တစ်ပိုင်းလျှပ်ကူးပစ္စည်း အသာစီးရရှိရေး ကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှု ဖြစ်နေပြီလား (ဆောင်းပါး)

173

သန်းထိုက်စိုး (NP News) - နိုဝင်ဘာလ ၂ဝ
(ယခင်တစ်ပတ်မှအဆက်)
အမေရိကန်၏ပိတ်ဆို့မှု မဟာဗျူဟာ
ဒါက အဆင့်မြင့်ချစ်ပ်တွေပြုလုပ်ဖို့အတွက် သင်လိုအပ်တဲ့ စက်တစ်ခုတည်းမဟုတ်ပါဘူး။ ဒါဟာ အများအပြားထဲကတစ်ခုပါ။ အက်တမ် အနည်းငယ် လောက်သာထူတဲ့ ပါးလွှာတဲ့ဖလင်ပြားတွေကိုချနိုင် တဲ့ တခြားစက်တွေလည်းရှိပါတယ်။ ဆီလီကွန်ထဲကို အက်တမ်အနည်းငယ်လောက်သာကျယ်တဲ့ သေး ငယ်တဲ့ ချောက်ကမ်းပါးတွေကိုထွင်းနိုင်တဲ့ တခြား စက်တွေလည်းရှိပါတယ်။ ချစ်ပ်ကိုထုတ်လုပ်ပြီးတာနဲ့ စစ်ဆေးနိုင်ပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ နာနိုမီတာ အတိုင်းအတာအမှားအယွင်းတွေကို ဖော်ထုတ်ပေး နိုင်တဲ့ နောက်ထပ်စက်တွေလည်းရှိပါတယ်။ ခေတ်မီ ဆုံးချစ်ပ်တွေကို အတိုင်းအတာနဲ့ထုတ်လုပ်ဖို့အတွက် ဒီအရာတွေအားလုံးလိုအပ်ပါတယ်။
ဒီလို ကိရိယာတွေကို စတင်လေ့လာကြည့်လိုက် တဲ့အခါ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေမှာ ဘယ်သူမှ ကိုယ့်ဘာသာ ရပ်တည်နိုင်စွမ်း မရှိဘူး ။ ကမ္ဘာပေါ်က နိုင်ငံတစ်နိုင်ငံတည်းမှ အဆင့်မြင့်ချစ်ပ်တွေပြုလုပ်ဖို့ လိုအပ်တဲ့ ကိရိယာတွေအားလုံး၊ ပစ္စည်းတွေအားလုံး၊ ဆော့ဖ်ဝဲလ်တွေအားလုံးကိုထုတ်လုပ်ဖို့ မသင်ယူနိုင် သေးဘူးဆိုတာကို သင်နားလည်နိုင်ပါတယ်။ ကိုယ့်ဘာသာရပ်တည်ရေးကြိုးပမ်းမှုကို လုပ်ဆောင်ဖို့အ တွက် အလွန်ဈေးကြီး၊ ရှုပ်ထွေးပြီး၊ စိတ်ကို ရှုပ်ထွေး စေလောက်အောင် ခက်ခဲပါလိမ့်မယ်။ ဒါက တရုတ် နိုင်ငံရဲ့ ကိုယ့်ဘာသာရပ်တည်ရေး ကြိုးပမ်းမှုမှာ ပါဝင်တဲ့ စိန်ခေါ်မှုတွေကိုသရုပ်ဖော်ပြနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်အစိုးရအရာရှိတွေ က ဉာဏ်ရည်တု (AI)ရဲ့အနာဂတ်ကိုကြည့်ပြီး ဉာဏ်ရည်တု(AI)မှာ တိုးတက်မှုတွေကိုဖြစ်နိုင်ခြေ ရှိစေတဲ့ချစ်ပ်တွေကိုကြည့်တဲ့အခါ၊ သူတို့ဟာ အဲဒီ နည်းပညာတွေကို ရန်ဘက်တွေထက် အရင်မိတ်ဆွေ နိုင်ငံတွေဆီကို သွားစေချင်ကြပါတယ်။
ဒါကြောင့် အမေရိကန်အစိုးရချမှတ်နေတဲ့ လောင်းကြေးကရိုးရှင်းပါတယ်။ ဒါဟာGoogle က လောင်းတဲ့ လောင်းကြေး၊ OpenAIu Sam Altman ကလောင်းတဲ့ လောင်းကြေး၊ Anthropic နဲ့ Meta က Mark Zuckerberg တို့လောင်းတဲ့ လောင်းကြေး နဲ့အတူတူပါပဲ။ လောင်းကြေးကတော့ ပိုကောင်းတဲ့ AI စနစ်တွေလိုချင်ရင် ပိုကြီးတဲ့ AI စနစ်တွေ လိုအပ် တယ်။ ပိုကြီးတဲ့ AI စနစ်တွေလိုချင်ရင် ပိုကောင်းတဲ့ GPU တွေလိုအပ်တယ်။ ပြီးတော့ ပိုကောင်းတဲ့ GPU တွေလိုချင်ရင် ဒီလိုကိရိယာတွေ လိုအပ်တယ် ဆိုတာပါပဲ။ ဒါကြောင့် အမေရိကန်က တစ်ပိုင်းလျှပ် ကူးပစ္စည်းထောက်ပံ့ရေးကွင်းဆက်ထဲကို နိုင်ငံရေး အဆင့်အသစ်တစ်ခုထိုးသွင်းလိုက်တာဖြစ်ပါတယ်။ ဒီလောင်းကြေးက မှန်ကန်တယ်ဆိုရင်၊ ပိုကောင်းတဲ့ ချစ်ပ်တွေက ပိုကောင်းတဲ့ AI အတွက် အရေးကြီး တယ်ဆိုရင်၊ ဒီလိုကိရိယာတွေဟာ (choke points) ဖြစ်ပါတယ်။ အဆင့်မြင့် AI အတွက် လိုအပ်တဲ့ချစ်ပ် တွေထုတ်လုပ်နိုင်စွမ်းမှာ ဆို့နင့်မှုတွေဖြစ်ပါတယ်။ ဒီ (choke points) ဆိုတဲ့စကားလုံးက တရုတ်နိုင်ငံကို လည်း လှုပ်ရှားဖို့တွန်းအားပေးခဲ့ပါတယ်။ တရုတ်နိုင်ငံ ဟာ သူရဲ့ကိုယ်ပိုင် ပြည်တွင်းစွမ်းရည်တွေကို တီထွင် ဖို့ကြိုးစားဖို့ တွန်းအားပေးခဲ့ပြီးသွင်းတဲ့ ထုတ်ကုန်တွေကို ပိုပြီး အစားထိုးကာ တရုတ် အစိတ်အပိုင်းများ နဲ့ အစားထိုးဖို့ ကြိုးစားခဲ့ပါတယ်။
AI နှင့် စစ်ရေးပြိုင်ဆိုင်မှု
တခြားစကားလုံးနဲ့ပြောရရင် တရုတ်ရဲ့ မဟာဗျူ ဟာနဲ့ အမေရိကန်ရဲ့မဟာဗျူဟာဟာ အခြေခံအတူတူ ပေါ်မှာတည်ဆောက်ထားပါတယ်။ တရုတ်က AI ဟာ အလွန်အရေးပါလိမ့်မယ်၊ ဒီလိုကိရိယာတွေက အရေးကြီးလိမ့်မယ်၊ နိုင်ငံတကာကုန်သွယ်မှုပုံ သဏ္ဌာန်ကို တရုတ်က တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ မှာ ကိုယ့်ဘာသာရပ်တည်နိုင်မလားဆိုတာက ဆုံး ဖြတ်လိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် တရုတ်က ကိုယ့်ဘာသာရပ်တည်နိုင်ဖို့ ကြိုးစားရာမှာ တစ်နှစ်ကို ဒေါ်လာ ဘီလျံ ဆယ်ဂဏန်းအထိသုံးစွဲခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်က တရုတ်ကို အဆင့်မြင့်ချစ်ပ် တွေကနေ ဖြတ်တောက်ဖို့ကြိုးစားနေပါတယ်။ တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံလုံးက AI ကို အနာ ဂတ်အတွက်အရေးကြီးတယ်လို့ ဘာကြောင့်စွဲလမ်း နေကြတာလဲဆိုတာက အဓိကအားဖြင့် Chat GPT ကြောင့်မဟုတ်ပါဘူး။ ဒါဟာ နောက်ထပ် ဒေါ်လာ ထရီလျံတန် နည်းပညာကုမ္ပဏီကို ဘယ်သူဖန်တီး မလဲဆိုတာမဟုတ်ပါဘူး။ ဒါဟာ AI က ကျွန်တော်တို့ အီးမေးလ်ရေးတဲ့ပုံစံ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ပို့စ်တင်တဲ့ပုံစံကို ပြောင်းလဲပေးမလားဆိုတာမဟုတ် ပါဘူး။
တကယ်တော့ အင်ဒို-ပစိဖိတ် ဒေသမှာ အစိုးရ နှစ်ခုစလုံးက လက်နက်ပြိုင်ပွဲတစ်ခု စတင်နေပြီလို့ မြင်နေကြပါတယ်။ ဒီလက်နက်ပြိုင်ပွဲကို ရိုးရာစစ်ရေး စွမ်းအားတိုင်းတာမှုတွေ၊ ဥပမာအားဖြင့် တည်ဆောက် တဲ့ သင်္ဘောအရေအတွက်၊ ဖြန့်ကြက်တဲ့ဒုံးကျည်အ ရေအတွက်တို့နဲ့ တိုင်းတာမှာဖြစ်သလို၊ ဉာဏ်ရည်တု (AI)ကလည်းပုံဖော်ပေးပါလိမ့်မယ်။ ဒါဟာ အနာ ဂတ်ကိုခန့်မှန်းတာမဟုတ်ပါဘူး။ ဒါက လက်တွေ့အ ခြေအနေတစ်ခုကိုပြောနေတာပါ။
လက်ရှိမှာထုတ်လုပ်နေတဲ့ နောက်မျိုးဆက် စစ်ရေးစနစ်တွေဟာ AI နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလုပ် ဆောင်ချက် (autonomous action) ဟာ တပ်ဖွဲ့တွေ ဘယ်လိုတိုက်ခိုက်မလဲနဲ့ သူလျှိုအေဂျင်စီတွေ ဘယ် လိုလည်ပတ်မလဲဆိုတဲ့ အဓိကဗဟိုချက်မှာရှိလိမ့်မယ် ဆိုတဲ့ယူဆချက်ပေါ်မှာ တည်ဆောက်ထားပြီးသား ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရုရှား-ယူကရိန်းစစ်ပွဲမှာ တွေ့မြင်ရပါတယ်။ ရုရှားနဲ့ယူကရိန်းနှစ်ဖက်စလုံးက သူတို့ရဲ့ဒရုန်းအစီအစဉ်တွေတည်ဆောက်ရာမှာ အရင်းအမြစ်တွေသုံးစွဲခဲ့ကြပြီး ဒီဒရုန်းတွေဟာ တချို့ ကိစ္စတွေမှာရိုးရှင်းပေမယ့် တခြားကိစ္စတွေမှာတော့ သူတို့ရဲ့လုပ်ဆောင်ချက်မှာ ပိုပြီး ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရလာကြပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲကို လေ့ လာခဲ့တဲ့ စစ်တပ်တိုင်းနီးပါးက နည်းပညာ ပိုမိုအ ဆင့်မြင့်တဲ့နိုင်ငံတွေပါဝင်တဲ့ အနာဂတ်ပဋိပက္ခတွေ ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစနစ်တွေအပေါ် ပိုပြီးအား ထားလိမ့်မယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရစနစ်ဆိုတာ AI -အထောက်အပံ့ပေး ထားတဲ့စနစ်ဖြစ်ပါတယ်။
ကားကို ကိုယ်ပိုင်မောင်းနှင်စေချင်ရင် တွက် ချက်မှုစွမ်းအား အများကြီးလိုအပ်သလိုပဲ၊ ဒရုန်းကို ကိုယ်ပိုင်ပျံသန်းစေချင်ရင်လည်း တိကျတဲ့တွက်ချက် မှုတွေလိုအပ်ပါတယ်။ တစ်နည်းအားဖြင့် တွက်ချက်မှု (computing) နဲ့ဒရုန်းတွေဟာ ဒင်္ဂါးပြားတစ်ပြားရဲ့ မျက်နှာနှစ်ဖက်ဖြစ်ပါတယ်။ ဒရုန်းတွေတင်မဟုတ်ပါ ဘူး။ ထောက်လှမ်းရေးအတွက်လည်း အလားတူပါပဲ။ အခုဆိုရင် အမေရိကန်စစ်တပ်က သူလျှိုဂြိုဟ်တု တွေစုဆောင်းထားတဲ့ ထောက်လှမ်းရေးအချက်အ လက်တွေအားလုံးကို နားလည်သဘောပေါက်ဖို့ AI ကိုအသုံးပြုနေတာကို အများပြည်သူသိတဲ့အရင်းအ မြစ်တွေကနေ အနည်းဆုံး ဆယ်စုနှစ်နီးပါးရှိနေပါပြီ။ ဂြိဟ်တုတွေကနေစုဆောင်းနေတဲ့ Data တွေဟာ လူတွေ ဆန်ခါတင်စိစစ်ဖို့အတွက် များပြားလွန်းနေ ပါပြီ။ ဒါကြောင့် ဥပမာအားဖြင့် ဘယ်ဟာက ကုန်တင် ကားဖြစ်ပြီး ဘယ်ဟာကတင့်ကားလဲဆိုတာကို ခွဲခြား သိမြင်နိုင်ဖို့အတွက် ကွန်ပျူတာမြင်ကွင်း (computer vision) အယ်လဂိုရစ်သမ်တွေလိုအပ်ပါတယ်။ လူ တိုင်းလုပ်နေကြပါတယ်။ ဂြိုဟ်တုလွှင့်တင်ခကုန်ကျ စရိတ်တွေကျဆင်းလာပြီး စုဆောင်းတဲ့ Data ပမာဏ တိုးလာတာနဲ့အမျှ ကမ္ဘာ့အကြီးဆုံးစစ်တပ်တွေသာAI ကို မှီခိုမှာမဟုတ်ပါဘူး။ အလယ်အလတ် အရွယ်အစားရှိတဲ့တပ်ဖွဲ့တွေလည်း မှီခိုနေကြပြီးဖြစ် ပါတယ်။
ပထဝီနိုင်ငံရေး၏ ဗဟိုချက်
တစ်နည်းအားဖြင့် AI ဟာ အမျိုးသားစွမ်းအား ရဲ့အနာဂတ်နဲ့ပတ်သက်ပါတယ်။ စစ်တပ်တွေ ဘယ် လိုတိုက်ခိုက်မလဲဆိုတဲ့ အနာဂတ်၊ ထောက်လှမ်းရေး အေဂျင်စီတွေ ဘယ်လိုလည်ပတ်မလဲဆိုတဲ့ အနာ ဂတ်နဲ့ပတ်သက်ပါတယ်။ ဒါကြောင့် တရုတ်နဲ့ အမေ ရိကန်နှစ်နိုင်ငံစလုံးက AI ကိုစဉ်းစားတဲ့အခါ သူတို့ ဟာ Chat GPT ကို စဉ်းစားနေတာမဟုတ်ပါဘူး။ သူတို့ဟာ ဒီလိုစနစ်တွေကိုစဉ်းစားနေကြတာပါ။ သူတို့ယုံကြည်တာက အကောင်းဆုံး AI ဂေဟစနစ်၊ အများဆုံးသင်ကြားထားတဲ့ကျွမ်းကျင်သူတွေ၊ အဆင့် မြင့်ဆုံး Data စင်တာများ၊ အရှုပ်ထွေးဆုံး တစ်ပိုင်း လျှပ်ကူးပစ္စည်းတွေကိုရရှိတဲ့နိုင်ငံဟာ AI နဲ့သက်ဆိုင် တဲ့စစ်ရေးနည်းပညာတွေ၊AI အထောက်အပံ့ပေးထားတဲ့ထောက်လှမ်းရေးစနစ်တွေကို တီထွင်ရာမှာ ဦးဆောင်မှုရနိုင်ဖွယ်ရှိပါတယ်။
