ကမ္ဘာ့အရှည်ဆုံးနာမည်ရှိသည့် ဩစတြေးလျအမျိုးသား

 357

Pika (NP News) - နိုဝင်ဘာလ ၂ဝ

ကမ္ဘာ့အရှည်ဆုံးနာမည်ရှိသော ဩစတြေး လျ အမျိုးသားတစ်ဦးသည် အလယ်နာမည်(၂၀ဝဝ)ကျော်ပါဝင်သော ၎င်း၏နာမည်ကို ဖတ်ပြခဲ့ပြီး အဆုံး အထိဖတ်ပြီးရန် အချိန်(၁)နာရီကျော် ကြာမြင့်ခဲ့ ကြောင်း သိရသည်။ Laurent Watkins ဆိုသည့် အမျိုးသားသည် (၁၉၉၀)ပြည့်နှစ်၊ မတ်လတွင် အလယ် နာမည်(၂၂၅၁)ခုပါဝင်သည့် နာမည်ကို တရားဝင် ပြောင်းလဲခဲ့ပြီး ထူးခြားသည့်စကားလုံး(၂၂၅၃)လုံးပါဝင်သည့် အရှည်ဆုံးကိုယ်ပိုင်နာမည်အတွက် ဂင်းနစ်စံချိန်ကို ရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် ၎င်း၏မင်္ဂလာပွဲတွင် အခမ်းအနား မှူးက ၎င်း၏နာမည်အပြည့်အစုံကိုဖတ်ပြီးရန် မိနစ် (၂၀)ကျော်ကြာမြင့်ခဲ့သော်လည်း ဂင်းနစ်စံချိန်တင် နိုင်ရန်အတွက် ၎င်းကိုယ်တိုင်ဖတ်လိုက်သည့်အချိန် တွင် အချိန်(၁)နာရီကျော်ကြာမြင့်ခဲ့ကြောင်း Laurence Watkins က ထုတ်ပြန်ပြောကြားခဲ့ သည်။ Laurence Alon Aloys Aloysius Alphege Alun Alured Alwyn Alysander Ambie Ambrose Ambrosius Amias Amiot Amyas Anders Andre Andrea Andreas Andrew Andy Aneirin Anguish Anleifr ဆိုသည့်စကား လုံများဖြင့်စထားပြီး အဆိုပါစကားလုံးအားလုံးသည် အက္ခရာ A ဖြင့်စထားသည့် နာမည်အားလုံးတောင် မဟုတ်သေးကြောင်းသိရသည်။
Laurence Watkins က " လူတချို့ ရဲ့ထူးခြားဆန်းပြားတဲ့ ဂင်းနစ်စံချိန်မှတ်တမ်းတွေကို ကျွန်တော်အမြဲတမ်းစိတ်ဝင်စားခဲ့ပါတယ်။ အဲဒါ ကြောင့်မလို့ ဂင်းနစ်စံချိန်မှတ်တမ်းစာအုပ်မှာ ပါလာ စေနိုင်ဖို့ ကျွန်တော်ကြိုးပမ်းခဲ့တာပါ"ဟုပြောဆို ခဲ့သည်။ ကမ္ဘာ့အရှည်ဆုံးနာမည်ပြောင်းသည့် လုပ် ငန်းစဉ်အတွင်း စာရွက်စာတမ်းအများကြီး နှင့်အတူ တရားရုံးကို အကြိမ်ကြိမ်သွားရောက်ခဲ့ရကြောင်း Laurent Watkins က ပြောကြားခဲ့သည်။
ထို့ပြင် ၎င်း၏နာမည်ပြောင်းလဲမှုအောင် မြင်ခဲ့ပြီးနောက် အခြားသူများ၏မှတ်တမ်းများကို ခိုးယူဖို့ကြိုးပမ်းခြင်းကို တားဆီးသည့် ဥပဒေအသစ် များကို ပြဋ္ဌာန်းခဲ့ကြောင်းသိရသည်။Laurence Watkins က " ကျွန်တော်အကြိုက်ဆုံးနာမည်က AZ2000 ပဲဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော့်မှာ အက္ခရာ A ကနေ Z အထိပါတဲ့ နာမည်ပေါင်း(၂၀ဝဝ)ကျော်ရှိပါတယ်"ဟုပြောဆိုခဲ့သည်။

Zawgyi Version:
ကမာၻ႔အရွည္ဆုံးနာမည္ရွိသည့္ ဩစေၾတးလ်အမ်ိဳးသား
Pika (NP News) - ႏိုဝင္ဘာလ ၂ဝ

