စင်ကာပူမှာ နေအိမ်ထဲ ခွေး(၇၉)ကောင် မွေးမြူထားတဲ့အမျိုးသမီးတစ်ဦး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၁၅၀၀ ချမှတ်ခံရ

 159

ရောင်နီ (NP News) - နိုဝင်ဘာ ၂ဝ
စင်ကာပူမှာ ခွင့်ပြုချက်မရှိပဲ နေအိမ်ထဲမှာ ခွေး (၇၉) ကောင် မွေးမြူထားတဲ့ အသက် ၅ဝ နှစ်အရွယ် စင်ကာပူနိုင်ငံသားအမျိုးသမီးတစ်ဦးကို သင့်လျော်တဲ့ လိုင်စင်နဲ့ မိုက်ခရိုချစ်ပ်တွေ မရှိဘဲ ခွေးမွေးမြူခြင်းအတွက် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၉ ရက်) က တရားရုံးက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၁,၅၀၀ (အမေရိကန်ဒေါ်လာ ၁၆,၅၀၀) ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားဥယျာဉ်များဘုတ်အဖွဲ့ (NParks) ဟာ ၂ နှစ်ကျော်ကာလအထိ သူမရဲ့နေအိမ်ကို စစ်ဆေးမှုများစွာပြုလုပ်ခဲ့ပြီး မိုက်ခရိုချစ်ပ်နဲ့ လိုင်စင်ခွင့်ပြုချက်ဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာဖို့ ပြောကြားခဲ့ပေမယ့် ဂျူလီယာ နီကိုးလ်မော့စ် အမည်ရှိ အဆိုပါအမျိုးသမီးက ငြင်းဆိုခဲ့ပါတယ်။ အဲဒီနောက် မွေးမြူထားတဲ့ ခွေးအရေအတွက်လည်း ပိုတိုးလာခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်း သူမက အာဏာပိုင်တွေကို အကြောင်းကြားခြင်းမရှိဘဲ ခွေးတွေကို ရွှေ့ပြောင်းခဲ့ပြီး သူမရဲ့လိပ်စာအသစ်ကိုလည်း လျှို့ဝှက်ထားခဲ့တာကြောင့် အများပြည်သူရဲ့ အကြံပြုချက်ကို ရယူပြီးမှသာခွေးတွေကို ရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။
မော့စ်ဟာ ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၁၉ ရက်) နေ့မှာတော့ လိုင်စင်မဲ့ခွေးများ မွေးမြူခြင်း၊ ခွေးသုံးကောင်ထက်ပို မွေးခြင်းနဲ့ တရားဝင်ညွှန်ကြားချက်၊ အချက်အလက်များကို မလိုက်နာခြင်း စတဲ့ စွဲချက်(၂၈) ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ စင်ကာပူမှာ ခွေးခြံ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်ဆိုင်မဟုတ်ပဲ ခွေးသုံးကောင်ထက်ပို မွေးမြူမှုအတွက် စင်ကာပူဒေါ်လာ ၅၀၀၀ အထိ၊ ခွေးတွေမှာ မိုက်ခရိုချစ်ပ်ထည့်သွင်းဖို့ AVS ညွှန်ကြားရေးမှူးချုပ်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှု မရှိခြင်းအတွက် ထောင်ဒဏ် ၁၂ လအထိ (သို့မဟုတ်) ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀၀ အထိ (သို့မဟုတ်) နှစ်မျိုးလုံး ချမှတ်နိုင်ပါတယ်။ လိုင်စင်မရှိဘဲ ခွေးတစ်ကောင်ပိုင်ဆိုင်မှုစွဲချက်တစ်ခုကို ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ အထိ ၊ခွေးတွေကို နေရာအသစ် မရွှေ့ပြောင်းမီ ညွှန်ကြားရေးမှူးချုပ်ကို အကြောင်းကြားဖို့ ပျက်ကွက်ခြင်းအတွက် ထောင်ဒဏ်ခြောက်လအထိ (သို့မဟုတ်) ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ အထိ (သို့) နှစ်မျိုးလုံး ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Zawgyi Version:
