ပြင်သစ်တိုက်လေယာဉ်တွေက ယူကရိန်းကို အကူအညီဖြစ်စေလိမ့်မှာမဟုတ်ဘူးလို့ ရုရှားအစိုးရဝေဖန်

310

Pika (NP News)-နိုဝင်ဘာ ၂၀
ပြင်သစ်ထုတ် Rafaleတိုက်လေယာဉ်တွေကို ယူကရိန်းရဲ့ အလားအလာရှိတဲ့ဝယ်ယူမှုတွေက လက်ရှိမြေပြင်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြောင်းလဲစေလိမ့်မှာမဟုတ်ဘူးလို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။လာမယ့်ဆယ်စုနှစ်အတွင်း ယူကရိန်းက Rafaleတိုက်လေယာဉ်အစီးရေ(၁၀၀)ဝယ်ယူမယ့် သဘောတူစာချုပ်ကို ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ပြင်သစ်သမ္မတမက်ခရွန်တို့က လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒီမစ်ထရီပက်စကော့ဗ်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါပေမယ့်လည်း ပို့ဆောင်မယ့်အချိန်ဇယား ဒါမှမဟုတ် သဘောတူညီချက်ရဲ့ ငွေကြေးထောက်ပံ့မှုယန္တရားအကြောင်း အသေးစိတ်အချက်အလက်တွေကို နှစ်ဘက်စလုံးက ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ဒီမစ်ထရီပက်စကော့ဗ်က” ယူကရိန်းအစိုးရက ဘယ်လိုစစ်လေယာဉ်တွေကိုပဲ ဝယ်ယူနေပါစေ အဲ့ဒါက ရှေ့တန်း ဒါမှမဟုတ် စစ်မြေပြင်အခြေအနေတွေကို ပြောင်းလဲစေလိမ့်မှာ မဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ယူကရိန်းအစိုးရကို စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ပေးနေပြီး ပဋိပက္ခကို ပိုမိုဆိုးရွားလာစေကာ ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေမှုအတွက် ပြင်သစ်အစိုးရက နောင်တရလိမ့်မယ်လို့လည်း ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။ပြင်သစ်ရဲ့ အဆင့်အမြင့်ဆုံး ဘက်စုံသုံးဂျက်လေယာဉ်ဖြစ်တဲ့ Rafaleတိုက်လေယာဉ်ဟာ တစ်စင်းကို အမေရိကန်ဒေါ်လာ(၁၁၆)သန်းနီးပါးကုန်ကျတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ျပင္သစ္တိုက္ေလယာဥ္ေတြက ယူကရိန္းကို အကူအညီျဖစ္ေစလိမ့္မွာမဟုတ္ဘူးလို႔ ႐ုရွားအစိုးရေဝဖန္
Pika (NP News)-ႏိုဝင္ဘာ ၂၀
ျပင္သစ္ထုတ္ Rafaleတိုက္ေလယာဥ္ေတြကို ယူကရိန္းရဲ႕ အလားအလာရွိတဲ့ဝယ္ယူမႈေတြက လက္ရွိေျမျပင္မွာျဖစ္ပြားေနတဲ့ အေျခအေနေတြကို ေျပာင္းလဲေစလိမ့္မွာမဟုတ္ဘူးလို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။လာမယ့္ဆယ္စုႏွစ္အတြင္း ယူကရိန္းက Rafaleတိုက္ေလယာဥ္အစီးေရ(၁၀၀)ဝယ္ယူမယ့္ သေဘာတူစာခ်ဳပ္ကို ယူကရိန္းသမၼတဇီလန္စကီးနဲ႔ ျပင္သစ္သမၼတမက္ခ႐ြန္တို႔က လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ ဒီမစ္ထရီပက္စေကာ့ဗ္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ဒါေပမယ့္လည္း ပို႔ေဆာင္မယ့္အခ်ိန္ဇယား ဒါမွမဟုတ္ သေဘာတူညီခ်က္ရဲ႕ ေငြေၾကးေထာက္ပံ့မႈယႏၲရားအေၾကာင္း အေသးစိတ္အခ်က္အလက္ေတြကို ႏွစ္ဘက္စလုံးက ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ဒီမစ္ထရီပက္စေကာ့ဗ္က” ယူကရိန္းအစိုးရက ဘယ္လိုစစ္ေလယာဥ္ေတြကိုပဲ ဝယ္ယူေနပါေစ အဲ့ဒါက ေရွ႕တန္း ဒါမွမဟုတ္ စစ္ေျမျပင္အေျခအေနေတြကို ေျပာင္းလဲေစလိမ့္မွာ မဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ယူကရိန္းအစိုးရကို စစ္လက္နက္ပစၥည္းေတြ တပ္ဆင္ေပးေနၿပီး ပဋိပကၡကို ပိုမိုဆိုး႐ြားလာေစကာ ၿငိမ္းခ်မ္းေရးကို အေႏွာင့္အယွက္ျဖစ္ေစမႈအတြက္ ျပင္သစ္အစိုးရက ေနာင္တရလိမ့္မယ္လို႔လည္း ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။ျပင္သစ္ရဲ႕ အဆင့္အျမင့္ဆုံး ဘက္စုံသုံးဂ်က္ေလယာဥ္ျဖစ္တဲ့ Rafaleတိုက္ေလယာဥ္ဟာ တစ္စင္းကို အေမရိကန္ေဒၚလာ(၁၁၆)သန္းနီးပါးကုန္က်တယ္လို႔လည္း သိရပါတယ္။