အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး ရုရှားနဲ့အီရန်တို့ကြား ဆွေးနွေးမှုတစ်ခုပြုလုပ်

 78

Pika (NP News) - နိုဝင်ဘာ ၁၉

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်ဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီကို ဖုန်းခေါ်ဆို ခဲ့ပြီး အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေကိုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဆယ်စုနှစ်များစွာကြာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် အမေရိကန်နိုင်ငံနဲ့ ငြိမ်းချမ်းတဲ့နျူကလီးယား သဘောတူညီချက်တစ်ရပ်ကို ရရှိဖို့လိုလားတယ်လို့ အီရန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီး နောက် ယခုလိုဖုန်းခေါ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်နိုင်ငံဟာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ကြိုးပမ်းမှုတွေအတွက် ၎င်းရဲ့နျူကလီးယား အစီအစဉ်ကို အသုံးချနေတယ်ဆိုပြီး အမေရိကန်နဲ့၎င်းရဲ့ဥရောပမိတ်ဖက်နိုင်ငံ‌တွေက ကာလရှည်ကြာစွပ်စွဲပြောဆို ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့နျူကလီးယားအစီအစဉ်တွေဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေ အတွက်သာဖြစ်တယ်လို့ အီရန်အစိုးရက အကြိမ်ကြိမ် ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အီရန်နဲ့ သဘောတူညီချက်တစ်ခုပြုလုပ်ဖို့အတွက် အမေရိကန်နိုင်ငံက ပြင်ဆင်ထားတယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အီရန်ဘက်က သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ အဆင်သင့်ရှိနေတယ်ဆိုမှသာ သဘောတူညီချက်တွေကို လုပ်ဆောင်သွား မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ႐ုရွားနဲ႔အီရန္တို႔ၾကား ေဆြးေႏြးမႈတစ္ခုျပဳလုပ္
Pika (NP News) - ႏိုဝင္ဘာ ၁၉
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္ဟာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီကို ဖုန္းေခၚဆို ခဲ့ၿပီး အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္တဲ့ေဆြးေႏြးမႈေတြကိုလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ဆယ္စုႏွစ္မ်ားစြာၾကာ အျငင္းပြားမႈေတြကို ေျဖရွင္းဖို႔အတြက္ အေမရိကန္ႏိုင္ငံနဲ႔ ၿငိမ္းခ်မ္းတဲ့န်ဴကလီးယား သေဘာတူညီခ်က္တစ္ရပ္ကို ရရွိဖို႔လိုလားတယ္လို႔ အီရန္အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ၿပီး ေနာက္ ယခုလိုဖုန္းေခၚမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အီရန္ႏိုင္ငံဟာ စစ္လက္နက္ပစၥည္း ထုတ္လုပ္ႏိုင္စြမ္းကို ျမႇင့္တင္ဖို႔ႀကိဳးပမ္းမႈေတြအတြက္ ၎ရဲ႕န်ဴကလီးယား အစီအစဥ္ကို အသုံးခ်ေနတယ္ဆိုၿပီး အေမရိကန္နဲ႔၎ရဲ႕ဥေရာပမိတ္ဖက္ႏိုင္ငံ‌ေတြက ကာလရွည္ၾကာစြပ္စြဲေျပာဆို ခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၎ရဲ႕န်ဴကလီးယားအစီအစဥ္ေတြဟာ ၿငိမ္းခ်မ္းတဲ့ရည္႐ြယ္ခ်က္ေတြ အတြက္သာျဖစ္တယ္လို႔ အီရန္အစိုးရက အႀကိမ္ႀကိမ္ ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ အီရန္နဲ႔ သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔အတြက္ အေမရိကန္ႏိုင္ငံက ျပင္ဆင္ထားတယ္လို႔ ၿပီးခဲ့တဲ့ေအာက္တိုဘာလမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း အီရန္ဘက္က သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ အဆင္သင့္ရွိေနတယ္ဆိုမွသာ သေဘာတူညီခ်က္ေတြကို လုပ္ေဆာင္သြား မယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.