လောင်းလုံးမြို့နယ်ရှိ ဆင်ထောင့်ကမ်းခြေတွင် တစ်ရက်အတွင်း ဝေလငါးမန်း သုံးကောင် သောင်တင် သေဆုံး

240

စော( NP News )-နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြိုနယ်၊ ကျောက်တွင်းရွာအနီးရှိ ဆင်ထောင့်ကမ်းခြေတွင် ဝေလငါးမန်း(Whale Shark) ခေါ် မြိတ်ဒေသအခေါ် ဝစီပြောက်ငါး သုံးကောင် သောင်တင် သေဆုံးနေသည်ကို ယခုရက်သတ္တပတ်အတွင်း ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးရသည့်အကြောင်းအရင်းမှာ ငါးဖမ်းလှေတစီးသည် အခြား ငါးများကို ပိုက်ဝိုင်းဖြင့် ဖမ်းဆီးချိန်တွင် အဆိုပါငါးများ ပါလာခဲ့သဖြင့် ပင်လယ်သို့ ပြန်လွှတ်မပေးဘဲ သောင်ပြင်တွင် ထားခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာထက်တွင် ထွက်ပေါ်ခဲ့သောသတင်းများအရ သိရသည်။
အဆိုပါသေဆုံးနေသော ဝေလငါးမန်းနှစ်ကောင်အရွယ်အစားသည် ၁၀ ပေကျော်ရှိပြီး ကျန်တစ်ကောင်သည် (၂၈)ပေခန့်ရှိကြောင်း သိရသည်။
“ဒီကောင်ကြီးက ပင်လယ်ပြင်ကြီးဆိုတော့ အနေအထားက သင်္ဘောသွားတဲ့အခါထိတာတို့၊ ပင်လယ်ဆိုတာ ဘောင်အကျယ်ကြီးပဲ။ အများကြီးစဉ်းစားကြရတော့မှာပေါ့။ စဉ်းစားတဲ့အခါမှာ အကောင်ကို ကျွန်တော်တို့က စစ်ရမှာ အကောင်ရဲ့ ပြင်ပဒဏ်ရာ ၊ ကိုယ်တွင်းဒဏ်ရာအနေအထားကို စစ်လိုက်ရင် ပေါ်ပါတယ်။ ဒီအတိုင်းကြီးက ပြောဖို့ခက်တယ်”ဟု ရေနေသတ္တဝါများကို ထိန်းသိမ်းရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
အဆိုပါဝေလငါးမန်းကြီး(Whale Shark)များသည် ငါးမန်းအမျိုးအစားတစ်မျိုးဖြစ်ပြီး အကောင်ကြီးသော်လည်း လူကိုလုံး၀အန္တရာယ်မပြုတတ်သော မျိုးစိတ်များဖြစ်ကာ အစာရှာစားရာတွင် ကမ်းနားသို့ ကပ်လေ့ရှိကြောင်း သိရသည်။
၎င်းတို့သည် 21 degree C ထက်အေးသော ပင်လယ်ရေထက် ပူနွေးသည့် ပင်လယ်ပြင်များ၌သာ နေထိုင်လေ့ရှိကြပြီး မြန်မာ့သမိုင်းတွင် ဝေလငါးမန်းသေဆုံးသည့်စာရင်းများတွင် ယခုဖြစ်စဉ်ကဲ့သို့ (၃)ကောင် သေသည့်ဖြစ်စဉ်မရှိကြောင်းသိရသည်။
“သေဆုံးတဲ့အကြောင်းက မသိနိုင်ပါဘူးဗျ။ အကြောင်းအမျိုးမျိုးကြောင့် အရှင်လိုက်အတိုင်း သောင်တင်ပြီးမှ သေသွားခဲ့တာလည်း ဖြစ်နိုင်သလို။ သေပြီးမှသောင်တင်တာလည်းဖြစ်နိုင်ပါတယ်။ ပထမတစ်ချက်ကပိုဖြစ်နိုင်ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် အရှင်လိုက်သောင်တင်ခဲ့တာကို အချိန်မီ ရေထဲပြန်မချပေးနိုင်ခဲ့လို့ဖြစ်နိုင်ပါတယ်”ဟု တိရစ္ဆာန်အရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ထို့ပြင် ဝေလငါးမန်းအရွယ်အစားသည် ၅ မီတာ (၁၆ ပေ) မှ ၁၂ မီတာ(ပေ ၄၀)အထိ ရှည်လျားပြီး ပေါင်ချိန် ၂ သောင်း နီးပါးမှ ၅ သောင်း နီးပါးအထိ အလေးချိန်ရှိကာ အကောင်ရေ ရာနှင့် ချီ ရှင်သန်နေထိုင်ကြောင်းလည်း သိရသည်။
ယင်းဝေလငါးမန်းများသည် မျိုးတုန်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရ၍ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အနောက်နိုင်ငံများတွင် ဖမ်းဆီးသတ်ဖြတ် ရောင်းချခွင့်ကို ဥပေဒဖြင့် တရားဝင် တားမြစ်ထားကြောင်း သိရသည်။

