ပြဿနာများကြားမှ ကုလရာသီဥတုဆိုင်ရာ ညီလာခံ ထုံးစံအတိုင်း မရေရာမှုများဖြင့် ပြီးဆုံးရဖွယ်ရှိ

 89

HtayOung (OungMarine) NP News-နိုဝင်ဘာ-၂၀
ဘရာဇီးနိုင်ငံ ဘီလမ်မြို့မှာ COP 30 (UNFCCC) ခေါ် “ကုလသမဂ္ဂရဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံ တကာညီလာခံ” ကို ကျင်းပနေပါတယ်၊နိုဝင်ဘာ ၁၀ ရက်နေ့မှ (မနက်ဖန်) နိုဝင်ဘာ ၂၁ ရက်နေ့အထိ ကျင်းပ မယ့် အဲ့ဒီညီလာခံမှာ ကမ္ဘာ ကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲလာမှုကို တားဆီးရန် ဆွေးနွေးနေကြ ပါတယ်။ နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ဝန်ကြီးများ၊ ရာသီဥတုဆိုင်ရာခေါင်းဆောင်များနဲ့ မိတ်ဖက်အဖွဲ့အစည်း တို့က “အမျိုးသားအဆင့် ဆီလျော်စွာပြုပြင်ရေးအစီအစဉ်” NAPs ရေးဆွဲနိုင်ရေးကို ဆွေးနွေးနေကြတယ်လို့ “အင်ဆိုက် ကလိုင်းမိတ် နယူးစ်” (19 November 2025) က ရေးပါတယ်။

COP ရဲ့ ယခုနှစ် ဥက္ကဌဖြစ်တဲ့ ဘရာဇီးက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အဲ့ဒီအစည်းအဝေးကြီးဟာ တစ်နှစ် ထက်တစ်နှစ် ပိုမိုဆိုးရွားပြင်းထန်လာတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တားဆီးနိုင်ရေးမှာ ထင်သ လောက် ဖြစ်ပါ့မလား စိုးရိမ်ရပါတယ်။ အစည်းအဝေးက နည်းနည်း အိမ်ရှင်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်စီးပွားရေး လုပ် ငန်းများကို ပရိုမိုးရှင်းက များများဖြစ်နေပါတယ်။ အစည်းအဝေးကာလ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲနိုင်ရန် လေးလမ်းသွား အဝေးပြေးလမ်းသစ်ဖောက်လုပ်ခဲ့ပါတယ်။အမေဇုန်မိုးသစ်တောများ၊ ဇီဝစုံမျိုးကွဲများနဲ့ ဒေသခံ များ ထိခိုက်နစ်နာရတဲ့အတွက် ရာသီဥတုပြောင်းလဲမှု တားဆီးရေးကို ဘာမှ လုပ်မပေးနိုင်ခင် ပိုဆိုးအောင် လုပ်သလို ဖြစ်နေပြီလို့ ကဲ့ရဲ့ခံရပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာပွဲများထုံးစံအတိုင်း ဧရာမခေါင်းစဉ်တပ်ပြီး သက်ဆိုင်သူတစ်စုက စီးပွားရေးလုပ်စားတဲ့ အကွက်တွေလို့ စွပ်စွဲခံရပါတယ်။

ဆွေးနွေးပွဲမတိုင်မီ ဘရာဇီး ရဲတပ်ဖွဲ့ရဲ့ ဒုစရိုက်နှိမ်နင်းရေးမှာ လူပေါင်း ၁၃၂-ဦး သေဆုံးခဲ့တဲ့အတွက် ပြည် တွင်းပြည်ပ ဝေဖန်မှုများဖြစ်ပါ်ခဲ့ပါတယ်။ ရဟတ်ယာဉ် ၂-စီး၊ သံချပ်ကာယာဉ် ၃၂-စီးနဲ့ အင်အား ၂၅၀၀ ခန့် အသုံးပြုခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာတော့ သေဆုံးသူအရေအတွက်ဟာ အဲ့ဒီ ထက်ဝက် ခန့်သာရှိပါတယ်။ ရီယိုဒီဂျနေးရိုးမြို့ ဆင်းရဲသားရပ်ကွက်များကို ပစ်မှတ်ထားတဲ့ အဲ့ဒီစစ်ဆင်ရေးဟာ ဘရာဇီး နိုင်ငံသမိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ အသေအပျောက်အများဆုံး စီးနင်းမှု ဖြစ်ခဲ့ပါတယ်။

