AA၏ ရခိုင်နှင့်မလေးရှားကို ပို့ဆောင်မည့် ကျပ်ဘီလျံ (၁၂၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကျူးလွန်သူ (၂၄)ဦးဖမ်းမိ

220

စော(NP News)- နိုဝင်ဘာ ၁၉
AA၏ ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံကို ပို့ဆောင်မည့် ကျပ်ဘီလျံ (၁၂၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကျူးလွန်သူ (၂၄)ဦး ဖမ်းမိခဲ့ပြီး (၂)ဦး ကျန်ရှိသေးကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ထံမှ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချမှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့်လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးတွဲစစ်ဆင်ရေးများကို ဆောင်ရွက်နေကာ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများသည် ပင်လယ်ရေကြောင်း၏ အားသာချက်ကို အသုံးချကာ ရေလမ်းကြောင်းအား ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရကြောင်း သိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို ပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် သတင်းရယူဖော်ထုတ်ချက်များအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်၊ ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ (၁) ရပ်ကွက်၊ ဆင်အိုးဖိုရပ်၊ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ် (၁၉) ၌ မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် အိုက်စ် (ICE) မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၁၂၀ ဘီလီယံခန့်နှင့်အတူ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနှင့် ပုသိမ်မြို့၌ မူးယစ်ဆေးဝါးများ ထိန်းသိမ်းပေးသူ လမင်းခန့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
၎င်းတို့နှစ်ဦး၏ ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက ဆက်စပ်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဇော်ဂျီလမ်းရှိ “ရွှေလမင်း”ဆေးရုံ၌ နိုင်လင်းလည်းကောင်း၊ ပုသိမ်မြို့နယ်၊ (၉) ရပ်ကွက်၊ ထင်းပုံဆိပ်ကျေးရွာ၌ ဇော်မင်းထွန်း (ခ) ညီပုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ “ကောင်းကောင်း” ဂဏန်းမွေးမြူရေးကန်အရှေ့ရေပြင်၌ မူးယစ်ဆေးဝါးပို့ဆောင်ရာတွင်အသုံးပြုသည့် “MV ရွှေလက်ဝါး” ကုန်တင်သင်္ဘော ၁ စီး နှင့်အတူ လှေလုပ်သားများဖြစ်ကြသည့် မောင်စိုး (ပဲ့နင်း)၊ ခင်ဝင်း၊ အောင်ဆန်းဦး၊ အောင်ဇင်လတ်၊ ဝင်းနိုင်၊ အောင်လင်း၊ ကျော်မင်းလတ်၊ ဟိန်းမင်းသူ၊ ကျော်ကိုကိုထွေး၊ သန်းထိုက်ဦးတို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ပြင် အဆိုပါနေ့ ညနေပိုင်းက ချောင်းသာမြို့၊ အမှတ် (၃) ရပ်ကွက်၌ ဝင်းဝင်းထွန်း (ခ)ဝင်းထွန်းကို လည်းကောင်း၊ ချောင်းသာမြို့၊ အမှတ် (၂) ရပ်ကွက်၊ မြပုလဲသွယ်လမ်း၌ အောင်မျိုးဝင်း (ခ) မင်းသားကြီးကိုလည်းကောင်း၊ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာအုပ်စု၊ မော်တော်ကုန်းကျေးရွာ၌ အာဆာ (ခ) ဝတုတ်ကိုလည်းကောင်း၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ ဘောဇဝတီဆန်ဆိုင်တွင် မူးယစ်ဆေးဝါးများ ထိန်းသိမ်းပေးသူ ဒိုရာစတီဗင်ကို လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဆက်လက်၍ နိုဝင်ဘာလ ၇ ရက်၊ မွန်းလွဲပိုင်းက ဆိပ်ကြီးခနောင်တိုဆိပ်ကမ်း၌ လွန်းတင်ထားသော မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုသည့် “MV ရွှေဝတီ”ကုန်တင်သင်္ဘော တစ်စီးအားလည်းကောင်း၊ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မူးယစ်ဆေးဝါးများအား ပုသိမ်မြို့မှ မလေးရှားနိုင်ငံသို့ ပို့ဆောင်ခိုင်းသူ “ဘောဇဝတီ” ဆန်လုပ်ငန်းနှင့် “ Utopia Future ” အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတို့အား ဟန်ပြလုပ်ကိုင်နေသော မောင်ငယ်ကိုလည်းကောင်း၊ နိုဝင်ဘာလ ၈ ရက ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့၊ အမှတ် (၂) ရပ်ကွက်၊ အင်ကြင်းလမ်း၌ မူးယစ်ဆေးဝါးပို့ဆောင်ရာတွင်ပါဝင်ခဲ့သူ လှေလုပ်သား အောင်စိုးလင်းနှင့် အောင်ကိုလင်းတို့ ညီအစ်ကို ၂ ဦးတို့ကိုလည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ “ဘောဇဝတီ”ဆန်ဆိုင်အနီးတွင် ထွန်းထွန်းလင်းအားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် မူးယစ်ဆေးဝါးများပို့ဆောင်ရန် စေခိုင်းသူ ကွင်းဆက်ကျူးလွန်သူ အားဝေ (ခ) ရှောက်ထန် (ခ) သန်းမောင် (ဖမ်းဆီးရန်ကျန်) ၏ အိမ်အမှတ် (၉/၄၇၀)၊ ရတနာလမ်းသွယ်(၈)၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အမေရိကန်နိုင်ငံထုတ် M-4,A-1 သေနတ် (၁) လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၅.၅၆ ကျည် ၂၆ တောင့်၊ အီတလီနိုင်ငံထုတ် BERETTA အမျိုးအစား ပစ္စတို (၁) လက်၊ ၎င်းကျည်အိမ် ၁ ခု၊ အမေရိကန်နိုင်ငံထုတ် SIG SAUER အမျိုးအစား ပစ္စတို (၁) လက်၊ ၎င်းကျည်အိမ် ၂ ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၁၆ ရက်တွင် ကျောင်းကုန်း မြို့နယ်၊ (၁) ရပ်ကွက်၊ ဌာနလမ်း၌ ဒိုရာမော့စ်နှင့် ပုသိမ်မြို့၊ (၃) ရပ်ကွက်၊ မြကျွန်းသာအိမ်ရာရှိ ရွှေမင်းသမီးဟိုတယ်၌ ပီတာဖိုးတို့ ကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖြစ်စဉ်တွင် အမျိုးသား ၂၄ ဦး၊ M-4,A-1 သေနတ်(၁)လက်၊ ပစ္စတို(၂)လက်၊ ကုန်တင်သင်္ဘော ၂ စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ တာချီလိတ်မြို့နေ အားဝေ(ခ)ရှောက်ထန် (ခ) သန်းမောင်(ဖမ်းဆီးရန်ကျန်)နှင့် ဝမ်ဟိုင်းကျေးရွာနေ တာကော (ဖမ်းဆီးရန်ကျန်) တို့မှ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသမှထွက်ရှိသည့် မူးယစ်ဆေးဝါးများအား ဆီဘောက်ဆာယာဉ်များတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရန် သီးသန့်ပြုလုပ်ထားသည့် လျှို့ဝှက်အကန့်များအတွင်း၌လည်းကောင်း၊ ကုန်တင်ယာဉ်များတွင် အခြားသောကုန်ပစ္စည်းများနှင့် ရောနှောပုံဖျက်၍လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ပုသိမ်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပုသိမ်မြို့ရှိ မောင်ငယ်ပိုင်ဆိုင်သည့် ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ်(၁၉)၌ ခေတ္တထိန်းသိမ်းသိုဝှက်၍ မောင်ငယ်နှင့် အဖွဲ့မှ မလေးရှားနိုင်ငံသို့လည်းကောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနှင့် အဖွဲ့မှ ရခိုင်ပြည်နယ်သို့လည်းကောင်း ပို့ဆောင်ရန် စီစဉ်လျက်ရှိစဉ် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရန်ကျန်သူများနှင့် ဆက်စပ်တရားခံများကို ဖမ်းဆီးဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကာ မူးယစ်ဆေးဝါးသယ်ဆောင်သည့်သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်သောကြောင့် သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
AA၏ ရခိုင္ႏွင့္မေလးရွားကို ပို႔ေဆာင္မည့္ က်ပ္ဘီလ်ံ (၁၂၀)တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္ က်ဴးလြန္သူ (၂၄)ဦးဖမ္းမိ
ေစာ(NP News)- ႏိုဝင္ဘာ ၁၉
AA၏ ရခိုင္ျပည္နယ္ႏွင့္ မေလးရွားႏိုင္ငံကို ပို႔ေဆာင္မည့္ က်ပ္ဘီလ်ံ (၁၂၀)တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္ က်ဴးလြန္သူ (၂၄)ဦး ဖမ္းမိခဲ့ၿပီး (၂)ဦး က်န္ရွိေသးေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ထံမွ သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အနာဂတ္မ်ိဳးဆက္သစ္လူငယ္မ်ားအပါအဝင္ လူသားမ်ိဳးႏြယ္စုတစ္ခုလုံးကို အႏၲရာယ္ျဖစ္ေစသည့္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေရာင္းခ်မႈမ်ားအား ထိေရာက္စြာ တားဆီးကာကြယ္တိုက္ဖ်က္ေရးကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ သတ္မွတ္၍ အရွိန္အဟုန္ျမင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ မူးယစ္ေဆးဝါးသယ္ေဆာင္ေလ့ရွိသည့္လမ္းေၾကာင္းမ်ား၌ စစ္ေဆးရွာေဖြေဖာ္ထုတ္ဖမ္းဆီးမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေနသကဲ့သို႔ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ပူးေပါင္း၍ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ပူးတြဲစစ္ဆင္ေရးမ်ားကို ေဆာင္႐ြက္ေနကာ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္သူမ်ားသည္ ပင္လယ္ေရေၾကာင္း၏ အားသာခ်က္ကို အသုံးခ်ကာ ေရလမ္းေၾကာင္းအား ေျပာင္းလဲအသုံးျပဳလာသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။
AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕အေနျဖင့္ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္မႈမ်ားကို ျပဳလုပ္ကာ ရရွိသည့္ေငြေၾကးမ်ားျဖင့္ လက္နက္၊ ခဲယမ္းမ်ားဝယ္ယူ၍ ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္လုပ္ငန္းမ်ားလုပ္ေဆာင္ျခင္း၊ လက္နက္အားကိုးျဖင့္ အျပစ္မဲ့ျပည္သူမ်ားအေပၚ အႏိုင္က်င့္ ႏွိပ္စက္သတ္ျဖတ္ျခင္းမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ သတင္းရယူေဖာ္ထုတ္ခ်က္မ်ားအရ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၅ ရက္၊ ညပိုင္းက ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕နယ္၊ (၁) ရပ္ကြက္၊ ဆင္အိုးဖိုရပ္၊ ကမ္းနားလမ္း၊ ဂိုေဒါင္အမွတ္ (၁၉) ၌ ေျမေအာက္ခန္းအတြင္း သိုဝွက္ထိန္းသိမ္းထားသည့္ ရခိုင္ျပည္နယ္ႏွင့္ မေလးရွားႏိုင္ငံသို႔ ပို႔ေဆာင္မည့္ အိုက္စ္ (ICE) မူးယစ္ေဆးဝါး ၄၀၀၀ ကီလိုဂရမ္၊ တန္ဖိုးေငြက်ပ္ ၁၂၀ ဘီလီယံခန႔္ႏွင့္အတူ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ ေထာက္ပံ့ေရးတာဝန္ခံ ခင္ထြန္းႏွင့္ ပုသိမ္ၿမိဳ႕၌ မူးယစ္ေဆးဝါးမ်ား ထိန္းသိမ္းေပးသူ လမင္းခန႔္တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ေဖာ္ျပထားသည္။
၎တို႔ႏွစ္ဦး၏ ေဖာ္ထုတ္ခ်က္အရ ႏိုဝင္ဘာလ ၆ ရက္၊ နံနက္ပိုင္းက ဆက္စပ္သူမ်ားကို ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ရန္ကုန္တိုင္းေဒသႀကီး၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ေဇာ္ဂ်ီလမ္းရွိ “ေ႐ႊလမင္း”ေဆး႐ုံ၌ ႏိုင္လင္းလည္းေကာင္း၊ ပုသိမ္ၿမိဳ႕နယ္၊ (၉) ရပ္ကြက္၊ ထင္းပုံဆိပ္ေက်း႐ြာ၌ ေဇာ္မင္းထြန္း (ခ) ညီပုလည္းေကာင္း၊ တနသၤာရီတိုင္းေဒသႀကီး၊ ကြၽန္းစုၿမိဳ႕နယ္၊ မအိုင္ေက်း႐ြာအုပ္စု၊ “ေကာင္းေကာင္း” ဂဏန္းေမြးျမဴေရးကန္အေရွ႕ေရျပင္၌ မူးယစ္ေဆးဝါးပို႔ေဆာင္ရာတြင္အသုံးျပဳသည့္ “MV ေ႐ႊလက္ဝါး” ကုန္တင္သေဘၤာ ၁ စီး ႏွင့္အတူ ေလွလုပ္သားမ်ားျဖစ္ၾကသည့္ ေမာင္စိုး (ပဲ့နင္း)၊ ခင္ဝင္း၊ ေအာင္ဆန္းဦး၊ ေအာင္ဇင္လတ္၊ ဝင္းႏိုင္၊ ေအာင္လင္း၊ ေက်ာ္မင္းလတ္၊ ဟိန္းမင္းသူ၊ ေက်ာ္ကိုကိုေထြး၊ သန္းထိုက္ဦးတို႔ကိုလည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ျပင္ အဆိုပါေန႔ ညေနပိုင္းက ေခ်ာင္းသာၿမိဳ႕၊ အမွတ္ (၃) ရပ္ကြက္၌ ဝင္းဝင္းထြန္း (ခ)ဝင္းထြန္းကို လည္းေကာင္း၊ ေခ်ာင္းသာၿမိဳ႕၊ အမွတ္ (၂) ရပ္ကြက္၊ ျမပုလဲသြယ္လမ္း၌ ေအာင္မ်ိဳးဝင္း (ခ) မင္းသားႀကီးကိုလည္းေကာင္း၊ ပုသိမ္ၿမိဳ႕နယ္၊ သလပ္ခြာေက်း႐ြာအုပ္စု၊ ေမာ္ေတာ္ကုန္းေက်း႐ြာ၌ အာဆာ (ခ) ဝတုတ္ကိုလည္းေကာင္း၊ ၿမိတ္ၿမိဳ႕၊ ေနာက္လယ္ရပ္ကြက္၊ ပိေတာက္ေ႐ႊဝါလမ္းရွိ ေဘာဇဝတီဆန္ဆိုင္တြင္ မူးယစ္ေဆးဝါးမ်ား ထိန္းသိမ္းေပးသူ ဒိုရာစတီဗင္ကို လည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ဆက္လက္၍ ႏိုဝင္ဘာလ ၇ ရက္၊ မြန္းလြဲပိုင္းက ဆိပ္ႀကီးခေနာင္တိုဆိပ္ကမ္း၌ လြန္းတင္ထားေသာ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ရာတြင္ အသုံးျပဳသည့္ “MV ေ႐ႊဝတီ”ကုန္တင္သေဘၤာ တစ္စီးအားလည္းေကာင္း၊ ညပိုင္းတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ မူးယစ္ေဆးဝါးမ်ားအား ပုသိမ္ၿမိဳ႕မွ မေလးရွားႏိုင္ငံသို႔ ပို႔ေဆာင္ခိုင္းသူ “ေဘာဇဝတီ” ဆန္လုပ္ငန္းႏွင့္ “ Utopia Future ” အိမ္ၿခံေျမေရာင္းဝယ္ေရးလုပ္ငန္းတို႔အား ဟန္ျပလုပ္ကိုင္ေနေသာ ေမာင္ငယ္ကိုလည္းေကာင္း၊ ႏိုဝင္ဘာလ ၈ ရက ညေနပိုင္းတြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ေ႐ႊေသာင္ယံၿမိဳ႕၊ အမွတ္ (၂) ရပ္ကြက္၊ အင္ၾကင္းလမ္း၌ မူးယစ္ေဆးဝါးပို႔ေဆာင္ရာတြင္ပါဝင္ခဲ့သူ ေလွလုပ္သား ေအာင္စိုးလင္းႏွင့္ ေအာင္ကိုလင္းတို႔ ညီအစ္ကို ၂ ဦးတို႔ကိုလည္းေကာင္း၊ ႏိုဝင္ဘာလ ၉ ရက္ေန႔ ညေနပိုင္းတြင္ ၿမိတ္ၿမိဳ႕၊ ေနာက္လယ္ရပ္ကြက္၊ ပိေတာက္ေ႐ႊဝါလမ္းရွိ “ေဘာဇဝတီ”ဆန္ဆိုင္အနီးတြင္ ထြန္းထြန္းလင္းအားလည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ သတင္းေဖာ္ထုတ္ခ်က္အရ ႏိုဝင္ဘာလ ၁၁ ရက္ေန႔ ေန႔လယ္ပိုင္းတြင္ မူးယစ္ေဆးဝါးမ်ားပို႔ေဆာင္ရန္ ေစခိုင္းသူ ကြင္းဆက္က်ဴးလြန္သူ အားေဝ (ခ) ေရွာက္ထန္ (ခ) သန္းေမာင္ (ဖမ္းဆီးရန္က်န္) ၏ အိမ္အမွတ္ (၉/၄၇၀)၊ ရတနာလမ္းသြယ္(၈)၊ ဝမ္ေကာင္းရပ္ကြက္၊ တာခ်ီလိတ္ၿမိဳ႕ေနအိမ္အား သြားေရာက္ရွာေဖြရာ ေနအိမ္အတြင္းမွ အေမရိကန္ႏိုင္ငံထုတ္ M-4,A-1 ေသနတ္ (၁) လက္၊ ၎က်ည္အိမ္ ၂ ခု၊ ၅.၅၆ က်ည္ ၂၆ ေတာင့္၊ အီတလီႏိုင္ငံထုတ္ BERETTA အမ်ိဳးအစား ပစၥတို (၁) လက္၊ ၎က်ည္အိမ္ ၁ ခု၊ အေမရိကန္ႏိုင္ငံထုတ္ SIG SAUER အမ်ိဳးအစား ပစၥတို (၁) လက္၊ ၎က်ည္အိမ္ ၂ ခု တို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုဝင္ဘာလ ၁၆ ရက္တြင္ ေက်ာင္းကုန္း ၿမိဳ႕နယ္၊ (၁) ရပ္ကြက္၊ ဌာနလမ္း၌ ဒိုရာေမာ့စ္ႏွင့္ ပုသိမ္ၿမိဳ႕၊ (၃) ရပ္ကြက္၊ ျမကြၽန္းသာအိမ္ရာရွိ ေ႐ႊမင္းသမီးဟိုတယ္၌ ပီတာဖိုးတို႔ ကို ထပ္မံဖမ္းဆီးရမိခဲ့သျဖင့္ ျဖစ္စဥ္တြင္ အမ်ိဳးသား ၂၄ ဦး၊ M-4,A-1 ေသနတ္(၁)လက္၊ ပစၥတို(၂)လက္၊ ကုန္တင္သေဘၤာ ၂ စီးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္မ်ားအရ တာခ်ီလိတ္ၿမိဳ႕ေန အားေဝ(ခ)ေရွာက္ထန္ (ခ) သန္းေမာင္(ဖမ္းဆီးရန္က်န္)ႏွင့္ ဝမ္ဟိုင္းေက်း႐ြာေန တာေကာ (ဖမ္းဆီးရန္က်န္) တို႔မွ လြိဳင္လင္ခ႐ိုင္၊ ေက်းသီးၿမိဳ႕နယ္၊ ဝမ္ဟိုင္းေဒသမွထြက္ရွိသည့္ မူးယစ္ေဆးဝါးမ်ားအား ဆီေဘာက္ဆာယာဥ္မ်ားတြင္ မူးယစ္ေဆးဝါးသယ္ေဆာင္ရန္ သီးသန႔္ျပဳလုပ္ထားသည့္ လွ်ိဳ႕ဝွက္အကန႔္မ်ားအတြင္း၌လည္းေကာင္း၊ ကုန္တင္ယာဥ္မ်ားတြင္ အျခားေသာကုန္ပစၥည္းမ်ားႏွင့္ ေရာေႏွာပုံဖ်က္၍လည္းေကာင္း နည္းလမ္းမ်ိဳးစုံျဖင့္ ပုသိမ္ၿမိဳ႕သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ပုသိမ္ၿမိဳ႕ရွိ ေမာင္ငယ္ပိုင္ဆိုင္သည့္ ကမ္းနားလမ္း၊ ဂိုေဒါင္အမွတ္(၁၉)၌ ေခတၱထိန္းသိမ္းသိုဝွက္၍ ေမာင္ငယ္ႏွင့္ အဖြဲ႕မွ မေလးရွားႏိုင္ငံသို႔လည္းေကာင္း၊ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕၏ ေထာက္ပံ့ေရးတာဝန္ခံ ခင္ထြန္းႏွင့္ အဖြဲ႕မွ ရခိုင္ျပည္နယ္သို႔လည္းေကာင္း ပို႔ေဆာင္ရန္ စီစဥ္လ်က္ရွိစဥ္ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိသူမ်ားကို ဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဖမ္းဆီးရန္က်န္သူမ်ားႏွင့္ ဆက္စပ္တရားခံမ်ားကို ဖမ္းဆီးေဖာ္ထုတ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိကာ မူးယစ္ေဆးဝါးသယ္ေဆာင္သည့္သတင္းမ်ား ရရွိပါက သက္ဆိုင္ရာသို႔ လွ်ိဳ႕ဝွက္စြာသတင္းေပးတိုင္ၾကားႏိုင္ေသာေၾကာင့္ သတင္းေပးသူႏွင့္ ပူးေပါင္းပါဝင္ဖမ္းဆီးေပးသူမ်ားအား ထိုက္တန္စြာ လွ်ိဳ႕ဝွက္၍ ဆုေငြမ်ားခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္က အသိေပးထုတ္ျပန္ထားသည္။