အိန္ဒိယဖက်ဒရယ်စနစ် အလုပ်ရုံဆွေးနွေးပွဲ NSPNC၊ CPR ဦးဆောင်မှုဖြင့် နိုင်ငံရေးပါတီ (၂၀) နှင့် EAOs ကိုယ်စားလှယ်များ တက်ရောက်

201

ALynn (NP news)- နိုဝင်ဘာ ၂၀
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး စင်တာ (CPR) နှင့် ပူးပေါင်းကာ ဦးဆောင်ကျင်းပသည့် "အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကလက္ခဏာရပ်များ" အလုပ်ရုံဆွေးနွေးပွဲကို (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ကျင်းပခဲ့ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ အခမ်းအနားသို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများ အပါအဝင် စုစုပေါင်း နိုင်ငံရေးပါတီ (၂၀)ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များမှ ကိုယ်စားလှယ်များ၊ တပ်မတော်အငြိမ်းစား အရာရှိကြီးများ နှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင် သူများအပါအဝင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက် နေကြသည့် နယ်ပယ်စုံမှ သက်ဆိုင်သူများသည် စိတ်အားထက်သန်စွာ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် NSPNC အဖွဲ့ဝင် ဗိုလ်ချုပ် စိုးနိုင်ဦး (ငြိမ်း)၊ NSPWC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ CPR ဥက္ကဋ္ဌ ဦးလှမောင်ရွှေနှင့် အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြကြောင်းသိရသည်။
ထို့နောက် အိန္ဒိယနိုင်ငံမှ ပညာရှင် (၃) ဦးက အိန္ဒိယနယ်စပ်ပြည်နယ်များတွင် ဖက်ဒရယ်လက်တွေ့ကျင့်သုံးမှုများ၊ အိန္ဒိယရှိ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍအပါအဝင် စည်းလုံးမှုကို ကာကွယ်ရင်း မတူကွဲပြားမှုကို မြှင့်တင်ပေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များအကြောင်းကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ဤအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အိန္ဒိယ၏ လက်တွဲကူညီပေးမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယင်းအစီအစဉ်တွင် ယခုအထိ ဟောပြောဆွေးနွေးပွဲ (၂) ခု နှင့် အလုပ်ရုံဆွေးနွေးပွဲ (၂) ခုကို ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
အိႏၵိယဖက္ဒရယ္စနစ္ အလုပ္႐ုံေဆြးေႏြးပြဲ NSPNC၊ CPR ဦးေဆာင္မႈျဖင့္ ႏိုင္ငံေရးပါတီ (၂၀) ႏွင့္ EAOs ကိုယ္စားလွယ္မ်ား တက္ေရာက္
ALynn (NP news)- ႏိုဝင္ဘာ ၂၀
အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ (NSPNC) မွ ၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္သင့္ျမတ္ေရး စင္တာ (CPR) ႏွင့္ ပူးေပါင္းကာ ဦးေဆာင္က်င္းပသည့္ "အိႏၵိယဖြဲ႕စည္းပုံ အေျခခံဥပေဒႏွင့္ ဖက္ဒရယ္စနစ္ဆိုင္ရာ အဓိကလကၡဏာရပ္မ်ား" အလုပ္႐ုံေဆြးေႏြးပြဲကို (၂၀၂၅) ခုႏွစ္၊ ႏိုဝင္ဘာလ (၁၈) ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ရွိ အိႏၵိယစင္တာ၌ က်င္းပခဲ့ေၾကာင္း အိႏၵိယႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံး၏ ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါ အခမ္းအနားသို႔ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီမ်ား အပါအဝင္ စုစုေပါင္း ႏိုင္ငံေရးပါတီ (၂၀)ပါတီႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း (EAOs) မ်ားမွ ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္အၿငိမ္းစား အရာရွိႀကီးမ်ား ႏွင့္ ပညာရပ္ပိုင္းဆိုင္ရာ ကြၽမ္းက်င္ သူမ်ားအပါအဝင္ ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ ပါဝင္ေဆာင္႐ြက္ ေနၾကသည့္ နယ္ပယ္စုံမွ သက္ဆိုင္သူမ်ားသည္ စိတ္အားထက္သန္စြာ တက္ေရာက္ခဲ့ၾကေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ယင္းအလုပ္႐ုံေဆြးေႏြးပြဲတြင္ NSPNC အဖြဲ႕ဝင္ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦး (ၿငိမ္း)၊ NSPWC အဖြဲ႕ဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး (ၿငိမ္း)၊ CPR ဥကၠ႒ ဦးလွေမာင္ေ႐ႊႏွင့္ အိႏၵိယသံအမတ္ႀကီး Mr. Abhay Thakur တို႔မွ အဖြင့္အမွာစကားမ်ား ေျပာၾကားခဲ့ၾကေၾကာင္းသိရသည္။
ထို႔ေနာက္ အိႏၵိယႏိုင္ငံမွ ပညာရွင္ (၃) ဦးက အိႏၵိယနယ္စပ္ျပည္နယ္မ်ားတြင္ ဖက္ဒရယ္လက္ေတြ႕က်င့္သုံးမႈမ်ား၊ အိႏၵိယရွိ ႏိုင္ငံေရးပါတီမ်ား၏ အခန္းက႑အပါအဝင္ စည္းလုံးမႈကို ကာကြယ္ရင္း မတူကြဲျပားမႈကို ျမႇင့္တင္ေပးသည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ျပ႒ာန္းခ်က္မ်ားအေၾကာင္းကို အသီးသီးေဆြးေႏြးခဲ့ၾကသည္။
ဤအလုပ္႐ုံေဆြးေႏြးပြဲသည္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးတြင္ အိႏၵိယ၏ လက္တြဲကူညီေပးမႈ အစီအစဥ္၏ တစ္စိတ္တစ္ပိုင္း ျဖစ္သည္။ ယင္းအစီအစဥ္တြင္ ယခုအထိ ေဟာေျပာေဆြးေႏြးပြဲ (၂) ခု ႏွင့္ အလုပ္႐ုံေဆြးေႏြးပြဲ (၂) ခုကို က်င္းပႏိုင္ခဲ့ေၾကာင္း သိရသည္။