Rafale တိုက်လေယာဉ်အစီးရေ(၁၀၀)ကို ယူကရိန်းက လက်ခံရရှိလိမ့်မယ်လို့ သမ္မတဇီလန်စကီးပြော

 131

Pika (NP News) - နိုဝင်ဘာ ၁၉

Rafale တိုက်လေယာဉ်အစီးရေ(၁၀၀) လက်ခံရရှိမယ့် သဘောတူညီချက်တစ်ရပ်ကို ပြင်သစ်နိုင်ငံနဲ့ လက်မှတ် ရေးထိုးခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားရဲ့ဆက်လက်ကျူးကျော် တိုက်ခိုက်မှုတွေကို တိုက်ဖျက်ဖို့အတွက် ယူကရိန်းစစ်တပ်ရဲ့ရေရှည်စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ ကြိုးပမ်း နေချိန်မှာပဲ ဇီလန်စကီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားရဲ့ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့သလို အရှေ့တောင်ပိုင်းဇာပိုရီုဇီရာဒေသမှာ ရုရှားရဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ သိသိသာသာမြင့်တက်လာခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာချိန်မှာပဲ ဇီလန်စကီးဟာ ပြင်သစ်သမ္မတမက်ခရွန်နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ပဲရစ်မြို့ကို သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
မက်ခရွန်နဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် Rafale တိုက်လေယာဉ်အစီးရေ(၁၀၀)ကို မှာယူခဲ့တဲ့အကြောင်း ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ အဲဒီအရေအတွက်ကို ပြင်သစ်အစိုးရက အတည်ပြုခဲ့ပေမယ့် လည်း ပြင်သစ်စတော့ရှယ်ယာတွေကနေ လွှဲပြောင်းမှုတွေ ဒါမှမဟုတ် ဝယ်ယူမှုဖြစ်/မဖြစ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
ဇီလန်စကီးက “Rafale တိုက်လေယာဉ်အစီးရေ(၁၀၀) လက်ခံရရှိမယ့် သဘောတူညီချက်တစ်ရပ်ကို မက်ခရွန်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်က ကျွန်တော်တို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လေကြောင်း ကာကွယ်ရေးနဲ့ အခြားကာကွယ်ရေးစွမ်းရည်တွေကို သိသိသာသာအားကောင်းလာစေပါလိမ့်မယ်” လို့ ပြောခဲ့ပါ တယ်။

Zawgyi Version:
Rafale တိုက္ေလယာဥ္အစီးေရ(၁၀၀)ကို ယူကရိန္းက လက္ခံရရွိလိမ့္မယ္လို႔ သမၼတဇီလန္စကီးေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၉
Rafale တိုက္ေလယာဥ္အစီးေရ(၁၀၀) လက္ခံရရွိမယ့္ သေဘာတူညီခ်က္တစ္ရပ္ကို ျပင္သစ္ႏိုင္ငံနဲ႔ လက္မွတ္ ေရးထိုးခဲ့တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားရဲ႕ဆက္လက္က်ဴးေက်ာ္ တိုက္ခိုက္မႈေတြကို တိုက္ဖ်က္ဖို႔အတြက္ ယူကရိန္းစစ္တပ္ရဲ႕ေရရွည္စြမ္းေဆာင္ရည္ေတြကို ျမႇင့္တင္ဖို႔ ႀကိဳးပမ္း ေနခ်ိန္မွာပဲ ဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ယူကရိန္းကို ႐ုရွားရဲ႕ဒုံးက်ည္နဲ႔တိုက္ခိုက္မႈေတြ ျမင့္တက္လာခဲ့သလို အေရွ႕ေတာင္ပိုင္းဇာပို႐ီုဇီရာေဒသမွာ ႐ုရွားရဲ႕ ေျမျပင္ထိုးစစ္ဆင္မႈေတြ သိသိသာသာျမင့္တက္လာခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလာခ်ိန္မွာပဲ ဇီလန္စကီးဟာ ျပင္သစ္သမၼတမက္ခ႐ြန္နဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ပဲရစ္ၿမိဳ႕ကို သြားေရာက္လည္ပတ္ခဲ့တာျဖစ္ပါတယ္။
မက္ခ႐ြန္နဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ Rafale တိုက္ေလယာဥ္အစီးေရ(၁၀၀)ကို မွာယူခဲ့တဲ့အေၾကာင္း ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ အဲဒီအေရအတြက္ကို ျပင္သစ္အစိုးရက အတည္ျပဳခဲ့ေပမယ့္ လည္း ျပင္သစ္စေတာ့ရွယ္ယာေတြကေန လႊဲေျပာင္းမႈေတြ ဒါမွမဟုတ္ ဝယ္ယူမႈျဖစ္/မျဖစ္ဆိုတဲ့ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။
ဇီလန္စကီးက “Rafale တိုက္ေလယာဥ္အစီးေရ(၁၀၀) လက္ခံရရွိမယ့္ သေဘာတူညီခ်က္တစ္ရပ္ကို မက္ခ႐ြန္နဲ႔ လက္မွတ္ေရးထိုးခဲ့ပါတယ္။ ဒီသေဘာတူညီခ်က္က ကြၽန္ေတာ္တို႔ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြ၊ ေလေၾကာင္း ကာကြယ္ေရးနဲ႔ အျခားကာကြယ္ေရးစြမ္းရည္ေတြကို သိသိသာသာအားေကာင္းလာေစပါလိမ့္မယ္” လို႔ ေျပာခဲ့ပါ တယ္။

Related news

© 2021. All rights reserved.