ဒါက ရူးသွပ်တဲ့လောင်းကြေးတစ်ခု မဟုတ်ဘူး လို့ထင်ပါတယ်။ ဒါကြောင့် ဒီမဟာဗျူဟာကို နိုင်ငံ တစ်ခုတည်းကလုပ်ဆောင်နေတာမဟုတ်ဘဲ နိုင်ငံ တိုင်းကလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် လည်း အမေရိကန်က AI စနစ်တွေ တည်ဆောက်ရာ မှာ အရေးပါတဲ့ချစ်ပ်ဖြစ်တဲ့ GPU တွေကို တရုတ်ကို ဆန့်ကျင်ပြီး အနောက်နိုင်ငံတွေရဲ့နည်းပညာဦး ဆောင်မှုကိုထိန်းသိမ်းထားဖို့ သူရဲ့မဟာဗျူဟာရဲ့ အဓိကဗဟိုချက်အဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
GPU တွေကို ဘယ်သူဝယ်နေလဲ၊ Nvidiau ထုတ်လုပ်တဲ့ အဆင့်မြင့်ချစ်ပ်တွေကို ဘယ်သူရနေ လဲဆိုတာကို ခြေရာခံကြည့်နိုင်ပါတယ်။ အဲဒီထဲက အများစုဟာ အမေရိကန်ကုမ္ပဏီတွေဆီကိုရောက်နေ ပြီး တရုတ်ကုမ္ပဏီတွေကတော့ နံပါတ် (၂)နေရာမှာ အများကြီး နောက်ကျကျန်နေတာကိုတွေ့ရပါလိမ့်မယ်။ ဒါက အမေရိကန်မူဝါဒချမှတ်သူတွေ တိတိကျကျ လိုချင်တဲ့အရာပဲ ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ သူတို့လိုအပ်တဲ့တွက်ချက်မှုစွမ်းအားကိုရရှိဖို့ အခက် အခဲရှိစေချင်ပါတယ်။ တရုတ်ဂေဟစနစ်က သူတို့ လိုချင်တဲ့ သင်ကြားရေးနဲ့ဖြန့်ကြက်ရေး အခြေခံအ ဆောက်အအုံအားလုံးကိုမရနိုင်ဘူးလို့ ခံစားရစေချင် ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ခေတ်အမီဆုံးနည်း ပညာတွေက အဓိကအားဖြင့် အနောက်တိုင်းကုမ္ပဏီ တွေကိုအကျိုးပြုတဲ့ကမ္ဘာကို သူတို့လိုချင်ကြပါတယ်။ ပြီးတော့ တရုတ်က သဘာဝအတိုင်းပဲ ဆန့်ကျင်ဘက် ကိုလိုချင်ပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ မဟာဗျူဟာနှစ်ခုဖြစ်ပေမယ့် နှစ်နိုင်ငံလုံးက တိကျတဲ့တွက်ချက်မှုနည်းပညာကို အာရုံစိုက်ထားကြပါတယ်။ ခုအချိန်မှာ အနောက် တိုင်းကုမ္ပဏီတွေ၊ အနောက်တိုင်း AI ထောက်ပံ့ရေး ကွင်းဆက်ဟာ ရှေ့ကိုရောက်နေပါပြီ။ AI ကုမ္ပဏီ တွေကိုတန်ဖိုးဖြတ်မှုအရပဲကြည့်ကြည့်၊ AI ကုမ္ပဏီ တွေသင်ကြားနေတဲ့စနစ်တွေရဲ့ အရွယ်အစားအရပဲ ကြည့်ကြည့်၊ ဦးဆောင်နေတာ အနောက်နိုင်ငံဖြစ် နေတာကိုတွေ့ရပါလိမ့်မယ်။ အမေရိကန်ကုမ္ပဏီတွေ ဟာ သူတို့ရဲ့အနီးစပ်ဆုံး တရုတ်ပြိုင်ဘက်တွေထက် အဆပေါင်းများစွာပိုကြီးတဲ့ AI စနစ်တွေကို သင် ကြားပေးနေကြပါတယ်။
ဒါဟာ အရေးပါတဲ့တိုင်းတာမှုတစ်ခုတည်း မဟုတ်ပေမယ့်၊ အလွန်အရေးပါတဲ့တိုင်းတာမှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါဟာ OpenAI နဲ့ Anthropic နဲ့ Facebook နဲ့ တခြား များစွာသောလူတွေက သူတို့ရဲ့ နောက်မျိုးဆက်စနစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တရားမျှတစေဖို့အတွက် လောင်းကြေးထပ်နေတဲ့ တိုင်းတာမှုဖြစ်ပါတယ်။ ဒါက AI နဲ့ပတ်သက်တဲ့ပြိုင် ဆိုင်မှုဟာ ဘယ်ကိုဦးတည်နေတယ်ဆိုတာကို အရိပ်အမြွက်မြင်သာစေတယ်လို့ထင်ပါတယ်။
AI ၏ နိုင်ငံရေးဖြစ်လာမှု
တခြားစကားလုံးနဲ့ပြောရရင် ဒီပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုကို ခွဲခြမ်းစိတ်ဖြာမှုရဲ့ဗဟိုချက်မှာမထားဘဲ ဒီနေ့ ဗှု နယ်ပယ်ကို နားလည်နိုင်မှာမဟုတ်ပါဘူး။ ဉာဏ်ရည်တု(AI)မှီခိုနေရတဲ့အစိတ်အပိုင်းတွေကို ထုတ်လုပ်တဲ့ ထောက်ပံ့ရေးကွင်းဆက်ကို ဒါက ပုံစံ ပြောင်းနေပါတယ်။ ပိုပြီးအရေးကြီးတာက ဒီလုပ်ငန်း စဉ်မှာအရေးအကြီးဆုံး အစိုးရနှစ်ရပ်စလုံးက တူညီ တဲ့အချက်အလက်တွေကိုကြည့်နေကြတယ်၊ တူညီ တဲ့ကောက်ချက်တွေဆွဲနေကြတယ်။ ပြီးတော့ အခြေ ခံအားဖြင့် တူညီတဲ့မဟာဗျူဟာတွေကို ရေးဆွဲအ ကောင်အထည်ဖော်နေကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် AI ထောက်ပံ့ရေးကွင်းဆက်ကိုတည်ဆောက်ဖို့နဲ့ လုပ်ငန်းစဉ်မှာ အားသာချက်ရရှိဖို့ ကြိုး စားနေကြ တာပဲဖြစ်ပါတယ်။