COP30 ဆွေးနွေးပွဲကျင်းပနေစဉ်မှာလည်း ဒေသခံတို့ရဲ့ လူစုလူဝေးနဲ့ ချီတက်ကန့်ကွက်ခြင်းများ ဖြစ် ပေါ်ခဲ့ပါ တယ်။ ဘီလမ်ဒေသခံတွေဟာ COP 30 ဆွေးနွေးပွဲကို မူအားဖြင့် ကြိုဆိုပါတယ်။ ဒါပေမယ့် အစည်းအဝေး တက်ရောက်သူများရဲ့ တစ်ယောက်တစ်ပေါက် ဆင်ဝှေ့ရန်ရှောင် ဆွေးနွေးချက်များကို စိတ်ပျက် သည်းမခံနိုင် တဲ့အဆုံး ဆန္ဒပြကြပုံရပြီး လွန်ခဲ့တဲ့ ၄-နှစ် ဗြိတိန်နိုင်ငံ “ဂလပ်စကိုမြို့” COP26 နောက်ပိုင်း ရာသီဥတုဆိုင်ရာ အကြီးမားဆုံး လူထုဆန္ဒပြပွဲဖြစ်သွားရပါတယ်။

ဆန္ဒပြသူတွေဟာ ရာသီဥတုဆိုင်ရာ တရားမျှတမှု ရရှိရေး၊ ရုပ်ကြွင်းလောင်စာများ ဆက်လက်အသုံးပြနေမှု အမြန်ဆုံးရပ်ဆိုင်းရေး၊ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်နစ်နာသူ အသိုင်းအဝိုင်းများအတွက် ကုစားမှု ရရှိရေးနဲ့ ဒေသခံဌာနေတိုင်းရင်းသားများရဲ့ အခွင့်အရေးများကို အကာအကွယ်ပေးရေးစသဖြင့် တောင်းဆို ခဲ့ကြပါတယ်။

ညီလာခံအတွင်းမှာတော့ နိုင်ငံများအကြား ကုန်သွယ်ရေးအပြုအမူများ၊ ထိရောက်မှုနည်းပါးတဲ့ ရာသီဥတု ပစ် မှတ်များနဲ့ ရာသီဥတုပြောင်းလဲမှုအတွက် ငွေကြေးအထောက်အပံ့ တိုးမြှင့်ပေးကိစ္စမှာ ငြင်းခုန်နေကြပါတယ်။ ဖန်လုံအိမ်ဓါတ်ငွေ့ အများဆုံး ထုတ်လုပ်တဲ့ ဖွံဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးဆဲ တိုင်း ပြည်များကို ငွေကြေးအ ထောက်အပံ့ တိုးမြှင့်ပေးရေး ယခင်ကတိကဝတ်တွေဟာ ဘယ်တုန်းကမှ မပြည့်မီခဲ့ပါဘူး၊ ကတိကဝတ်များနဲ့ လက်တွေ့ဆောင်ရွက်မှုများအကြား ကွာဟမှုဟာ ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ရာသီဥတုဆိုးရွားပြင်းထန်လာမှု ကြာင့် ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုကို ရင်ဆိုင်နေရတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများစုဖြစ်ပါတယ်။ ဒါပေမယ့် စက်မှုနိုင်ငံကြီးအတော်များများက သူတို့ရဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန် စိတ်မဝင်စားကြပါဘူး၊ စက်မှု နိုင်ငံကြီးအများစုရဲ့ ကတိကဝတ်တွေဟာ ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅°C အောက်မှာ ထိန်းသိမ်းရန် မလုံ လောက်နိုင်ပါဘူး။

