ဘက်ထရီလျှပ်စစ်စက်ခေါင်းများ ဖြင့် မန္တလေး - နေပြည်တော် ရထားခရီးစဉ်ကို နိုဝင်ဘာ ၂၂ ရက်မှစတင် ပြေးဆွဲမည်

 289

ပြည့်ဖြိုး(NP News) နိုဝင်ဘာ ၁၉

ဘက်ထရီလျှပ်စစ်စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် လာမည့် နိုဝင်ဘာ ၂၂ ရက်နေ့မှ စတင်ကာ မန္တလေး - နေပြည်တော် ရထား ခရီးစဉ်များကို စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရသည်။
လက်ရှိတွင် အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေးနှင့် အမှတ်(၂၈) အစုန် မန္တလေး-နေပြည်တော် ခရီးစဉ်၌ RBE ရထားများဖြင့် ပြေးဆွဲလျက်ရှိပြီး ဘက်ထရီလျှပ်စစ်စက်ခေါင်းများအသုံးပြုကာ ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် ပြောင်းလဲပြီး ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။
အဆိုပါ ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် အမှတ်(၂၇)အဆန် ခေတ်မီလေအေးပေးစက်ပါ လေအိတ် ရထားသည် နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင်စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မှာဖြစ်သည့်အပြင် အမှတ်(၂၈)အစုန် ခေတ်မီလေအေးပေးစက်ပါလေအိတ်ရထားသည် မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး နေပြည်တော်ဘူတာသို့ နံနက် ၁၁ နာရီတွင် ဆိုက်ရောက်မှာ ဖြစ်ကြောင်း သိရသည်။
မန္တလေးမှ ရန်ကုန်သို့ ဆက်လက်လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာမည့် အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားဖြင့် ဆက်လက်လိုက်ပါနိုင်ပြီး ရန်ကုန်သို့ ညနေ ၅ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းနှင့် ထို့အတူ ရန်ကုန်မှ နံနက် ၆ နာရီတွင် ထွက်ခွာမည့် အမှတ်(၃၁)အဆန် ခေတ်မီ DEMU ရထားဖြင့် လိုက်ပါလာသည့် ခရီးသည်များအနေဖြင့် မန္တလေးသို့ ဆက်လက် လိုက်ပါလိုပါက အထက်ပါ ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် ရထားတွင် ချိတ်ဆက် စီးနင်းနိုင်ကြောင်း သိရသည်။
ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ရထားများဖြင့် နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ်ပြေးဆွဲမည့် လေအိတ်ရထားတွဲဆိုင်းမှာ ရိုးရိုးတန်း လေအိတ် လူစီးတွဲ နှစ်တွဲ၊ လေအေးပေးစက်ပါ အထက်တန်း လေအိတ်လူစီးတွဲ နှစ်တွဲနှင့် လေအိတ် ဘရိတ်တွဲတစ်တွဲ စုစုပေါင်းတွဲ ငါးတွဲဖြင့် ခရီးသည် ၂၃၈ ဦး လိုက်ပါစီးနင်းနိုင်မည်ဟုသိရသည်။
နေပြည်တော်-မန္တလေးခရီးစဉ် တစ်လျှောက်တွင် ရပ်တန့်မည့် ဘူတာများအနေဖြင့် တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်နှင့် ကျောက်ဆည်စသည့် ဘူတာ လေးခု၌သာ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ခရီးစဉ်အစအဆုံးပြေးဆွဲချိန် ၅ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရသည်။
လက်မှတ်ခနှုန်းထားအနေဖြင့် မန္တလေး-နေပြည်တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးတန်း ငွေကျပ် ၁၅,၀၀၀ ၊ အထက်တန်းငွေကျပ် ၂၀,၀၀၀ ဖြစ်ပြီး လက်မှတ်များကို မိမိတို့သွားရောက်လိုသည့် ခရီးစဉ်များအတိုင်း ၅ ရက်ကြိုတင်၍ တယ်လီဖုန်းဖြင့် ကြိုတင်မှာယူနိုင်ပြီး၊ MMQR စနစ် ဖြင့် အွန်လိုင်းမှ ငွေပေးချေ၍ လည်းကောင်း၊ သက်ဆိုင်ရာဘူတာများတွင် အထက်တန်းလက်မှတ်ကို ၃ ရက်နှင့် ရိုးရိုးတန်း လက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူရရှိနိုင်တယ်လို့လည်း မြန်မာ့မီးရထားမှ သိရသည်။

