ကျူးကျော်မျိုးစိတ်များကို မထိန်းချုပ်နိုင်ခြင်းကြောင့် မြန်မာ့ဂေဟစနစ်များ ပျက်စီးမှုပိုများလာ

115

သက်ပိုင် (NP News) - နိုဝင်ဘာလ ၂ဝ
မြန်မာနိုင်ငံတွင် ပြည်ပမှကျူးကျော်လာ သည့်မျိုးစိတ်များကို မထိန်းချုပ်နိုင်သေးသည့်အ တွက် ဂေဟစနစ်ထိခိုက်ပျက်စီးမှုများ ပိုမိုများလာ နေကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက ထောက်ပြပြောဆိုကြသည်။
အဆိုပါကျူးကျော်မျိုးစိတ်အများစုမှာ ၎င်းတို့ကိုယ်တိုင် ကျူးကျော်ဝင်ရောက်လာခြင်း မဟုတ်ဘဲ ပြည်သူအချို့ကအလှမွေးသတ္တဝါအဖြစ် ပြည်ပမှသယ်ယူလာကြခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သဘာဝနေရာများသို့ စည်းကမ်းမဲ့ပြန်လွှတ်ရာမှ ယခုကဲ့သို့ ဂေဟစနစ်ထိခိုက်မှု ပိုများလာနေခြင်းဖြစ် ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက ဆို သည်။
" ကျူးကျော်မျိုးစိတ်ဆိုတာနဲ့ လူတွေက ငါးတွေကိုချည်းမြင်နေကြတယ်။ အမှန်က အဲဒီလိုမ ဟုတ်ဘူး။ ဒီရေမြေဒီဒေသမှာ အရင်ကတည်းက မရှိနေခဲ့တဲ့သတ္တဝါတွေ၊ အပင်တွေအားလုံးဟာ ကျူး ကျော်မျိုးစိတ်တွေပါပဲ။ ဒါတွေကြောင့် ကျွန်မ တို့နိုင်ငံမှာ နဂိုကတည်းကရှိနေတဲ့မျိုးစိတ်တွေ ဟာ တဖြည်းဖြည်းပျောက်ဆုံးလာနေကြရတယ်။ စိုက် ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေမှာလည်း နှစ်စဉ်ထိ ခိုက်နေကြရပါတယ်"ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးကဆိုသည်။
ယူကလစ်ကဲ့သို့သော ကျူးကျော်သစ်မျိုး စိတ်သည် ရေနှင့်အတူ နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်ပါ အလွန်အမင်း စုပ်ယူစားသောက်တက်သည့်အတွက် အခြားမျိုး ရင်းပင်များအတွက် အစာနှင့်ရေမလုံလောက်မှု ဖြစ်စေနိုင်သကဲ့သို့ စုပ်ခွက်ငါးဟူသည့် ကျူးကျော် ငါးမျိုးစိတ်များကြောင့်လည်း နှစ်စဉ် ငါးမွေးမြူရေး လုပ်ငန်းများထိခိုက်လျက်ရှိကြောင်း၊ ခရုကြား (ရွှေပန်းသီးခရု)ဟုခေါ်သော ကျူးကျော်ခရုမျိုးစိတ် ကြောင့်လည်း စိုက်ပျိုးရေးလုပ်ငန်းများတွင်များစွာထိခိုက်မှုရှိနေကြောင်းနှင့် အလားတူ ထိခိုက်မှုများ စွာရှိနေသေးကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များကဆိုသည်။
" ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးမှုနောက် ကျနေတဲ့အတွက် တချို့အရာတွေကို ပေါ့ပေါ့တန် တန် ဒီအတိုင်း အလွယ်ပဲထင်ပြီးလုပ်လိုက်ကြတယ်။ ဒီကျူးကျော်မျိုးစိတ်တွေကို နိုင်ငံတကာမှာ အသဲအ သန်ရှင်းလင်းနေကြတဲ့အချိန်မှာ ကျွန် တော်တို့ဆီမှာက ချစ်စရာလေး၊ ထူးထူးဆန်းဆန်း လေးဆိုပြီး ပြည်ပကမျိုးစိတ်တွေကို သွင်းကောင်း နေတုန်း။ သွင်းတာက အပြစ်မဟုတ်ဘူး။ ဒါတွေကို မမွေးနိုင်တော့တဲ့အချိန် မှာ ဘယ်လိုစွန့်ပစ်မယ်ဆို တာကို မသိတာကမှအပြစ်။ ကိုယ့်ကြောင့်နဲ့ ကိုယ့်နိုင်ငံရဲ့ဂေဟစနစ်ကို မပျက်စီးအောင်ဂရုစိုက် ကြဖို့လိုပါတယ်"ဟု အဆိုပါ သဘာဝပတ်ဝန်းကျင် ပညာရှင်ကဆိုသည်။
ကျူးကျော်မျိုးစိတ်ဆိုသည်မှာ ဂေဟ စနစ်တစ်ခုတွင် ဒေသမျိုးစိတ်မဟုတ်ဘဲ အခြားဒေ သများမှ အစပျိုးဝင်ရောက်လာပြီး အခြေကျကာ နောက်ပိုင်းတွင် လူတို့၏ ကျန်းမာရေး၊ ဇီဝမျိုးစုံမျိုး ကွဲများ၊ တိရစ္ဆာန်များ၊ စိုက်ပျိုးရေးနှင့်စီးပွားရေး တို့အပေါ် ဆိုးကျိုးသက်ရောက်စေသောမျိုးစိတ် များကိုခေါ်ဆိုပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြည်ပမှ ကျူးကျော်ဝင်ရောက်လာသည့် ကျူး ကျော်မျိုးစိတ်ပေါင်း (၅၀) ထက်မနည်းရှိနေနိုင် ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက ခန့်မှန်းပြောဆိုသည်။

Zawgyi Version:
က်ဴးေက်ာ္မ်ိဳးစိတ္မ်ားကို မထိန္းခ်ဳပ္ႏိုင္ျခင္းေၾကာင့္ ျမန္မာ့ေဂဟစနစ္မ်ား ပ်က္စီးမႈပိုမ်ားလာ
သက္ပိုင္ (NP News) - ႏိုဝင္ဘာလ ၂ဝ
ျမန္မာႏိုင္ငံတြင္ ျပည္ပမွက်ဴးေက်ာ္လာ သည့္မ်ိဳးစိတ္မ်ားကို မထိန္းခ်ဳပ္ႏိုင္ေသးသည့္အ တြက္ ေဂဟစနစ္ထိခိုက္ပ်က္စီးမႈမ်ား ပိုမိုမ်ားလာ ေနေၾကာင္း သဘာဝပတ္ဝန္းက်င္ပညာရွင္မ်ားက ေထာက္ျပေျပာဆိုၾကသည္။
အဆိုပါက်ဴးေက်ာ္မ်ိဳးစိတ္အမ်ားစုမွာ ၎တို႔ကိုယ္တိုင္ က်ဴးေက်ာ္ဝင္ေရာက္လာျခင္း မဟုတ္ဘဲ ျပည္သူအခ်ိဳ႕ကအလွေမြးသတၱဝါအျဖစ္ ျပည္ပမွသယ္ယူလာၾကျခင္းျဖစ္ၿပီး ေနာက္ပိုင္းတြင္ သဘာဝေနရာမ်ားသို႔ စည္းကမ္းမဲ့ျပန္လႊတ္ရာမွ ယခုကဲ့သို႔ ေဂဟစနစ္ထိခိုက္မႈ ပိုမ်ားလာေနျခင္းျဖစ္ ေၾကာင္း သဘာဝပတ္ဝန္းက်င္ပညာရွင္မ်ားက ဆို သည္။
