ပြည်တွင်းထုတ်ဖိနပ်များကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်တင်ပို့နိုင်ရေး ဆောင်ရွက်မည်

 90

Pearl (NP News) - နိုဝင်ဘာလ ၁၉

ပြည်တွင်းထုတ်ဖိနပ်များကို ဘင်္ဂလားဒေ့ရှ် သို့ ပြန်လည်တင်ပို့နိုင်ရေး ဆောင်ရွက်မည်ဖြစ် ကြောင်း ဖိနပ်လုပ်ငန်းရှင်များထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက်အ လက်များအရ သိရသည်။
ဒီဇင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲ အပြီးလာမည့်နှစ်အတွင်း ပြည်တွင်းထုတ်ဖိနပ်များ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရေကြောင်းဖြင့်တင်ပို့နိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလုပ်ငန်းရှင်များနှင့် သွား ရောက်ဆွေးနွေးရန် ပြင်ဆင်နေကြောင်း သိရသည်။
" ဘင်္ဂလားဒေ့ရှ်က ဒီကဖိနပ်တွေကို တအားစီးတယ်။ အဓိကတင်ပို့တာကတော့ ယောကျာ်း စီးရော၊ မိန်းမစီးကို မီးဖိ။ အောက်က တာယာခံနဲ့ကို အများဆုံးဝယ်တယ်။ အရန်ရေ သန်းနဲ့ချီပြီးတော့ကို ဝယ်တာ။ စာချုပ်ချုပ်ပြီးတော့ကိုယူတာ။ ပိုပြီးတော့ ထုတ်လုပ်ပြီး အခုလို Border Line က သွားလို့မရ ရင် ဘင်္ဂလားဒေ့ရှ်ကကုန်သည်တွေနဲ့သွားတွေ့ပြီး တော့ သင်္ဘောနဲ့တင်ပေးလို့ရမလားဆိုတာ သွားညှိပြီး တင်ပို့ဖို့လုပ်မယ်။ သူတို့ဘက်က အော်ဒါရရင် တစ် နေ့ကို (၂)သိန်း‌လောက်ပို့နိုင်တယ်။ ဒါပေမဲ့ ကွန် တိန်နာနဲ့ကျရင်တော့ အဲဒီလိုပို့လို့မရတော့ဘူး။ တစ် နေ့(၂)သိန်းက ကားနဲ့ဆိုပို့လို့ရတယ်။ ကွန်တိန်နာဆို ရင်တော့ ကိုယ်ရဲ့ထုတ်လုပ်မှုအားနဲ့ တွက်ပြီးပြန်ညှိရ မှာပေါ့။ ကားနဲ့က ဘူးသီးတောင်မောင်တောဘက် သွားတဲ့ကားတွေနဲ့ တင်တင်ပေးတာ အရင်တုန်းကဆို ရင်။ သူတို့ဝယ်လိုအားကရှိပြီးသား။ ညှိပြီးလို့အဆင် ပြေရင် စက်မှုရပ်ကွက်ဖော်ပြီးရင် တစ်လ (၁၀)သိန်း လောက်ကိုပို့နိုင်တယ်။ သူတို့က ဒီကဖိနပ်တွေကို ကြိုက်တယ်။ လုပ်ငန်းရှင်တွေ တစုတစည်းတည်းမ ဟုတ်ဘဲ လိုက်ပြီးထည့်နေရရင်Transport စရိတ် တွေကတက်သွားမယ်။ ပို့ရင်တော့ Made in Myanmar နဲ့ပို့မှာ။ အခုဈေးနဲ့ဆိုရင် ဖိနပ်ဈေးက အနည်းဆုံး ကျားစီးတစ်ရန်ကို (၅၀ဝဝ)ရှိတယ်။ မိန်းမစီးတစ်ရန်ဆိုရင် (၃၅၀ဝ)၊ (၄၀ဝဝ) ရှိတယ်။ အဲဒီဈေးနဲ့ တစ်လကို ယောကျာ်းစီး (၅)သိန်း၊ မိန်းမ စီး(၅)သိန်းလောက်တင်ပို့နိုင်တယ်။ ရွေးကောက်ပွဲပြီး မှပဲအကောင်အထည်ဖော်မယ်။ အခုက မြေကွက် တောင်မရသေးတော့ ဘာမှလုပ်လို့မရဘူး။ အရင်ဆုံး မြေကွက်ရပြီး စက်မှုရပ်ကွက်ဖော်ဆောင်ရမယ်။ စက် မှုရပ်ကွက်မဖော်ဆောင်ဘဲ ဒါတွေတင်ပို့ဖို့ကတော့ တော်တော်ကိုမလွယ်ဘူး}}ဟု ဖိနပ်လုပ်ငန်းရှင်ကြီး တစ်ဦးက NP News သို့ပြောသည်။