AI ဟာ ဒီလှုပ်ရှားမှုကြောင့် အခြေခံအားဖြင့် နိုင်ငံရေးဖြစ်သွားမှာဖြစ်ပါတယ်။ ကြားနေမှု (neutrality) ဆိုတာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ AI စနစ်တွေကိုပြုလုပ်တဲ့ချစ်ပ်တွေဟာ ကြားနေခြင်း မရှိပါဘူး။ သူတို့ဟာ တစ်နေရာမှာ တစ်စုံတစ်ယောက် ရဲ့ ဆော့ဖ်ဝဲလ်နဲ့ တစ်စုံတစ်ယောက်ရဲ့ စက်ကိရိယာ တွေကိုအသုံးပြုပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကုမ္ပဏီတွေကိုယ်တိုင်က ကြားနေချင်သလောက်၊ ပထဝီဝင်ဒေသအားလုံးကို ရောင်းချနိုင်ချင်သ လောက်၊ အစိတ်အပိုင်းတွေ ဘယ်ကဝယ်ရမလဲဆိုတာ စိတ်ပူစရာမလိုချင်သလောက်၊ လက်တွေ့မှာတော့ အစိုးရတွေက သူတို့ကို ဘက်ရွေးခိုင်းမှာဖြစ်ပါတယ်။ တရုတ်ကကုမ္ပဏီတွေကို ဘက်ရွေးခိုင်းမှာဖြစ်ပါ တယ်။ အမေရိကန်ပြည်ထောင်စုက ကုမ္ပဏီတွေကို ဘက်ရွေးခိုင်းမှာဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ ဖြစ်ပေါ်နေပြီးသားပါ။
ဒါက ချစ်ပ်တွေနဲ့ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ဒါဟာ AI စနစ်တွေသင်ကြားမှုနဲ့ ဖြန့်ကြက်မှု နှစ်ခု စလုံးကိုအထောက်အပံ့ပေးတဲ့တွက်ချက်မှု ဝန် ဆောင်မှုတွေကိုပေးတဲ့ cloud computing ဆီထိပါ ပျံ့နှံ့နေပါပြီ။ အခုဆိုရင် အမေရိကန်က Google နဲ့ Microsoft Azure နဲ့ AWS လို အမေရိကန် ကုမ္ပဏီတွေကနေ တရုတ်နဲ့တခြားနိုင်ငံတွေကဖောက် သည်တွေကို cloud computing ဝန်ဆောင်မှုတွေ ပေးရာမှာ စည်းမျဉ်းတွေချမှတ်ဖို့ စဉ်းစားနေတယ်လို့ သတင်းဖော်ပြချက်တွေအရသိရပါတယ်။ အမေရိ ကန်က ဒီကဏ္ဍမှာ သူရဲ့အားသာချက်ကိုအသုံးပြုပြီး သူရဲ့မိတ်ဆွေတွေက သူတို့လိုအပ်တဲ့တွက်ချက်မှုရရှိ စေပြီး ရန်ဘက်နိုင်ငံတွေ မရရှိစေဖို့ သေချာစေချင်ပါ တယ်။ ဒါကြောင့် တရုတ်နဲ့အမေရိကန်နှစ်ခုစလုံးက သူတို့ရဲ့ ကိုယ်ပိုင်ဂေဟစနစ်တွေကိုတည်ဆောက်ဖို့ ကြိုးစားနေတဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းထောက်ပံ့ရေး ကွင်းဆက်တွေရဲ့ နိုင်ငံရေးဖြစ်လာမှုဟာ တစ်ပိုင်း လျှပ်ကူးပစ္စည်းတွေထက်ကျော်လွန်ပြီး cloud computing နဲ့ AI မော်ဒယ်ထောက်ပံ့မှုထဲကိုပါ ကျယ်ပြန့်လာမယ်လို့မျှော်လင့်နိုင်ပါတယ်။
အနောက်နိုင်ငံတွေမှာ လက်ရှိ တစ်ပိုင်းလျှပ်ကူး ပစ္စည်းထောက်ပံ့ရေးကွင်းဆက်ဟာ အတော်လေး ခိုင်မာတဲ့အနေအထားမှာရှိနေပါတယ်။ တရုတ်နိုင်ငံ က တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သူ အများအ ပြားရှိပေမယ့် တရုတ်ကထုတ်လုပ်တဲ့ ချစ်ပ်အများစု ဟာ နှိုင်းယှဉ်ချက်အရ အဆင့်နိမ့်ပါတယ်။ တရုတ်မှာ အခေတ်မီဆုံး ချစ်ပ်ထုတ်လုပ်သူဖြစ်တဲ့ SMIC နဲ့ Huaweivdk လို တရုတ်ကုမ္ပဏီတွေက တန်ဖိုးကွင်း ဆက်အပေါ်ကိုတက်ဖို့ကြိုးစားနေပေမယ့် သူတို့ဟာ တကယ့်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဒါ ကြောင့် ဒီနေ့မှာ တရုတ်နိုင်ငံဟာ အဆင့်နိမ့် NVIDIA ချစ်ပ်တွေကိုတောင် တင်သွင်းနေရပါတယ်၊ ဒါတောင်မှ NVIDIA က ဒီချစ်ပ်တွေကို ကမ္ဘာပေါ်က ကျန်နိုင်ငံတွေဆီရောင်းတဲ့ချစ်ပ်တွေထက် စွမ်းရည် လျော့နည်းအောင် တိတိကျကျဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ အဆင့်နိမ့် NVIDIA ချစ်ပ်တွေကို ဝယ်ယူမယ်ဆိုရင် ပြည်တွင်းမှာ အဆင့်မြင့် တစ်ပိုင်း လျှပ်ကူးပစ္စည်းတွေ လုံလောက်အောင်မထုတ်လုပ်နိုင် လို့သာဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရောက်နေတဲ့ အနေအထားပဲဖြစ်ပါတယ်။
ဒီ အခြေခံလှုပ်ရှားမှုဟာ ချဲ့ထွင်ခြင်း နိယာမတွေ ဆက်ရှိနေသရွေ့၊ အခေတ်မီဆုံး AI စနစ်တွေကို နှစ်စဉ်နှစ်တိုင်း Data ပိုများများနဲ့ သင်ကြားပေးနေရ ဆဲဖြစ်သရွေ့ ဆက်ရှိနေလိမ့်မယ်လို့ထင်ပါတယ်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေရဲ့တိုးတက်မှုနှုန်းက အတူတူဆက်ရှိနေသရွေ့လည်း ဆက်ရှိနေပါလိမ့် မယ်။ မောရ်ရဲ့နိယာမ (Moorer's law)၊ ချစ်ပ်တွေရဲ့ စွမ်းဆောင်ရည်က နှစ်စဉ်နှစ်တိုင်း နှစ်ဆတိုးလာမယ် ဆိုတာ ရူပဗေဒနိယာမမဟုတ်ဘဲ လက်တွေ့အခြေအ နေတစ်ခုသာဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်ပ်တွေ နှစ်စဉ် နှစ် တိုင်း အဆပေါင်းများစွာပိုကောင်းလာပြီး ပိုပြီးကောင်း မွန်တဲ့ချစ်ပ်တွေက ပိုမိုစွမ်းရည်ရှိတဲ့ AI စနစ်တွေကို သင်ကြားပေးဖို့အတွက် အရေးပါနေ သရွေ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကိုနားလည်ခြင်းဟာ AI အတွက် အရေးပါလိမ့်မယ်လို့မျှော်လင့်နိုင်ပါ တယ်။ အမြတ်အစွန်းတွေ ဘယ်နေရာမှာရရှိမလဲဆို တာကိုနားလည်ဖို့အတွက်အရေးကြီးသလို နည်းပ ညာ ဘယ်လိုတီထွင်မလဲဆိုတာကိုနားလည်ဖို့အတွက် အရေးကြီးပြီး ဗှု ဟာ ဘယ်လိုနိုင်ငံရေးဖြစ်လာမလဲ ဆိုတာကို နား လည်ဖို့အတွက်လည်းအရေးကြီးပါ တယ်။ ဒါဟာ အမေရိကန်နဲ့တရုတ် နှစ်နိုင်စလုံးက အထူးအာရုံစိုက်နေကိစ္စဖြစ်ပါတယ်။ (ပြီးပါပြီ)

