ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများမှ Online လိမ်လည်လောင်းကစားမှုများကို အမြစ်ပြတ်ချေမှုန်းမည်

178

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၉
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများမှ Online လိမ်လည်လောင်း ကစားမှုများကို အမြစ်ပြတ်ချေမှုန်းမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
Online လိမ်လည်လောင်းကစားမှုများကို တိုက်ဖျက်လျက်ရှိရာတွင် ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း online လိမ်လည်မှုများ၊ online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်မှုမရှိစေရေး နိုင်ငံတော်အစိုးရအနေဖြင့် ညွှန်ကြားထားကြောင်း သိရသည်။
ထို့ကြောင့် မြေပြင်တွင်လိုက်နာ လုပ်ကိုင်ဆောင်ရွက်နေမှု ရှိ/ မရှိနှင့် တရားမဝင်လုပ်ငန်းများ လုပ်ဆောင်နေခြင်းရှိ/မရှိတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ယမန်နေ့( နိုဝင်ဘာ ၁၈ရက်) နံနက်ပိုင်းမှစ၍ စတင်ရှင်းလင်းဆောင်ရွက်နေပြီဖြစ်ပြီး စစ်ဆေးတွေ့ရှိမှုများအား ထိရောက်စွာအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်းနိုင်ငံများမှတဆင့် တရားမဝင် ဝင်ရောက် လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့အထိ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၆၈၀၀၉ ဦးကို သက်ဆိုင်ရာနိုင်ငံများအလိုက် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၈ရက်၊ နံနက်ပိုင်းတွင် ရွှေကုက္ကိုလ်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ ဝင်ရောက်စစ်ဆေးစဉ်တွင်လည်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး ပိတ်ဆို့ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း ရှင်းလင်းဖော်ထုတ်မှုများ ဆောင်ရွက်စဉ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦ ၃ ခုအတွင်းမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် စိစစ်ဆဲ နိုင်ငံခြားသား ၃၄၆ ဦးနှင့် Online လိမ်လည် လောင်း ကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းအများ အပြားကိုလည်း စိစစ်တွေ့ရှိဖမ်းဆီးရရှိခဲ့ပြီး ဆက်လက်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရရသည်။
Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့ကြသူများအနေဖြင့် မြန်မာနိုင်ငံအတွင်း နယ်မြေဒေသမတည်ငြိမ်မှုကြောင့် တရား ဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များစွာ ရှိသည့်ဒေသများ၌ အခွင့်ကောင်းရယူ၍ ဒုစရိုက်လုပ်ငန်းများကျူးလွန်ပြီး ကိုယ်ကျိုးစီးပွားရှာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ပစ်မှတ်ထားဆောင်ရွက်ခဲ့ကြသည့် မြဝတီ-မယ်ထော်သလေး KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေနှင့် ကျောက်ခက်နယ်မြေ တို့သည် KNLA ၊ KNU ကရင်လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၊ NCA လက်မှတ် ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်တပ်များ လှုပ်ရှားရာနယ်မြေဒေသဖြစ်ကြောင်း သိရသည်။
အဆိုပါလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ကိုယ်ကျိုးစီးပွားရှာသူများမှ နည်းမျိုးစုံသုံးချဉ်းကပ်လျက် အခြေခံအဆောက်အဦများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းများဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ၎င်းနေရာများ၌ လူနေထိုင်နိုင်ရန်လိုအပ်သည့် ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် အခြားအခြေခံအချက်အလက်များကိုလည်း တစ်ဖက်နိုင်ငံမှ ရယူခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိအခြေအနေတွင် KK Park နယ်မြေအား ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ပြီး ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အပြည့်အဝလုံခြုံရေးရယူပြီး ဆက်လက်ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကာ Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုများကို ဖော်ထုတ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူအမြစ်ပြတ်နှိမ်နင်းချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဖော် ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း ပိုင်နက်နယ်မြေကို အသုံးချ၍ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအပေါ် ရာဇဝတ်မှုများကျူးလွန်နေမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင် ရွက် သွားရန် လမ်းညွှန်မှာကြားထားရှိပြီးဖြစ်ကြောင်း သိရသည်။
မကြာမီရက်ပိုင်းအတွင်း သွားရောက်ခဲ့သည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ခရီးစဉ်များတွင်လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် တွေ့ဆုံစဉ် Online လိမ်လည်လောင်းကစားမှုများကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း ပြတ်သားစွာချေမှုန်းသွားမည်ဖြစ်ကြောင်း အတိအလင်း ပြောကြား ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်နှိမ် နင်းသွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပသည့် တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် Online လိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်ရေးအစည်းအဝေးတွင် ပါဝင်သည့် နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမည် ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်မှုများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ ရရှိပါက သက်ဆိုင်ရာသို့ပေးပို့ခြင်းဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူကာ ပူးပေါင်းပါဝင်တိုက်ဖျက်သွားကြပါရန် တိုက်တွန်းထားသည်။

Zawgyi Version:
ေ႐ႊကုကၠိဳလ္နယ္ေျမ၊ ေက်ာက္ခက္နယ္ေျမႏွင့္ အျခားေဒသမ်ားမွ Online လိမ္လည္ေလာင္းကစားမႈမ်ားကို အျမစ္ျပတ္ေခ်မႈန္းမည္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၁၉
ျမန္မာ-ထိုင္းနယ္စပ္၊ ကရင္ျပည္နယ္၊ ေ႐ႊကုကၠိဳလ္နယ္ေျမ၊ ေက်ာက္ခက္နယ္ေျမႏွင့္ အျခားေဒသမ်ားမွ Online လိမ္လည္ေလာင္း ကစားမႈမ်ားကို အျမစ္ျပတ္ေခ်မႈန္းမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
Online လိမ္လည္ေလာင္းကစားမႈမ်ားကို တိုက္ဖ်က္လ်က္ရွိရာတြင္ ကရင္ျပည္နယ္၊ ေ႐ႊကုကၠိဳလ္နယ္ေျမအတြင္း online လိမ္လည္မႈမ်ား၊ online ေလာင္းကစားမႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္မႈမရွိေစေရး ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ၫႊန္ၾကားထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေျမျပင္တြင္လိုက္နာ လုပ္ကိုင္ေဆာင္႐ြက္ေနမႈ ရွိ/ မရွိႏွင့္ တရားမဝင္လုပ္ငန္းမ်ား လုပ္ေဆာင္ေနျခင္းရွိ/မရွိတို႔အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားအပါအဝင္ အဖြဲ႕စုံပါဝင္သည့္ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ ယမန္ေန႔( ႏိုဝင္ဘာ ၁၈ရက္) နံနက္ပိုင္းမွစ၍ စတင္ရွင္းလင္းေဆာင္႐ြက္ေနၿပီျဖစ္ၿပီး စစ္ေဆးေတြ႕ရွိမႈမ်ားအား ထိေရာက္စြာအေရးယူေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေဖာ္ထုတ္ဖမ္းဆီးရမိသူမ်ားသည္ ျမန္မာႏိုင္ငံအတြင္းသို႔ အိမ္နီးခ်င္းႏိုင္ငံမ်ားမွတဆင့္ တရားမဝင္ ဝင္ေရာက္ လာသူမ်ားျဖစ္ေသာ္လည္း လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ႏိုင္ငံအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈတို႔ကို ေရွးရႈ၍ တရားဥပေဒႏွင့္အညီ စစ္ေဆး၍ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိရာ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္မွ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာလ ၁၇ ရက္ေန႔အထိ တရားမဝင္ ဝင္ေရာက္ေနထိုင္လ်က္ရွိသည့္ ႏိုင္ငံေပါင္း ၅၂ ႏိုင္ငံမွ ႏိုင္ငံျခားသား စုစုေပါင္း ၆၈၀၀၉ ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားအလိုက္ ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ႏိုဝင္ဘာ ၁၈ရက္၊ နံနက္ပိုင္းတြင္ ေ႐ႊကုကၠိဳလ္နယ္ေျမအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားအပါအဝင္ အဖြဲ႕စုံပါဝင္သည့္ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕မ်ား ဝင္ေရာက္စစ္ေဆးစဥ္တြင္လည္း တစ္ဖက္ႏိုင္ငံသို႔ ထြက္ေျပးတိမ္းေရွာင္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရၿပီး ပိတ္ဆို႔ဖမ္းဆီးႏိုင္ေရး ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ေ႐ႊကုကၠိဳလ္နယ္ေျမအတြင္း ရွင္းလင္းေဖာ္ထုတ္မႈမ်ား ေဆာင္႐ြက္စဥ္ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ထားသည့္ အေဆာက္အဦ ၃ ခုအတြင္းမွ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေနထိုင္လ်က္ရွိသည့္ စိစစ္ဆဲ ႏိုင္ငံျခားသား ၃၄၆ ဦးႏွင့္ Online လိမ္လည္ ေလာင္း ကစားမႈမ်ားက်ဴးလြန္ရာတြင္ အသုံးျပဳသည့္ လုပ္ငန္းသုံးပစၥည္းအမ်ား အျပားကိုလည္း စိစစ္ေတြ႕ရွိဖမ္းဆီးရရွိခဲ့ၿပီး ဆက္လက္ရွင္းလင္းျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရရသည္။
Online လိမ္လည္ေလာင္းကစားမႈမ်ား က်ဴးလြန္ခဲ့ၾကသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံအတြင္း နယ္ေျမေဒသမတည္ၿငိမ္မႈေၾကာင့္ တရား ဥပေဒ စိုးမိုးေရးႏွင့္ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူမ်ား အျပည့္အဝစိုးမိုးအုပ္ခ်ဳပ္ရန္ အခက္အခဲႏွင့္ ကန႔္သတ္ခ်က္မ်ားစြာ ရွိသည့္ေဒသမ်ား၌ အခြင့္ေကာင္းရယူ၍ ဒုစ႐ိုက္လုပ္ငန္းမ်ားက်ဴးလြန္ၿပီး ကိုယ္က်ိဳးစီးပြားရွာခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
၎တို႔ပစ္မွတ္ထားေဆာင္႐ြက္ခဲ့ၾကသည့္ ျမဝတီ-မယ္ေထာ္သေလး KK Park နယ္ေျမ၊ ေ႐ႊကုကၠိဳလ္နယ္ေျမႏွင့္ ေက်ာက္ခက္နယ္ေျမ တို႔သည္ KNLA ၊ KNU ကရင္လက္နက္ကိုင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ား၊ NCA လက္မွတ္ ေရးထိုးထားသည့္ ကရင္လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ နယ္ျခားေစာင့္တပ္မ်ား လႈပ္ရွားရာနယ္ေျမေဒသျဖစ္ေၾကာင္း သိရသည္။
အဆိုပါလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေပၚ ကိုယ္က်ိဳးစီးပြားရွာသူမ်ားမွ နည္းမ်ိဳးစုံသုံးခ်ဥ္းကပ္လ်က္ အေျခခံအေဆာက္အဦမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို လာေရာက္ရင္းႏွီးျမႇဳပ္ႏွံထားျခင္းမ်ားျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔အျပင္ ၎ေနရာမ်ား၌ လူေနထိုင္ႏိုင္ရန္လိုအပ္သည့္ ေရ၊ လွ်ပ္စစ္မီး၊ ဆက္သြယ္ေရးႏွင့္ အျခားအေျခခံအခ်က္အလက္မ်ားကိုလည္း တစ္ဖက္ႏိုင္ငံမွ ရယူခဲ့ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
လက္ရွိအေျခအေနတြင္ KK Park နယ္ေျမအား ရွင္းလင္းျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ၿပီး ေ႐ႊကုကၠိဳလ္နယ္ေျမ၊ ေက်ာက္ခက္နယ္ေျမႏွင့္ အျခားေဒသမ်ား၌လည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားျဖင့္ အျပည့္အဝလုံၿခဳံေရးရယူၿပီး ဆက္လက္ေဖာ္ထုတ္ရွင္းလင္းျခင္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ကာ Online လိမ္လည္ေလာင္းကစားမႈမ်ား က်ဴးလြန္မႈမ်ားကို ေဖာ္ထုတ္ေတြ႕ရွိရပါက ထိေရာက္စြာ အေရးယူအျမစ္ျပတ္ႏွိမ္နင္းေခ်မႈန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ Online လိမ္လည္ေလာင္းကစားမႈမ်ား က်ဴးလြန္မႈမ်ားကို ႏိုင္ငံတကာႏွင့္ပူးေပါင္း၍ တင္းတင္းၾကပ္ၾကပ္ ျပတ္ျပတ္သားသား ကိုင္တြယ္ေဖာ္ ထုတ္အေရးယူျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနျဖင့္လည္း ျမန္မာႏိုင္ငံအတြင္း ပိုင္နက္နယ္ေျမကို အသုံးခ်၍ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာအေပၚ ရာဇဝတ္မႈမ်ားက်ဴးလြန္ေနမႈမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ တိုက္ဖ်က္ေဆာင္ ႐ြက္ သြားရန္ လမ္းၫႊန္မွာၾကားထားရွိၿပီးျဖစ္ေၾကာင္း သိရသည္။
မၾကာမီရက္ပိုင္းအတြင္း သြားေရာက္ခဲ့သည့္ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ခရီးစဥ္မ်ားတြင္လည္း ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ား၊ ျပည္သူလူထုမ်ားႏွင့္ ေတြ႕ဆုံစဥ္ Online လိမ္လည္ေလာင္းကစားမႈမ်ားက်ဴးလြန္မႈမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ တိုက္ဖ်က္ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ဆက္လက္၍လည္း ျပတ္သားစြာေခ်မႈန္းသြားမည္ျဖစ္ေၾကာင္း အတိအလင္း ေျပာၾကား ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ Online လိမ္လည္ေလာင္းကစားမႈက်ဴးလြန္မႈမ်ားကို ျမန္မာႏိုင္ငံအတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ ဆက္လက္ႏွိမ္ နင္းသြားမည္ျဖစ္ၿပီး ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၄ ရက္ေန႔၌ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ကူမင္းၿမိဳ႕၌ က်င္းပသည့္ တ႐ုတ္-ျမန္မာ-ထိုင္း-ကေမာၻဒီးယား-လာအိုႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔ပါဝင္သည့္ Online လိမ္လည္မႈမ်ား ပူးေပါင္းတိုက္ဖ်က္ေရးအစည္းအေဝးတြင္ ပါဝင္သည့္ ႏိုင္ငံမ်ား၊ ေဒသတြင္းႏိုင္ငံမ်ား၊ ေဒသဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍လည္း ထိထိေရာက္ေရာက္ တားဆီးႏွိမ္နင္းသြားမည္ ျဖစ္ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားအေနျဖင့္လည္း Online လိမ္လည္ေလာင္းကစားမႈမ်ား က်ဴးလြန္မႈမ်ားႏွင့္ ပတ္သက္သည့္ သတင္း အခ်က္အလက္မ်ား ရရွိပါက သက္ဆိုင္ရာသို႔ေပးပို႔ျခင္းျဖင့္ Online လိမ္လည္ေလာင္းကစားမႈက်ဴးလြန္မႈမ်ားကို အမ်ိဳးသားေရးတာဝန္ တစ္ရပ္အျဖစ္ ခံယူကာ ပူးေပါင္းပါဝင္တိုက္ဖ်က္သြားၾကပါရန္ တိုက္တြန္းထားသည္။