Zawgyi Version:
ေလာင္းလုံးၿမိဳ႕နယ္ရွိ ဆင္ေထာင့္ကမ္းေျခတြင္ တစ္ရက္အတြင္း ေဝလငါးမန္း သုံးေကာင္ ေသာင္တင္ ေသဆုံး
ေစာ( NP News )-ႏိုဝင္ဘာ ၁၉
တနသၤာရီတိုင္းေဒသႀကီး၊ ေလာင္းလုံးၿမိဳနယ္၊ ေက်ာက္တြင္း႐ြာအနီးရွိ ဆင္ေထာင့္ကမ္းေျခတြင္ ေဝလငါးမန္း(Whale Shark) ေခၚ ၿမိတ္ေဒသအေခၚ ဝစီေျပာက္ငါး သုံးေကာင္ ေသာင္တင္ ေသဆုံးေနသည္ကို ယခုရက္သတၱပတ္အတြင္း ေဒသခံမ်ားက ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေသဆုံးရသည့္အေၾကာင္းအရင္းမွာ ငါးဖမ္းေလွတစီးသည္ အျခား ငါးမ်ားကို ပိုက္ဝိုင္းျဖင့္ ဖမ္းဆီးခ်ိန္တြင္ အဆိုပါငါးမ်ား ပါလာခဲ့သျဖင့္ ပင္လယ္သို႔ ျပန္လႊတ္မေပးဘဲ ေသာင္ျပင္တြင္ ထားခဲ့ျခင္းေၾကာင့္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာထက္တြင္ ထြက္ေပၚခဲ့ေသာသတင္းမ်ားအရ သိရသည္။
အဆိုပါေသဆုံးေနေသာ ေဝလငါးမန္းႏွစ္ေကာင္အ႐ြယ္အစားသည္ ၁၀ ေပေက်ာ္ရွိၿပီး က်န္တစ္ေကာင္သည္ (၂၈)ေပခန႔္ရွိေၾကာင္း သိရသည္။
“ဒီေကာင္ႀကီးက ပင္လယ္ျပင္ႀကီးဆိုေတာ့ အေနအထားက သေဘၤာသြားတဲ့အခါထိတာတို႔၊ ပင္လယ္ဆိုတာ ေဘာင္အက်ယ္ႀကီးပဲ။ အမ်ားႀကီးစဥ္းစားၾကရေတာ့မွာေပါ့။ စဥ္းစားတဲ့အခါမွာ အေကာင္ကို ကြၽန္ေတာ္တို႔က စစ္ရမွာ အေကာင္ရဲ႕ ျပင္ပဒဏ္ရာ ၊ ကိုယ္တြင္းဒဏ္ရာအေနအထားကို စစ္လိုက္ရင္ ေပၚပါတယ္။ ဒီအတိုင္းႀကီးက ေျပာဖို႔ခက္တယ္”ဟု ေရေနသတၱဝါမ်ားကို ထိန္းသိမ္းေရးေဆာင္႐ြက္ေနသူတစ္ဦးက ေျပာသည္။
အဆိုပါေဝလငါးမန္းႀကီး(Whale Shark)မ်ားသည္ ငါးမန္းအမ်ိဳးအစားတစ္မ်ိဳးျဖစ္ၿပီး အေကာင္ႀကီးေသာ္လည္း လူကိုလုံး၀အႏၲရာယ္မျပဳတတ္ေသာ မ်ိဳးစိတ္မ်ားျဖစ္ကာ အစာရွာစားရာတြင္ ကမ္းနားသို႔ ကပ္ေလ့ရွိေၾကာင္း သိရသည္။
၎တို႔သည္ 21 degree C ထက္ေအးေသာ ပင္လယ္ေရထက္ ပူေႏြးသည့္ ပင္လယ္ျပင္မ်ား၌သာ ေနထိုင္ေလ့ရွိၾကၿပီး ျမန္မာ့သမိုင္းတြင္ ေဝလငါးမန္းေသဆုံးသည့္စာရင္းမ်ားတြင္ ယခုျဖစ္စဥ္ကဲ့သို႔ (၃)ေကာင္ ေသသည့္ျဖစ္စဥ္မရွိေၾကာင္းသိရသည္။
“ေသဆုံးတဲ့အေၾကာင္းက မသိႏိုင္ပါဘူးဗ်။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အရွင္လိုက္အတိုင္း ေသာင္တင္ၿပီးမွ ေသသြားခဲ့တာလည္း ျဖစ္ႏိုင္သလို။ ေသၿပီးမွေသာင္တင္တာလည္းျဖစ္ႏိုင္ပါတယ္။ ပထမတစ္ခ်က္ကပိုျဖစ္ႏိုင္ပါတယ္။ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ အရွင္လိုက္ေသာင္တင္ခဲ့တာကို အခ်ိန္မီ ေရထဲျပန္မခ်ေပးႏိုင္ခဲ့လို႔ျဖစ္ႏိုင္ပါတယ္”ဟု တိရစာၦန္အေရးေဆာင္႐ြက္ေနသူတစ္ဦးက ေျပာသည္။
ထို႔ျပင္ ေဝလငါးမန္းအ႐ြယ္အစားသည္ ၅ မီတာ (၁၆ ေပ) မွ ၁၂ မီတာ(ေပ ၄၀)အထိ ရွည္လ်ားၿပီး ေပါင္ခ်ိန္ ၂ ေသာင္း နီးပါးမွ ၅ ေသာင္း နီးပါးအထိ အေလးခ်ိန္ရွိကာ အေကာင္ေရ ရာႏွင့္ ခ်ီ ရွင္သန္ေနထိုင္ေၾကာင္းလည္း သိရသည္။
ယင္းေဝလငါးမန္းမ်ားသည္ မ်ိဳးတုန္းလုနီးပါးအႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရ၍ ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ အေနာက္ႏိုင္ငံမ်ားတြင္ ဖမ္းဆီးသတ္ျဖတ္ ေရာင္းခ်ခြင့္ကို ဥေပဒျဖင့္ တရားဝင္ တားျမစ္ထားေၾကာင္း သိရသည္။