ယခင်က ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြည်တွင်းထုတ်ဖိနပ်အရန်(၁)သိန်းကို နေ့စဉ်တင်ပို့ခဲ့ရပြီးနောက် လမ်းကြောင်းအ ခြေအနေများကြောင့် ဈေးကွက်ရှိသော်လည်း တင်ပို့ မှုရပ်နားခဲ့ရကြောင်းသိရသည်။
" အရင်တုန်းကဆိုရင် ဘင်္ဂလားဒေ့ရှ်ကို တစ်နေ့ကို ဖိနပ်အရန်(၁)သိန်းပို့ရတယ်။ ဦးသိန်းစိန် လက်ထက်မှာပေါ့။ ဘူးသီးတောင် မောင်တောဘက်က နေပို့တာ။ နောက်တော့ လမ်းကြောင်းအဆင်မပြေ လို့ ပို့လို့မရတော့ဘူး။ တစ်နေ့တစ်သိန်း နေ့တိုင်းပို့ခဲ့ ရတာ။ (၂၀၁၅)ကျော်မှာ နယ်စပ်ပြဿနာတွေဖြစ် တော့ ဈေးကွက်ကရှိပြီး တင်ပို့မှုကရပ်နေတာပေါ့" ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဖိနပ်လုပ်ငန်း ရှင်များအတွက် စက်မှုရပ်ကွက်ဖော်ဆောင်ပေးရန် ဒဂုံမြို့သစ်(၄)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ အဆင်ပြေသည့်မြေနေရာပေးရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် တင်ပြထားကြောင်း သိရသည်။

Zawgyi Version:
ျပည္တြင္းထုတ္ဖိနပ္မ်ားကို ဘဂၤလားေဒ့ရွ္သို႔ ျပန္လည္တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္မည္
Pearl (NP News) - ႏိုဝင္ဘာလ ၁၉
ျပည္တြင္းထုတ္ဖိနပ္မ်ားကို ဘဂၤလားေဒ့ရွ္ သို႔ ျပန္လည္တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း ဖိနပ္လုပ္ငန္းရွင္မ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အ လက္မ်ားအရ သိရသည္။
ဒီဇင္ဘာလတြင္က်င္းပမည့္ ေ႐ြးေကာက္ပြဲ အၿပီးလာမည့္ႏွစ္အတြင္း ျပည္တြင္းထုတ္ဖိနပ္မ်ား ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ေရေၾကာင္းျဖင့္တင္ပို႔ႏိုင္ရန္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွလုပ္ငန္းရွင္မ်ားႏွင့္ သြား ေရာက္ေဆြးေႏြးရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။
" ဘဂၤလားေဒ့ရွ္က ဒီကဖိနပ္ေတြကို တအားစီးတယ္။ အဓိကတင္ပို႔တာကေတာ့ ေယာက်ာ္း စီးေရာ၊ မိန္းမစီးကို မီးဖိ။ ေအာက္က တာယာခံနဲ႔ကို အမ်ားဆုံးဝယ္တယ္။ အရန္ေရ သန္းနဲ႔ခ်ီၿပီးေတာ့ကို ဝယ္တာ။ စာခ်ဳပ္ခ်ဳပ္ၿပီးေတာ့ကိုယူတာ။ ပိုၿပီးေတာ့ ထုတ္လုပ္ၿပီး အခုလို Border Line က သြားလို႔မရ ရင္ ဘဂၤလားေဒ့ရွ္ကကုန္သည္ေတြနဲ႔သြားေတြ႕ၿပီး ေတာ့ သေဘၤာနဲ႔တင္ေပးလို႔ရမလားဆိုတာ သြားညႇိၿပီး တင္ပို႔ဖို႔လုပ္မယ္။ သူတို႔ဘက္က ေအာ္ဒါရရင္ တစ္ ေန႔ကို (၂)သိန္း‌ေလာက္ပို႔ႏိုင္တယ္။ ဒါေပမဲ့ ကြန္ တိန္နာနဲ႔က်ရင္ေတာ့ အဲဒီလိုပို႔လို႔မရေတာ့ဘူး။ တစ္ ေန႔(၂)သိန္းက ကားနဲ႔ဆိုပို႔လို႔ရတယ္။ ကြန္တိန္နာဆို ရင္ေတာ့ ကိုယ္ရဲ႕ထုတ္လုပ္မႈအားနဲ႔ တြက္ၿပီးျပန္ညႇိရ မွာေပါ့။ ကားနဲ႔က ဘူးသီးေတာင္ေမာင္ေတာဘက္ သြားတဲ့ကားေတြနဲ႔ တင္တင္ေပးတာ အရင္တုန္းကဆို ရင္။ သူတို႔ဝယ္လိုအားကရွိၿပီးသား။ ညႇိၿပီးလို႔အဆင္ ေျပရင္ စက္မႈရပ္ကြက္ေဖာ္ၿပီးရင္ တစ္လ (၁၀)သိန္း ေလာက္ကိုပို႔ႏိုင္တယ္။ သူတို႔က ဒီကဖိနပ္ေတြကို ႀကိဳက္တယ္။ လုပ္ငန္းရွင္ေတြ တစုတစည္းတည္းမ ဟုတ္ဘဲ လိုက္ၿပီးထည့္ေနရရင္Transport စရိတ္ ေတြကတက္သြားမယ္။ ပို႔ရင္ေတာ့ Made in Myanmar နဲ႔ပို႔မွာ။ အခုေဈးနဲ႔ဆိုရင္ ဖိနပ္ေဈးက အနည္းဆုံး က်ားစီးတစ္ရန္ကို (၅၀ဝဝ)ရွိတယ္။ မိန္းမစီးတစ္ရန္ဆိုရင္ (၃၅၀ဝ)၊ (၄၀ဝဝ) ရွိတယ္။ အဲဒီေဈးနဲ႔ တစ္လကို ေယာက်ာ္းစီး (၅)သိန္း၊ မိန္းမ စီး(၅)သိန္းေလာက္တင္ပို႔ႏိုင္တယ္။ ေ႐ြးေကာက္ပြဲၿပီး မွပဲအေကာင္အထည္ေဖာ္မယ္။ အခုက ေျမကြက္ ေတာင္မရေသးေတာ့ ဘာမွလုပ္လို႔မရဘူး။ အရင္ဆုံး ေျမကြက္ရၿပီး စက္မႈရပ္ကြက္ေဖာ္ေဆာင္ရမယ္။ စက္ မႈရပ္ကြက္မေဖာ္ေဆာင္ဘဲ ဒါေတြတင္ပို႔ဖို႔ကေတာ့ ေတာ္ေတာ္ကိုမလြယ္ဘူး}}ဟု ဖိနပ္လုပ္ငန္းရွင္ႀကီး တစ္ဦးက NP News သို႔ေျပာသည္။
ယခင္က ဦးသိန္းစိန္အစိုးရလက္ထက္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ျပည္တြင္းထုတ္ဖိနပ္အရန္(၁)သိန္းကို ေန႔စဥ္တင္ပို႔ခဲ့ရၿပီးေနာက္ လမ္းေၾကာင္းအ ေျခအေနမ်ားေၾကာင့္ ေဈးကြက္ရွိေသာ္လည္း တင္ပို႔ မႈရပ္နားခဲ့ရေၾကာင္းသိရသည္။
" အရင္တုန္းကဆိုရင္ ဘဂၤလားေဒ့ရွ္ကို တစ္ေန႔ကို ဖိနပ္အရန္(၁)သိန္းပို႔ရတယ္။ ဦးသိန္းစိန္ လက္ထက္မွာေပါ့။ ဘူးသီးေတာင္ ေမာင္ေတာဘက္က ေနပို႔တာ။ ေနာက္ေတာ့ လမ္းေၾကာင္းအဆင္မေျပ လို႔ ပို႔လို႔မရေတာ့ဘူး။ တစ္ေန႔တစ္သိန္း ေန႔တိုင္းပို႔ခဲ့ ရတာ။ (၂၀၁၅)ေက်ာ္မွာ နယ္စပ္ျပႆနာေတြျဖစ္ ေတာ့ ေဈးကြက္ကရွိၿပီး တင္ပို႔မႈကရပ္ေနတာေပါ့" ဟု ၎က ေျပာသည္။ လက္ရွိတြင္ ဖိနပ္လုပ္ငန္း ရွင္မ်ားအတြက္ စက္မႈရပ္ကြက္ေဖာ္ေဆာင္ေပးရန္ ဒဂုံၿမိဳ႕သစ္(၄)ၿမိဳ႕နယ္ႏွင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ အတြင္းရွိ အဆင္ေျပသည့္ေျမေနရာေပးရန္အတြက္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားတြင္ တင္ျပထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.