ဝေါမြို့နယ်တွင် ငွေကျပ် ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

352

Pearl (NP News) - နိုဝင်ဘာ ၂၀
ဝေါမြို့နယ်တွင် ငွေကျပ် ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီအချိန် သတင်းအရ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မှိုင်းဆွေ မောင်းနှင်လာသော ISUZU ၆ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား မန္တလေးမြို့မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူ မန္တလေးမြို့နေ မြတ်မင်းဦး(ဖမ်းဆီးရန်ကျန်)နှင့် ဖမ်းဆီးရမိ မော်တော်ယာဉ်အား မန္တလေးမြို့၊ စွယ်တော်ကားဝင်းအနီးသို့ လာရောက်ပို့ဆောင်သူ ပြင်ဦးလွင်မြို့နေ အောင်မျိုးဝင်း(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ပြီး မန္တလေးမှ ဘားအံမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ေဝါၿမိဳ႕နယ္တြင္ ေငြက်ပ္ ၇ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ားဖမ္းဆီးရမိ
Pearl (NP News) - ႏိုဝင္ဘာ ၂၀
ေဝါၿမိဳ႕နယ္တြင္ ေငြက်ပ္ ၇ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၈ ရက္ေန႔ ည ၁၁ နာရီအခ်ိန္ သတင္းအရ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ မႈိင္းေဆြ ေမာင္းႏွင္လာေသာ ISUZU ၆ ဘီးေမာ္ေတာ္ယာဥ္အား စစ္ေဆးရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ ယာဥ္ေပၚမွ ၎ေဒသတန္ဖိုးေငြက်ပ္ ၇ ဒသမ ၅ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြေဆးျပား ၅ သန္းအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိ စိတ္ႂကြေဆးျပားမ်ားအား မႏၲေလးၿမိဳ႕မွ ဘားအံသို႔ သယ္ေဆာင္ခိုင္းသူ မႏၲေလးၿမိဳ႕ေန ျမတ္မင္းဦး(ဖမ္းဆီးရန္က်န္)ႏွင့္ ဖမ္းဆီးရမိ ေမာ္ေတာ္ယာဥ္အား မႏၲေလးၿမိဳ႕၊ စြယ္ေတာ္ကားဝင္းအနီးသို႔ လာေရာက္ပို႔ေဆာင္သူ ျပင္ဦးလြင္ၿမိဳ႕ေန ေအာင္မ်ိဳးဝင္း(ဖမ္းဆီးရန္က်န္)တို႔ျဖစ္ၿပီး မႏၲေလးမွ ဘားအံၿမိဳ႕သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း CCDAC MYANMAR မွ ထုတ္ျပန္ထားသည္။