အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်ရန် လူ (၄၀)ခန့် ခေါ်ယူနေ

200

စော(NP News)- နိုဝင်ဘာ ၂၀
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်ရန် လူ (၄၀)ခန့် ခေါ်ယူနေကြောင်း သိရသည်။
အဆိုပါရာထူးနေရာများအတွက် ဒုတိယလက်ထောက်ဦးစီးမှူး ရာထူးအတွက် (၂၄)ဦးနှင့် လက်ထောက်စုံစမ်းရေးမှူးရာထူးအတွက် (၁၆)ဦးခေါ်ယူသွားမည်ဖြစ်ကာ အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုပြီး အင်္ဂလိပ်စာနှင့်ကွန်ပျူတာအခြေခံတတ်ကျွမ်းရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာပုံစံကို နေပြည်တော်၊ရုံးအမှတ် (၅၆)အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနှင့် ကော်မရှင်ရုံးခွဲများဖြစ်သော ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့်မော်လမြိုင်တို့တွင် ထုတ်ယူနိုင်သည့်အပြင် www.accm.gov.mm တွင်လည်း ရယူနိုင်ပြီး ဒီဇင်ဘာ ၁၂ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သည့်နေရာသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရွေးချယ်ခံရသူများကို အင်္ဂလိပ်စာနှင့်အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေစစ်ဆေးခြင်း၊ လူတွေ့အရည်အချင်းစစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုလက်တွေ့စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်၍ မှတ်ပုံတင်ကတ်ပြား၊ ဘွဲလက်မှတ်နှင့် အလုပ်သမားမှတ်ပုံတင်ကတ်ပြား မူရင်းတို့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုခွင့်ရရှိသူများနှင့် ရေးဖြေစစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းများပြုလုပ်မည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို Website ၊ ACC Myanmar Facebook Page နှင့် နိုင်ငံပိုင်သတင်းစာများ တွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္႐ုံးတြင္ တာဝန္ထမ္းေဆာင္ရန္ လူ (၄၀)ခန႔္ ေခၚယူေန
ေစာ(NP News)- ႏိုဝင္ဘာ ၂၀
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္႐ုံးတြင္ တာဝန္ထမ္းေဆာင္ရန္ လူ (၄၀)ခန႔္ ေခၚယူေနေၾကာင္း သိရသည္။
အဆိုပါရာထူးေနရာမ်ားအတြက္ ဒုတိယလက္ေထာက္ဦးစီးမႉး ရာထူးအတြက္ (၂၄)ဦးႏွင့္ လက္ေထာက္စုံစမ္းေရးမႉးရာထူးအတြက္ (၁၆)ဦးေခၚယူသြားမည္ျဖစ္ကာ အသက္(၃၀)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရန္လိုၿပီး အဂၤလိပ္စာႏွင့္ကြန္ပ်ဴတာအေျခခံတတ္ကြၽမ္းရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္လႊာပုံစံကို ေနျပည္ေတာ္၊႐ုံးအမွတ္ (၅၆)အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္႐ုံးႏွင့္ ေကာ္မရွင္႐ုံးခြဲမ်ားျဖစ္ေသာ ရန္ကုန္၊ မႏၲေလး၊ ေတာင္ႀကီးႏွင့္ေမာ္လၿမိဳင္တို႔တြင္ ထုတ္ယူႏိုင္သည့္အျပင္ www.accm.gov.mm တြင္လည္း ရယူႏိုင္ၿပီး ဒီဇင္ဘာ ၁၂ရက္ေန႔ ေနာက္ဆုံးထား၍ ေလွ်ာက္လႊာထုတ္ယူခဲ့သည့္ေနရာသို႔ ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေ႐ြးခ်ယ္ခံရသူမ်ားကို အဂၤလိပ္စာႏွင့္အေထြေထြဗဟုသုတဘာသာရပ္မ်ားကို ေရးေျဖစစ္ေဆးျခင္း၊ လူေတြ႕အရည္အခ်င္းစစ္ေဆးျခင္းႏွင့္ ကြန္ပ်ဴတာကြၽမ္းက်င္မႈလက္ေတြ႕စစ္ေဆးျခင္းတို႔ကို ျပဳလုပ္မည္ျဖစ္၍ မွတ္ပုံတင္ကတ္ျပား၊ ဘြဲလက္မွတ္ႏွင့္ အလုပ္သမားမွတ္ပုံတင္ကတ္ျပား မူရင္းတို႔ကို တင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါစာေမးပြဲေျဖဆိုခြင့္ရရွိသူမ်ားႏွင့္ ေရးေျဖစစ္ေဆးျခင္း၊ လူေတြ႕စစ္ေဆးျခင္းမ်ားျပဳလုပ္မည့္ ေန႔ရက္၊ အခ်ိန္ႏွင့္ ေနရာတို႔ကို Website ၊ ACC Myanmar Facebook Page ႏွင့္ ႏိုင္ငံပိုင္သတင္းစာမ်ား တြင္ ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။