BTS အဖွဲ့ဝင် ဂျင်ကို နမ်းခဲ့တဲ့ ဂျပန်ပရိသတ်တစ်ဦး လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ တရားစွဲဆိုခံရ

381

ရောင်နီ (NP News) - နိုဝင်ဘာ ၁၉
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို အရှေ့ပိုင်းခရိုင် ရှေ့နေရုံးက တနင်္လာနေ့ (နိုဝင်ဘာ ၁၇ ရက်) မှာ ဂျပန်အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုဖြင့် တရားစွဲဆိုထားကြောင်း ကြေညာခဲ့ပါတယ်။
အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးဟာ ၂၀၂၄ ခုနှစ် ဇွန်လက ကျင်းပခဲ့တဲ့ BTS အဖွဲ့ဝင် ဂျင်ရဲ့ free hug ပွဲမှာ ဂျင်ရဲ့ပါးပြင်ကို ခွင့်ပြုချက်မရှိဘဲ အနမ်းတစ်ပွင့် ပေးခဲ့ပါတယ်။ အဲဒီ အနမ်းဗီဒီယိုကြောင့် ပရိသတ်တွေ ဒေါသထွက်ခဲ့ကြပြီး ပရိသတ်တွေက အဲဒီအမျိုးသမီးကို တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီးကလည်း ဂျင်ရဲ့အသားအရေဟာ "အလွန်နူးညံ့တယ်" လို့ သူမရဲ့ဘလော့ဂ်မှာ ရေးသားခဲ့ပါတယ်။ တောင်ကိုရီးယားရဲတပ်ဖွဲ့က ယခုနှစ် မတ်လက အမှုကို စုံစမ်းစစ်ဆေးမှုမှ ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး အမျိုးသမီးကိုသာ လာရောက်အစစ်ခံဖို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့စည်းမျဉ်းတွေအရ သံသယရှိသူတစ်ဦးကို ခြေရာခံ မရရင်ဖြစ်ဖြစ်၊ ပြည်ပမှာ နှစ်လကျော်ထိ နေထိုင်နေရင်ပဲဖြစ်ဖြစ်၊ ပြင်းထန်စွာဖျားနာနေရင်ဖြစ်ဖြစ် ဆက်သွယ်လို့ မရရင် စုံစမ်းစစ်ဆေးမှုကို ရပ်ဆိုင်းထားနိုင်ပါတယ်။
ဒါပေမယ့် အမျိုးသမီးက ရဲစခန်းကို လာရောက်အစစ်ခံခဲ့ပြီး ရဲတပ်ဖွဲ့က စွဲချက်တွေ မှန်ကန်ကြောင်း ဆုံးဖြတ်ကာ အမှုကို အစိုးရရှေ့နေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
တောင်ကိုရီယား အမျိုးသား K-pop အဖွဲ့ BTS ဟာ ကမ္ဘာတဝန်း ပရိသတ်အများဆုံး ရရှိထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး လာမယ့် ၂၀၂၆ ခုနှစ် နွေဦးရာသီမှာ ၎င်းတို့ရဲ့ သီချင်း အယ်လ်ဘမ်အသစ် ထွက်ရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Zawgyi Version:
BTS အဖြဲ႕ဝင္ ဂ်င္ကို နမ္းခဲ့တဲ့ ဂ်ပန္ပရိသတ္တစ္ဦး လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္မႈနဲ႔ တရားစြဲဆိုခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၉
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ အေရွ႕ပိုင္းခ႐ိုင္ ေရွ႕ေန႐ုံးက တနလၤာေန႔ (ႏိုဝင္ဘာ ၁၇ ရက္) မွာ ဂ်ပန္အမ်ိဳးသမီးတစ္ဦးကို လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္မႈျဖင့္ တရားစြဲဆိုထားေၾကာင္း ေၾကညာခဲ့ပါတယ္။
အသက္ ၅၀ အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးဟာ ၂၀၂၄ ခုႏွစ္ ဇြန္လက က်င္းပခဲ့တဲ့ BTS အဖြဲ႕ဝင္ ဂ်င္ရဲ႕ free hug ပြဲမွာ ဂ်င္ရဲ႕ပါးျပင္ကို ခြင့္ျပဳခ်က္မရွိဘဲ အနမ္းတစ္ပြင့္ ေပးခဲ့ပါတယ္။ အဲဒီ အနမ္းဗီဒီယိုေၾကာင့္ ပရိသတ္ေတြ ေဒါသထြက္ခဲ့ၾကၿပီး ပရိသတ္ေတြက အဲဒီအမ်ိဳးသမီးကို တိုင္ၾကားမႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။
အဆိုပါ အမ်ိဳးသမီးကလည္း ဂ်င္ရဲ႕အသားအေရဟာ "အလြန္ႏူးညံ့တယ္" လို႔ သူမရဲ႕ဘေလာ့ဂ္မွာ ေရးသားခဲ့ပါတယ္။ ေတာင္ကိုရီးယားရဲတပ္ဖြဲ႕က ယခုႏွစ္ မတ္လက အမႈကို စုံစမ္းစစ္ေဆးမႈမွ ရပ္ဆိုင္းထားခဲ့တာျဖစ္ၿပီး အမ်ိဳးသမီးကိုသာ လာေရာက္အစစ္ခံဖို႔ အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕စည္းမ်ဥ္းေတြအရ သံသယရွိသူတစ္ဦးကို ေျခရာခံ မရရင္ျဖစ္ျဖစ္၊ ျပည္ပမွာ ႏွစ္လေက်ာ္ထိ ေနထိုင္ေနရင္ပဲျဖစ္ျဖစ္၊ ျပင္းထန္စြာဖ်ားနာေနရင္ျဖစ္ျဖစ္ ဆက္သြယ္လို႔ မရရင္ စုံစမ္းစစ္ေဆးမႈကို ရပ္ဆိုင္းထားႏိုင္ပါတယ္။
ဒါေပမယ့္ အမ်ိဳးသမီးက ရဲစခန္းကို လာေရာက္အစစ္ခံခဲ့ၿပီး ရဲတပ္ဖြဲ႕က စြဲခ်က္ေတြ မွန္ကန္ေၾကာင္း ဆုံးျဖတ္ကာ အမႈကို အစိုးရေရွ႕ေနဆီ လႊဲေျပာင္းေပးခဲ့ပါတယ္။
ေတာင္ကိုရီယား အမ်ိဳးသား K-pop အဖြဲ႕ BTS ဟာ ကမာၻတဝန္း ပရိသတ္အမ်ားဆုံး ရရွိထားတဲ့ အဖြဲ႕တစ္ခုျဖစ္ၿပီး လာမယ့္ ၂၀၂၆ ခုႏွစ္ ေႏြဦးရာသီမွာ ၎တို႔ရဲ႕ သီခ်င္း အယ္လ္ဘမ္အသစ္ ထြက္ရွိဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။