အမေရိကန်သည် ကျားဖျန့်တိုက်ဖျက်ရေးထက် နက်နဲသော လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုရှိနေနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

359

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၉
အမေရိကန်သည် ကျားဖျန့်တိုက်ဖျက်ရေးထက် နက်နဲသော လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုရှိနေနိုင်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(နိုဝင်ဘာ ၁၈ရက်)က မြဝတီဒေသတွင် ပြုလုပ်နေသော Online လိမ်လည်လောင်းကစားမှု တိုက်ဖျက် ချေမှုန်းနေမှုများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မီဒီယာများသို့ ပြောကြားစဉ်အထက်ပါကဲ့သို့ ထည့်သွင်း ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Online လိမ်လည်မှုများကို ကာကွယ်ရန် အမေရိကန်နိုင်ငံသည် District of Columbia Scam Center Strike Force ကို ဖွဲ့စည်းခဲ့သည်ကို နိုဝင်ဘာ ၁၂ရက်နေ့စွဲဖြင့်ကြေညာခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အဆိုပါ ထုတ်ပြန်ချက်သည် အရှေ့တောင်အာရှနိုင်ငံများကို အခြေပြုကာ cryptocurrency အပါအဝင် ဆိုက်ဘာလိမ်လည်မှုများမှ အမေရိကန်နိုင်ငံကို ကာကွယ်ရန် ဖွဲ့စည်းကြောင်းကြေညာခဲ့သော်လည်း ထူးခြားသည့် အသုံးအနှုန်းများပါဝင်လာခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
“ဒီထဲမှာ ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါမှာ အရှေ့တောင်အာရှနိုင်ငံတွေကို အခြေပြုပြီးတော့ cryptocurrency နဲ့အပါအဝင် ဆိုက်ဘာလိမ်လည်မှုတွေကို အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ဆိုပြီး ဖွဲ့စည်းကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ ထူးထူးခြားခြား အသုံးအနှုန်းလေးတွေ ပါတာကို ကျွန်တော်ပြောပြချင်ပါတယ်။ ထူးထူးခြားခြားအသုံးအနှုန်းလေးတွေက တတိယအပိုဒ်လောက်မှာ တရုတ်နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများ (TCOs) တွေက cryptocurrency ရင်းနှီးမြှုပ်နှံမှု၊ လိမ်လည်မှုများနှင့် ယုံကြည်မှု၊ လိမ်လည်မှုအမျိုးမျိုးကို အသုံးပြုပြီး နေ့စဉ် အမေရိကန်များ၏ စုဆောင်းငွေများ၊ အသက်များကို ခိုးယူလျက်ရှိသည်ဆိုပြီး ပါတာတွေ့ရပါတယ်။ နောက်တစ်ပိုဒ်မှာတော့ လိမ်လည်မှုစင်တာတွေဟာ အမေရိကန်မှ တရုတ်ရာဇဝတ်ဂိမ်းများ၏ အိတ်ကပ်ထဲသို့ မျိုးဆက်တစ်ခုပြီးတစ်ခု ချမ်းသာကြွယ်ဝမှုရှိအောင် ဖန်တီးနေတယ်ဆိုပြီး စွပ်စွဲထားတာမျိုးလည်း တွေ့ရပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖွဲ့စည်းခဲ့သော Strike Force Burma အဖွဲ့သည် မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာ(၂) ခုကို စစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်၏ ကြေညာချက်တွင် ပါရှိသော်လည်း မသိရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။’
“ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force Burma အဖွဲ့သည် မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာနှစ်ခုကို စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်ဆိုပြီးလည်း ပါတာတွေ့ရပါတယ်။ သူတို့ စစ်ဆင်ရေး ဘယ်လိုလုပ်ခဲ့လဲ၊ မလုပ်ခဲ့လဲဆိုတာတော့ ကျွန်တော်တို့ လည်း မသိပါဘူး။ မြေပြင်မှာလည်း တွေ့ရတာတော့မရှိပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ KK Park ကဲ့သို့သော လိမ်လည်မှုနေရာများကို တိုက်ဖျက်ရန်အတွက် Royal Thai Police War Room Task Force နဲ့ အတူပူးပေါင်းဆောင်ရွက်ရန် ဗန်ကောက်ကို FBI agent များ စေလွှတ်ခဲ့သည်ဆိုတာလည်း ပါပါတယ်။ ဒါဟာ သူတို့ထုတ်ပြန်တဲ့ နှစ်မျက်နှာလောက်ရှိတဲ့ ထုတ်ပြန်ချက်ထဲက ကျွန်တော်တို့ ထုတ်နုတ် ပြီးပြောတာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
အထက်ပါအကြောင်းအရင်းများကြောင့် အမေရိကန်အနေဖြင့် Online လိမ်လည်မှု၊ Online လောင်းကစားမှုတိုက်ဖျက်ရေးအပြင် နက်နဲသော လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုရှိနေနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သုံးသပ်ပြောကြားခဲ့သည်။
“ဒီနိုင်ငံအနေနဲ့ ခုနကပြောတဲ့ Online လိမ်လည်မှု၊ Online လောင်းကစားမှုတိုက်ဖျက် ရေးဆိုတာထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုရှိနေနိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်ရရှိပါတယ်။ ကျွန်တော် တို့အနေနဲ့ကတော့ အရှေ့မြောက်ဒေသ လောက်ကိုင်ဒေသမှာ Online လောင်းကစားမှုတွေ၊ Online လိမ်လည်မှုတွေကို စသိခဲ့တဲ့အတိုင်း တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု Task Force ကို ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ အခုထိလည်း ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ ပြီးရင်တော့ ကရင်ပြည်နယ်၊ မြဝတီဒေသ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Trilateral Cooperation) ဖွဲ့စည်းပြီး ဆောင်ရွက် လျက် ရှိပါတယ်။ အခုထိလည်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ကျင်းပခဲ့သော တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်တို့ပါဝင်သော (၆)နိုင်ငံ Online လိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးအစည်းအဝေးကို မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK Park နေရာမှ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၁၅ရက်က ပြောကြားခဲ့ဖူးသည်။
ထို့ကြောင့် Online လိမ်လည်မှု၊ လောင်းကစားမှုတွေကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် အမြစ်ပြတ်ချေမှုန်း သုတ်သင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး၊ မီဒီယာများအားလုံးအနေနဲ့ ဒီ Online လိမ်လည်မှုတွေ၊ Online လောင်းကစားမှုတွေ နဲ့ပတ်သက်ပြီး သတင်းရရှိလာရင် သက်ဆိုင်ရာကို သတင်းပေးကြပါ။ ပူးပေါင်းဆောင်ရွက်သွားကြပါ။ ကျွန်တော်တို့မြန်မာနိုင်ငံ အစိုးရအနေနဲ့လည်း ခြောက်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီ Online လိမ်လည်မှု၊ လောင်းကစားမှုတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းသွားအောင် အမြစ်ပြတ်ချေမှုန်းသုတ်သင်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

Zawgyi Version:
အေမရိကန္သည္ က်ားဖ်န႔္တိုက္ဖ်က္ေရးထက္ နက္နဲေသာ လွ်ိဳ႕ဝွက္ရည္႐ြယ္ခ်က္ တစ္ခုရွိေနႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၁၉
