ပြည်တွင်းစက္ကူဈေး အဆမတန်မြင့်တက်နေသဖြင့် မိတ္တူ၊ ဓာတ်ပုံနှင့် ဒီဇိုင်းလုပ်ငန်းများ အခက်တွေ့နေ

 2280

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၈

ပြည်တွင်းတွင် စက္ကူဈေးအဆမတန် မြင့်တက်မှုသည် နိုဝင်ဘာလဆန်းပိုင်းက စတင်ကာ ပိုမို သိသာလာခဲ့သဖြင့် တစ်ပိုင်တစ်နိုင် မိတ္တူ၊ ဓာတ်ပုံ နှင့် ဒီဇိုင်းလုပ်ငန်းများ ယခင်ထက်အားနည်းလာ ကြောင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များက NP News သို့ပြောသည်။
လက်ရှိ ပြည်တွင်းစက္ကူဈေးကွက်တွင် A4 စက္ကူစာရွက် (80 g) တစ်ပုံးလျှင် (၁၃၃၈၅၀)ကျပ်၊ Photo Paper 4 x 6 ၏ အရွက် (၁၀ဝ)ပါ တစ်ထုပ်လျှင်(၈၂၅၀)ကျပ်နှင့် Sticker Paper ၏ အရွက် (၁၀ဝ)ပါတစ်ထုပ်လျှင် (၁၈၇၀ဝ)ကျပ်အထိ ဈေးမြင့်တက်နေကြောင်းသိရသည်။
“အရင်က Photo Paper 4 x 6 တစ်ခုဆိုရင် အရင်က (၂၀ဝ)ကျပ်ကနေ အခု (၇၀ဝ)ကျပ်။ အဲဒီ လိုပဲ ရန်ကုန်အပါအဝင် တခြားနယ်တွေမှာလည်း အဲဒီလိုပဲဖြစ်သွားတယ်။ အရင်က (၂၀ဝ)ကနေ (၃၀ဝ)၊ အဲဒီကနေ (၅၀ဝ)ကနေ (၇၀ဝ) အဲဒီလိုတက်သွားတာ။ Sticker ဆိုရင် အရင်က ကျွန်မဝယ်ထားတာ (၁၈၅၀ဝ) ကျပ်ကနေ အခုဆိုရင် ကျွန်မတို့နယ်မှာ (၄၅၀ဝဝ)ကျပ်။ A4 ဆိုရင် အရင်က တစ်ပုံးမှ (၃၀ဝဝဝ) ကျပ်ကနေ (၄၀ဝဝဝ)ကျပ် အခုဆို A4 တစ်ပုံးကို (၁)သိန်းကျော်သွားပြီ။ အဲဒီလိုတွေဖြစ် ကုန်တာ”ဟု မိတ္တူ၊ ဓာတ်ပုံနှင့်ဒီဇိုင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် ပွင့်လင်းရာသီဖြစ်သဖြင့် အလှူပွဲနှင့် မင်္ဂလာဆောင်ပွဲများစွာရှိလာသဖြင့် ဖိတ် စာရိုက်ခြင်းလုပ်ငန်းများ ကောင်းမွန်ချိန်ဖြစ်သော် လည်း စက္ကူနှင့်ဆက်စပ်ပစ္စည်းများ ဈေးနှုန်းမြင့်တက် မှုများကြောင့် လုပ်ငန်းလည်ပတ်မှုအားနည်းလာပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဈေးတက်တာက ထက်ဝက်ကျော်ကြီးကို တက်သွားတာ။ မင်ဈေးတွေပါတက်တာ။ ပထမဦးဆုံး သူတို့က ဈေးတက်တော့မယ်ဆိုရင် ကုန်သည်တွေက ဈေးကိုဖျက်လိုက်တာ။ အဲဒီတော့ မင်တွေလည်း ဝယ်လို့မရတော့ဘူး။ ပြန်ဝင်မယ်။ ဘယ်တော့လောက် ဝင်လာမလဲဆိုပြီး ဝင်လာတော့ ဈေးကတက် ကုန်ရော။ အလုပ်အကိုင်တွေကတော့ အရင်ကလောက်တော့ မလုပ်တော့ဘူး။ ပတ်ဝန်းကျင်ကလည်း အခြေအနေ မကောင်းတာရယ်။ နောက်ပြီး လူတွေကလည်း ဒီလုပ်ငန်းကိုပဲ စုပြုံလုပ်တာရယ်ကြောင့် အရင်ကလိုမကောင်းတော့ဘူး။ အခုက အလှူတွေ၊ မင်္ဂလာဆောင်တွေကလုပ်ရပေမယ့် အရင်လိုလူ (၈၀ဝ) ဖိတ်မယ့်လူက (၈၀ဝ) မဖိတ်တော့ဘူး။ လျှော့သွားတာ။ (၅၀ဝ) လောက်ဆိုတော်ပါပြီဖြစ်သွား တာ” ဟု ၎င်းကပြောသည်။ ထို့ပြင် စက္ကူအရည်အသွေးပိုင်းတွင်လည်း အားနည်းမှုတွေရှိလာပြီး ယခင် ကအသုံးပြုခဲ့သော စက္ကူအရည်အသွေးမျိုးရှာဝယ်ရာတွင်လည်း ဈေးကွက်မရှိဖြစ်နေကြောင်း ၎င်းကဆို သည်။
လက်ရှိတွင် ပြည်တွင်းလိုအပ်ချက် ပြည့်မီ ရန် ပြည်ပမှစက္ကူတင်သွင်းမှုကို ကော့သောင်း-ရနောင်း ရေကြောင်းလမ်းကိုသာအသုံးပြုနေရပြီး တစ်ခါတင် သွင်းပါက ကွန်တိန်နာ(၂)လုံးခန့်သာတင် သွင်းနေရကြောင်း ပြည်ပမှစက္ကူတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
“မြန်မာနိုင်ငံကို စက္ကူတင်သွင်းမှုမရှိတာ တစ်နှစ်လောက်ရှိပြီ။ အရင်ကဆိုရင် လိုသလောက် တင်သွင်းမှုရှိတယ်။ အခုက ကွန်တိန်နာတစ်လုံး (၂)လုံးလောက်ပဲဝင်တော့ လက်ကျန်မရှိဘူးဖြစ်နေတာ” ဟု ၎င်းကပြောသည်။
ထို့အတူ ပြည်တွင်း ပုဂ္ဂလိကပုံနှိပ်တိုက် လုပ်ငန်းများအတွက်လည်း စက္ကူနှင့်မင်ပြတ်လပ်မှု ဖြစ် မည်ကိုစိုးရိမ်နေရပြီး အပတ်စဉ်ဝယ်ယူမှုများက ပစ္စည်းရရှိရန်အာမခံချက်မရှိသည့်အတွက် စက္ကူအပါ အဝင်ဆက်စပ်ပစ္စည်းများစွာကို ပမာဏများစွာကိုဝယ်ယူထားရကြောင်း ပုံနှိပ်တိုက်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ပစ္စည်းကတော့ ဂျာနယ်အတွက် စိုးရိမ်လို့တော့ပြောထားတာပဲ။ ကျွန်တော်တို့က အမြဲတမ်း လည်း ကြိုပြီးတော့ဝယ်ထားတယ်လေ။ ဈေးကတော့ အရင်ကနဲ့စာရင်တော့ တရိပ်ရိပ်တက်တာပေါ့။ ကျွန်တော်ကတော့ များများဝယ်ထားတော့ မသိသာဘူးပေါ့နော်။ တစ်ပတ်ချင်းဝယ်တဲ့လူကတော့ နည်း နည်းသိသာတာပေါ့။ ကျွန်တော်ကတော့ စက္ကူပြတ်သွားမှာကြောက်လို့ ကြိုဝယ်နိုင်ရင်ဝယ်လိုက်တာ ပေါ့။ ကျွန်တော်က ပိုက်ဆံလည်းမှန်မှန်ပေးတော့ ပေးပါတယ်။ အခုက စက္ကူတင်မဟုတ်ဘူး။ မင်တို့ဘာ တို့ ကျွန်တော်တို့သုံးတဲ့ပစ္စည်းတွေကို ကြံဖန်ပြီးဝယ်ပြီး သုံးနေရတာပဲ။ အရင်ကတော့ ပစ္စည်းပြတ်သွား တော့ တော်တော်တိုင်ပတ်သွားသေးတယ်။ အခုက ဘယ်လမ်းကြောင်းက ပြန်ဝင်လာလဲမသိဘူး။ မင်က တော့ အခုလည်း လှိုင်လှိုင်ကြီးတော့မဟုတ်ပေမယ့် ဝင်နေကြတာပဲ။ တရုတ်ရော ထိုင်းရောကဝင်တာ။ ကော့သောင်း-ရနောင်းက ကွေ့ပတ်ဝင်နေကြရတာ”ဟု ၎င်းကပြောသည်။

