ပုဂံသို့ဘုရားဖူးသွားသူများ စိုးရိမ်စိတ်ဖြင့် သွားလာနေကြရ

 742

သက်ပိုင် (NP News) - နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံ၏ အထင်ကရနေရာတစ်ခုဖြစ်သော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးသွားလာသူများအနေဖြင့် စိုးရိမ်စိတ်အပြည့်ဖြင့် သွားလာနေရကြရကြောင်း ဘုရားဖူးသွား ပြည်သူများနှင့် ဒေသခံများ၏ပြောကြားချက်အရသိရသည်။
ပွင့်လင်းရာသီသို့ရောက်ရှိလာချိန်တွင် မြန်မာတို့၏ ရှေးဟောင်းမြို့တော်ဖြစ်သော ပုဂံမြို့သို့ ဘုရားဖူးရန် သွားလာရာတွင် လမ်း၌ မိသားစုလိုက် ပျောက်ဆုံးမှုများရှိနေခြင်း၊ လမ်းပိုင်း နယ်မြေအချို့ တွင် PDF တို့ ရှိနေခြင်းကြောင့် စိုးရိမ်စိတ်အပြည့်ဖြင့် သွားလာနေကြရကြောင်း ဘုရားဖူးပြည်သူများက ဆိုသည်။
“ကားနဲ့သွားတာ ဘုရားတပြီးသွားခဲ့ရတယ်။ ဒေသခံတွေပြောတာကတော့ သူတို့က တစ်ခါ တလေဆိုရင်ရှိပေမယ့် တစ်ခါတလေမရှိဘူးတဲ့။ ကံဆိုးရင်တော့တွေ့မယ်။ ကံကောင်းရင်မတွေ့ဘူးဆိုလို့ တစ်လမ်းလုံး ဘုရားစာရွတ်ပြီးသွားခဲ့ရတယ်။ အိမ်ကိုလည်း ခဏခဏဖုန်းဆက်ပြီးသွားခဲ့ရတာ။ ပုဂံ ရောက်မှပဲ သက်ပြင်းကျတယ်” ဟု အမည်မဖော်လိုသည့် ဘုရားဖူးတစ်ဦးကဆိုသည်။
ထို့ပြင် ချောက်မြို့မှတစ်ဆင့် ပုဂံမြို့သို့ ဘုရားဖူးသွားလာသည့်သူများအနေဖြင့်လည်း ပုံမှန် (၄၅) မိနစ် ခန့်ကြာမည့်ခရီးကို (၄) နာရီခန့်ကြာသည့်အထိ သွားလာနေကြရကြောင်း ဒေသခံများကဆိုသည်။
“စလေ-ချောက်-ပုဂံ လမ်းကနေသွားမယ်ဆိုရင်မရဘူး။ လမ်းမှာ PDF တွေရှိတော့ ကျောက်ပန်း တောင်းဘက်က ပတ်သွားရတယ်။ ချောက်နဲ့ပုဂံက ပုံမှန် ချောက်-ပုဂံ လမ်းကနေသွားရင် (၄၅)မိနစ် ဆိုရင် ရောက်တယ်။ ဒါပေမဲ့ အဲဒီအပိုင်းက မသွားရဲကြတော့ ချောက်-ကျောက်ပန်းတောင်း-ပုဂံ ဆိုပြီး ပတ်သွားရတော့ (၄၅)မိနစ်ကြာမယ့်နေရာမှာ (၄) နာရီလောက်ကြာသွားတာပေါ့”ဟု ပုဂံမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌သွားလာနေသည့်အိမ်စီးကားများကို PDF အဖွဲ့များ က အကြောင်းမဲ့ ဖမ်းဆီးငွေညှစ်မှုများ ဆက်တိုက်ဆိုသကဲ့သို့ရှိနေပြီး သတင်းအစအနပင်မရဘဲပျောက် ဆုံးနေသူများလည်းရှိနေသည့်အတွက် မဖြစ်မနေ ခရီးသွားလာရမည်ဆိုပါက မိသားစုနှင့် တစ်နာရီခြား တစ်ခါ ဆက်သွယ်မှုပြုလုပ်နေသင့်ကြောင်းကိုလည်း ဒေသခံများက သတိပေးမှုများပြုလုပ်နေကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ(၂)ရက်ကလည်း ကျောက်ဆည်မြို့မှ မိသားစုနှစ်စုသည် ပုဂံ၊ ညောင် ဦး၊ ပုပ္ပားဘက်ကိုဘုရားဖူးသွားရောက်စဉ် လမ်းခရီး တွင် အဆက်သွယ်ပြတ်တောက်ကာ ပျောက်ဆုံးမှုဖြစ် ပွားခဲ့ကြောင်းသိရသည်။

