ကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်းတွေကို ဖင်လန်စစ်တပ် စတင်လုပ်ဆောင်

 105

Pika (NP News) - နိုဝင်ဘာ ၁၉

ဖင်လန်စစ်တပ်ဟာ ရုရှားနိုင်ငံနယ်စပ်ကနေ (၁၀၀)ကီလိုမီတာအကွာမှာ ကြီးမားတဲ့စစ်ရေးလေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်နေပြီလို့ ဖင်လန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ‘Northern Strike 225’ လို့ အမည်ပေး ထားတဲ့အမြောက်ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကို နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ Rovajarvi ပစ်ကွင်းမှာ သီတင်းပတ်(၁)ပတ်ကြာအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖင်လန်စစ်တပ်က ပြောကြားခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေမှာ ဖင်လန်တပ်မ(၃)ခု၊ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ပိုလန်ဘက်စုံရော့ကတ်လောင်ချာ တပ်ဖွဲ့တို့ ပါဝင်တယ်လို့လည်း ဖင်လန်စစ်တပ်က ပြောကြားခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုတွေမှာ တပ်ဖွဲ့ဝင် (၂၂၀)ဦးနဲ့ စစ်ဘက်ဆိုင်ရာယာဉ်ပေါင်း(၅၀၀)စီးပါဝင်ပြီး စစ်တပ်ရဲ့အမြောက်စနစ်ကို လေ့ကျင့်ပေးဖို့၊ စွမ်းဆောင် ရည်တွေကိုမြှင့်တင်ဖို့နဲ့ တပ်ဖွဲ့အမျိုးမျိုးကြားမှာ ညှိနှိုင်းဆောင်ရွက်မှုတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဖင်လန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ‘Northern Strike 225’ စစ်ရေးလေ့ကျင့်ခန်းကို အမြောက်နဲ့မော်တာပစ်ခတ်မှုတွေအတွက် အရေးအကြီးဆုံး နဲ့ ပစ်လွှတ်မှုတပ်ဖွဲ့တွေရဲ့ကျွမ်းကျင်မှုတွေကို အပြီးသတ်လုပ်ဆောင်စေနိုင်မယ့် လေ့ကျင့်ခန်းတစ်ခုအဖြစ် ဖင်လန်ဒုဗိုလ်မှူးကြီး Kimmo Ruotsalainen က ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ႀကီးမားတဲ့စစ္ေရးေလ့က်င့္ခန္းေတြကို ဖင္လန္စစ္တပ္ စတင္လုပ္ေဆာင္
Pika (NP News) - ႏိုဝင္ဘာ ၁၉
ဖင္လန္စစ္တပ္ဟာ ႐ုရွားႏိုင္ငံနယ္စပ္ကေန (၁၀၀)ကီလိုမီတာအကြာမွာ ႀကီးမားတဲ့စစ္ေရးေလ့က်င့္မႈေတြကို စတင္လုပ္ေဆာင္ေနၿပီလို႔ ဖင္လန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ‘Northern Strike 225’ လို႔ အမည္ေပး ထားတဲ့အေျမာက္ပစ္ခတ္မႈေလ့က်င့္ခန္းေတြကို ႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာရွိတဲ့ Rovajarvi ပစ္ကြင္းမွာ သီတင္းပတ္(၁)ပတ္ၾကာေအာင္ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ဖင္လန္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။
စစ္ေရးေလ့က်င့္မႈေတြမွာ ဖင္လန္တပ္မ(၃)ခု၊ နယ္ျခားေစာင့္တပ္ဖြဲ႕ေတြနဲ႔ ပိုလန္ဘက္စုံေရာ့ကတ္ေလာင္ခ်ာ တပ္ဖြဲ႕တို႔ ပါဝင္တယ္လို႔လည္း ဖင္လန္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။ အဲဒီစစ္ေရးေလ့က်င့္မႈေတြမွာ တပ္ဖြဲ႕ဝင္ (၂၂၀)ဦးနဲ႔ စစ္ဘက္ဆိုင္ရာယာဥ္ေပါင္း(၅၀၀)စီးပါဝင္ၿပီး စစ္တပ္ရဲ႕အေျမာက္စနစ္ကို ေလ့က်င့္ေပးဖို႔၊ စြမ္းေဆာင္ ရည္ေတြကိုျမႇင့္တင္ဖို႔နဲ႔ တပ္ဖြဲ႕အမ်ိဳးမ်ိဳးၾကားမွာ ညႇိႏႈိင္းေဆာင္႐ြက္မႈေတြကို တိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔လည္း ဖင္လန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ‘Northern Strike 225’ စစ္ေရးေလ့က်င့္ခန္းကို အေျမာက္နဲ႔ေမာ္တာပစ္ခတ္မႈေတြအတြက္ အေရးအႀကီးဆုံး နဲ႔ ပစ္လႊတ္မႈတပ္ဖြဲ႕ေတြရဲ႕ကြၽမ္းက်င္မႈေတြကို အၿပီးသတ္လုပ္ေဆာင္ေစႏိုင္မယ့္ ေလ့က်င့္ခန္းတစ္ခုအျဖစ္ ဖင္လန္ဒုဗိုလ္မႉးႀကီး Kimmo Ruotsalainen က ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.