သက်တမ်း (၁၀)နှစ်ကျော်လွန်နေသော ရုပ်ရှင်အစည်းအရုံးဝင်(၁၀၀)နီးပါးကို ဒီဇင်ဘာလကုန်အထိ သက်တမ်းမတိုးပါက အသင်းဝင်အဖြစ်မှ အပြီးပယ်ဖျက်သွားမည်

402

စော(NP News)-နိုဝင်ဘာ ၁၉
သက်တမ်း (၁၀)နှစ်ကျော်လွန်နေသော ရုပ်ရှင်အစည်းအရုံးဝင်(၁၀၀)နီးပါးကို ဒီဇင်ဘာလကုန်အထိ သက်တမ်းမတိုးပါက အသင်းဝင်အဖြစ်မှ အပြီးပယ်ဖျက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ယမန်နေ့ (နိုဝင်ဘာ၁၈ရက်)က အသိပေးကြေညာထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် သက်တမ်းလွန်နေသော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်များကို အသင်းဝင်သက်တမ်း တိုးကြရန်နှင့် သက်တမ်းလာရောက်မတိုးပါက အသင်းဝင်အဖြစ်မှ ပယ်ဖျက်မည်ဖြစ်ကြောင်းကို ဇူလိုင် ၂၁ရက်နှင့် ၂၅ရက်များက အများသိစေရန် နိုင်ငံပိုင်သတင်းစာ၊ အင်တာနက်မှ လူမှုကွန်ယက်များမှတဆင့် အသိပေးကြေညာခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် လောကသားအများ ပါဝင်နိုင်ရေးအတွက် ၂၀၁၅ခုနှစ်မတိုင်မီ (၁၀) နှစ်အထက် သက်တမ်းလာရောက်မတိုးမြှင့်ဘဲ အဆက်အသွယ်ပြတ်သူများကိုသာ အသင်းဝင်စာရင်းမှ အပြီးပယ် ထုတ်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဖော်ပြထားချက်အရ သိရသည်။
ထို့ကြောင့် ၂၀၁၅ ခုနှစ်ကပင် သက်တမ်းကုန်ဆုံးနေသော အသင်းဝင် ဦးကျော်ရဲအောင်၊ ဒေါ်မိုးယုစံတို့အပြင် (၉၉)ဦးရှိ ၍ ၎င်းတို့အနေဖြင့် ယခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့ နောက်ဆုံးထားလာရောက် သက်တမ်းတိုးကြရန်နှင့် လာရောက်သက်တမ်းမတိုးပါက အသင်းဝင်အဖြစ်မှ အပြီးပယ်ဖျက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အသိပေးကြေညာထားသည်။

Zawgyi Version:
သက္တမ္း (၁၀)ႏွစ္ေက်ာ္လြန္ေနေသာ ႐ုပ္ရွင္အစည္းအ႐ုံးဝင္(၁၀၀)နီးပါးကို ဒီဇင္ဘာလကုန္အထိ သက္တမ္းမတိုးပါက အသင္းဝင္အျဖစ္မွ အၿပီးပယ္ဖ်က္သြားမည္
ေစာ(NP News)-ႏိုဝင္ဘာ ၁၉
သက္တမ္း (၁၀)ႏွစ္ေက်ာ္လြန္ေနေသာ ႐ုပ္ရွင္အစည္းအ႐ုံးဝင္(၁၀၀)နီးပါးကို ဒီဇင္ဘာလကုန္အထိ သက္တမ္းမတိုးပါက အသင္းဝင္အျဖစ္မွ အၿပီးပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ယမန္ေန႔ (ႏိုဝင္ဘာ၁၈ရက္)က အသိေပးေၾကညာထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးအေနျဖင့္ သက္တမ္းလြန္ေနေသာ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဝင္မ်ားကို အသင္းဝင္သက္တမ္း တိုးၾကရန္ႏွင့္ သက္တမ္းလာေရာက္မတိုးပါက အသင္းဝင္အျဖစ္မွ ပယ္ဖ်က္မည္ျဖစ္ေၾကာင္းကို ဇူလိုင္ ၂၁ရက္ႏွင့္ ၂၅ရက္မ်ားက အမ်ားသိေစရန္ ႏိုင္ငံပိုင္သတင္းစာ၊ အင္တာနက္မွ လူမႈကြန္ယက္မ်ားမွတဆင့္ အသိေပးေၾကညာခဲ့ေၾကာင္း ေဖာ္ျပထားသည္။
သို႔ေသာ္ ေလာကသားအမ်ား ပါဝင္ႏိုင္ေရးအတြက္ ၂၀၁၅ခုႏွစ္မတိုင္မီ (၁၀) ႏွစ္အထက္ သက္တမ္းလာေရာက္မတိုးျမႇင့္ဘဲ အဆက္အသြယ္ျပတ္သူမ်ားကိုသာ အသင္းဝင္စာရင္းမွ အၿပီးပယ္ ထုတ္ရန္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အစည္းအေဝးမွ ဆုံးျဖတ္ခ်က္ခ်ခဲ့ေၾကာင္း ေဖာ္ျပထားခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ၂၀၁၅ ခုႏွစ္ကပင္ သက္တမ္းကုန္ဆုံးေနေသာ အသင္းဝင္ ဦးေက်ာ္ရဲေအာင္၊ ေဒၚမိုးယုစံတို႔အျပင္ (၉၉)ဦးရွိ ၍ ၎တို႔အေနျဖင့္ ယခုႏွစ္ ဒီဇင္ဘာလ(၃၁)ရက္ေန႔ ေနာက္ဆုံးထားလာေရာက္ သက္တမ္းတိုးၾကရန္ႏွင့္ လာေရာက္သက္တမ္းမတိုးပါက အသင္းဝင္အျဖစ္မွ အၿပီးပယ္ဖ်က္ မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ အသိေပးေၾကညာထားသည္။