်တော့ ဖြည့်ဆည်း ပေးနိုင်မယ်လို့တော့ခန့်မှန်းထားတယ်”ဟု ၎င်းကပြောသည်။
စက်ရုံအကောင်အထည် ဖော်တည်ဆောက်ပြီးစီးပါက ပြည်တွင်းလိုအပ်ချက်၏ တစ်စိတ် တစ် ပိုင်းကို ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်းအလုပ်အကိုင်များစွာ ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version:
မြန္ျပည္နယ္တြင္ ေဆး႐ုံသုံးေရာ္ဘာလက္အိတ္ထုတ္လုပ္သည့္ စက္႐ုံတည္ေဆာက္ရန္ ျပင္ဆင္ေန
Pearl (NP News)-ႏိုဝင္ဘာ ၁၈
မြန္ျပည္နယ္တြင္ ေဆး႐ုံသုံးေရာ္ဘာလက္ အိတ္ထုတ္လုပ္သည့္စက္႐ုံတည္ေဆာက္ရန္ ျပင္ဆင္ ေနေၾကာင္း ေရာ္ဘာလုပ္ငန္းရွင္မ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ား အရသိရသည္။
ကိုဗစ္ကာလေနာက္ပိုင္း သုံးစြဲမႈမ်ားျပားလာၿပီး ျပည္တြင္း၌ ဝယ္လိုအားမ်ားစြာရွိေနသည့္ ေရာ္ ဘာလက္အိတ္မ်ားကို လာမည့္ (၂၀၂၆-၂၀၂၇) ဘ႑ာႏွစ္အတြင္း ျပည္တြင္း၌ထုတ္လုပ္ႏိုင္ရန္ ျပင္ဆင္ ေနေၾကာင္းသိရသည္။
“လက္ရွိ ေရာ္ဘာေရကေန တိုက္႐ိုက္ထုတ္တဲ့လက္အိတ္ေပါ့ေနာ္ ေဆး႐ုံသုံးေရာ္ဘာ လက္အိတ္ ထုတ္လုပ္တဲ့စက္႐ုံေဆာက္ဖို႔ ျပင္ဆင္ေနတယ္။ လာမယ့္(၂၀၂၆-၂၀၂၇)ဘ႑ာႏွစ္ေလာက္မွာတည္ ေဆာက္ၿပီးစီးၿပီး ထုတ္လုပ္တဲ့အဆင့္အထိသြားျဖစ္မယ္။ လက္အိတ္ဆိုတာ ကမာၻ႔လိုအပ္ခ်က္မ်ားတယ္ ေလ။ ျပည္တြင္းမွာလည္း လက္အိတ္က ႏိုင္ငံျခားကေန တင္သြင္းေနရတာေလ။ ေတာ္ေတာ္ကို မ်ား တယ္။ ကိန္းဂဏန္းကေတာ့ ေသခ်ာျပန္ၾကည့္ရဦးမယ္။ တစ္ႏိုင္ငံလုံးေဆး႐ုံေတြ အကုန္သုံးတာေပါ့။ ျပည္တြင္းလိုအပ္ခ်က္ကေတာ့ သန္းနဲ႔ေတာ့ခ်ီတာေပါ့။ တကယ္တမ္းသုံးမယ္ဆို သန္းကို ဆယ္ဂဏန္း ရွိမွာေပါ့။ လက္အိတ္ဆိုတာ သုံးၿပီးေတာ့လႊင့္ပစ္လိုက္တာေလ။ ျပန္သုံးတာမရွိေတာ့ လည္ပတ္မႈေတြ ကေတာ့ တစ္ခါသုံးလက္အိတ္ဆိုေတာ့ အသုံးျပဳမႈလည္းမ်ားတာေပါ့”ဟု လုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါစက္႐ုံကို ျပည္ပမွ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ပူးေပါင္းကာ ေျမဧက (၄၀၊ ၅၀) ဝန္းက်င္ခန႔္ အသုံးျပဳ၍ မြန္ျပည္နယ္တြင္း တည္ေဆာက္သြားမည္ ျဖစ္ၿပီး ကုန္က်စရိတ္အားျဖင့္ ေဒၚလာ သန္း (၅၀) ထက္မနည္း ကုန္က်ႏိုင္ေၾကာင္းလည္းသိရသည္။
“ေနရာကေတာ့ မြန္ျပည္နယ္ထဲမွာ ၾကည့္ေနတယ္။ စက္႐ုံက ဘယ္ေလာက္ထိ ထုတ္လုပ္မယ္ ဆိုတာကိုေတာ့ တြက္ခ်က္တုန္းရွိေသးတယ္။ စက္႐ုံ တည္ေဆာက္ရင္ေတာ့ ေဒၚလာ သန္း (၄၀)၊ (၅၀) ကေတာ့ကုန္မွာပဲ။ အခုကေတာ့ တည္ေဆာက္မယ့္ေနရာေဒသကို ေျမေနရာလုံၿခဳံမႈရွိမရွိ တြက္ခ်က္ေန တုန္းပါ။ ျပည္တြင္းလုပ္ငန္းရွင္ေတြကေတာ့ အဲဒီေလာက္ထိ မရင္းႏိုင္ဘူး။ ဒါေပမဲ့ ျပည္ပက ရင္းႏွီး ျမႇဳပ္ႏွံမယ့္လူေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေနတာေပါ့။ ေျမဧကကေတာ့ ဧက (၄၊ ၅၀) ဝန္းက်င္ေပါ့။ သူက စက္႐ုံတစ္ခုတည္းအတြက္မဟုတ္ဘူး။ စက္႐ုံတည္ေဆာက္တဲ့အတြက္ Waste Products အတြက္ပါ တြက္ခ်က္ၿပီးလုပ္ေနတာ။ မဟုတ္ရင္ သဘာဝပတ္ဝန္းက်င္ထိခိုက္မယ့္ဟာေတြကလည္းရွိေနေတာ့။ အခုေတာ့ ညႇိႏႈိင္းေဆာင္႐ြက္ေနတဲ့အဆင့္ပါ။ စက္႐ုံ တည္ေဆာက္ၿပီးရင္ ျပည္တြင္းအလုပ္အကိုင္အခြင့္ အလမ္းလည္း အမ်ားႀကီးဖန္တီးေပးႏိုင္မယ္။ ျပည္တြင္းလိုအပ္ခ်က္ကို အားလုံးေတာ့ ျဖည့္ဆည္းေပး ႏိုင္မွာ မဟုတ္ဘူး။ Pilot Project ျဖစ္တဲ့အတြက္ေၾကာင့္မို႔ တစ္စိတ္တစ္ေဒသေလာက္ေတာ့ ျဖည့္ဆည္း ေပးႏိုင္မယ္လို႔ေတာ့ခန႔္မွန္းထားတယ္”ဟု ၎ကေျပာသည္။
စက္႐ုံအေကာင္အထည္ ေဖာ္တည္ေဆာက္ၿပီးစီးပါက ျပည္တြင္းလိုအပ္ခ်က္၏ တစ္စိတ္ တစ္ ပိုင္းကို ထုတ္လုပ္ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္သည့္အျပင္ ျပည္တြင္းအလုပ္အကိုင္မ်ားစြာ ဖန္တီးေပးႏိုင္ မည္ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.