" က်ဴးေက်ာ္မ်ိဳးစိတ္ဆိုတာနဲ႔ လူေတြက ငါးေတြကိုခ်ည္းျမင္ေနၾကတယ္။ အမွန္က အဲဒီလိုမ ဟုတ္ဘူး။ ဒီေရေျမဒီေဒသမွာ အရင္ကတည္းက မရွိေနခဲ့တဲ့သတၱဝါေတြ၊ အပင္ေတြအားလုံးဟာ က်ဴး ေက်ာ္မ်ိဳးစိတ္ေတြပါပဲ။ ဒါေတြေၾကာင့္ ကြၽန္မ တို႔ႏိုင္ငံမွာ နဂိုကတည္းကရွိေနတဲ့မ်ိဳးစိတ္ေတြ ဟာ တျဖည္းျဖည္းေပ်ာက္ဆုံးလာေနၾကရတယ္။ စိုက္ ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းေတြမွာလည္း ႏွစ္စဥ္ထိ ခိုက္ေနၾကရပါတယ္"ဟု သဘာဝပတ္ဝန္းက်င္ ပညာရွင္တစ္ဦးကဆိုသည္။
ယူကလစ္ကဲ့သို႔ေသာ က်ဴးေက်ာ္သစ္မ်ိဳး စိတ္သည္ ေရႏွင့္အတူ ႏိုက္ထ႐ိုဂ်င္၊ ေဖာ့စ္ဖိတ္၊ ကယ္လ္စီယမ္၊ ပိုတက္စီယမ္ပါ အလြန္အမင္း စုပ္ယူစားေသာက္တက္သည့္အတြက္ အျခားမ်ိဳး ရင္းပင္မ်ားအတြက္ အစာႏွင့္ေရမလုံေလာက္မႈ ျဖစ္ေစႏိုင္သကဲ့သို႔ စုပ္ခြက္ငါးဟူသည့္ က်ဴးေက်ာ္ ငါးမ်ိဳးစိတ္မ်ားေၾကာင့္လည္း ႏွစ္စဥ္ ငါးေမြးျမဴေရး လုပ္ငန္းမ်ားထိခိုက္လ်က္ရွိေၾကာင္း၊ ခ႐ုၾကား (ေ႐ႊပန္းသီးခ႐ု)ဟုေခၚေသာ က်ဴးေက်ာ္ခ႐ုမ်ိဳးစိတ္ ေၾကာင့္လည္း စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္မ်ားစြာထိခိုက္မႈရွိေနေၾကာင္းႏွင့္ အလားတူ ထိခိုက္မႈမ်ား စြာရွိေနေသးေၾကာင္း သဘာဝပတ္ဝန္းက်င္ပညာရွင္မ်ားကဆိုသည္။
" ကြၽန္ေတာ္တို႔ႏိုင္ငံက ဖြံ႕ၿဖိဳးမႈေနာက္ က်ေနတဲ့အတြက္ တခ်ိဳ႕အရာေတြကို ေပါ့ေပါ့တန္ တန္ ဒီအတိုင္း အလြယ္ပဲထင္ၿပီးလုပ္လိုက္ၾကတယ္။ ဒီက်ဴးေက်ာ္မ်ိဳးစိတ္ေတြကို ႏိုင္ငံတကာမွာ အသဲအ သန္ရွင္းလင္းေနၾကတဲ့အခ်ိန္မွာ ကြၽန္ ေတာ္တို႔ဆီမွာက ခ်စ္စရာေလး၊ ထူးထူးဆန္းဆန္း ေလးဆိုၿပီး ျပည္ပကမ်ိဳးစိတ္ေတြကို သြင္းေကာင္း ေနတုန္း။ သြင္းတာက အျပစ္မဟုတ္ဘူး။ ဒါေတြကို မေမြးႏိုင္ေတာ့တဲ့အခ်ိန္ မွာ ဘယ္လိုစြန႔္ပစ္မယ္ဆို တာကို မသိတာကမွအျပစ္။ ကိုယ့္ေၾကာင့္နဲ႔ ကိုယ့္ႏိုင္ငံရဲ႕ေဂဟစနစ္ကို မပ်က္စီးေအာင္ဂ႐ုစိုက္ ၾကဖို႔လိုပါတယ္"ဟု အဆိုပါ သဘာဝပတ္ဝန္းက်င္ ပညာရွင္ကဆိုသည္။
က်ဴးေက်ာ္မ်ိဳးစိတ္ဆိုသည္မွာ ေဂဟ စနစ္တစ္ခုတြင္ ေဒသမ်ိဳးစိတ္မဟုတ္ဘဲ အျခားေဒ သမ်ားမွ အစပ်ိဳးဝင္ေရာက္လာၿပီး အေျခက်ကာ ေနာက္ပိုင္းတြင္ လူတို႔၏ က်န္းမာေရး၊ ဇီဝမ်ိဳးစုံမ်ိဳး ကြဲမ်ား၊ တိရစာၦန္မ်ား၊ စိုက္ပ်ိဳးေရးႏွင့္စီးပြားေရး တို႔အေပၚ ဆိုးက်ိဳးသက္ေရာက္ေစေသာမ်ိဳးစိတ္ မ်ားကိုေခၚဆိုၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံသို႔ ျပည္ပမွ က်ဴးေက်ာ္ဝင္ေရာက္လာသည့္ က်ဴး ေက်ာ္မ်ိဳးစိတ္ေပါင္း (၅၀) ထက္မနည္းရွိေနႏိုင္ ေၾကာင္း သဘာဝပတ္ဝန္းက်င္ပညာရွင္မ်ားက ခန႔္မွန္းေျပာဆိုသည္။