ကမ္ဘာ့ ကာဗွန်ဓါတ်ငွေ့ အထုတ်လွှတ်ဆုံးမှာ တရုတ်-အမေရိကန်-အိန္ဒိယနဲ့ ဥရောပတိုင်းပြည်များက အစဉ်အ လိုက်ဖြစ်ပါတယ်။ တရုတ်-အိန္ဒိယတို့က အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများနဲ့ ပြုပြင်ပြောင်းလဲရေး ကတိ ပြုပေမယ့် ဥရောပစက်မှုနိုင်ငံကြီးအချိုံကတော့ သူ့တိုင်းပြည် စီးပွားရေး တိုးတက်မှုကို ထိခိုက်နိုင်တဲ့အတွက် လက်ရှိကာဗွန်ထုတ်လွှတ်မှုကို လျော့ချရန် မဖြစ်နိုင်ကြောင်း လူကြားထဲ မျက်နှာပြောင်ပြောင်နဲ့ ထပြောနေ ပါတယ်။ ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်ဟာ အဆိုးဆုံးဖြစ်ပြီး ယခု ဘရာဇီး COP 30 ညီလာခံကို တက် တောင် မတက်ပါဘူးး၊

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းကြောင့် မိုးခေါင်-ရေကြီး ရေလျံ၊ အပူလှိုင်း-အအေးလှိုင်းဖြစ်၊ သဘာ၀ လွန် မုန်တိုင်းများဖြတ်သန်းခံနေရတာ အဲ့ဒီနိုင်ငံတွေလည်း ပါဝင်ပါတယ်။ ငွေကြေးချမ်းသာပြီး စက်မှုနည်း ပညာ မြင့်မားတဲ့ တိုင်းပြည်တွေမှာ ပျက်စီးဆုံးရှုံးမှုကို အချိန်တိုအတွင်း ပြန်လည်ထူထောင်နိုင်ပေမယ့် မူလ ကတည်း က ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ ကုန်းကောက်စရာမရှိ ဖြစ်ရပြီး လူ့သက်တမ်းတလျောက်လုံး နလံ မထူနိုင် အောင် ဖြစ်ကုန်ကြရပါတယ်။

ကိုယ်တိုင် ဘာအမှားမှ မကျူးလွန်ရပါလျက် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ပြီး တိုင်းပြည်ပျောက်ကိန်းဆိုက်နေတဲ့ ပစိဖိတ်ကျွန်းနိုင်ငံ ဥပဒေကျောင်းသားများက ဒီကိစ္စအတွက် သက်ဆိုင်ရာ နိုင်ငံများရဲ့ ရပ်တည်ချက်ကို ဆုံးဖြတ်ပေးပါရန် နိုင်ငံတကာ တရားခုံရုံး ICJ ထံ လျောက်ထားခဲ့ပါတယ်။ UNFCCC ညီလာခံ ဆုံးဖြတ်ချက်များကို ကိုးကားပြီး ယခုနှစ် ဇူလိုင်လမှာ ICJ က စီရင်ချက် ချမှတ်ခဲ့ပါတယ်။