Zawgyi Version:
တစ္ပိုင္းလွ်ပ္ကူးပစၥည္း အသာစီးရရွိေရး ကမာၻလုံးဆိုင္ရာၿပိဳင္ဆိုင္မႈ ျဖစ္ေနၿပီလား
(ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ႏိုဝင္ဘာလ ၂ဝ
(ယခင္တစ္ပတ္မွအဆက္)
အေမရိကန္၏ပိတ္ဆို႔မႈ မဟာဗ်ဴဟာ
ဒါက အဆင့္ျမင့္ခ်စ္ပ္ေတြျပဳလုပ္ဖို႔အတြက္ သင္လိုအပ္တဲ့ စက္တစ္ခုတည္းမဟုတ္ပါဘူး။ ဒါဟာ အမ်ားအျပားထဲကတစ္ခုပါ။ အက္တမ္ အနည္းငယ္ ေလာက္သာထူတဲ့ ပါးလႊာတဲ့ဖလင္ျပားေတြကိုခ်ႏိုင္ တဲ့ တျခားစက္ေတြလည္းရွိပါတယ္။ ဆီလီကြန္ထဲကို အက္တမ္အနည္းငယ္ေလာက္သာက်ယ္တဲ့ ေသး ငယ္တဲ့ ေခ်ာက္ကမ္းပါးေတြကိုထြင္းႏိုင္တဲ့ တျခား စက္ေတြလည္းရွိပါတယ္။ ခ်စ္ပ္ကိုထုတ္လုပ္ၿပီးတာနဲ႔ စစ္ေဆးႏိုင္ၿပီး ထုတ္လုပ္မႈလုပ္ငန္းစဥ္မွာ နာႏိုမီတာ အတိုင္းအတာအမွားအယြင္းေတြကို ေဖာ္ထုတ္ေပး ႏိုင္တဲ့ ေနာက္ထပ္စက္ေတြလည္းရွိပါတယ္။ ေခတ္မီ ဆုံးခ်စ္ပ္ေတြကို အတိုင္းအတာနဲ႔ထုတ္လုပ္ဖို႔အတြက္ ဒီအရာေတြအားလုံးလိုအပ္ပါတယ္။
ဒီလို ကိရိယာေတြကို စတင္ေလ့လာၾကည့္လိုက္ တဲ့အခါ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြမွာ ဘယ္သူမွ ကိုယ့္ဘာသာ ရပ္တည္ႏိုင္စြမ္း မရွိဘူး ။ ကမာၻေပၚက ႏိုင္ငံတစ္ႏိုင္ငံတည္းမွ အဆင့္ျမင့္ခ်စ္ပ္ေတြျပဳလုပ္ဖို႔ လိုအပ္တဲ့ ကိရိယာေတြအားလုံး၊ ပစၥည္းေတြအားလုံး၊ ေဆာ့ဖ္ဝဲလ္ေတြအားလုံးကိုထုတ္လုပ္ဖို႔ မသင္ယူႏိုင္ ေသးဘူးဆိုတာကို သင္နားလည္ႏိုင္ပါတယ္။ ကိုယ့္ဘာသာရပ္တည္ေရးႀကိဳးပမ္းမႈကို လုပ္ေဆာင္ဖို႔အ တြက္ အလြန္ေဈးႀကီး၊ ရႈပ္ေထြးၿပီး၊ စိတ္ကို ရႈပ္ေထြး ေစေလာက္ေအာင္ ခက္ခဲပါလိမ့္မယ္။ ဒါက တ႐ုတ္ ႏိုင္ငံရဲ႕ ကိုယ့္ဘာသာရပ္တည္ေရး ႀကိဳးပမ္းမႈမွာ ပါဝင္တဲ့ စိန္ေခၚမႈေတြကိုသ႐ုပ္ေဖာ္ျပေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေမရိကန္အစိုးရအရာရွိေတြ က ဉာဏ္ရည္တု (AI)ရဲ႕အနာဂတ္ကိုၾကည့္ၿပီး ဉာဏ္ရည္တု(AI)မွာ တိုးတက္မႈေတြကိုျဖစ္ႏိုင္ေျခ ရွိေစတဲ့ခ်စ္ပ္ေတြကိုၾကည့္တဲ့အခါ၊ သူတို႔ဟာ အဲဒီ နည္းပညာေတြကို ရန္ဘက္ေတြထက္ အရင္မိတ္ေဆြ ႏိုင္ငံေတြဆီကို သြားေစခ်င္ၾကပါတယ္။
ဒါေၾကာင့္ အေမရိကန္အစိုးရခ်မွတ္ေနတဲ့ ေလာင္းေၾကးက႐ိုးရွင္းပါတယ္။ ဒါဟာGoogle က ေလာင္းတဲ့ ေလာင္းေၾကး၊ OpenAIu Sam Altman ကေလာင္းတဲ့ ေလာင္းေၾကး၊ Anthropic နဲ႔ Meta က Mark Zuckerberg တို႔ေလာင္းတဲ့ ေလာင္းေၾကး နဲ႔အတူတူပါပဲ။ ေလာင္းေၾကးကေတာ့ ပိုေကာင္းတဲ့ AI စနစ္ေတြလိုခ်င္ရင္ ပိုႀကီးတဲ့ AI စနစ္ေတြ လိုအပ္ တယ္။ ပိုႀကီးတဲ့ AI စနစ္ေတြလိုခ်င္ရင္ ပိုေကာင္းတဲ့ GPU ေတြလိုအပ္တယ္။ ၿပီးေတာ့ ပိုေကာင္းတဲ့ GPU ေတြလိုခ်င္ရင္ ဒီလိုကိရိယာေတြ လိုအပ္တယ္ ဆိုတာပါပဲ။ ဒါေၾကာင့္ အေမရိကန္က တစ္ပိုင္းလွ်ပ္ ကူးပစၥည္းေထာက္ပံ့ေရးကြင္းဆက္ထဲကို ႏိုင္ငံေရး အဆင့္အသစ္တစ္ခုထိုးသြင္းလိုက္တာျဖစ္ပါတယ္။ ဒီေလာင္းေၾကးက မွန္ကန္တယ္ဆိုရင္၊ ပိုေကာင္းတဲ့ ခ်စ္ပ္ေတြက ပိုေကာင္းတဲ့ AI အတြက္ အေရးႀကီး တယ္ဆိုရင္၊ ဒီလိုကိရိယာေတြဟာ (choke points) ျဖစ္ပါတယ္။ အဆင့္ျမင့္ AI အတြက္ လိုအပ္တဲ့ခ်စ္ပ္ ေတြထုတ္လုပ္ႏိုင္စြမ္းမွာ ဆို႔နင့္မႈေတြျဖစ္ပါတယ္။ ဒီ (choke points) ဆိုတဲ့စကားလုံးက တ႐ုတ္ႏိုင္ငံကို လည္း လႈပ္ရွားဖို႔တြန္းအားေပးခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံ ဟာ သူရဲ႕ကိုယ္ပိုင္ ျပည္တြင္းစြမ္းရည္ေတြကို တီထြင္ ဖို႔ႀကိဳးစားဖို႔ တြန္းအားေပးခဲ့ၿပီးသြင္းတဲ့ ထုတ္ကုန္ေတြကို ပိုၿပီး အစားထိုးကာ တ႐ုတ္ အစိတ္အပိုင္းမ်ား နဲ႔ အစားထိုးဖို႔ ႀကိဳးစားခဲ့ပါတယ္။
AI ႏွင့္ စစ္ေရးၿပိဳင္ဆိုင္မႈ
