နယ်မြေမထိန်းနိုင်မှုကြောင့် စစ်ကိုင်းရှိ အသေးစားရေအားလျှပ်စစ်စီမံကိန်း(၂)ခု ပြီးစီးမှု နောက်ကျနေ

 112

သန့်ဇင် (NP News) - နိုဝင်ဘာလ ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နမ့်ပင နှင့် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်း (၂)ခုသို့ တစ်နှစ်လျှင်တစ်ကြိမ်သာ ချင်းတွင်းမြစ်ရေ စူးကောင်းချိန်တွင် လုံခြုံရေးအစောင့်ရှောက်များဖြင့် ပစ္စည်းပို့ရသဖြင့် စီမံကိန်းပြီးစီးမှုနောက်ကျနေရခြင်း ဖြစ်ကြောင်း အဆိုပါစီမံကိန်းများပတ်သက်၍ နီး စပ်သူများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
အဆိုပါစီမံကိန်း(၂)ခုသည် ဒေသတွင်း ဖြစ်ပေါ်နေသောနယ်မြေအခြေအနေအရ တည် ဆောက်ရေးပစ္စည်းများဖြစ်သော ယမ်းနှင့် ဆက်စပ် ပစ္စည်းများ၊ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ်ဆီများကို စီမံကိန်းသို့ သယ်ယူပို့ဆောင်ရာတွင် အချိန်မီ မရောက်ရှိခြင်း အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ထို့ပြင် တစ်နှစ်လျှင်တစ်ကြိမ်သာ ချင်းတွင်းမြစ်ရေစူးကောင်းချိန်တွင် လုံခြုံရေးအစောင့်အရှောက်များဖြင့် တည်ဆောက်ရေးပစ္စည်းများကို သယ် ပို့ရခြင်းအခက်အခဲများကြောင့် အဆိုပါစီမံကိန်းများ ပြီးစီးမှုနောက်ကျရခြင်းဖြစ်ကြောင်း စီမံကိန်းနှင့်ပတ်သက်၍ နီးစပ်သူတစ်ဦးက ဆိုသည်။
နမ့်ပင ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့ နယ်အနောက်ဘက် (၇ ဒသမ ၅) မိုင် ခန့်အကွာ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိပြီး (၂၀၁၉)ခုနှစ် ဇူလိုင်လ(၃)ရက်ကစတင်တည် ဆောက်ခဲ့ရာ လာမည့် (၂၀၂၆-၂၀၂၇)ဘဏ္ဍာနှစ် တွင် ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းကို (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်ရန် လျာထားချက် များရှိခဲ့သော်လည်း အထက်ပါအကြောင်းအရာများ ကြောင့် လုပ်ငန်းပြီးစီးရန်နောက်ကျခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။
