(၃၃)ကြိမ်မြောက် SEA Gamesက ထွက်ပေါ်လာမည့် အားကစားအောင်မြင်မှုများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်မည်

 120

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၀
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲက ထွက်ပေါ်လာမည့် အားကစားအောင်မြင်မှုများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(နိုဝင်ဘာ ၁၉ရက်)၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသေ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံ အပ်နှင်းပွဲ အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးကြမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များအနေဖြင့်လည်း အလားတူအခွင့်အရေးများ ရရှိလာကြမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ယခုနိုင်ငံတော်ကိုကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများသည် ကျန်းမာကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှုစသည့်အချက်များနှင့် ပြည့်ပြည့် ဝဝခိုင်ခိုင်မာမာရှိနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် ပြိုင်ပွဲတွင်အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးဆိုသည့် တာဝန်ကြီးကို မြန်မာအားကစားအဖွဲ့ ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကိုအရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ပြိုင်ပွဲကြီးက ပေါ်ထွက်လာမည့် အားကစားအောင်မြင်မှုများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို ယခုကဲ့သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်မှ ကူညီအား ပေးခဲ့ကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအပါအဝင် အားလုံးကိုနိုင်ငံတော်ကိုယ်စား ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအသင်းသည် အားကစားနည်း (၁၉)နည်း ဝင်ရောက် ယှဉ်ပြိုင်ရာမှ ရွှေတံဆိပ် ၂၁ ဆု၊ ငွေတံဆိပ် ၂၅ ဆု၊ ကြေးတံဆိပ် ၆၈ ဆု စုစုပေါင်း (၁၁၄)ဆု ရရှိခဲ့ဖြင့် နိုင်ငံတော်က ဆုကြေးငွေ စုစုပေါင်းငွေကျပ် ၃၃၃,၃၀၀,၀၀၀ (ကျပ် သုံးထောင်သုံးရာ သုံးဆယ့်သုံးသိန်း တိတိ) ချီးမြှင့်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေးသန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်၊ ပြိုင်ပွဲကာလအတွင်း အသင်းအဖွဲ့စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်များဖြင့် အချင်းချင်း ရိုင်းပင်းကူ ညီသွားကြရန်၊ နိုင်ငံကြီးသားစိတ်ဓာတ်ဖြင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှ ဒေသညီနောင်နိုင်ငံများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစားချစ်ကြည်ရေး သံတမန်ကောင်းတာဝန်များကို ကျေပွန်ခဲ့ကြရန်၊ အားကစားနှင့်တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်း မောင်မယ်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေစေရေး စွမ်းဆောင်သွားကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