အေမရိကန္သည္ က်ားဖ်န႔္တိုက္ဖ်က္ေရးထက္ နက္နဲေသာ လွ်ိဳ႕ဝွက္ရည္႐ြယ္ခ်က္ တစ္ခုရွိေနႏိုင္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သုံးသပ္ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ႏိုဝင္ဘာ ၁၈ရက္)က ျမဝတီေဒသတြင္ ျပဳလုပ္ေနေသာ Online လိမ္လည္ေလာင္းကစားမႈ တိုက္ဖ်က္ ေခ်မႈန္းေနမႈမ်ား၊ ႏိုင္ငံတကာႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနမႈမ်ားႏွင့္ပတ္သက္၍ မီဒီယာမ်ားသို႔ ေျပာၾကားစဥ္အထက္ပါကဲ့သို႔ ထည့္သြင္း ေျပာ ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Online လိမ္လည္မႈမ်ားကို ကာကြယ္ရန္ အေမရိကန္ႏိုင္ငံသည္ District of Columbia Scam Center Strike Force ကို ဖြဲ႕စည္းခဲ့သည္ကို ႏိုဝင္ဘာ ၁၂ရက္ေန႔စြဲျဖင့္ေၾကညာခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
အဆိုပါ ထုတ္ျပန္ခ်က္သည္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားကို အေျချပဳကာ cryptocurrency အပါအဝင္ ဆိုက္ဘာလိမ္လည္မႈမ်ားမွ အေမရိကန္ႏိုင္ငံကို ကာကြယ္ရန္ ဖြဲ႕စည္းေၾကာင္းေၾကညာခဲ့ေသာ္လည္း ထူးျခားသည့္ အသုံးအႏႈန္းမ်ားပါဝင္လာခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုသည္။
“ဒီထဲမွာ ကြၽန္ေတာ္တို႔ ေလ့လာၾကည့္တဲ့အခါမွာ အေရွ႕ေတာင္အာရွႏိုင္ငံေတြကို အေျချပဳၿပီးေတာ့ cryptocurrency နဲ႔အပါအဝင္ ဆိုက္ဘာလိမ္လည္မႈေတြကို အေမရိကန္ႏိုင္ငံကို ကာကြယ္ဖို႔ဆိုၿပီး ဖြဲ႕စည္းေၾကာင္းေၾကညာခဲ့တာျဖစ္ပါတယ္။ ဒီထဲမွာ ထူးထူးျခားျခား အသုံးအႏႈန္းေလးေတြ ပါတာကို ကြၽန္ေတာ္ေျပာျပခ်င္ပါတယ္။ ထူးထူးျခားျခားအသုံးအႏႈန္းေလးေတြက တတိယအပိုဒ္ေလာက္မွာ တ႐ုတ္ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္အဖြဲ႕အစည္းမ်ား (TCOs) ေတြက cryptocurrency ရင္းႏွီးျမႇဳပ္ႏွံမႈ၊ လိမ္လည္မႈမ်ားႏွင့္ ယုံၾကည္မႈ၊ လိမ္လည္မႈအမ်ိဳးမ်ိဳးကို အသုံးျပဳၿပီး ေန႔စဥ္ အေမရိကန္မ်ား၏ စုေဆာင္းေငြမ်ား၊ အသက္မ်ားကို ခိုးယူလ်က္ရွိသည္ဆိုၿပီး ပါတာေတြ႕ရပါတယ္။ ေနာက္တစ္ပိုဒ္မွာေတာ့ လိမ္လည္မႈစင္တာေတြဟာ အေမရိကန္မွ တ႐ုတ္ရာဇဝတ္ဂိမ္းမ်ား၏ အိတ္ကပ္ထဲသို႔ မ်ိဳးဆက္တစ္ခုၿပီးတစ္ခု ခ်မ္းသာႂကြယ္ဝမႈရွိေအာင္ ဖန္တီးေနတယ္ဆိုၿပီး စြပ္စြဲထားတာမ်ိဳးလည္း ေတြ႕ရပါတယ္”ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ ဖြဲ႕စည္းခဲ့ေသာ Strike Force Burma အဖြဲ႕သည္ ျမန္မာႏိုင္ငံရွိ လိမ္လည္မႈစင္တာ(၂) ခုကို စစ္ဆင္ေရးမ်ား ျပဳလုပ္ခဲ့ေၾကာင္း အေမရိကန္၏ ေၾကညာခ်က္တြင္ ပါရွိေသာ္လည္း မသိရွိခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။’
“ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး Strike Force Burma အဖြဲ႕သည္ ျမန္မာႏိုင္ငံရွိ လိမ္လည္မႈစင္တာႏွစ္ခုကို စစ္ဆင္ေရးမ်ား ျပဳလုပ္ခဲ့သည္ဆိုၿပီးလည္း ပါတာေတြ႕ရပါတယ္။ သူတို႔ စစ္ဆင္ေရး ဘယ္လိုလုပ္ခဲ့လဲ၊ မလုပ္ခဲ့လဲဆိုတာေတာ့ ကြၽန္ေတာ္တို႔ လည္း မသိပါဘူး။ ေျမျပင္မွာလည္း ေတြ႕ရတာေတာ့မရွိပါဘူး။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာရွိတဲ့ KK Park ကဲ့သို႔ေသာ လိမ္လည္မႈေနရာမ်ားကို တိုက္ဖ်က္ရန္အတြက္ Royal Thai Police War Room Task Force နဲ႔ အတူပူးေပါင္းေဆာင္႐ြက္ရန္ ဗန္ေကာက္ကို FBI agent မ်ား ေစလႊတ္ခဲ့သည္ဆိုတာလည္း ပါပါတယ္။ ဒါဟာ သူတို႔ထုတ္ျပန္တဲ့ ႏွစ္မ်က္ႏွာေလာက္ရွိတဲ့ ထုတ္ျပန္ခ်က္ထဲက ကြၽန္ေတာ္တို႔ ထုတ္ႏုတ္ ၿပီးေျပာတာ ျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