ဖန်လုံအိမ်ဓါတ်ငွေ့ ပတ်ဝန်းကျင် ဖြစ်ပေါ်စေရန် လုပ်ဆောင် သို့မဟုတ် ပျက်ကွက်ခြင်းဟာ ရာသီဥတုပြောင်း လဲ မှုကို ဖြစ်ပေါ်စေကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ နိုင်ငံရေး၊ သိပ္ပံနည်းပညာနဲ့ ကျင့်ဝတ်ဆိုင်ရာ ရှု့ထောင့် အရ ဖန်လုံအိမ်ဓါတ်ငွေ့ ပတ်ဝန်းကျင် ဖြစ်ပေါ်မှုကို တားဆီးကာကွယ်ရန် နိုင်ငံတိုင်းရဲ့ တာဝန်ဖြစ်ကြောင်း၊ အဆို ပါ ဝတ္တရားများကို လိုက်နာရန် ပျက်ကွက်ခြင်းဟာ ကုလသမဂ္ဂပဋိဉာဉ်-လူ့အခွင့်အရေးကြေငြာစာတမ်းနဲ့ နိုင်ငံ တကာဥပဒေကို ဆန့်ကျင်လျက်ရှိကြောင်း၊ အဲ့ဒီတာဝန်မှာ အန္တရာယ်ရှိသော အပြုအမူကို ရပ်တန့်ခြင်း၊ အာမခံ ချက်ပေးခြင်း၊ လျော်ကြေး သို့မဟုတ် ပျက်စီးဆုံးရှုံးမှုနဲ့ တိုက်ရိုက်ဖြစ်တဲ့ နစ်နာကြေးများကို ပေးဆောင်ရန် ပါဝင် တယ်လို့ ဆုံးဖြတ်ထားပါတယ်။

ICJ ရဲ့ ဆုံးဖြဆ်ချက်ဟာ မလွဲမသွေ အရေးယူတဲ့ အဓိပ္ပါယ် မဟုတ်ပဲ အကြံပြုချက်မျှသာဖြစ်ပြီး အမေရိကန်ကို ရည်ညွှန်းကြောင်း တစ်လုံးမှ မပါဝင်ပါဘူး၊ ပါခဲ့ရင်လည်း အမေရိကန်မှာ ဘယ်ပါတီအစိုးရတက်တက် ICJ လည်း ICC နည်းတူ ဒဏ်ခတ်ပိတ်ဆို့ခံရပြီး ရုံးလုပ်ငန်းတွေ ဆက်မလုပ်နိုင်ပဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် နောင်သ ဘာ၀ ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာရတဲ့ တိုင်းပြည်တွေဟာ ICJ ဆုံးဖြတ်ကို ကိုးကားပြီး လျော်ကြေး တောင်းခံမှုများ ဖြစ်လာနိုင်ပါတယ်။ ဘယ်တိုင်းပြည်တွေ မဟာကံထူးရှင်ဖြစ်မလဲဆိုတာ စောင့် ကြည့်ရပါ လိမ့်မယ်။
.

Zawgyi Version:
ျပႆနာမ်ားၾကားမွ ကုလရာသီဥတုဆိုင္ရာ ညီလာခံ ထုံးစံအတိုင္း မေရရာမႈမ်ားျဖင့္ ၿပီးဆုံးရဖြယ္ရွိ။
HtayOung (OungMarine) NP News-ႏိုဝင္ဘာ-၂၀
ဘရာဇီးႏိုင္ငံ ဘီလမ္ၿမိဳ႕မွာ COP 30 (UNFCCC) ေခၚ “ကုလသမဂၢရဲ႕ ကမာၻ႔ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ႏိုင္ငံ တကာညီလာခံ” ကို က်င္းပေနပါတယ္၊ႏိုဝင္ဘာ ၁၀ ရက္ေန႔မွ (မနက္ဖန္) ႏိုဝင္ဘာ ၂၁ ရက္ေန႔အထိ က်င္းပ မယ့္ အဲ့ဒီညီလာခံမွာ ကမာၻ ႀကီးပူေႏြးလာမႈေၾကာင့္ ရာသီဥတုေျပာင္းလဲလာမႈကို တားဆီးရန္ ေဆြးေႏြးေနၾက ပါတယ္။ ႏိုင္ငံအသီးသီးမွ အစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ ရာသီဥတုဆိုင္ရာေခါင္းေဆာင္မ်ားနဲ႔ မိတ္ဖက္အဖြဲ႕အစည္း တို႔က “အမ်ိဳးသားအဆင့္ ဆီေလ်ာ္စြာျပဳျပင္ေရးအစီအစဥ္” NAPs ေရးဆြဲႏိုင္ေရးကို ေဆြးေႏြးေနၾကတယ္လို႔ “အင္ဆိုက္ ကလိုင္းမိတ္ နယူးစ္” (19 November 2025) က ေရးပါတယ္။