စင္ကာပူမွာ ေနအိမ္ထဲ ေခြး(၇၉)ေကာင္ ေမြးျမဴထားတဲ့အမ်ိဳးသမီးတစ္ဦး ဒဏ္ေငြ စင္ကာပူေဒၚလာ ၂၁၅၀၀ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂ဝ
စင္ကာပူမွာ ခြင့္ျပဳခ်က္မရွိပဲ ေနအိမ္ထဲမွာ ေခြး (၇၉) ေကာင္ ေမြးျမဴထားတဲ့ အသက္ ၅ဝ ႏွစ္အ႐ြယ္ စင္ကာပူႏိုင္ငံသားအမ်ိဳးသမီးတစ္ဦးကို သင့္ေလ်ာ္တဲ့ လိုင္စင္နဲ႔ မိုက္ခ႐ိုခ်စ္ပ္ေတြ မရွိဘဲ ေခြးေမြးျမဴျခင္းအတြက္ ဗုဒၶဟူးေန႔ (ႏိုဝင္ဘာ ၁၉ ရက္) က တရား႐ုံးက ဒဏ္ေငြ စင္ကာပူေဒၚလာ ၂၁,၅၀၀ (အေမရိကန္ေဒၚလာ ၁၆,၅၀၀) ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။
အမ်ိဳးသားဥယ်ာဥ္မ်ားဘုတ္အဖြဲ႕ (NParks) ဟာ ၂ ႏွစ္ေက်ာ္ကာလအထိ သူမရဲ႕ေနအိမ္ကို စစ္ေဆးမႈမ်ားစြာျပဳလုပ္ခဲ့ၿပီး မိုက္ခ႐ိုခ်စ္ပ္နဲ႔ လိုင္စင္ခြင့္ျပဳခ်က္ဆိုင္ရာ စည္းမ်ဥ္းေတြကို လိုက္နာဖို႔ ေျပာၾကားခဲ့ေပမယ့္ ဂ်ဴလီယာ နီကိုးလ္ေမာ့စ္ အမည္ရွိ အဆိုပါအမ်ိဳးသမီးက ျငင္းဆိုခဲ့ပါတယ္။ အဲဒီေနာက္ ေမြးျမဴထားတဲ့ ေခြးအေရအတြက္လည္း ပိုတိုးလာခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ပိုင္း သူမက အာဏာပိုင္ေတြကို အေၾကာင္းၾကားျခင္းမရွိဘဲ ေခြးေတြကို ေ႐ႊ႕ေျပာင္းခဲ့ၿပီး သူမရဲ႕လိပ္စာအသစ္ကိုလည္း လွ်ိဳ႕ဝွက္ထားခဲ့တာေၾကာင့္ အမ်ားျပည္သူရဲ႕ အႀကံျပဳခ်က္ကို ရယူၿပီးမွသာေခြးေတြကို ရွာေဖြႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ေမာ့စ္ဟာ ဗုဒၶဟူးေန႔(ႏိုဝင္ဘာ ၁၉ ရက္) ေန႔မွာေတာ့ လိုင္စင္မဲ့ေခြးမ်ား ေမြးျမဴျခင္း၊ ေခြးသုံးေကာင္ထက္ပို ေမြးျခင္းနဲ႔ တရားဝင္ၫႊန္ၾကားခ်က္၊ အခ်က္အလက္မ်ားကို မလိုက္နာျခင္း စတဲ့ စြဲခ်က္(၂၈) ခုအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။ စင္ကာပူမွာ ေခြးၿခံ သို႔မဟုတ္ အိမ္ေမြးတိရစာၦန္ဆိုင္မဟုတ္ပဲ ေခြးသုံးေကာင္ထက္ပို ေမြးျမဴမႈအတြက္ စင္ကာပူေဒၚလာ ၅၀၀၀ အထိ၊ ေခြးေတြမွာ မိုက္ခ႐ိုခ်စ္ပ္ထည့္သြင္းဖို႔ AVS ၫႊန္ၾကားေရးမႉးခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္ေတြကို လိုက္နာမႈ မရွိျခင္းအတြက္ ေထာင္ဒဏ္ ၁၂ လအထိ (သို႔မဟုတ္) ဒဏ္ေငြ စင္ကာပူေဒၚလာ ၁၀၀၀၀ အထိ (သို႔မဟုတ္) ႏွစ္မ်ိဳးလုံး ခ်မွတ္ႏိုင္ပါတယ္။ လိုင္စင္မရွိဘဲ ေခြးတစ္ေကာင္ပိုင္ဆိုင္မႈစြဲခ်က္တစ္ခုကို ဒဏ္ေငြ စင္ကာပူေဒၚလာ ၅၀၀၀ အထိ ၊ေခြးေတြကို ေနရာအသစ္ မေ႐ႊ႕ေျပာင္းမီ ၫႊန္ၾကားေရးမႉးခ်ဳပ္ကို အေၾကာင္းၾကားဖို႔ ပ်က္ကြက္ျခင္းအတြက္ ေထာင္ဒဏ္ေျခာက္လအထိ (သို႔မဟုတ္) ဒဏ္ေငြ စင္ကာပူေဒၚလာ ၅၀၀၀ အထိ (သို႔) ႏွစ္မ်ိဳးလုံး ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.