အစ္စရေးအပေါ် လက်နက်တင်ပို့မှုကန့်သတ်ချက်တွေကို ဂျာမနီဖြေလျှော့ပေး

77

Pika (NP News) - နိုဝင်ဘာ ၁၉
လာမယ့် နိုဝင်ဘာလ(၂၄)ရက်ကနေ စတင်ပြီး အစ္စရေးကို စစ်လက်နက်ပစ္စည်းတင်ပို့မှုတွေ ပြန်လည်စတင်သွား မယ်လို့ ဂျာမနီအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဂါဇာစီးတီးမြို့ကို သိမ်းပိုက်သွားမယ့်အစီအစဉ်တွေကို အစ္စရေးက ထုတ်ပြန်ကြေညာခဲ့ပြီး နောက် ပြီးခဲ့တဲ့ဩဂုတ်လမှာ ဂျာမနီက အစ္စရေးကို စစ်လက်နက်ပစ္စည်းတင်ပို့မှုတွေ ရပ်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲတဲ့ အောက်တိုဘာလ(၁၀)ရက်က စတင်ပြီး အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ အပစ်အခတ် ရပ်စဲရေးကြောင့် မြေပြင်မှာ အခြေအနေတွေ တည်ငြိမ်လာခဲ့တယ်လို့လည်း ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ Hille က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြေအနေတွေပြောင်းလဲခဲ့မယ်ဆိုရင် အစ္စရေးအပေါ်ကန့်သတ် ပိတ်ပင်မှုတွေကို ပြန်လည်အသက်သွင်းနိုင်ခြေ ရှိ/မရှိဆိုတဲ့မေးခွန်းတွေကို Hille က တုံ့ပြန်ဖြေကြားတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
အစ္စရေးက အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ချိုးဖောက်မှု ရှိ/မရှိ ကို သိရှိနိုင်ဖို့အတွက် စောင့်ကြည့်မှုတွေလုပ်ဆောင်နေလားဆိုတဲ့မေးခွန်းတွေကို Hille က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ Hille က “ဂျာမနီအစိုးရဟာ မြေပြင်အခြေအနေတွေကို စောင့်ကြည့် နေပြီး ပါဝင်ပတ်သက်သူတွေနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။ အလားအလာရှိတဲ့ ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေတော့ ကျွန်တော်တို့မှာမရှိပါဘူး” လို့ ပြောပါတယ်။

Zawgyi Version:
အစၥေရးအေပၚ လက္နက္တင္ပို႔မႈကန႔္သတ္ခ်က္ေတြကို ဂ်ာမနီေျဖေလွ်ာ့ေပး
Pika (NP News) - ႏိုဝင္ဘာ ၁၉
လာမယ့္ ႏိုဝင္ဘာလ(၂၄)ရက္ကေန စတင္ၿပီး အစၥေရးကို စစ္လက္နက္ပစၥည္းတင္ပို႔မႈေတြ ျပန္လည္စတင္သြား မယ္လို႔ ဂ်ာမနီအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသမွာ လုပ္ေဆာင္ေနတဲ့ စစ္ဆင္ေရးရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ဂါဇာစီးတီးၿမိဳ႕ကို သိမ္းပိုက္သြားမယ့္အစီအစဥ္ေတြကို အစၥေရးက ထုတ္ျပန္ေၾကညာခဲ့ၿပီး ေနာက္ ၿပီးခဲ့တဲ့ဩဂုတ္လမွာ ဂ်ာမနီက အစၥေရးကို စစ္လက္နက္ပစၥည္းတင္ပို႔မႈေတြ ရပ္ဆိုင္းခဲ့တာလည္း ျဖစ္ပါတယ္။
ၿပီးခဲတဲ့ ေအာက္တိုဘာလ(၁၀)ရက္က စတင္ၿပီး အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ အပစ္အခတ္ ရပ္စဲေရးေၾကာင့္ ေျမျပင္မွာ အေျခအေနေတြ တည္ၿငိမ္လာခဲ့တယ္လို႔လည္း ဂ်ာမနီအစိုးရေျပာေရးဆိုခြင့္ရွိသူ Hille က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အေျခအေနေတြေျပာင္းလဲခဲ့မယ္ဆိုရင္ အစၥေရးအေပၚကန႔္သတ္ ပိတ္ပင္မႈေတြကို ျပန္လည္အသက္သြင္းႏိုင္ေျခ ရွိ/မရွိဆိုတဲ့ေမးခြန္းေတြကို Hille က တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
အစၥေရးက အပစ္အခတ္ရပ္စဲေရး ဒါမွမဟုတ္ ႏိုင္ငံတကာလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဥပေဒကို ခ်ိဳးေဖာက္မႈ ရွိ/မရွိ ကို သိရွိႏိုင္ဖို႔အတြက္ ေစာင့္ၾကည့္မႈေတြလုပ္ေဆာင္ေနလားဆိုတဲ့ေမးခြန္းေတြကို Hille က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ Hille က “ဂ်ာမနီအစိုးရဟာ ေျမျပင္အေျခအေနေတြကို ေစာင့္ၾကည့္ ေနၿပီး ပါဝင္ပတ္သက္သူေတြနဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနပါတယ္။ အလားအလာရွိတဲ့ ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြေတာ့ ကြၽန္ေတာ္တို႔မွာမရွိပါဘူး” လို႔ ေျပာပါတယ္။