တျခားစကားလုံးနဲ႔ေျပာရရင္ တ႐ုတ္ရဲ႕ မဟာဗ်ဴ ဟာနဲ႔ အေမရိကန္ရဲ႕မဟာဗ်ဴဟာဟာ အေျခခံအတူတူ ေပၚမွာတည္ေဆာက္ထားပါတယ္။ တ႐ုတ္က AI ဟာ အလြန္အေရးပါလိမ့္မယ္၊ ဒီလိုကိရိယာေတြက အေရးႀကီးလိမ့္မယ္၊ ႏိုင္ငံတကာကုန္သြယ္မႈပုံ သဏၭာန္ကို တ႐ုတ္က တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြ မွာ ကိုယ့္ဘာသာရပ္တည္ႏိုင္မလားဆိုတာက ဆုံး ျဖတ္လိမ့္မယ္လို႔ထင္ပါတယ္။ ဒါေၾကာင့္ တ႐ုတ္က ကိုယ့္ဘာသာရပ္တည္ႏိုင္ဖို႔ ႀကိဳးစားရာမွာ တစ္ႏွစ္ကို ေဒၚလာ ဘီလ်ံ ဆယ္ဂဏန္းအထိသုံးစြဲခဲ့ပါတယ္။ ဒါေၾကာင့္ အေမရိကန္က တ႐ုတ္ကို အဆင့္ျမင့္ခ်စ္ပ္ ေတြကေန ျဖတ္ေတာက္ဖို႔ႀကိဳးစားေနပါတယ္။ တ႐ုတ္နဲ႔အေမရိကန္ ႏွစ္ႏိုင္ငံလုံးက AI ကို အနာ ဂတ္အတြက္အေရးႀကီးတယ္လို႔ ဘာေၾကာင့္စြဲလမ္း ေနၾကတာလဲဆိုတာက အဓိကအားျဖင့္ Chat GPT ေၾကာင့္မဟုတ္ပါဘူး။ ဒါဟာ ေနာက္ထပ္ ေဒၚလာ ထရီလ်ံတန္ နည္းပညာကုမၸဏီကို ဘယ္သူဖန္တီး မလဲဆိုတာမဟုတ္ပါဘူး။ ဒါဟာ AI က ကြၽန္ေတာ္တို႔ အီးေမးလ္ေရးတဲ့ပုံစံ ဒါမွမဟုတ္ ဆိုရွယ္မီဒီယာမွာ ပို႔စ္တင္တဲ့ပုံစံကို ေျပာင္းလဲေပးမလားဆိုတာမဟုတ္ ပါဘူး။
တကယ္ေတာ့ အင္ဒို-ပစိဖိတ္ ေဒသမွာ အစိုးရ ႏွစ္ခုစလုံးက လက္နက္ၿပိဳင္ပြဲတစ္ခု စတင္ေနၿပီလို႔ ျမင္ေနၾကပါတယ္။ ဒီလက္နက္ၿပိဳင္ပြဲကို ႐ိုးရာစစ္ေရး စြမ္းအားတိုင္းတာမႈေတြ၊ ဥပမာအားျဖင့္ တည္ေဆာက္ တဲ့ သေဘၤာအေရအတြက္၊ ျဖန႔္ၾကက္တဲ့ဒုံးက်ည္အ ေရအတြက္တို႔နဲ႔ တိုင္းတာမွာျဖစ္သလို၊ ဉာဏ္ရည္တု (AI)ကလည္းပုံေဖာ္ေပးပါလိမ့္မယ္။ ဒါဟာ အနာ ဂတ္ကိုခန႔္မွန္းတာမဟုတ္ပါဘူး။ ဒါက လက္ေတြ႕အ ေျခအေနတစ္ခုကိုေျပာေနတာပါ။
လက္ရွိမွာထုတ္လုပ္ေနတဲ့ ေနာက္မ်ိဳးဆက္ စစ္ေရးစနစ္ေတြဟာ AI နဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရလုပ္ ေဆာင္ခ်က္ (autonomous action) ဟာ တပ္ဖြဲ႕ေတြ ဘယ္လိုတိုက္ခိုက္မလဲနဲ႔ သူလွ်ိဳေအဂ်င္စီေတြ ဘယ္ လိုလည္ပတ္မလဲဆိုတဲ့ အဓိကဗဟိုခ်က္မွာရွိလိမ့္မယ္ ဆိုတဲ့ယူဆခ်က္ေပၚမွာ တည္ေဆာက္ထားၿပီးသား ျဖစ္ပါတယ္။ ဥပမာအားျဖင့္ ႐ုရွား-ယူကရိန္းစစ္ပြဲမွာ ေတြ႕ျမင္ရပါတယ္။ ႐ုရွားနဲ႔ယူကရိန္းႏွစ္ဖက္စလုံးက သူတို႔ရဲ႕ဒ႐ုန္းအစီအစဥ္ေတြတည္ေဆာက္ရာမွာ အရင္းအျမစ္ေတြသုံးစြဲခဲ့ၾကၿပီး ဒီဒ႐ုန္းေတြဟာ တခ်ိဳ႕ ကိစၥေတြမွာ႐ိုးရွင္းေပမယ့္ တျခားကိစၥေတြမွာေတာ့ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္မွာ ပိုၿပီး ကိုယ္ပိုင္ အုပ္ခ်ဳပ္ ခြင့္ရလာၾကပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲကို ေလ့ လာခဲ့တဲ့ စစ္တပ္တိုင္းနီးပါးက နည္းပညာ ပိုမိုအ ဆင့္ျမင့္တဲ့ႏိုင္ငံေတြပါဝင္တဲ့ အနာဂတ္ပဋိပကၡေတြ ဟာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရစနစ္ေတြအေပၚ ပိုၿပီးအား ထားလိမ့္မယ္လို႔ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။ ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရစနစ္ဆိုတာ AI -အေထာက္အပံ့ေပး ထားတဲ့စနစ္ျဖစ္ပါတယ္။
ကားကို ကိုယ္ပိုင္ေမာင္းႏွင္ေစခ်င္ရင္ တြက္ ခ်က္မႈစြမ္းအား အမ်ားႀကီးလိုအပ္သလိုပဲ၊ ဒ႐ုန္းကို ကိုယ္ပိုင္ပ်ံသန္းေစခ်င္ရင္လည္း တိက်တဲ့တြက္ခ်က္ မႈေတြလိုအပ္ပါတယ္။ တစ္နည္းအားျဖင့္ တြက္ခ်က္မႈ (computing) နဲ႔ဒ႐ုန္းေတြဟာ ဒဂၤါးျပားတစ္ျပားရဲ႕ မ်က္ႏွာႏွစ္ဖက္ျဖစ္ပါတယ္။ ဒ႐ုန္းေတြတင္မဟုတ္ပါ ဘူး။ ေထာက္လွမ္းေရးအတြက္လည္း အလားတူပါပဲ။ အခုဆိုရင္ အေမရိကန္စစ္တပ္က သူလွ်ိဳၿဂိဳဟ္တု ေတြစုေဆာင္းထားတဲ့ ေထာက္လွမ္းေရးအခ်က္အ လက္ေတြအားလုံးကို နားလည္သေဘာေပါက္ဖို႔ AI ကိုအသုံးျပဳေနတာကို အမ်ားျပည္သူသိတဲ့အရင္းအ ျမစ္ေတြကေန အနည္းဆုံး ဆယ္စုႏွစ္နီးပါးရွိေနပါၿပီ။ ၿဂိဟ္တုေတြကေနစုေဆာင္းေနတဲ့ Data ေတြဟာ လူေတြ ဆန္ခါတင္စိစစ္ဖို႔အတြက္ မ်ားျပားလြန္းေန ပါၿပီ။ ဒါေၾကာင့္ ဥပမာအားျဖင့္ ဘယ္ဟာက ကုန္တင္ ကားျဖစ္ၿပီး ဘယ္ဟာကတင့္ကားလဲဆိုတာကို ခြဲျခား သိျမင္ႏိုင္ဖို႔အတြက္ ကြန္ပ်ဴတာျမင္ကြင္း (computer vision) အယ္လဂိုရစ္သမ္ေတြလိုအပ္ပါတယ္။ လူ တိုင္းလုပ္ေနၾကပါတယ္။ ၿဂိဳဟ္တုလႊင့္တင္ခကုန္က် စရိတ္ေတြက်ဆင္းလာၿပီး စုေဆာင္းတဲ့ Data ပမာဏ တိုးလာတာနဲ႔အမွ် ကမာၻ႔အႀကီးဆုံးစစ္တပ္ေတြသာAI ကို မွီခိုမွာမဟုတ္ပါဘူး။ အလယ္အလတ္ အ႐ြယ္အစားရွိတဲ့တပ္ဖြဲ႕ေတြလည္း မွီခိုေနၾကၿပီးျဖစ္ ပါတယ္။
ပထဝီႏိုင္ငံေရး၏ ဗဟိုခ်က္