ကမာၻ႔အရွည္ဆုံးနာမည္ရွိေသာ ဩစေၾတး လ် အမ်ိဳးသားတစ္ဦးသည္ အလယ္နာမည္(၂၀ဝဝ)ေက်ာ္ပါဝင္ေသာ ၎၏နာမည္ကို ဖတ္ျပခဲ့ၿပီး အဆုံး အထိဖတ္ၿပီးရန္ အခ်ိန္(၁)နာရီေက်ာ္ ၾကာျမင့္ခဲ့ ေၾကာင္း သိရသည္။ Laurent Watkins ဆိုသည့္ အမ်ိဳးသားသည္ (၁၉၉၀)ျပည့္ႏွစ္၊ မတ္လတြင္ အလယ္ နာမည္(၂၂၅၁)ခုပါဝင္သည့္ နာမည္ကို တရားဝင္ ေျပာင္းလဲခဲ့ၿပီး ထူးျခားသည့္စကားလုံး(၂၂၅၃)လုံးပါဝင္သည့္ အရွည္ဆုံးကိုယ္ပိုင္နာမည္အတြက္ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ၎၏မဂၤလာပြဲတြင္ အခမ္းအနား မႉးက ၎၏နာမည္အျပည့္အစုံကိုဖတ္ၿပီးရန္ မိနစ္ (၂၀)ေက်ာ္ၾကာျမင့္ခဲ့ေသာ္လည္း ဂင္းနစ္စံခ်ိန္တင္ ႏိုင္ရန္အတြက္ ၎ကိုယ္တိုင္ဖတ္လိုက္သည့္အခ်ိန္ တြင္ အခ်ိန္(၁)နာရီေက်ာ္ၾကာျမင့္ခဲ့ေၾကာင္း Laurence Watkins က ထုတ္ျပန္ေျပာၾကားခဲ့ သည္။ Laurence Alon Aloys Aloysius Alphege Alun Alured Alwyn Alysander Ambie Ambrose Ambrosius Amias Amiot Amyas Anders Andre Andrea Andreas Andrew Andy Aneirin Anguish Anleifr ဆိုသည့္စကား လုံမ်ားျဖင့္စထားၿပီး အဆိုပါစကားလုံးအားလုံးသည္ အကၡရာ A ျဖင့္စထားသည့္ နာမည္အားလုံးေတာင္ မဟုတ္ေသးေၾကာင္းသိရသည္။
Laurence Watkins က " လူတခ်ိဳ႕ ရဲ႕ထူးျခားဆန္းျပားတဲ့ ဂင္းနစ္စံခ်ိန္မွတ္တမ္းေတြကို ကြၽန္ေတာ္အၿမဲတမ္းစိတ္ဝင္စားခဲ့ပါတယ္။ အဲဒါ ေၾကာင့္မလို႔ ဂင္းနစ္စံခ်ိန္မွတ္တမ္းစာအုပ္မွာ ပါလာ ေစႏိုင္ဖို႔ ကြၽန္ေတာ္ႀကိဳးပမ္းခဲ့တာပါ"ဟုေျပာဆို ခဲ့သည္။ ကမာၻ႔အရွည္ဆုံးနာမည္ေျပာင္းသည့္ လုပ္ ငန္းစဥ္အတြင္း စာ႐ြက္စာတမ္းအမ်ားႀကီး ႏွင့္အတူ တရား႐ုံးကို အႀကိမ္ႀကိမ္သြားေရာက္ခဲ့ရေၾကာင္း Laurent Watkins က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ၎၏နာမည္ေျပာင္းလဲမႈေအာင္ ျမင္ခဲ့ၿပီးေနာက္ အျခားသူမ်ား၏မွတ္တမ္းမ်ားကို ခိုးယူဖို႔ႀကိဳးပမ္းျခင္းကို တားဆီးသည့္ ဥပေဒအသစ္ မ်ားကို ျပ႒ာန္းခဲ့ေၾကာင္းသိရသည္။Laurence Watkins က " ကြၽန္ေတာ္အႀကိဳက္ဆုံးနာမည္က AZ2000 ပဲျဖစ္ပါတယ္။ ဆိုလိုတာက ကြၽန္ေတာ့္မွာ အကၡရာ A ကေန Z အထိပါတဲ့ နာမည္ေပါင္း(၂၀ဝဝ)ေက်ာ္ရွိပါတယ္"ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.