စပိန်နိုင်ငံတွင်ရောင်းချသည့် အမေရိကန်ဒေါ်လာ(၁၁,၀ဝဝ) တန်ဖိုးရှိ ကမ္ဘာ့ဈေးအကြီးဆုံး ဟမ်ဘာဂါ

 2320

Pika (NP News) - နိုဝင်ဘာလ ၁၉
စပိန်နိုင်ငံ Asador Aupa စားသောက်ဆိုင်တွင် ကမ္ဘာ့ဈေးအကြီးဆုံးနှင့် အကန့်အသတ်ဖြင့်သာရနိုင်သော ဟမ်ဘာဂါကို ရောင်းချလျက်ရှိပြီး ဟမ်ဘာဂါတစ်ခု၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၁,၀ဝဝ) ရှိကြောင်း သိရသည်။ ထို့ပြင် အဆိုပါကမ္ဘာ့ ဈေးအကြီးဆုံးဟမ်ဘာဂါကို ပိုက်ဆံရှိတိုင်းဝယ်စားလို့မရကြောင်း နှင့် စားသောက်ဆိုင်က ဖိတ်ကြားထားသူများသာ စားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ဟမ်ဘာဂါများသည် ပြီးခဲ့သည့်နှစ်များအတွင်း သိသိသာသာဈေးကြီးလာခဲ့သော်လည်း စားသောက်ဆိုင်များ၏ မီနူးများထဲတွင် ဈေးအသက်သာဆုံးအစားအစာများထဲတွင် ပါဝင်နေဆဲဖြစ်သည်။ သို့သော်လည်း စပိန်နိုင်ငံတွင်ရှိသည့် Asador Aupa စားသောက်ဆိုင်က အဆိုပါဟမ်ဘာဂါကို ထုတ်ပြန်ပြသခဲ့ပြီးနောက် ကမ္ဘာ့ဈေးအကြီးဆုံး ဟမ်ဘာဂါဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သည်။
Asador Aupa စားသောက်ဆိုင်၏ စားဖိုမှူးများသည် ကမ္ဘာ့ဈေးအကြီးဆုံးဟမ်ဘာဂါကို တီထွင်ဖန်တီးရန်အတွက် သုတေသနနှင့် စမ်းသပ်မှုများကို အချိန်(၈)နှစ်ကျော်ကြာလုပ်ဆောင်ခဲ့ရပြီး ပါဝင်ပစ္စည်းများနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို လျှို့ဝှက်ထားဆဲဖြစ်ကြောင်းသိရသည်။ Asador Aupa စားသောက်ဆိုင်ကို စပိန်စားဖိုမှူး Bosco Jiménez က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးဟမ်ဘာဂါနှင့်ပတ်သက်သည့် ၎င်း၏အယူအဆများကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။
Bosco Jiménez က "ဇိမ်ခံပစ္စည်းတွေ ဆိုတာက ပုံမှန်လိုဟာတွေနဲ့မတူဘဲ မဖြစ်နိုင်တာတွေပါဝင်တဲ့အရာမျိုးပဲဖြစ်သင့်ပါတယ်။ ဟမ်ဘာဂါတစ်လုံးအတွက် အမေရိကန်ဒေါ်လာ(၁၁,၀ဝဝ) ပေးနိုင်တဲ့သူ အနည်းငယ်သာရှိပေမယ့်လည်း ငွေပမာဏအမြောက်အမြားရှိတိုင်းလည်း ဒီဟမ်ဘာဂါကို စားသုံးနိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဈေးအကြီးဆုံး ဟမ်ဘာဂါကို မြည်းစမ်းကြည့်နိုင်ဖို့အတွက် Asador Aupa စားသောက်ဆိုင်ရဲ့ဖိတ်ကြားခံရမှုကို လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version:
စပိန္ႏိုင္ငံတြင္ေရာင္းခ်သည့္ အေမရိကန္ေဒၚလာ(၁၁,၀ဝဝ) တန္ဖိုးရွိ ကမာၻ႔ေဈးအႀကီးဆုံး ဟမ္ဘာဂါ
Pika (NP News) - ႏိုဝင္ဘာလ ၁၉
စပိန္ႏိုင္ငံ Asador Aupa စားေသာက္ဆိုင္တြင္ ကမာၻ႔ေဈးအႀကီးဆုံးႏွင့္ အကန႔္အသတ္ျဖင့္သာရႏိုင္ေသာ ဟမ္ဘာဂါကို ေရာင္းခ်လ်က္ရွိၿပီး ဟမ္ဘာဂါတစ္ခု၏ တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၁၁,၀ဝဝ) ရွိေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုပါကမာၻ႔ ေဈးအႀကီးဆုံးဟမ္ဘာဂါကို ပိုက္ဆံရွိတိုင္းဝယ္စားလို႔မရေၾကာင္း ႏွင့္ စားေသာက္ဆိုင္က ဖိတ္ၾကားထားသူမ်ားသာ စားသုံးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ကမာၻတစ္ဝန္းတြင္ ဟမ္ဘာဂါမ်ားသည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း သိသိသာသာေဈးႀကီးလာခဲ့ေသာ္လည္း စားေသာက္ဆိုင္မ်ား၏ မီႏူးမ်ားထဲတြင္ ေဈးအသက္သာဆုံးအစားအစာမ်ားထဲတြင္ ပါဝင္ေနဆဲျဖစ္သည္။ သို႔ေသာ္လည္း စပိန္ႏိုင္ငံတြင္ရွိသည့္ Asador Aupa စားေသာက္ဆိုင္က အဆိုပါဟမ္ဘာဂါကို ထုတ္ျပန္ျပသခဲ့ၿပီးေနာက္ ကမာၻ႔ေဈးအႀကီးဆုံး ဟမ္ဘာဂါဘြဲ႕ကို ရရွိခဲ့ျခင္းျဖစ္သည္။
Asador Aupa စားေသာက္ဆိုင္၏ စားဖိုမႉးမ်ားသည္ ကမာၻ႔ေဈးအႀကီးဆုံးဟမ္ဘာဂါကို တီထြင္ဖန္တီးရန္အတြက္ သုေတသနႏွင့္ စမ္းသပ္မႈမ်ားကို အခ်ိန္(၈)ႏွစ္ေက်ာ္ၾကာလုပ္ေဆာင္ခဲ့ရၿပီး ပါဝင္ပစၥည္းမ်ားႏွင့္ပတ္သက္သည့္ အေသးစိတ္ အခ်က္အလက္မ်ားကို လွ်ိဳ႕ဝွက္ထားဆဲျဖစ္ေၾကာင္းသိရသည္။ Asador Aupa စားေသာက္ဆိုင္ကို စပိန္စားဖိုမႉး Bosco Jiménez က တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ကမာၻ႔ေဈးအႀကီးဆုံးဟမ္ဘာဂါႏွင့္ပတ္သက္သည့္ ၎၏အယူအဆမ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
Bosco Jiménez က "ဇိမ္ခံပစၥည္းေတြ ဆိုတာက ပုံမွန္လိုဟာေတြနဲ႔မတူဘဲ မျဖစ္ႏိုင္တာေတြပါဝင္တဲ့အရာမ်ိဳးပဲျဖစ္သင့္ပါတယ္။ ဟမ္ဘာဂါတစ္လုံးအတြက္ အေမရိကန္ေဒၚလာ(၁၁,၀ဝဝ) ေပးႏိုင္တဲ့သူ အနည္းငယ္သာရွိေပမယ့္လည္း ေငြပမာဏအေျမာက္အျမားရွိတိုင္းလည္း ဒီဟမ္ဘာဂါကို စားသုံးႏိုင္မွာ မဟုတ္ပါဘူး။ ကမာၻ႔ေဈးအႀကီးဆုံး ဟမ္ဘာဂါကို ျမည္းစမ္းၾကည့္ႏိုင္ဖို႔အတြက္ Asador Aupa စားေသာက္ဆိုင္ရဲ႕ဖိတ္ၾကားခံရမႈကို လိုအပ္ပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.