COP ရဲ႕ ယခုႏွစ္ ဥကၠဌျဖစ္တဲ့ ဘရာဇီးက အိမ္ရွင္အျဖစ္လက္ခံက်င္းပတဲ့ အဲ့ဒီအစည္းအေဝးႀကီးဟာ တစ္ႏွစ္ ထက္တစ္ႏွစ္ ပိုမိုဆိုး႐ြားျပင္းထန္လာတဲ့ ကမာၻ႔ရာသီဥတုေျပာင္းလဲမႈကို တားဆီးႏိုင္ေရးမွာ ထင္သ ေလာက္ ျဖစ္ပါ့မလား စိုးရိမ္ရပါတယ္။ အစည္းအေဝးက နည္းနည္း အိမ္ရွင္ႏိုင္ငံရဲ႕ ခရီးသြားလုပ္ငန္းနဲ႔ ဆက္ႏြယ္စီးပြားေရး လုပ္ ငန္းမ်ားကို ပ႐ိုမိုးရွင္းက မ်ားမ်ားျဖစ္ေနပါတယ္။ အစည္းအေဝးကာလ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေရွာင္လႊဲႏိုင္ရန္ ေလးလမ္းသြား အေဝးေျပးလမ္းသစ္ေဖာက္လုပ္ခဲ့ပါတယ္။အေမဇုန္မိုးသစ္ေတာမ်ား၊ ဇီဝစုံမ်ိဳးကြဲမ်ားနဲ႔ ေဒသခံ မ်ား ထိခိုက္နစ္နာရတဲ့အတြက္ ရာသီဥတုေျပာင္းလဲမႈ တားဆီးေရးကို ဘာမွ လုပ္မေပးႏိုင္ခင္ ပိုဆိုးေအာင္ လုပ္သလို ျဖစ္ေနၿပီလို႔ ကဲ့ရဲ႕ခံရပါတယ္။ ကုလသမဂၢရဲ႕ ႏိုင္ငံတကာပြဲမ်ားထုံးစံအတိုင္း ဧရာမေခါင္းစဥ္တပ္ၿပီး သက္ဆိုင္သူတစ္စုက စီးပြားေရးလုပ္စားတဲ့ အကြက္ေတြလို႔ စြပ္စြဲခံရပါတယ္။

ေဆြးေႏြးပြဲမတိုင္မီ ဘရာဇီး ရဲတပ္ဖြဲ႕ရဲ႕ ဒုစ႐ိုက္ႏွိမ္နင္းေရးမွာ လူေပါင္း ၁၃၂-ဦး ေသဆုံးခဲ့တဲ့အတြက္ ျပည္ တြင္းျပည္ပ ေဝဖန္မႈမ်ားျဖစ္ပၚခဲ့ပါတယ္။ ရဟတ္ယာဥ္ ၂-စီး၊ သံခ်ပ္ကာယာဥ္ ၃၂-စီးနဲ႔ အင္အား ၂၅၀၀ ခန႔္ အသုံးျပဳခဲ့တဲ့ ရဲတပ္ဖြဲ႕ရဲ႕ တရားဝင္သတင္းထုတ္ျပန္ခ်က္မွာေတာ့ ေသဆုံးသူအေရအတြက္ဟာ အဲ့ဒီ ထက္ဝက္ ခန႔္သာရွိပါတယ္။ ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕ ဆင္းရဲသားရပ္ကြက္မ်ားကို ပစ္မွတ္ထားတဲ့ အဲ့ဒီစစ္ဆင္ေရးဟာ ဘရာဇီး ႏိုင္ငံသမိုင္းမွာ ရဲတပ္ဖြဲ႕ရဲ႕ အေသအေပ်ာက္အမ်ားဆုံး စီးနင္းမႈ ျဖစ္ခဲ့ပါတယ္။