တစ္နည္းအားျဖင့္ AI ဟာ အမ်ိဳးသားစြမ္းအား ရဲ႕အနာဂတ္နဲ႔ပတ္သက္ပါတယ္။ စစ္တပ္ေတြ ဘယ္ လိုတိုက္ခိုက္မလဲဆိုတဲ့ အနာဂတ္၊ ေထာက္လွမ္းေရး ေအဂ်င္စီေတြ ဘယ္လိုလည္ပတ္မလဲဆိုတဲ့ အနာ ဂတ္နဲ႔ပတ္သက္ပါတယ္။ ဒါေၾကာင့္ တ႐ုတ္နဲ႔ အေမ ရိကန္ႏွစ္ႏိုင္ငံစလုံးက AI ကိုစဥ္းစားတဲ့အခါ သူတို႔ ဟာ Chat GPT ကို စဥ္းစားေနတာမဟုတ္ပါဘူး။ သူတို႔ဟာ ဒီလိုစနစ္ေတြကိုစဥ္းစားေနၾကတာပါ။ သူတို႔ယုံၾကည္တာက အေကာင္းဆုံး AI ေဂဟစနစ္၊ အမ်ားဆုံးသင္ၾကားထားတဲ့ကြၽမ္းက်င္သူေတြ၊ အဆင့္ ျမင့္ဆုံး Data စင္တာမ်ား၊ အရႈပ္ေထြးဆုံး တစ္ပိုင္း လွ်ပ္ကူးပစၥည္းေတြကိုရရွိတဲ့ႏိုင္ငံဟာ AI နဲ႔သက္ဆိုင္ တဲ့စစ္ေရးနည္းပညာေတြ၊AI အေထာက္အပံ့ေပးထားတဲ့ေထာက္လွမ္းေရးစနစ္ေတြကို တီထြင္ရာမွာ ဦးေဆာင္မႈရႏိုင္ဖြယ္ရွိပါတယ္။
ဒါက ႐ူးသြပ္တဲ့ေလာင္းေၾကးတစ္ခု မဟုတ္ဘူး လို႔ထင္ပါတယ္။ ဒါေၾကာင့္ ဒီမဟာဗ်ဴဟာကို ႏိုင္ငံ တစ္ခုတည္းကလုပ္ေဆာင္ေနတာမဟုတ္ဘဲ ႏိုင္ငံ တိုင္းကလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ လည္း အေမရိကန္က AI စနစ္ေတြ တည္ေဆာက္ရာ မွာ အေရးပါတဲ့ခ်စ္ပ္ျဖစ္တဲ့ GPU ေတြကို တ႐ုတ္ကို ဆန႔္က်င္ၿပီး အေနာက္ႏိုင္ငံေတြရဲ႕နည္းပညာဦး ေဆာင္မႈကိုထိန္းသိမ္းထားဖို႔ သူရဲ႕မဟာဗ်ဴဟာရဲ႕ အဓိကဗဟိုခ်က္အျဖစ္ ေျပာင္းလဲလိုက္တာျဖစ္ပါတယ္။
GPU ေတြကို ဘယ္သူဝယ္ေနလဲ၊ Nvidiau ထုတ္လုပ္တဲ့ အဆင့္ျမင့္ခ်စ္ပ္ေတြကို ဘယ္သူရေန လဲဆိုတာကို ေျခရာခံၾကည့္ႏိုင္ပါတယ္။ အဲဒီထဲက အမ်ားစုဟာ အေမရိကန္ကုမၸဏီေတြဆီကိုေရာက္ေန ၿပီး တ႐ုတ္ကုမၸဏီေတြကေတာ့ နံပါတ္ (၂)ေနရာမွာ အမ်ားႀကီး ေနာက္က်က်န္ေနတာကိုေတြ႕ရပါလိမ့္မယ္။ ဒါက အေမရိကန္မူဝါဒခ်မွတ္သူေတြ တိတိက်က် လိုခ်င္တဲ့အရာပဲ ျဖစ္ပါတယ္။ တ႐ုတ္ကုမၸဏီေတြဟာ သူတို႔လိုအပ္တဲ့တြက္ခ်က္မႈစြမ္းအားကိုရရွိဖို႔ အခက္ အခဲရွိေစခ်င္ပါတယ္။ တ႐ုတ္ေဂဟစနစ္က သူတို႔ လိုခ်င္တဲ့ သင္ၾကားေရးနဲ႔ျဖန႔္ၾကက္ေရး အေျခခံအ ေဆာက္အအုံအားလုံးကိုမရႏိုင္ဘူးလို႔ ခံစားရေစခ်င္ ပါတယ္။ အေနာက္ႏိုင္ငံေတြရဲ႕ ေခတ္အမီဆုံးနည္း ပညာေတြက အဓိကအားျဖင့္ အေနာက္တိုင္းကုမၸဏီ ေတြကိုအက်ိဳးျပဳတဲ့ကမာၻကို သူတို႔လိုခ်င္ၾကပါတယ္။ ၿပီးေတာ့ တ႐ုတ္က သဘာဝအတိုင္းပဲ ဆန႔္က်င္ဘက္ ကိုလိုခ်င္ပါတယ္။
ပဋိပကၡျဖစ္ေနတဲ့ မဟာဗ်ဴဟာႏွစ္ခုျဖစ္ေပမယ့္ ႏွစ္ႏိုင္ငံလုံးက တိက်တဲ့တြက္ခ်က္မႈနည္းပညာကို အာ႐ုံစိုက္ထားၾကပါတယ္။ ခုအခ်ိန္မွာ အေနာက္ တိုင္းကုမၸဏီေတြ၊ အေနာက္တိုင္း AI ေထာက္ပံ့ေရး ကြင္းဆက္ဟာ ေရွ႕ကိုေရာက္ေနပါၿပီ။ AI ကုမၸဏီ ေတြကိုတန္ဖိုးျဖတ္မႈအရပဲၾကည့္ၾကည့္၊ AI ကုမၸဏီ ေတြသင္ၾကားေနတဲ့စနစ္ေတြရဲ႕ အ႐ြယ္အစားအရပဲ ၾကည့္ၾကည့္၊ ဦးေဆာင္ေနတာ အေနာက္ႏိုင္ငံျဖစ္ ေနတာကိုေတြ႕ရပါလိမ့္မယ္။ အေမရိကန္ကုမၸဏီေတြ ဟာ သူတို႔ရဲ႕အနီးစပ္ဆုံး တ႐ုတ္ၿပိဳင္ဘက္ေတြထက္ အဆေပါင္းမ်ားစြာပိုႀကီးတဲ့ AI စနစ္ေတြကို သင္ ၾကားေပးေနၾကပါတယ္။
ဒါဟာ အေရးပါတဲ့တိုင္းတာမႈတစ္ခုတည္း မဟုတ္ေပမယ့္၊ အလြန္အေရးပါတဲ့တိုင္းတာမႈတစ္ခု ျဖစ္ႏိုင္ပါတယ္။ ဒါဟာ OpenAI နဲ႔ Anthropic နဲ႔ Facebook နဲ႔ တျခား မ်ားစြာေသာလူေတြက သူတို႔ရဲ႕ ေနာက္မ်ိဳးဆက္စနစ္ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို တရားမွ်တေစဖို႔အတြက္ ေလာင္းေၾကးထပ္ေနတဲ့ တိုင္းတာမႈျဖစ္ပါတယ္။ ဒါက AI နဲ႔ပတ္သက္တဲ့ၿပိဳင္ ဆိုင္မႈဟာ ဘယ္ကိုဦးတည္ေနတယ္ဆိုတာကို အရိပ္အႁမြက္ျမင္သာေစတယ္လို႔ထင္ပါတယ္။
AI ၏ ႏိုင္ငံေရးျဖစ္လာမႈ
တျခားစကားလုံးနဲ႔ေျပာရရင္ ဒီပထဝီႏိုင္ငံေရး ၿပိဳင္ဆိုင္မႈကို ခြဲျခမ္းစိတ္ျဖာမႈရဲ႕ဗဟိုခ်က္မွာမထားဘဲ ဒီေန႔ ဗႈ နယ္ပယ္ကို နားလည္ႏိုင္မွာမဟုတ္ပါဘူး။ ဉာဏ္ရည္တု(AI)မွီခိုေနရတဲ့အစိတ္အပိုင္းေတြကို ထုတ္လုပ္တဲ့ ေထာက္ပံ့ေရးကြင္းဆက္ကို ဒါက ပုံစံ ေျပာင္းေနပါတယ္။ ပိုၿပီးအေရးႀကီးတာက ဒီလုပ္ငန္း စဥ္မွာအေရးအႀကီးဆုံး အစိုးရႏွစ္ရပ္စလုံးက တူညီ တဲ့အခ်က္အလက္ေတြကိုၾကည့္ေနၾကတယ္၊ တူညီ တဲ့ေကာက္ခ်က္ေတြဆြဲေနၾကတယ္။ ၿပီးေတာ့ အေျခ ခံအားျဖင့္ တူညီတဲ့မဟာဗ်ဴဟာေတြကို ေရးဆြဲအ ေကာင္အထည္ေဖာ္ေနၾကပါတယ္။ သူတို႔ရဲ႕ ကိုယ္ပိုင္ AI ေထာက္ပံ့ေရးကြင္းဆက္ကိုတည္ေဆာက္ဖို႔နဲ႔ လုပ္ငန္းစဥ္မွာ အားသာခ်က္ရရွိဖို႔ ႀကိဳး စားေနၾက တာပဲျဖစ္ပါတယ္။