ထို့ပြင် ဟွေထိုက်အသေးစားရေအားလျှပ် စစ်စီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင် လဟယ်မြို့၏ အ နောက်တောင်ဘက်(၂)မိုင်ခန့် (မျဉ်းဖြောင့်အတိုင်း) အကွာ ဟွေထိုက်ချောင်းပေါ်တွင်တည်ရှိပြီး (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့ရာ လာ မည့် (၂၀၂၇-၂၀၂၈)ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံ ကိန်းသည် စက်တပ်ဆင်အင်အား (၆)မဂ္ဂါဝပ်ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား (၃၄ ဒသမ ၆၈)သန်း ကီလိုဝပ်နာရီပျမ်းမျှထုတ်လုပ်နိုင်ပြီး ဟွေထိုက် အသေး စားရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင် အား (၄)မဂ္ဂါဝပ်ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား (၂၀ ဒသမ ၃၈)သန်း ကီလိုဝပ်နာရီ ပျမ်းမျှထုတ်လုပ် နိုင်ကြောင်းသိရသည်။
(၂၀၂၃)ခုနှစ်တွင် နမ့်ပင ရေအားလျှပ်စစ် စီမံကိန်းသည် လုပ်ငန်းအားလုံး၏ (၄၁ ဒသမ ၇၁) ရာခိုင်နှုန်းပြီးစီးနေခဲ့ပြီး အဆိုပါ အသေးစားရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဟုမ္မလင်းမြို့နယ်အပါအ ဝင် အနီးရှိကျေးရွာများမှ ဒေသခံပြည်သူများနှင့် ြှနြ လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံ လောက်စွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းသိရ သည်။ အလားတူ ဟွေထိုက်အသေးအစားရေ အားလျှပ်စစ်စီမံကိန်းသည် တည်ဆောက်ချိန် နှစ်နှစ် ကျော်သာရှိသေးပြီး ယင်းစီမံကိန်းပြီးပါက လဟယ်မြို့ အနီးဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
နယ္ေျမမထိန္းႏိုင္မႈေၾကာင့္ စစ္ကိုင္းရွိ အေသးစားေရအားလွ်ပ္စစ္စီမံကိန္း(၂)ခု ၿပီးစီးမႈ ေနာက္က်ေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာလ ၂ဝ
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းက နမ့္ပင ႏွင့္ ေဟြထိုက္ အေသးစားေရအားလွ်ပ္စစ္စီမံကိန္း (၂)ခုသို႔ တစ္ႏွစ္လွ်င္တစ္ႀကိမ္သာ ခ်င္းတြင္းျမစ္ေရ စူးေကာင္းခ်ိန္တြင္ လုံၿခဳံေရးအေစာင့္ေရွာက္မ်ားျဖင့္ ပစၥည္းပို႔ရသျဖင့္ စီမံကိန္းၿပီးစီးမႈေနာက္က်ေနရျခင္း ျဖစ္ေၾကာင္း အဆိုပါစီမံကိန္းမ်ားပတ္သက္၍ နီး စပ္သူမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါစီမံကိန္း(၂)ခုသည္ ေဒသတြင္း ျဖစ္ေပၚေနေသာနယ္ေျမအေျခအေနအရ တည္ ေဆာက္ေရးပစၥည္းမ်ားျဖစ္ေသာ ယမ္းႏွင့္ ဆက္စပ္ ပစၥည္းမ်ား၊ ဘိလပ္ေျမ၊ သံေခ်ာင္း၊ ဒီဇယ္ဆီမ်ားကို စီမံကိန္းသို႔ သယ္ယူပို႔ေဆာင္ရာတြင္ အခ်ိန္မီ မေရာက္ရွိျခင္း အခက္အခဲမ်ားႏွင့္ႀကဳံေတြ႕ခဲ့ရေၾကာင္း သိရသည္။