Zawgyi Version:
(၃၃)ႀကိမ္ေျမာက္ SEA Gamesက ထြက္ေပၚလာမည့္ အားကစားေအာင္ျမင္မႈမ်ားကိုလည္း ထိုက္ထိုက္တန္တန္ ဂုဏ္ျပဳခ်ီးျမႇင့္မည္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၀
(၃၃)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲက ထြက္ေပၚလာမည့္ အားကစားေအာင္ျမင္မႈမ်ားကိုလည္း ထိုက္ထိုက္တန္တန္ ဂုဏ္ျပဳခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ႏိုဝင္ဘာ ၁၉ရက္)၊ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိအားကစား႐ုံ(A)၌ က်င္းပေသ (၃၃)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာအားကစားအဖြဲ႕အား ေအာင္ႏိုင္ေရးအလံ အပ္ႏွင္းပြဲ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခုၿပိဳင္ပြဲတြင္ ႏိုင္ငံေတာ္အတြက္ ဆုတံဆိပ္မ်ားရယူေပးၾကမည့္ ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစားေမာင္မယ္မ်ားအေနျဖင့္လည္း အလားတူအခြင့္အေရးမ်ား ရရွိလာၾကမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ယခုႏိုင္ငံေတာ္ကိုကိုယ္စားျပဳၿပီး သြားေရာက္ယွဥ္ၿပိဳင္ၾကမည့္ ႏိုင္ငံ့လက္ေ႐ြးစင္အားကစားသမားမ်ားသည္ က်န္းမာႀကံ့ခိုင္မႈ၊ နည္းစနစ္ပိုင္ႏိုင္ကြၽမ္းက်င္မႈ၊ အားကစားစြမ္းေဆာင္ရည္ျမင့္မားမႈ၊ စံခ်ိန္စံၫႊန္းေကာင္းမြန္မႈစသည့္အခ်က္မ်ားႏွင့္ ျပည့္ျပည့္ ဝဝခိုင္ခိုင္မာမာရွိေနၿပီျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ၿပိဳင္ပြဲတြင္ေအာင္ႏိုင္ေရးႏွင့္ အမိႏိုင္ငံေတာ္၏ဂုဏ္ကို ျမႇင့္တင္ေရးဆိုသည့္ တာဝန္ႀကီးကို ျမန္မာအားကစားအဖြဲ႕ ဝင္မ်ားအားလုံး ႏိုင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္ကိုအရင္းတည္ၿပီး ဇြဲ၊ လုံ႔လ၊ ဝီရိယစိုက္ထုတ္ကာ အစြမ္းကုန္ႀကိဳးပမ္းသြားၾကရန္ ထပ္မံတိုက္တြန္းလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ၿပိဳင္ပြဲႀကီးက ေပၚထြက္လာမည့္ အားကစားေအာင္ျမင္မႈမ်ားကိုလည္း ထိုက္ထိုက္တန္တန္ ဂုဏ္ျပဳခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
(၃၃)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲႀကီးကို ယခုကဲ့သို႔ သြားေရာက္ယွဥ္ၿပိဳင္ႏိုင္ေရးအတြက္ အဘက္ဘက္မွ ကူညီအား ေပးခဲ့ၾကသည့္ ျမန္မာႏိုင္ငံအားကစားအဖြဲ႕ခ်ဳပ္မ်ားအပါအဝင္ အားလုံးကိုႏိုင္ငံေတာ္ကိုယ္စား ေက်းဇူးတင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ (၃၂)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာအသင္းသည္ အားကစားနည္း (၁၉)နည္း ဝင္ေရာက္ ယွဥ္ၿပိဳင္ရာမွ ေ႐ႊတံဆိပ္ ၂၁ ဆု၊ ေငြတံဆိပ္ ၂၅ ဆု၊ ေၾကးတံဆိပ္ ၆၈ ဆု စုစုေပါင္း (၁၁၄)ဆု ရရွိခဲ့ျဖင့္ ႏိုင္ငံေတာ္က ဆုေၾကးေငြ စုစုေပါင္းေငြက်ပ္ ၃၃၃,၃၀၀,၀၀၀ (က်ပ္ သုံးေထာင္သုံးရာ သုံးဆယ့္သုံးသိန္း တိတိ) ခ်ီးျမႇင့္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ျမန္မာအားကစားအဖြဲ႕ဝင္မ်ားအားလုံး ႏိုင္ငံႏွင့္လူမ်ိဳး၏ဂုဏ္ကို ျမႇင့္တင္ႏိုင္ေရးဆိုသည့္ အမ်ိဳးသားေရးသႏၷိ႒ာန္ျဖင့္ ေရကုန္ေရခန္း ႀကိဳးပမ္းယွဥ္ၿပိဳင္သြားၾကရန္၊ ၿပိဳင္ပြဲကာလအတြင္း အသင္းအဖြဲ႕စိတ္ဓာတ္၊ မိသားစုစိတ္ဓာတ္မ်ားျဖင့္ အခ်င္းခ်င္း ႐ိုင္းပင္းကူ ညီသြားၾကရန္၊ ႏိုင္ငံႀကီးသားစိတ္ဓာတ္ျဖင့္ တရားမွ်တသန႔္ရွင္းစြာ ယွဥ္ၿပိဳင္ၿပီး အေရွ႕ေတာင္အာရွ ေဒသညီေနာင္ႏိုင္ငံမ်ားအၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈကို ပိုမိုျမႇင့္တင္ေပးႏိုင္သည့္ အားကစားခ်စ္ၾကည္ေရး သံတမန္ေကာင္းတာဝန္မ်ားကို ေက်ပြန္ခဲ့ၾကရန္၊ အားကစားႏွင့္တိုင္းျပည္ဂုဏ္ကို ျမႇင့္တင္ေပးႏိုင္သည့္ အားကစားသူရဲေကာင္း ေမာင္မယ္မ်ားအေနျဖင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ေအာင္လံလြင့္ပ်ံေနေစေရး စြမ္းေဆာင္သြားၾကရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.