AI ဟာ ဒီလႈပ္ရွားမႈေၾကာင့္ အေျခခံအားျဖင့္ ႏိုင္ငံေရးျဖစ္သြားမွာျဖစ္ပါတယ္။ ၾကားေနမႈ (neutrality) ဆိုတာမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ AI စနစ္ေတြကိုျပဳလုပ္တဲ့ခ်စ္ပ္ေတြဟာ ၾကားေနျခင္း မရွိပါဘူး။ သူတို႔ဟာ တစ္ေနရာမွာ တစ္စုံတစ္ေယာက္ ရဲ႕ ေဆာ့ဖ္ဝဲလ္နဲ႔ တစ္စုံတစ္ေယာက္ရဲ႕ စက္ကိရိယာ ေတြကိုအသုံးျပဳၿပီး ထုတ္လုပ္ထားတာျဖစ္ပါတယ္။ ကုမၸဏီေတြကိုယ္တိုင္က ၾကားေနခ်င္သေလာက္၊ ပထဝီဝင္ေဒသအားလုံးကို ေရာင္းခ်ႏိုင္ခ်င္သ ေလာက္၊ အစိတ္အပိုင္းေတြ ဘယ္ကဝယ္ရမလဲဆိုတာ စိတ္ပူစရာမလိုခ်င္သေလာက္၊ လက္ေတြ႕မွာေတာ့ အစိုးရေတြက သူတို႔ကို ဘက္ေ႐ြးခိုင္းမွာျဖစ္ပါတယ္။ တ႐ုတ္ကကုမၸဏီေတြကို ဘက္ေ႐ြးခိုင္းမွာျဖစ္ပါ တယ္။ အေမရိကန္ျပည္ေထာင္စုက ကုမၸဏီေတြကို ဘက္ေ႐ြးခိုင္းမွာျဖစ္ပါတယ္။ တကယ္ေတာ့ ဒါဟာ ျဖစ္ေပၚေနၿပီးသားပါ။
ဒါက ခ်စ္ပ္ေတြနဲ႔ ရပ္တန႔္သြားမွာမဟုတ္ပါဘူး။ ဒါဟာ AI စနစ္ေတြသင္ၾကားမႈနဲ႔ ျဖန႔္ၾကက္မႈ ႏွစ္ခု စလုံးကိုအေထာက္အပံ့ေပးတဲ့တြက္ခ်က္မႈ ဝန္ ေဆာင္မႈေတြကိုေပးတဲ့ cloud computing ဆီထိပါ ပ်ံ႕ႏွံ႔ေနပါၿပီ။ အခုဆိုရင္ အေမရိကန္က Google နဲ႔ Microsoft Azure နဲ႔ AWS လို အေမရိကန္ ကုမၸဏီေတြကေန တ႐ုတ္နဲ႔တျခားႏိုင္ငံေတြကေဖာက္ သည္ေတြကို cloud computing ဝန္ေဆာင္မႈေတြ ေပးရာမွာ စည္းမ်ဥ္းေတြခ်မွတ္ဖို႔ စဥ္းစားေနတယ္လို႔ သတင္းေဖာ္ျပခ်က္ေတြအရသိရပါတယ္။ အေမရိ ကန္က ဒီက႑မွာ သူရဲ႕အားသာခ်က္ကိုအသုံးျပဳၿပီး သူရဲ႕မိတ္ေဆြေတြက သူတို႔လိုအပ္တဲ့တြက္ခ်က္မႈရရွိ ေစၿပီး ရန္ဘက္ႏိုင္ငံေတြ မရရွိေစဖို႔ ေသခ်ာေစခ်င္ပါ တယ္။ ဒါေၾကာင့္ တ႐ုတ္နဲ႔အေမရိကန္ႏွစ္ခုစလုံးက သူတို႔ရဲ႕ ကိုယ္ပိုင္ေဂဟစနစ္ေတြကိုတည္ေဆာက္ဖို႔ ႀကိဳးစားေနတဲ့ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေထာက္ပံ့ေရး ကြင္းဆက္ေတြရဲ႕ ႏိုင္ငံေရးျဖစ္လာမႈဟာ တစ္ပိုင္း လွ်ပ္ကူးပစၥည္းေတြထက္ေက်ာ္လြန္ၿပီး cloud computing နဲ႔ AI ေမာ္ဒယ္ေထာက္ပံ့မႈထဲကိုပါ က်ယ္ျပန႔္လာမယ္လို႔ေမွ်ာ္လင့္ႏိုင္ပါတယ္။
အေနာက္ႏိုင္ငံေတြမွာ လက္ရွိ တစ္ပိုင္းလွ်ပ္ကူး ပစၥည္းေထာက္ပံ့ေရးကြင္းဆက္ဟာ အေတာ္ေလး ခိုင္မာတဲ့အေနအထားမွာရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံ က တစ္ပိုင္းလွ်ပ္ကူးပစၥည္းထုတ္လုပ္သူ အမ်ားအ ျပားရွိေပမယ့္ တ႐ုတ္ကထုတ္လုပ္တဲ့ ခ်စ္ပ္အမ်ားစု ဟာ ႏႈိင္းယွဥ္ခ်က္အရ အဆင့္နိမ့္ပါတယ္။ တ႐ုတ္မွာ အေခတ္မီဆုံး ခ်စ္ပ္ထုတ္လုပ္သူျဖစ္တဲ့ SMIC နဲ႔ Huaweivdk လို တ႐ုတ္ကုမၸဏီေတြက တန္ဖိုးကြင္း ဆက္အေပၚကိုတက္ဖို႔ႀကိဳးစားေနေပမယ့္ သူတို႔ဟာ တကယ့္စိန္ေခၚမႈေတြနဲ႔ရင္ဆိုင္ေနရပါတယ္။ ဒါ ေၾကာင့္ ဒီေန႔မွာ တ႐ုတ္ႏိုင္ငံဟာ အဆင့္နိမ့္ NVIDIA ခ်စ္ပ္ေတြကိုေတာင္ တင္သြင္းေနရပါတယ္၊ ဒါေတာင္မွ NVIDIA က ဒီခ်စ္ပ္ေတြကို ကမာၻေပၚက က်န္ႏိုင္ငံေတြဆီေရာင္းတဲ့ခ်စ္ပ္ေတြထက္ စြမ္းရည္ ေလ်ာ့နည္းေအာင္ တိတိက်က်ဒီဇိုင္းဆြဲထားတာ ျဖစ္ပါတယ္။ အဆင့္နိမ့္ NVIDIA ခ်စ္ပ္ေတြကို ဝယ္ယူမယ္ဆိုရင္ ျပည္တြင္းမွာ အဆင့္ျမင့္ တစ္ပိုင္း လွ်ပ္ကူးပစၥည္းေတြ လုံေလာက္ေအာင္မထုတ္လုပ္ႏိုင္ လို႔သာျဖစ္ပါတယ္။ ဒါဟာ တ႐ုတ္ႏိုင္ငံေရာက္ေနတဲ့ အေနအထားပဲျဖစ္ပါတယ္။
ဒီ အေျခခံလႈပ္ရွားမႈဟာ ခ်ဲ႕ထြင္ျခင္း နိယာမေတြ ဆက္ရွိေနသေ႐ြ႕၊ အေခတ္မီဆုံး AI စနစ္ေတြကို ႏွစ္စဥ္ႏွစ္တိုင္း Data ပိုမ်ားမ်ားနဲ႔ သင္ၾကားေပးေနရ ဆဲျဖစ္သေ႐ြ႕ ဆက္ရွိေနလိမ့္မယ္လို႔ထင္ပါတယ္။ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြရဲ႕တိုးတက္မႈႏႈန္းက အတူတူဆက္ရွိေနသေ႐ြ႕လည္း ဆက္ရွိေနပါလိမ့္ မယ္။ ေမာရ္ရဲ႕နိယာမ (Moorer's law)၊ ခ်စ္ပ္ေတြရဲ႕ စြမ္းေဆာင္ရည္က ႏွစ္စဥ္ႏွစ္တိုင္း ႏွစ္ဆတိုးလာမယ္ ဆိုတာ ႐ူပေဗဒနိယာမမဟုတ္ဘဲ လက္ေတြ႕အေျခအ ေနတစ္ခုသာျဖစ္ပါတယ္။ ဒါေပမဲ့ ခ်စ္ပ္ေတြ ႏွစ္စဥ္ ႏွစ္ တိုင္း အဆေပါင္းမ်ားစြာပိုေကာင္းလာၿပီး ပိုၿပီးေကာင္း မြန္တဲ့ခ်စ္ပ္ေတြက ပိုမိုစြမ္းရည္ရွိတဲ့ AI စနစ္ေတြကို သင္ၾကားေပးဖို႔အတြက္ အေရးပါေန သေ႐ြ႕ တစ္ပိုင္းလွ်ပ္ကူးပစၥည္းေတြကိုနားလည္ျခင္းဟာ AI အတြက္ အေရးပါလိမ့္မယ္လို႔ေမွ်ာ္လင့္ႏိုင္ပါ တယ္။ အျမတ္အစြန္းေတြ ဘယ္ေနရာမွာရရွိမလဲဆို တာကိုနားလည္ဖို႔အတြက္အေရးႀကီးသလို နည္းပ ညာ ဘယ္လိုတီထြင္မလဲဆိုတာကိုနားလည္ဖို႔အတြက္ အေရးႀကီးၿပီး ဗႈ ဟာ ဘယ္လိုႏိုင္ငံေရးျဖစ္လာမလဲ ဆိုတာကို နား လည္ဖို႔အတြက္လည္းအေရးႀကီးပါ တယ္။ ဒါဟာ အေမရိကန္နဲ႔တ႐ုတ္ ႏွစ္ႏိုင္စလုံးက အထူးအာ႐ုံစိုက္ေနကိစၥျဖစ္ပါတယ္။ (ၿပီးပါၿပီ)