Governors Awards မှာ ဂုဏ်ထူးဆောင် အော်စကာဆု ရရှိခဲ့တဲ့ မင်းသားကြီး တွမ်ခရုစ်

164

ရောင်နီ (NP News) - နိုဝင်ဘာ ၁၉
အော်စကာဆုအတွက် အကြိမ်ကြိမ် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ အသက် (၆၃) နှစ်အရွယ် ဟောလိဝုဒ် ရုပ်ရှင်မင်းသား တွမ်ခရုစ်ဟာ နိုဝင်ဘာလ(၁၆) ရက်က ပြုလုပ်တဲ့ Governors Awards မှာတော့ သူ့ရဲ့ပထမဆုံး အော်စကာဆုကို လက်ခံရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
တွမ်ခရုစ်ဟာ Risky Business (၁၉၈၃) မှ Top Gun (၂၀၂၂) ခုနှစ်ထိ ၁၉၈၆ မှ ၂၀၂၂ ခုနှစ်အတွင်း ရုပ်ရှင်တွေမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် ဂုဏ်ထူးဆောင် အော်စကာဆု ချီးမြှင့်ခံရတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး
မက္ကဆီကန်ဒါရိုက်တာ အလက်ဂျန်ဒရို ဂွန်ဇာလက်ဇ် အင်နာရီတူက ခရုစ်ရဲ့အရည် အချင်းဟာ သူ့ကို နာမည်ကြီးစေတဲ့အန္တရာယ်ရှိ စတန့်တွေထက်တောင် သာလွန်တယ်လို့ ဆိုကာ ချီးကျူးခဲ့ပါတယ်။
မက္ကဆီကန်ဒါရိုက်တာ အလက်ဂျန်ဒရို ဂွန်ဇာလက်ဇ်
အင်နာရီတူ ရိုက်ကူးပြီး ခရုစ် ပါဝင်တဲ့ ရုပ်ရှင်တစ်ခုလည်း ၂၀၂၆ ခုနှစ် အောက်တိုဘာ မှာ ထွက်ရှိမယ်လို့ သိရပါတယ်။
တွမ်ခရုစ်ဟာ အာ်စကာဆုအတွက် လေးကြိမ်တိုင်တိုင် ဆန်ကာတင်စာရင်းဝင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာမှ ဆုရရှိနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ အမေရိကန်အဆိုတော် ဒေါ်လီပါတန်ကလည်း ကလေးတွေအတွက် စာအုပ်ပေါင်း သန်း ၃၀၀ ကျော် ပံ့ပိုးပေးနိုင်တဲ့ စာကြည့်တိုက်တစ်ခု တည်ထောင်ခြင်း အပါအဝင် သူမရဲ့ပရဟိလုပ်ဆောင်ချက်တွေအတွက် Jean Hersholt Humanitarian Award ဂုဏ်ပြုချီးမြှင့်ခဲ့ရသလို အမေရိကန်သရုပ်ဆောင်နဲ့ အကပညာရှင် ဒက်ဘီအဲလင် နဲ့ ထုတ်လုပ်ရေးဒီဇိုင်နာ ဝိုင်သောမတ်စ်လည်း ဆုလက်ခံ ရရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
Governors Awards မွာ ဂုဏ္ထူးေဆာင္ ေအာ္စကာဆု ရရွိခဲ့တဲ့ မင္းသားႀကီး တြမ္ခ႐ုစ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၉
ေအာ္စကာဆုအတြက္ အႀကိမ္ႀကိမ္ ဆန္ကာတင္စာရင္းဝင္ခဲ့တဲ့ အသက္ (၆၃) ႏွစ္အ႐ြယ္ ေဟာလိဝုဒ္ ႐ုပ္ရွင္မင္းသား တြမ္ခ႐ုစ္ဟာ ႏိုဝင္ဘာလ(၁၆) ရက္က ျပဳလုပ္တဲ့ Governors Awards မွာေတာ့ သူ႔ရဲ႕ပထမဆုံး ေအာ္စကာဆုကို လက္ခံရယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
တြမ္ခ႐ုစ္ဟာ Risky Business (၁၉၈၃) မွ Top Gun (၂၀၂၂) ခုႏွစ္ထိ ၁၉၈၆ မွ ၂၀၂၂ ခုႏွစ္အတြင္း ႐ုပ္ရွင္ေတြမွာ သူ႔ရဲ႕လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ဂုဏ္ထူးေဆာင္ ေအာ္စကာဆု ခ်ီးျမႇင့္ခံရတယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး
မကၠဆီကန္ဒါ႐ိုက္တာ အလက္ဂ်န္ဒ႐ို ဂြန္ဇာလက္ဇ္ အင္နာရီတူက ခ႐ုစ္ရဲ႕အရည္ အခ်င္းဟာ သူ႔ကို နာမည္ႀကီးေစတဲ့အႏၲရာယ္ရွိ စတန႔္ေတြထက္ေတာင္ သာလြန္တယ္လို႔ ဆိုကာ ခ်ီးက်ဴးခဲ့ပါတယ္။
မကၠဆီကန္ဒါ႐ိုက္တာ အလက္ဂ်န္ဒ႐ို ဂြန္ဇာလက္ဇ္
အင္နာရီတူ ႐ိုက္ကူးၿပီး ခ႐ုစ္ ပါဝင္တဲ့ ႐ုပ္ရွင္တစ္ခုလည္း ၂၀၂၆ ခုႏွစ္ ေအာက္တိုဘာ မွာ ထြက္ရွိမယ္လို႔ သိရပါတယ္။
တြမ္ခ႐ုစ္ဟာ အာ္စကာဆုအတြက္ ေလးႀကိမ္တိုင္တိုင္ ဆန္ကာတင္စာရင္းဝင္ခဲ့ေပမယ့္ ၂၀၂၅ ခုႏွစ္မွာမွ ဆုရရွိႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ အေမရိကန္အဆိုေတာ္ ေဒၚလီပါတန္ကလည္း ကေလးေတြအတြက္ စာအုပ္ေပါင္း သန္း ၃၀၀ ေက်ာ္ ပံ့ပိုးေပးႏိုင္တဲ့ စာၾကည့္တိုက္တစ္ခု တည္ေထာင္ျခင္း အပါအဝင္ သူမရဲ႕ပရဟိလုပ္ေဆာင္ခ်က္ေတြအတြက္ Jean Hersholt Humanitarian Award ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ရသလို အေမရိကန္သ႐ုပ္ေဆာင္နဲ႔ အကပညာရွင္ ဒက္ဘီအဲလင္ နဲ႔ ထုတ္လုပ္ေရးဒီဇိုင္နာ ဝိုင္ေသာမတ္စ္လည္း ဆုလက္ခံ ရရွိခဲ့တယ္လို႔ သိရပါတယ္။