အလားအလာရှိတဲ့ အကျဉ်းသားအပြန်အလှန်လဲလှယ်မှုအသစ်တစ်ခုကို ရုရှားနဲ့အမေရိကန်တို့ဆွေးနွေးနေ

108

Pika(NP News)-နိုဝင်ဘာ ၂၀
ရုရှားနဲ့ အမေရိကန်တို့ဟာ အလားအလာရှိတဲ့ အကျဉ်းသားအပြန်အလှန်လဲလှယ်မှုအသစ်တစ်ခုကို ဆွေးနွေးနေတယ်လို့ နှစ်နိုင်ငံစလုံးရဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Axiosသတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလမှာ နောက်ဆုံးအကြိမ်လုပ်ဆောင်ခဲ့တဲ့ ရုရှားနဲ့ အမေရိကန်တို့ကြား အကျဉ်းသားအပြန်အလှန်လဲလှယ်မှုဟာ နှစ်ပေါင်းများစွာကြာအောင် သံတမန်ရေးပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးနောက် ရုရှားနဲ့ဆက်ဆံရေးတွေ တည်ငြိမ်လာစေဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။ရုရှားအစိုးရတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကီရေးဒီမစ်ထရိဗ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလနှောင်းပိုင်းတုန်းက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း နောက်ထပ်အကျဉ်းသားလဲလှယ်မှုတစ်ခုနဲ့ပတ်သက်တဲ့ အလားအလာတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ကီရေးဒီမစ်ထရိဗ်က” အမေရိကန်ဘက်က လုပ်ဆောင်နေတဲ့ အကျဉ်းသားလဲလှယ်မှုလိုမျိုး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်အချို့နဲ့ပတ်သက်ပြီး အမေရိကန်အရာရှိတွေ၊ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ဝင်အချို့တို့နဲ့ တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ကီရေးဒီမစ်ထရိဗ်က အမေရိကန်အထူးသံတန်စတိဝစ်အော့ဖ်၊ဒေါ်နယ်ထရမ့်အစိုးရ အဖွဲ့ဝင်အချို့နဲ့တွေ့ဆုံပြီး နောက်ထပ်အကျဉ်းသားလဲလှယ်မှုနဲ့ပတ်သက်တဲ့အကြောင်းတွေ ဆွေးနွေးခဲ့တယ်ဆိုတာကို အမေရိကန်အရာရှိတွေက အတည်ပြုခဲ့ပေမယ့်လည်း သဘောတူညီချက်တစ်စုံတစ်ရာ ရရှိခဲ့တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
အလားအလာရွိတဲ့ အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈအသစ္တစ္ခုကို ႐ုရွားနဲ႔အေမရိကန္တို႔ေဆြးေႏြးေန
Pika(NP News)-ႏိုဝင္ဘာ ၂၀
႐ုရွားနဲ႔ အေမရိကန္တို႔ဟာ အလားအလာရွိတဲ့ အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈအသစ္တစ္ခုကို ေဆြးေႏြးေနတယ္လို႔ ႏွစ္ႏိုင္ငံစလုံးရဲ႕ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး Axiosသတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ၿပီးခဲ့တဲ့ဧၿပီလမွာ ေနာက္ဆုံးအႀကိမ္လုပ္ေဆာင္ခဲ့တဲ့ ႐ုရွားနဲ႔ အေမရိကန္တို႔ၾကား အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈဟာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ သံတမန္ေရးပဋိပကၡေတြျဖစ္ပြားခဲ့ၿပီးေနာက္ ႐ုရွားနဲ႔ဆက္ဆံေရးေတြ တည္ၿငိမ္လာေစဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ ႀကိဳးပမ္းမႈေတြရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။႐ုရွားအစိုးရတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ကီေရးဒီမစ္ထရိဗ္ဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလေႏွာင္းပိုင္းတုန္းက အေမရိကန္ႏိုင္ငံ ဝါရွင္တန္ၿမိဳ႕ကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ေနာက္ထပ္အက်ဥ္းသားလဲလွယ္မႈတစ္ခုနဲ႔ပတ္သက္တဲ့ အလားအလာေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ကီေရးဒီမစ္ထရိဗ္က” အေမရိကန္ဘက္က လုပ္ေဆာင္ေနတဲ့ အက်ဥ္းသားလဲလွယ္မႈလိုမ်ိဳး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကိစၥရပ္အခ်ိဳ႕နဲ႔ပတ္သက္ၿပီး အေမရိကန္အရာရွိေတြ၊ေဒၚနယ္ထရမ့္အစိုးရအဖြဲ႕ဝင္အခ်ိဳ႕တို႔နဲ႔ ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ကီေရးဒီမစ္ထရိဗ္က အေမရိကန္အထူးသံတန္စတိဝစ္ေအာ့ဖ္၊ေဒၚနယ္ထရမ့္အစိုးရ အဖြဲ႕ဝင္အခ်ိဳ႕နဲ႔ေတြ႕ဆုံၿပီး ေနာက္ထပ္အက်ဥ္းသားလဲလွယ္မႈနဲ႔ပတ္သက္တဲ့အေၾကာင္းေတြ ေဆြးေႏြးခဲ့တယ္ဆိုတာကို အေမရိကန္အရာရွိေတြက အတည္ျပဳခဲ့ေပမယ့္လည္း သေဘာတူညီခ်က္တစ္စုံတစ္ရာ ရရွိခဲ့တာမ်ိဳးေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။