Trinidad and Tobagoမြေပေါ်ကနေ ဗင်နီဇွဲလားကို တိုက်ခိုက်ဖို့အတွက် အမေရိကန်က တောင်းဆိုတာမျိုးမရှိဘူးလို့ ဝန်ကြီးချုပ်ပြော

197

Pika(NP News)-နိုဝင်ဘာ ၂၀
ကာရေဘီယံနိုင်ငံငယ်လေး Trinidad and Tobagoဟာ ဗင်နီဇွဲလားနိုင်ငံအပေါ်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် ၎င်းရဲ့နယ်မြေကို အသုံးမပြုခွင့်ပေးသလို ဗင်နီဇွဲလားကိုတိုက်ခိုက်ဖို့အတွက် Trinidad and Tobagoမြေကိုအသုံးပြုခွင့်ပေးဖို့ အမေရိကန်က ဘယ်တုန်းကမှ တောင်းဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ Trinidad and Tobagoဝန်ကြီးချုပ် Kamla Persad-Bissessarကပြောကြားခဲ့ပါတယ်။ Kamla Persad-Bissessarက”ဗင်နီဇွဲလားပြည်သူတွေအပေါ်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ရဲ့နယ်မြေကို အသုံးပြုခွင့်ပေးဖို့ အမေရိကန်က ဘယ်တုန်းကမှ တောင်းဆိုခဲ့တာမျိုးမရှိပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်ရေတပ်က Trinidad and Tobagoနိုင်ငံမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေချိန်မှာပဲ Kamla Persad-Bissessarက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါ့ပြင် ဗင်နီဇွဲလားနိုင်ငံတွင်းကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် စဉ်းစားနေတာမျိုးမရှိဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် Kamla Persad-Bissessarရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က”ဗင်နီဇွဲလားနိုင်ငံတွင်းကို တိုက်ခိုက်ဖို့ စဉ်းစားနေတာမျိုး မရှိပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း လာမယ့်အနာဂါတ်မှာ ဗင်နီဇွဲလားနိုင်ငံတွင်းကို တိုက်ခိုက်ဖို့ ဒေါ်နယ်ထရမ့်က အမိန့်ပေးထားသလား ဒါမှမဟုတ် နောက်ဆုံးဆုံးဖြတ်ချက်တွေကို မချမှတ်ရသေးတာလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
Trinidad and Tobagoေျမေပၚကေန ဗင္နီဇြဲလားကို တိုက္ခိုက္ဖို႔အတြက္ အေမရိကန္က ေတာင္းဆိုတာမ်ိဳးမရွိဘူးလို႔ ဝန္ႀကီးခ်ဳပ္ေျပာ
Pika(NP News)-ႏိုဝင္ဘာ ၂၀
ကာေရဘီယံႏိုင္ငံငယ္ေလး Trinidad and Tobagoဟာ ဗင္နီဇြဲလားႏိုင္ငံအေပၚကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ၎ရဲ႕နယ္ေျမကို အသုံးမျပဳခြင့္ေပးသလို ဗင္နီဇြဲလားကိုတိုက္ခိုက္ဖို႔အတြက္ Trinidad and Tobagoေျမကိုအသုံးျပဳခြင့္ေပးဖို႔ အေမရိကန္က ဘယ္တုန္းကမွ ေတာင္းဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ Trinidad and Tobagoဝန္ႀကီးခ်ဳပ္ Kamla Persad-Bissessarကေျပာၾကားခဲ့ပါတယ္။ Kamla Persad-Bissessarက”ဗင္နီဇြဲလားျပည္သူေတြအေပၚကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕နယ္ေျမကို အသုံးျပဳခြင့္ေပးဖို႔ အေမရိကန္က ဘယ္တုန္းကမွ ေတာင္းဆိုခဲ့တာမ်ိဳးမရွိပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။အေမရိကန္ေရတပ္က Trinidad and Tobagoႏိုင္ငံမွာ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္ေနခ်ိန္မွာပဲ Kamla Persad-Bissessarက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ဒါ့ျပင္ ဗင္နီဇြဲလားႏိုင္ငံတြင္းကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ စဥ္းစားေနတာမ်ိဳးမရွိဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ Kamla Persad-Bissessarရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က”ဗင္နီဇြဲလားႏိုင္ငံတြင္းကို တိုက္ခိုက္ဖို႔ စဥ္းစားေနတာမ်ိဳး မရွိပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း လာမယ့္အနာဂါတ္မွာ ဗင္နီဇြဲလားႏိုင္ငံတြင္းကို တိုက္ခိုက္ဖို႔ ေဒၚနယ္ထရမ့္က အမိန႔္ေပးထားသလား ဒါမွမဟုတ္ ေနာက္ဆုံးဆုံးျဖတ္ခ်က္ေတြကို မခ်မွတ္ရေသးတာလားဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။