COP30 ေဆြးေႏြးပြဲက်င္းပေနစဥ္မွာလည္း ေဒသခံတို႔ရဲ႕ လူစုလူေဝးနဲ႔ ခ်ီတက္ကန႔္ကြက္ျခင္းမ်ား ျဖစ္ ေပၚခဲ့ပါ တယ္။ ဘီလမ္ေဒသခံေတြဟာ COP 30 ေဆြးေႏြးပြဲကို မူအားျဖင့္ ႀကိဳဆိုပါတယ္။ ဒါေပမယ့္ အစည္းအေဝး တက္ေရာက္သူမ်ားရဲ႕ တစ္ေယာက္တစ္ေပါက္ ဆင္ေဝွ႔ရန္ေရွာင္ ေဆြးေႏြးခ်က္မ်ားကို စိတ္ပ်က္ သည္းမခံႏိုင္ တဲ့အဆုံး ဆႏၵျပၾကပုံရၿပီး လြန္ခဲ့တဲ့ ၄-ႏွစ္ ၿဗိတိန္ႏိုင္ငံ “ဂလပ္စကိုၿမိဳ႕” COP26 ေနာက္ပိုင္း ရာသီဥတုဆိုင္ရာ အႀကီးမားဆုံး လူထုဆႏၵျပပြဲျဖစ္သြားရပါတယ္။

ဆႏၵျပသူေတြဟာ ရာသီဥတုဆိုင္ရာ တရားမွ်တမႈ ရရွိေရး၊ ႐ုပ္ႂကြင္းေလာင္စာမ်ား ဆက္လက္အသုံးျပေနမႈ အျမန္ဆုံးရပ္ဆိုင္းေရး၊ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ထိခိုက္နစ္နာသူ အသိုင္းအဝိုင္းမ်ားအတြက္ ကုစားမႈ ရရွိေရးနဲ႔ ေဒသခံဌာေနတိုင္းရင္းသားမ်ားရဲ႕ အခြင့္အေရးမ်ားကို အကာအကြယ္ေပးေရးစသျဖင့္ ေတာင္းဆို ခဲ့ၾကပါတယ္။

ညီလာခံအတြင္းမွာေတာ့ ႏိုင္ငံမ်ားအၾကား ကုန္သြယ္ေရးအျပဳအမူမ်ား၊ ထိေရာက္မႈနည္းပါးတဲ့ ရာသီဥတု ပစ္ မွတ္မ်ားနဲ႔ ရာသီဥတုေျပာင္းလဲမႈအတြက္ ေငြေၾကးအေထာက္အပံ့ တိုးျမႇင့္ေပးကိစၥမွာ ျငင္းခုန္ေနၾကပါတယ္။ ဖန္လုံအိမ္ဓါတ္ေငြ႕ အမ်ားဆုံး ထုတ္လုပ္တဲ့ ဖြံၿဖိဳးၿပီးႏိုင္ငံမ်ားက ဖြံ႕ၿဖိဳးဆဲ တိုင္း ျပည္မ်ားကို ေငြေၾကးအ ေထာက္အပံ့ တိုးျမႇင့္ေပးေရး ယခင္ကတိကဝတ္ေတြဟာ ဘယ္တုန္းကမွ မျပည့္မီခဲ့ပါဘူး၊ ကတိကဝတ္မ်ားနဲ႔ လက္ေတြ႕ေဆာင္႐ြက္မႈမ်ားအၾကား ကြာဟမႈဟာ ေဝဖန္စရာျဖစ္ခဲ့ပါတယ္။ ရာသီဥတုဆိုး႐ြားျပင္းထန္လာမႈ ၾကာင့္ ႀကီးမားတဲ့ ထိခိုက္ပ်က္စီးမႈကို ရင္ဆိုင္ေနရတာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြ အမ်ားစုျဖစ္ပါတယ္။ ဒါေပမယ့္ စက္မႈႏိုင္ငံႀကီးအေတာ္မ်ားမ်ားက သူတို႔ရဲ႕ ကာဗြန္ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ရန္ စိတ္မဝင္စားၾကပါဘူး၊ စက္မႈ ႏိုင္ငံႀကီးအမ်ားစုရဲ႕ ကတိကဝတ္ေတြဟာ ကမာၻႀကီးပူေႏြးလာမႈကို ၁.၅°C ေအာက္မွာ ထိန္းသိမ္းရန္ မလုံ ေလာက္ႏိုင္ပါဘူး။