ထို႔ျပင္ တစ္ႏွစ္လွ်င္တစ္ႀကိမ္သာ ခ်င္းတြင္းျမစ္ေရစူးေကာင္းခ်ိန္တြင္ လုံၿခဳံေရးအေစာင့္အေရွာက္မ်ားျဖင့္ တည္ေဆာက္ေရးပစၥည္းမ်ားကို သယ္ ပို႔ရျခင္းအခက္အခဲမ်ားေၾကာင့္ အဆိုပါစီမံကိန္းမ်ား ၿပီးစီးမႈေနာက္က်ရျခင္းျဖစ္ေၾကာင္း စီမံကိန္းႏွင့္ပတ္သက္၍ နီးစပ္သူတစ္ဦးက ဆိုသည္။
နမ့္ပင ေရအားလွ်ပ္စစ္စီမံကိန္းသည္ ဟုမၼလင္းၿမိဳ႕ နယ္အေနာက္ဘက္ (၇ ဒသမ ၅) မိုင္ ခန႔္အကြာ နားသက်ိဳက္ေက်း႐ြာအနီးတြင္တည္ရွိၿပီး (၂၀၁၉)ခုႏွစ္ ဇူလိုင္လ(၃)ရက္ကစတင္တည္ ေဆာက္ခဲ့ရာ လာမည့္ (၂၀၂၆-၂၀၂၇)ဘ႑ာႏွစ္ တြင္ ၿပီးစီးမည္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါစီမံကိန္းကို (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္တြင္ အၿပီးတည္ေဆာက္ရန္ လ်ာထားခ်က္ မ်ားရွိခဲ့ေသာ္လည္း အထက္ပါအေၾကာင္းအရာမ်ား ေၾကာင့္ လုပ္ငန္းၿပီးစီးရန္ေနာက္က်ခဲ့ရျခင္းျဖစ္ ေၾကာင္း သိရသည္။
ထို႔ျပင္ ေဟြထိုက္အေသးစားေရအားလွ်ပ္ စစ္စီမံကိန္းသည္ စစ္ကိုင္းတိုင္းေဒသႀကီး နာဂ ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခႏၲီးခ႐ိုင္ လဟယ္ၿမိဳ႕၏ အ ေနာက္ေတာင္ဘက္(၂)မိုင္ခန႔္ (မ်ဥ္းေျဖာင့္အတိုင္း) အကြာ ေဟြထိုက္ေခ်ာင္းေပၚတြင္တည္ရွိၿပီး (၂၀၂၃-၂၀၂၄)ဘ႑ာႏွစ္က စတင္တည္ေဆာက္ခဲ့ရာ လာ မည့္ (၂၀၂၇-၂၀၂၈)ခုႏွစ္တြင္ ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။
နမ့္ပင အေသးစားေရအားလွ်ပ္စစ္စီမံ ကိန္းသည္ စက္တပ္ဆင္အင္အား (၆)မဂၢါဝပ္ျဖစ္ၿပီး ႏွစ္စဥ္ လွ်ပ္စစ္ဓာတ္အား (၃၄ ဒသမ ၆၈)သန္း ကီလိုဝပ္နာရီပ်မ္းမွ်ထုတ္လုပ္ႏိုင္ၿပီး ေဟြထိုက္ အေသး စားေရအားလွ်ပ္စစ္စီမံကိန္းသည္ စက္တပ္ဆင္အင္ အား (၄)မဂၢါဝပ္ျဖစ္ၿပီး ႏွစ္စဥ္ လွ်ပ္စစ္ဓာတ္အား (၂၀ ဒသမ ၃၈)သန္း ကီလိုဝပ္နာရီ ပ်မ္းမွ်ထုတ္လုပ္ ႏိုင္ေၾကာင္းသိရသည္။
(၂၀၂၃)ခုႏွစ္တြင္ နမ့္ပင ေရအားလွ်ပ္စစ္ စီမံကိန္းသည္ လုပ္ငန္းအားလုံး၏ (၄၁ ဒသမ ၇၁) ရာခိုင္ႏႈန္းၿပီးစီးေနခဲ့ၿပီး အဆိုပါ အေသးစားေရအားလွ်ပ္စစ္စီမံကိန္းၿပီးစီးပါက ဟုမၼလင္းၿမိဳ႕နယ္အပါအ ဝင္ အနီးရွိေက်း႐ြာမ်ားမွ ေဒသခံျပည္သူမ်ားႏွင့္ ျႇျႏ လုပ္ငန္းမ်ားအတြက္ လွ်ပ္စစ္ဓာတ္အား လုံ ေလာက္စြာျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ေၾကာင္းသိရ သည္။ အလားတူ ေဟြထိုက္အေသးအစားေရ အားလွ်ပ္စစ္စီမံကိန္းသည္ တည္ေဆာက္ခ်ိန္ ႏွစ္ႏွစ္ ေက်ာ္သာရွိေသးၿပီး ယင္းစီမံကိန္းၿပီးပါက လဟယ္ၿမိဳ႕ အနီးဝန္းက်င္ေက်း႐ြာမ်ားသို႔ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.