ရခိုင်နှင့်ဧရာဝတီမှ AAနှင့် PDF (၁၅) ဦး လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်

 135

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ AAနှင့် PDF အဖွဲ့ဝင် (၁၅) ဦးတို့ လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်လာခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့အား ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့(နိုဝင်ဘာ ၁၇ရက်)၊ မွန်းလွဲပိုင်းက အနောက် တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွင်း မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့မှ AA အဖွဲ့ဝင်အမျိုးသား (၉) ဦးနှင့် မအူပင်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ဇလွန်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ရေကြည် မြို့နယ်တို့မှ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား (၆) ဦးတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ကြိုဆိုလက်ခံပွဲကိုလည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် (၂) လက်၊ လက်ပစ်ဗုံး (၁) လုံးတို့အား လွှဲပြောင်းအပ်နှံခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား မောင်းပြန်ရိုင် ဖယ် ၂ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၀၀ ၊ လက်ပစ်ဗုံး ၁ လုံးအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၁၅ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် ၃ သိန်းစီပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် AA အဖွဲ့ဝင်နှင့် PDF အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း စသည်တို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည် သူလူ ထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရခိုင္ႏွင့္ဧရာဝတီမွ AAႏွင့္ PDF (၁၅) ဦး လက္နက္ခဲယမ္းႏွင့္အတူ ဥပေဒေဘာင္အတြင္းျပန္လည္ဝင္ေရာက္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၁၈

ရခိုင္ျပည္နယ္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးမွ AAႏွင့္ PDF အဖြဲ႕ဝင္ (၁၅) ဦးတို႔ လက္နက္ခဲယမ္းႏွင့္အတူ ဥပေဒေဘာင္အတြင္းျပန္လည္ ဝင္ေရာက္လာခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
၎တို႔အား ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံပြဲကို ယမန္ေန႔(ႏိုဝင္ဘာ ၁၇ရက္)၊ မြန္းလြဲပိုင္းက အေနာက္ ေတာင္တိုင္းစစ္ဌာနခ်ဳပ္ ဧရာဝတီခန္းမ၌ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာသူမ်ားအတြင္း မင္းျပားၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ သံတြဲၿမိဳ႕နယ္ႏွင့္ ဂြၿမိဳ႕နယ္တို႔မွ AA အဖြဲ႕ဝင္အမ်ိဳးသား (၉) ဦးႏွင့္ မအူပင္ၿမိဳ႕နယ္၊ ေလးမ်က္ႏွာၿမိဳ႕နယ္၊ ဇလြန္ၿမိဳ႕နယ္၊ ႀကံခင္းၿမိဳ႕နယ္ႏွင့္ ေရၾကည္ ၿမိဳ႕နယ္တို႔မွ PDF အမည္ခံအဖြဲ႕ဝင္ အမ်ိဳးသား (၆) ဦးတို႔ျဖစ္ေၾကာင္း သိရသည္။

၎တို႔အား ႀကိဳဆိုလက္ခံပြဲကိုလည္း ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးတင္ေမာင္ဝင္း၊ တိုင္းမႉး ဗိုလ္ခ်ဳပ္စိုးေက်ာ္ထက္ ႏွင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာခဲ့ၾကသည့္ အဖြဲ႕ဝင္မ်ားႏွင့္ ၎တို႔၏ မိဘအုပ္ထိန္းသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကသူမ်ားက ၎တို႔ႏွင့္အတူပါရွိလာသည့္ ေမာင္းျပန္႐ိုင္ဖယ္ (၂) လက္၊ လက္ပစ္ဗုံး (၁) လုံးတို႔အား လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္းလည္း သိရသည္။

ထို႔ေနာက္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၊ တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားက လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္ လာသူမ်ားအား ေမာင္းျပန္႐ိုင္ ဖယ္ ၂ လက္အတြက္ ဆုေၾကးေငြက်ပ္ သိန္း ၁၀၀ ၊ လက္ပစ္ဗုံး ၁ လုံးအတြက္ ဆုေၾကး ေငြက်ပ္ ၃ သိန္းႏွင့္ အလင္းဝင္ေရာက္လာသူ ၁၅ ဦးအား တစ္ဦးလွ်င္ ဆုေၾကးေငြက်ပ္ ၃ သိန္းစီေပးအပ္ကာ ခံဝန္ကတိလက္မွတ္ေရးထိုးေစၿပီး မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဥပေဒေဘာင္အတြင္းသို႔ဝင္ေရာက္လာၾကသည့္ AA အဖြဲ႕ဝင္ႏွင့္ PDF အမည္ခံအဖြဲ႕ဝင္မ်ားသည္ မိသားစုဝင္ေဆြမ်ိဳးမ်ားႏွင့္ အၾကပ္ကိုင္၍ အတင္းအဓမၼစုေဆာင္းခံၾကရျခင္း၊ အၾကမ္းဖက္လုပ္ရပ္မ်ားကို လက္မခံႏိုင္ေတာ့ျခင္း၊ တပ္မေတာ္၏တိုက္စစ္ကို ခုခံႏိုင္ေတာ့ျခင္းမရွိဘဲ စိတ္ဓာတ္က်ဆင္းလာျခင္း စသည္တို႔အျပင္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ယုံၾကည္လက္ခံၿပီး ဥပေဒေဘာင္အတြင္း ၿငိမ္းခ်မ္းစြာေနထိုင္၍ ၎တို႔ေၾကာင့္ နစ္နာဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ရသည့္ ႏိုင္ငံေတာ္ႏွင့္ျပည္ သူလူ ထုအတြက္ ျပန္လည္အက်ိဳးျပဳလိုျခင္းတို႔ေၾကာင့္ လက္နက္ကိုင္လမ္းစဥ္အားစြန႔္လႊတ္၍ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.