အထက္ပါအေၾကာင္းအရင္းမ်ားေၾကာင့္ အေမရိကန္အေနျဖင့္ Online လိမ္လည္မႈ၊ Online ေလာင္းကစားမႈတိုက္ဖ်က္ေရးအျပင္ နက္နဲေသာ လွ်ိဳ႕ဝွက္ရည္႐ြယ္ခ်က္ တစ္ခုရွိေနႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သုံးသပ္ေျပာၾကားခဲ့သည္။
“ဒီႏိုင္ငံအေနနဲ႔ ခုနကေျပာတဲ့ Online လိမ္လည္မႈ၊ Online ေလာင္းကစားမႈတိုက္ဖ်က္ ေရးဆိုတာထက္ Hidden Agenda နက္နဲတဲ့ လွ်ိဳ႕ဝွက္ရည္႐ြယ္ခ်က္ တစ္ခုရွိေနႏိုင္တယ္လို႔ ကြၽန္ေတာ္တို႔ သုံးသပ္ရရွိပါတယ္။ ကြၽန္ေတာ္ တို႔အေနနဲ႔ကေတာ့ အေရွ႕ေျမာက္ေဒသ ေလာက္ကိုင္ေဒသမွာ Online ေလာင္းကစားမႈေတြ၊ Online လိမ္လည္မႈေတြကို စသိခဲ့တဲ့အတိုင္း တ႐ုတ္-ျမန္မာပူးေပါင္းေဆာင္႐ြက္မႈ Task Force ကို ဖြဲ႕စည္းၿပီး ျဖစ္ပါတယ္။ အခုထိလည္း ကြၽန္ေတာ္တို႔ ဆက္လက္လုပ္ေဆာင္လ်က္ရွိပါတယ္။ ၿပီးရင္ေတာ့ ကရင္ျပည္နယ္၊ ျမဝတီေဒသ ျမန္မာ-ထိုင္း-တ႐ုတ္ သုံးႏိုင္ငံ သုံးပြင့္ဆိုင္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (Trilateral Cooperation) ဖြဲ႕စည္းၿပီး ေဆာင္႐ြက္ လ်က္ ရွိပါတယ္။ အခုထိလည္း ေဆာင္႐ြက္လ်က္ရွိပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၄ ရက္က တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕၌က်င္းပခဲ့ေသာ တ႐ုတ္-ျမန္မာ-ထိုင္း-ကေမာၻဒီးယား-လာအိုႏွင့္ ဗီယက္နမ္တို႔ပါဝင္ေသာ (၆)ႏိုင္ငံ Online လိမ္လည္မႈ ပူးေပါင္းတိုက္ဖ်က္ေရးအစည္းအေဝးကို ျမန္မာႏိုင္ငံ၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ေက်ာ္ေက်ာ္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္ကာ ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာ-ထိုင္းနယ္စပ္အနီးရွိ KK Park ေနရာမွ အြန္လိုင္းေငြေၾကးလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ားကို အမ်ိဳးသား ေရးတာဝန္တစ္ရပ္အျဖစ္ အၿပီးျပတ္ရွင္းလင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုဝင္ဘာ ၁၅ရက္က ေျပာၾကားခဲ့ဖူးသည္။
ထို႔ေၾကာင့္ Online လိမ္လည္မႈ၊ ေလာင္းကစားမႈေတြကို ျမန္မာ့ေျမေပၚမွ အၿပီးတိုင္ခ်ဳပ္ၿငိမ္းရန္အတြက္ အျမစ္ျပတ္ေခ်မႈန္း သုတ္သင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံသူႏိုင္ငံသားအားလုံး၊ မီဒီယာမ်ားအားလုံးအေနနဲ႔ ဒီ Online လိမ္လည္မႈေတြ၊ Online ေလာင္းကစားမႈေတြ နဲ႔ပတ္သက္ၿပီး သတင္းရရွိလာရင္ သက္ဆိုင္ရာကို သတင္းေပးၾကပါ။ ပူးေပါင္းေဆာင္႐ြက္သြားၾကပါ။ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံ အစိုးရအေနနဲ႔လည္း ေျခာက္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ေတြ၊ ေဒသတြင္းအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီး ဒီ Online လိမ္လည္မႈ၊ ေလာင္းကစားမႈေတြကို ျမန္မာ့ေျမေပၚကေန အၿပီးတိုင္ခ်ဳပ္ၿငိမ္းသြားေအာင္ အျမစ္ျပတ္ေခ်မႈန္းသုတ္သင္သြားမွာျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။