ကမာၻ႔ ကာဗြန္ဓါတ္ေငြ႕ အထုတ္လႊတ္ဆုံးမွာ တ႐ုတ္-အေမရိကန္-အိႏၵိယနဲ႔ ဥေရာပတိုင္းျပည္မ်ားက အစဥ္အ လိုက္ျဖစ္ပါတယ္။ တ႐ုတ္-အိႏၵိယတို႔က အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈမ်ားနဲ႔ ျပဳျပင္ေျပာင္းလဲေရး ကတိ ျပဳေပမယ့္ ဥေရာပစက္မႈႏိုင္ငံႀကီးအခ်ိဳံကေတာ့ သူ႔တိုင္းျပည္ စီးပြားေရး တိုးတက္မႈကို ထိခိုက္ႏိုင္တဲ့အတြက္ လက္ရွိကာဗြန္ထုတ္လႊတ္မႈကို ေလ်ာ့ခ်ရန္ မျဖစ္ႏိုင္ေၾကာင္း လူၾကားထဲ မ်က္ႏွာေျပာင္ေျပာင္နဲ႔ ထေျပာေန ပါတယ္။ ေဒၚနယ္ထရမ့္လက္ထက္ အေမရိကန္ဟာ အဆိုးဆုံးျဖစ္ၿပီး ယခု ဘရာဇီး COP 30 ညီလာခံကို တက္ ေတာင္ မတက္ပါဘူးး၊

ကမာၻ႔ရာသီဥတုေျပာင္းလဲလာျခင္းေၾကာင့္ မိုးေခါင္-ေရႀကီး ေရလ်ံ၊ အပူလႈိင္း-အေအးလႈိင္းျဖစ္၊ သဘာ၀ လြန္ မုန္တိုင္းမ်ားျဖတ္သန္းခံေနရတာ အဲ့ဒီႏိုင္ငံေတြလည္း ပါဝင္ပါတယ္။ ေငြေၾကးခ်မ္းသာၿပီး စက္မႈနည္း ပညာ ျမင့္မားတဲ့ တိုင္းျပည္ေတြမွာ ပ်က္စီးဆုံးရႈံးမႈကို အခ်ိန္တိုအတြင္း ျပန္လည္ထူေထာင္ႏိုင္ေပမယ့္ မူလ ကတည္း က ဆင္းရဲတဲ့ တိုင္းျပည္ေတြမွာ ကုန္းေကာက္စရာမရွိ ျဖစ္ရၿပီး လူ႔သက္တမ္းတေလ်ာက္လုံး နလံ မထူႏိုင္ ေအာင္ ျဖစ္ကုန္ၾကရပါတယ္။

ကိုယ္တိုင္ ဘာအမွားမွ မက်ဴးလြန္ရပါလ်က္ ကမာၻႀကီးပူေႏြးလာမႈေၾကာင့္ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္ၿပီး တိုင္းျပည္ေပ်ာက္ကိန္းဆိုက္ေနတဲ့ ပစိဖိတ္ကြၽန္းႏိုင္ငံ ဥပေဒေက်ာင္းသားမ်ားက ဒီကိစၥအတြက္ သက္ဆိုင္ရာ ႏိုင္ငံမ်ားရဲ႕ ရပ္တည္ခ်က္ကို ဆုံးျဖတ္ေပးပါရန္ ႏိုင္ငံတကာ တရားခုံ႐ုံး ICJ ထံ ေလ်ာက္ထားခဲ့ပါတယ္။ UNFCCC ညီလာခံ ဆုံးျဖတ္ခ်က္မ်ားကို ကိုးကားၿပီး ယခုႏွစ္ ဇူလိုင္လမွာ ICJ က စီရင္ခ်က္ ခ်မွတ္ခဲ့ပါတယ္။