Zawgyi Version:
ျပည္တြင္းစကၠဴေဈး အဆမတန္ျမင့္တက္ေနသျဖင့္ မိတၱဴ၊ ဓာတ္ပုံႏွင့္ ဒီဇိုင္းလုပ္ငန္းမ်ား အခက္ေတြ႕ေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၈
ျပည္တြင္းတြင္ စကၠဴေဈးအဆမတန္ ျမင့္တက္မႈသည္ ႏိုဝင္ဘာလဆန္းပိုင္းက စတင္ကာ ပိုမို သိသာလာခဲ့သျဖင့္ တစ္ပိုင္တစ္ႏိုင္ မိတၱဴ၊ ဓာတ္ပုံ ႏွင့္ ဒီဇိုင္းလုပ္ငန္းမ်ား ယခင္ထက္အားနည္းလာ ေၾကာင္း တစ္ပိုင္တစ္ႏိုင္လုပ္ငန္းရွင္မ်ားက NP News သို႔ေျပာသည္။
လက္ရွိ ျပည္တြင္းစကၠဴေဈးကြက္တြင္ A4 စကၠဴစာ႐ြက္ (80 g) တစ္ပုံးလွ်င္ (၁၃၃၈၅၀)က်ပ္၊ Photo Paper 4 x 6 ၏ အ႐ြက္ (၁၀ဝ)ပါ တစ္ထုပ္လွ်င္(၈၂၅၀)က်ပ္ႏွင့္ Sticker Paper ၏ အ႐ြက္ (၁၀ဝ)ပါတစ္ထုပ္လွ်င္ (၁၈၇၀ဝ)က်ပ္အထိ ေဈးျမင့္တက္ေနေၾကာင္းသိရသည္။
“အရင္က Photo Paper 4 x 6 တစ္ခုဆိုရင္ အရင္က (၂၀ဝ)က်ပ္ကေန အခု (၇၀ဝ)က်ပ္။ အဲဒီ လိုပဲ ရန္ကုန္အပါအဝင္ တျခားနယ္ေတြမွာလည္း အဲဒီလိုပဲျဖစ္သြားတယ္။ အရင္က (၂၀ဝ)ကေန (၃၀ဝ)၊ အဲဒီကေန (၅၀ဝ)ကေန (၇၀ဝ) အဲဒီလိုတက္သြားတာ။ Sticker ဆိုရင္ အရင္က ကြၽန္မဝယ္ထားတာ (၁၈၅၀ဝ) က်ပ္ကေန အခုဆိုရင္ ကြၽန္မတို႔နယ္မွာ (၄၅၀ဝဝ)က်ပ္။ A4 ဆိုရင္ အရင္က တစ္ပုံးမွ (၃၀ဝဝဝ) က်ပ္ကေန (၄၀ဝဝဝ)က်ပ္ အခုဆို A4 တစ္ပုံးကို (၁)သိန္းေက်ာ္သြားၿပီ။ အဲဒီလိုေတြျဖစ္ ကုန္တာ”ဟု မိတၱဴ၊ ဓာတ္ပုံႏွင့္ဒီဇိုင္းလုပ္ငန္းရွင္တစ္ဦးကေျပာသည္။
လက္ရွိတြင္ ပြင့္လင္းရာသီျဖစ္သျဖင့္ အလႉပြဲႏွင့္ မဂၤလာေဆာင္ပြဲမ်ားစြာရွိလာသျဖင့္ ဖိတ္ စာ႐ိုက္ျခင္းလုပ္ငန္းမ်ား ေကာင္းမြန္ခ်ိန္ျဖစ္ေသာ္ လည္း စကၠဴႏွင့္ဆက္စပ္ပစၥည္းမ်ား ေဈးႏႈန္းျမင့္တက္ မႈမ်ားေၾကာင့္ လုပ္ငန္းလည္ပတ္မႈအားနည္းလာၿပီျဖစ္ေၾကာင္း ၎ကဆိုသည္။
“ေဈးတက္တာက ထက္ဝက္ေက်ာ္ႀကီးကို တက္သြားတာ။ မင္ေဈးေတြပါတက္တာ။ ပထမဦးဆုံး သူတို႔က ေဈးတက္ေတာ့မယ္ဆိုရင္ ကုန္သည္ေတြက ေဈးကိုဖ်က္လိုက္တာ။ အဲဒီေတာ့ မင္ေတြလည္း ဝယ္လို႔မရေတာ့ဘူး။ ျပန္ဝင္မယ္။ ဘယ္ေတာ့ေလာက္ ဝင္လာမလဲဆိုၿပီး ဝင္လာေတာ့ ေဈးကတက္ ကုန္ေရာ။ အလုပ္အကိုင္ေတြကေတာ့ အရင္ကေလာက္ေတာ့ မလုပ္ေတာ့ဘူး။ ပတ္ဝန္းက်င္ကလည္း အေျခအေန မေကာင္းတာရယ္။ ေနာက္ၿပီး လူေတြကလည္း ဒီလုပ္ငန္းကိုပဲ စုၿပဳံလုပ္တာရယ္ေၾကာင့္ အရင္ကလိုမေကာင္းေတာ့ဘူး။ အခုက အလႉေတြ၊ မဂၤလာေဆာင္ေတြကလုပ္ရေပမယ့္ အရင္လိုလူ (၈၀ဝ) ဖိတ္မယ့္လူက (၈၀ဝ) မဖိတ္ေတာ့ဘူး။ ေလွ်ာ့သြားတာ။ (၅၀ဝ) ေလာက္ဆိုေတာ္ပါၿပီျဖစ္သြား တာ” ဟု ၎ကေျပာသည္။ ထို႔ျပင္ စကၠဴအရည္အေသြးပိုင္းတြင္လည္း အားနည္းမႈေတြရွိလာၿပီး ယခင္ ကအသုံးျပဳခဲ့ေသာ စကၠဴအရည္အေသြးမ်ိဳးရွာဝယ္ရာတြင္လည္း ေဈးကြက္မရွိျဖစ္ေနေၾကာင္း ၎ကဆို သည္။
လက္ရွိတြင္ ျပည္တြင္းလိုအပ္ခ်က္ ျပည့္မီ ရန္ ျပည္ပမွစကၠဴတင္သြင္းမႈကို ေကာ့ေသာင္း-ရေနာင္း ေရေၾကာင္းလမ္းကိုသာအသုံးျပဳေနရၿပီး တစ္ခါတင္ သြင္းပါက ကြန္တိန္နာ(၂)လုံးခန႔္သာတင္ သြင္းေနရေၾကာင္း ျပည္ပမွစကၠဴတင္သြင္းသူ လုပ္ငန္းရွင္တစ္ဦးကဆိုသည္။
“ျမန္မာႏိုင္ငံကို စကၠဴတင္သြင္းမႈမရွိတာ တစ္ႏွစ္ေလာက္ရွိၿပီ။ အရင္ကဆိုရင္ လိုသေလာက္ တင္သြင္းမႈရွိတယ္။ အခုက ကြန္တိန္နာတစ္လုံး (၂)လုံးေလာက္ပဲဝင္ေတာ့ လက္က်န္မရွိဘူးျဖစ္ေနတာ” ဟု ၎ကေျပာသည္။
ထို႔အတူ ျပည္တြင္း ပုဂၢလိကပုံႏွိပ္တိုက္ လုပ္ငန္းမ်ားအတြက္လည္း စကၠဴႏွင့္မင္ျပတ္လပ္မႈ ျဖစ္ မည္ကိုစိုးရိမ္ေနရၿပီး အပတ္စဥ္ဝယ္ယူမႈမ်ားက ပစၥည္းရရွိရန္အာမခံခ်က္မရွိသည့္အတြက္ စကၠဴအပါ အဝင္ဆက္စပ္ပစၥည္းမ်ားစြာကို ပမာဏမ်ားစြာကိုဝယ္ယူထားရေၾကာင္း ပုံႏွိပ္တိုက္လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
“ပစၥည္းကေတာ့ ဂ်ာနယ္အတြက္ စိုးရိမ္လို႔ေတာ့ေျပာထားတာပဲ။ ကြၽန္ေတာ္တို႔က အၿမဲတမ္း လည္း ႀကိဳၿပီးေတာ့ဝယ္ထားတယ္ေလ။ ေဈးကေတာ့ အရင္ကနဲ႔စာရင္ေတာ့ တရိပ္ရိပ္တက္တာေပါ့။ ကြၽန္ေတာ္ကေတာ့ မ်ားမ်ားဝယ္ထားေတာ့ မသိသာဘူးေပါ့ေနာ္။ တစ္ပတ္ခ်င္းဝယ္တဲ့လူကေတာ့ နည္း နည္းသိသာတာေပါ့။ ကြၽန္ေတာ္ကေတာ့ စကၠဴျပတ္သြားမွာေၾကာက္လို႔ ႀကိဳဝယ္ႏိုင္ရင္ဝယ္လိုက္တာ ေပါ့။ ကြၽန္ေတာ္က ပိုက္ဆံလည္းမွန္မွန္ေပးေတာ့ ေပးပါတယ္။ အခုက စကၠဴတင္မဟုတ္ဘူး။ မင္တို႔ဘာ တို႔ ကြၽန္ေတာ္တို႔သုံးတဲ့ပစၥည္းေတြကို ႀကံဖန္ၿပီးဝယ္ၿပီး သုံးေနရတာပဲ။ အရင္ကေတာ့ ပစၥည္းျပတ္သြား ေတာ့ ေတာ္ေတာ္တိုင္ပတ္သြားေသးတယ္။ အခုက ဘယ္လမ္းေၾကာင္းက ျပန္ဝင္လာလဲမသိဘူး။ မင္က ေတာ့ အခုလည္း လႈိင္လႈိင္ႀကီးေတာ့မဟုတ္ေပမယ့္ ဝင္ေနၾကတာပဲ။ တ႐ုတ္ေရာ ထိုင္းေရာကဝင္တာ။ ေကာ့ေသာင္း-ရေနာင္းက ေကြ႕ပတ္ဝင္ေနၾကရတာ”ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.