အမေရိကန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန်ဒေါ်လာ(၁)ထရီလီယံအထိ တိုးမြှင့်သွားမယ်လို့ ဆော်ဒီအစိုးရကြေညာ

80

Pika(NP News)-နိုဝင်ဘာ ၂၀
ဆော်ဒီအာရေးဗျနိုင်ငံဟာ အမေရိကန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန်ဒေါ်လာ(၁)ထရီလီယံအထိ တိုးမြှင့်သွားမယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လ်မန်က ပြောကြားခဲ့ပါတယ်။မိုဟာမက်ဘင်ဆော်လ်မန်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။မိုဟာမက်ဘင်ဆော်လ်မန်က”အမေရိကန်မှာ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ(၆၀၀)ဘီလျံနီးပါးကို အမေရိကန်ဒေါ်လာ(၁)ထရီလီယံအထိ တိုးမြှင့်သွားမှာပါ။ဒီရင်းနှီးမြှုပ်နှံမှုက နယ်ပယ်အများအပြားမှာ အသေးစိတ်အချက်အလက်တွေနဲ့တကွ ရင်းနှီးမြှုပ်နှံမှုအစစ်အမှန်တွေနဲ့ အခွင့်အလမ်းအစစ်အမှန်တွေကို တိုးမြှင့်ပေးသွားပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ရွေးချယ်ခဲ့တဲ့အတွက် မိုဟာမက်ဘင်ဆော်လ်မန်ကို ကျေးဇူးတင်မိတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”အမေရိကန်နိုင်ငံမှာ အမေရိကန်ဒေါ်လာ(၆၀၀)ဘီလျံကနေ အမေရိကန်ဒေါ်လာ(၁)ထရီလီယံအထိ တိုးမြှင့်ပြီးရင်းနှီးမြှုပ်နှံသွားဖို့ သဘောတူညီခဲ့တဲ့အတွက် မိုဟာမက်ဘင်ဆော်လ်မန်ကို တကယ်ကျေးဇူးတင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်နိုင်ငံဟာ ဆော်ဒီအာရေးဗျနိုင်ငံနဲ့ ကာကွယ်ရေးသဘောတူညီချက်တစ်ခုကို ရရှိထားပြီးပြီဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဆော်ဒီအာရေးဗျနိုင်ငံနဲ့ အရပ်ဘက်နျူကလီးယားသဘောတူညီချက်တစ်ရပ်ဖြစ်ပေါ်လာတာကို တွေ့မြင်ရနိုင်ဖွယ်ရှိနေတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို အေမရိကန္ေဒၚလာ(၁)ထရီလီယံအထိ တိုးျမႇင့္သြားမယ္လို႔ ေဆာ္ဒီအစိုးရေၾကညာ
Pika(NP News)-ႏိုဝင္ဘာ ၂၀
ေဆာ္ဒီအာေရးဗ်ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို အေမရိကန္ေဒၚလာ(၁)ထရီလီယံအထိ တိုးျမႇင့္သြားမယ္လို႔ ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ေဆာ္လ္မန္က ေျပာၾကားခဲ့ပါတယ္။မိုဟာမက္ဘင္ေဆာ္လ္မန္ဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။မိုဟာမက္ဘင္ေဆာ္လ္မန္က”အေမရိကန္မွာ ကြၽန္ေတာ္တို႔ရဲ႕ ရင္းႏွီးျမႇပ္ႏွံမႈ အေမရိကန္ေဒၚလာ(၆၀၀)ဘီလ်ံနီးပါးကို အေမရိကန္ေဒၚလာ(၁)ထရီလီယံအထိ တိုးျမႇင့္သြားမွာပါ။ဒီရင္းႏွီးျမႇဳပ္ႏွံမႈက နယ္ပယ္အမ်ားအျပားမွာ အေသးစိတ္အခ်က္အလက္ေတြနဲ႔တကြ ရင္းႏွီးျမႇဳပ္ႏွံမႈအစစ္အမွန္ေတြနဲ႔ အခြင့္အလမ္းအစစ္အမွန္ေတြကို တိုးျမႇင့္ေပးသြားပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္ႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးျမႇင့္ဖို႔ေ႐ြးခ်ယ္ခဲ့တဲ့အတြက္ မိုဟာမက္ဘင္ေဆာ္လ္မန္ကို ေက်းဇူးတင္မိတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”အေမရိကန္ႏိုင္ငံမွာ အေမရိကန္ေဒၚလာ(၆၀၀)ဘီလ်ံကေန အေမရိကန္ေဒၚလာ(၁)ထရီလီယံအထိ တိုးျမႇင့္ၿပီးရင္းႏွီးျမႇဳပ္ႏွံသြားဖို႔ သေဘာတူညီခဲ့တဲ့အတြက္ မိုဟာမက္ဘင္ေဆာ္လ္မန္ကို တကယ္ေက်းဇူးတင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္ႏိုင္ငံဟာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံနဲ႔ ကာကြယ္ေရးသေဘာတူညီခ်က္တစ္ခုကို ရရွိထားၿပီးၿပီျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဆာ္ဒီအာေရးဗ်ႏိုင္ငံနဲ႔ အရပ္ဘက္န်ဴကလီးယားသေဘာတူညီခ်က္တစ္ရပ္ျဖစ္ေပၚလာတာကို ေတြ႕ျမင္ရႏိုင္ဖြယ္ရွိေနတယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။