Zawgyi Version:
ဘက္ထရီလွ်ပ္စစ္စက္ေခါင္းမ်ား ျဖင့္ မႏၲေလး - ေနျပည္ေတာ္ ရထားခရီးစဥ္ကို ႏိုဝင္ဘာ ၂၂ ရက္မွစတင္ ေျပးဆြဲမည္
ျပည့္ၿဖိဳး(NP News) ႏိုဝင္ဘာ ၁၉

ဘက္ထရီလွ်ပ္စစ္စက္ေခါင္းမ်ားအသုံးျပဳၿပီး ေခတ္မီေလေအးေပးစက္ပါ ေလအိတ္တြဲဆိုင္းမ်ားျဖင့္ လာမည့္ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွ စတင္ကာ မႏၲေလး - ေနျပည္ေတာ္ ရထား ခရီးစဥ္မ်ားကို စတင္ေျပးဆြဲေပးမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့မီးရထားမွ သိရသည္။
လက္ရွိတြင္ အမွတ္(၂၇)အဆန္ ေနျပည္ေတာ္-မႏၲေလးႏွင့္ အမွတ္(၂၈) အစုန္ မႏၲေလး-ေနျပည္ေတာ္ ခရီးစဥ္၌ RBE ရထားမ်ားျဖင့္ ေျပးဆြဲလ်က္ရွိၿပီး ဘက္ထရီလွ်ပ္စစ္စက္ေခါင္းမ်ားအသုံးျပဳကာ ေခတ္မီေလေအးေပးစက္ပါ ေလအိတ္တြဲဆိုင္းမ်ားျဖင့္ ေျပာင္းလဲၿပီး ဝန္ေဆာင္မႈေပးသြားမည္ျဖစ္သည္။
အဆိုပါ ဘက္ထရီလွ်ပ္စစ္စက္ေခါင္းျဖင့္ ေျပးဆြဲမည့္ အမွတ္(၂၇)အဆန္ ေခတ္မီေလေအးေပးစက္ပါ ေလအိတ္ ရထားသည္ ေနျပည္ေတာ္ဘူတာမွ မြန္းတည့္ ၁၂ နာရီတြင္စတင္ထြက္ခြာ၍ မႏၲေလးဘူတာသို႔ ညေန ၅ နာရီတြင္ ဆိုက္ေရာက္မွာျဖစ္သည့္အျပင္ အမွတ္(၂၈)အစုန္ ေခတ္မီေလေအးေပးစက္ပါေလအိတ္ရထားသည္ မႏၲေလးဘူတာမွ နံနက္ ၆ နာရီတြင္ စတင္ထြက္ခြာၿပီး ေနျပည္ေတာ္ဘူတာသို႔ နံနက္ ၁၁ နာရီတြင္ ဆိုက္ေရာက္မွာ ျဖစ္ေၾကာင္း သိရသည္။
မႏၲေလးမွ ရန္ကုန္သို႔ ဆက္လက္လိုက္ပါလိုသည့္ ခရီးသည္မ်ားအေနျဖင့္ ေနျပည္ေတာ္ဘူတာမွ မြန္းတည့္ ၁၂ နာရီတြင္ စတင္ထြက္ခြာမည့္ အမွတ္(၈)အစုန္ ေခတ္မီ DEMU ရထားျဖင့္ ဆက္လက္လိုက္ပါႏိုင္ၿပီး ရန္ကုန္သို႔ ညေန ၅ နာရီခြဲတြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္းႏွင့္ ထို႔အတူ ရန္ကုန္မွ နံနက္ ၆ နာရီတြင္ ထြက္ခြာမည့္ အမွတ္(၃၁)အဆန္ ေခတ္မီ DEMU ရထားျဖင့္ လိုက္ပါလာသည့္ ခရီးသည္မ်ားအေနျဖင့္ မႏၲေလးသို႔ ဆက္လက္ လိုက္ပါလိုပါက အထက္ပါ ဘက္ထရီလွ်ပ္စစ္စက္ေခါင္းျဖင့္ ေျပးဆြဲမည့္ ရထားတြင္ ခ်ိတ္ဆက္ စီးနင္းႏိုင္ေၾကာင္း သိရသည္။
ဘက္ထရီလွ်ပ္စစ္စက္ေခါင္းျဖင့္ ရထားမ်ားျဖင့္ ေနျပည္ေတာ္-မႏၲေလး-ေနျပည္ေတာ္ ခရီးစဥ္ေျပးဆြဲမည့္ ေလအိတ္ရထားတြဲဆိုင္းမွာ ႐ိုး႐ိုးတန္း ေလအိတ္ လူစီးတြဲ ႏွစ္တြဲ၊ ေလေအးေပးစက္ပါ အထက္တန္း ေလအိတ္လူစီးတြဲ ႏွစ္တြဲႏွင့္ ေလအိတ္ ဘရိတ္တြဲတစ္တြဲ စုစုေပါင္းတြဲ ငါးတြဲျဖင့္ ခရီးသည္ ၂၃၈ ဦး လိုက္ပါစီးနင္းႏိုင္မည္ဟုသိရသည္။
ေနျပည္ေတာ္-မႏၲေလးခရီးစဥ္ တစ္ေလွ်ာက္တြင္ ရပ္တန႔္မည့္ ဘူတာမ်ားအေနျဖင့္ တပ္ကုန္း၊ ေပ်ာ္ဘြယ္၊ သာစည္ႏွင့္ ေက်ာက္ဆည္စသည့္ ဘူတာ ေလးခု၌သာ ရပ္တန႔္ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ ဘူတာမ်ားတြင္ ရပ္တန႔္ခ်ိန္အပါအဝင္ ခရီးစဥ္အစအဆုံးေျပးဆြဲခ်ိန္ ၅ နာရီသာ ၾကာျမင့္မည္ျဖစ္ေၾကာင္းလည္း သိရသည္။
လက္မွတ္ခႏႈန္းထားအေနျဖင့္ မႏၲေလး-ေနျပည္ေတာ္၊ ေနျပည္ေတာ္-မႏၲေလး ခရီးစဥ္အတြက္ ႐ိုး႐ိုးတန္း ေငြက်ပ္ ၁၅,၀၀၀ ၊ အထက္တန္းေငြက်ပ္ ၂၀,၀၀၀ ျဖစ္ၿပီး လက္မွတ္မ်ားကို မိမိတို႔သြားေရာက္လိုသည့္ ခရီးစဥ္မ်ားအတိုင္း ၅ ရက္ႀကိဳတင္၍ တယ္လီဖုန္းျဖင့္ ႀကိဳတင္မွာယူႏိုင္ၿပီး၊ MMQR စနစ္ ျဖင့္ အြန္လိုင္းမွ ေငြေပးေခ်၍ လည္းေကာင္း၊ သက္ဆိုင္ရာဘူတာမ်ားတြင္ အထက္တန္းလက္မွတ္ကို ၃ ရက္ႏွင့္ ႐ိုး႐ိုးတန္း လက္မွတ္အား တစ္ရက္ႀကိဳတင္၍လည္းေကာင္း ဝယ္ယူရရွိႏိုင္တယ္လို႔လည္း ျမန္မာ့မီးရထားမွ သိရသည္။

Related news

© 2021. All rights reserved.