ဖန္လုံအိမ္ဓါတ္ေငြ႕ ပတ္ဝန္းက်င္ ျဖစ္ေပၚေစရန္ လုပ္ေဆာင္ သို႔မဟုတ္ ပ်က္ကြက္ျခင္းဟာ ရာသီဥတုေျပာင္း လဲ မႈကို ျဖစ္ေပၚေစေၾကာင္း၊ တရားဥပေဒစိုးမိုးေရး၊ လူမႈေရး၊ ႏိုင္ငံေရး၊ သိပၸံနည္းပညာနဲ႔ က်င့္ဝတ္ဆိုင္ရာ ရႈ႕ေထာင့္ အရ ဖန္လုံအိမ္ဓါတ္ေငြ႕ ပတ္ဝန္းက်င္ ျဖစ္ေပၚမႈကို တားဆီးကာကြယ္ရန္ ႏိုင္ငံတိုင္းရဲ႕ တာဝန္ျဖစ္ေၾကာင္း၊ အဆို ပါ ဝတၱရားမ်ားကို လိုက္နာရန္ ပ်က္ကြက္ျခင္းဟာ ကုလသမဂၢပဋိဉာဥ္-လူ႔အခြင့္အေရးေၾကျငာစာတမ္းနဲ႔ ႏိုင္ငံ တကာဥပေဒကို ဆန႔္က်င္လ်က္ရွိေၾကာင္း၊ အဲ့ဒီတာဝန္မွာ အႏၲရာယ္ရွိေသာ အျပဳအမူကို ရပ္တန႔္ျခင္း၊ အာမခံ ခ်က္ေပးျခင္း၊ ေလ်ာ္ေၾကး သို႔မဟုတ္ ပ်က္စီးဆုံးရႈံးမႈနဲ႔ တိုက္႐ိုက္ျဖစ္တဲ့ နစ္နာေၾကးမ်ားကို ေပးေဆာင္ရန္ ပါဝင္ တယ္လို႔ ဆုံးျဖတ္ထားပါတယ္။

ICJ ရဲ႕ ဆုံးျဖဆ္ခ်က္ဟာ မလြဲမေသြ အေရးယူတဲ့ အဓိပၸါယ္ မဟုတ္ပဲ အႀကံျပဳခ်က္မွ်သာျဖစ္ၿပီး အေမရိကန္ကို ရည္ၫႊန္းေၾကာင္း တစ္လုံးမွ မပါဝင္ပါဘူး၊ ပါခဲ့ရင္လည္း အေမရိကန္မွာ ဘယ္ပါတီအစိုးရတက္တက္ ICJ လည္း ICC နည္းတူ ဒဏ္ခတ္ပိတ္ဆို႔ခံရၿပီး ႐ုံးလုပ္ငန္းေတြ ဆက္မလုပ္ႏိုင္ပဲ ျဖစ္သြားႏိုင္ပါတယ္။ ဒါေပမယ့္ ေနာင္သ ဘာ၀ ေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္နစ္နာရတဲ့ တိုင္းျပည္ေတြဟာ ICJ ဆုံးျဖတ္ကို ကိုးကားၿပီး ေလ်ာ္ေၾကး ေတာင္းခံမႈမ်ား ျဖစ္လာႏိုင္ပါတယ္။ ဘယ္တိုင္းျပည္ေတြ မဟာကံထူးရွင္ျဖစ္မလဲဆိုတာ ေစာင့္ ၾကည့္ရပါ လိမ့္မယ္။
.

Related news

© 2021. All rights reserved.