Zawgyi Version:
ပုဂံသို႔ဘုရားဖူးသြားသူမ်ား စိုးရိမ္စိတ္ျဖင့္ သြားလာေနၾကရ
သက္ပိုင္ (NP News) - ႏိုဝင္ဘာ ၁၈
ျမန္မာႏိုင္ငံ၏ အထင္ကရေနရာတစ္ခုျဖစ္ေသာ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမသို႔ ဘုရားဖူးသြားလာသူမ်ားအေနျဖင့္ စိုးရိမ္စိတ္အျပည့္ျဖင့္ သြားလာေနရၾကရေၾကာင္း ဘုရားဖူးသြား ျပည္သူမ်ားႏွင့္ ေဒသခံမ်ား၏ေျပာၾကားခ်က္အရသိရသည္။
ပြင့္လင္းရာသီသို႔ေရာက္ရွိလာခ်ိန္တြင္ ျမန္မာတို႔၏ ေရွးေဟာင္းၿမိဳ႕ေတာ္ျဖစ္ေသာ ပုဂံၿမိဳ႕သို႔ ဘုရားဖူးရန္ သြားလာရာတြင္ လမ္း၌ မိသားစုလိုက္ ေပ်ာက္ဆုံးမႈမ်ားရွိေနျခင္း၊ လမ္းပိုင္း နယ္ေျမအခ်ိဳ႕ တြင္ PDF တို႔ ရွိေနျခင္းေၾကာင့္ စိုးရိမ္စိတ္အျပည့္ျဖင့္ သြားလာေနၾကရေၾကာင္း ဘုရားဖူးျပည္သူမ်ားက ဆိုသည္။
“ကားနဲ႔သြားတာ ဘုရားတၿပီးသြားခဲ့ရတယ္။ ေဒသခံေတြေျပာတာကေတာ့ သူတို႔က တစ္ခါ တေလဆိုရင္ရွိေပမယ့္ တစ္ခါတေလမရွိဘူးတဲ့။ ကံဆိုးရင္ေတာ့ေတြ႕မယ္။ ကံေကာင္းရင္မေတြ႕ဘူးဆိုလို႔ တစ္လမ္းလုံး ဘုရားစာ႐ြတ္ၿပီးသြားခဲ့ရတယ္။ အိမ္ကိုလည္း ခဏခဏဖုန္းဆက္ၿပီးသြားခဲ့ရတာ။ ပုဂံ ေရာက္မွပဲ သက္ျပင္းက်တယ္” ဟု အမည္မေဖာ္လိုသည့္ ဘုရားဖူးတစ္ဦးကဆိုသည္။
ထို႔ျပင္ ေခ်ာက္ၿမိဳ႕မွတစ္ဆင့္ ပုဂံၿမိဳ႕သို႔ ဘုရားဖူးသြားလာသည့္သူမ်ားအေနျဖင့္လည္း ပုံမွန္ (၄၅) မိနစ္ ခန႔္ၾကာမည့္ခရီးကို (၄) နာရီခန႔္ၾကာသည့္အထိ သြားလာေနၾကရေၾကာင္း ေဒသခံမ်ားကဆိုသည္။
“စေလ-ေခ်ာက္-ပုဂံ လမ္းကေနသြားမယ္ဆိုရင္မရဘူး။ လမ္းမွာ PDF ေတြရွိေတာ့ ေက်ာက္ပန္း ေတာင္းဘက္က ပတ္သြားရတယ္။ ေခ်ာက္နဲ႔ပုဂံက ပုံမွန္ ေခ်ာက္-ပုဂံ လမ္းကေနသြားရင္ (၄၅)မိနစ္ ဆိုရင္ ေရာက္တယ္။ ဒါေပမဲ့ အဲဒီအပိုင္းက မသြားရဲၾကေတာ့ ေခ်ာက္-ေက်ာက္ပန္းေတာင္း-ပုဂံ ဆိုၿပီး ပတ္သြားရေတာ့ (၄၅)မိနစ္ၾကာမယ့္ေနရာမွာ (၄) နာရီေလာက္ၾကာသြားတာေပါ့”ဟု ပုဂံၿမိဳ႕တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသ၌သြားလာေနသည့္အိမ္စီးကားမ်ားကို PDF အဖြဲ႕မ်ား က အေၾကာင္းမဲ့ ဖမ္းဆီးေငြညႇစ္မႈမ်ား ဆက္တိုက္ဆိုသကဲ့သို႔ရွိေနၿပီး သတင္းအစအနပင္မရဘဲေပ်ာက္ ဆုံးေနသူမ်ားလည္းရွိေနသည့္အတြက္ မျဖစ္မေန ခရီးသြားလာရမည္ဆိုပါက မိသားစုႏွင့္ တစ္နာရီျခား တစ္ခါ ဆက္သြယ္မႈျပဳလုပ္ေနသင့္ေၾကာင္းကိုလည္း ေဒသခံမ်ားက သတိေပးမႈမ်ားျပဳလုပ္ေနၾကသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၂)ရက္ကလည္း ေက်ာက္ဆည္ၿမိဳ႕မွ မိသားစုႏွစ္စုသည္ ပုဂံ၊ ေညာင္ ဦး၊ ပုပၸားဘက္ကိုဘုရားဖူးသြားေရာက္စဥ္ လမ္းခရီး တြင္ အဆက္သြယ္ျပတ္ေတာက္ကာ ေပ်ာက္ဆုံးမႈျဖစ္ ပြားခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.