ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်ပါကထောင်ဒါဏ်အထိအပြစ်ပေးရန်စီစဥ်

 603

ပြည့်ဖြိုး(NP News) နိုဝင်ဘာ ၂၀
ပါဝါ အိတ်ဇောတပ်ဆင်ထားသည့် အိမ်စီးကား၊ ပြိုင်ကား၊မော်တော်ဆိုင်ကယ်များကို ဒီဇင်ဘာကစတင်ပြီး ပြင်းထန်စွာအရေးယူအပြစ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ က အသိပေးပြောကြားလိုက်သည်။
၂ဝ၂၅ ခုနှစ်၊ ဇွန် ကနေ နိုဝင် ဘာလလယ်အထိဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင် ပိတ်သိမ်းပညာပေးခဲ့ပြီး ဖြစ်ကြောင်း ၊ဒီဇင်ဘာကစတင်ပြီး ဥပဒေအတိုင်း ပြင်းထန်စွာအရေးယူအပြစ်ပေးသွားမည်ဟုသိရသည်။
" ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသွားလာတဲ့ လမ်းများပေါ်မှာ ပါဝါ အိတ်ဇောတပ်ဆင်ထားတဲ့ အိမ်စီးကား၊ ပြိုင်ကားနဲ့ မော်တော်ဆိုင်ကယ် တွေ မောင်းနှင်သွားလာနေကြောင်း စစ်ဆေးတွေရှိရင် တည်ဆဲဥပဒေအရ ကျူးလွန်သူကို တစ်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုတဲ့ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ၊ ချမှတ်မှာဖြစ်ပါတယ်။
နောက်တစ်ကြိမ်ထပ်မံကျူးလွန်တယ်ဆိုရင် အဲဒိသူကို သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ က ပြောသည်။
လက်ရှိမှာယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး ပူးပေါင်းအဖွဲ့ များ က ၂ဝ၂၅ ခုနှစ်၊ ဇွန် ကနေ နိုဝင် ဘာလလယ်အထိ ပါဝါအိပ်ဇောတပ်ဆင်ထားတဲ့ ပြိုင်ကား(၇)စီး၊ လူစီးယာဉ် (၇၁)စီး၊မော်တော်ဆိုင်ကယ် (၂)စီး၊ စုစုပေါင်း(၈ဝ)စီးကို ဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင် ပိတ်သိမ်းပညာပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာကစပြီး ဖမ်းဆီးရမိသည့် ပါဝါအိတ်ဇောတပ်မော်တော်ယာဉ် များကို ဥပဒေအတိုင်း ထောင်ဒဏ်၊ငွေဒဏ်ချမှတ်ပြီးပြင်းထန်စွာအရေးယူအပြစ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
" ဒီဘက်တွေမှာလည်းဆိုင်ကယ် ကို အိပ်‌ဇောဖွင့်မောင်း တာ တွေ တစ်ခါတစ်လေတွေ့တယ်။ အိပ်ဇောသံတွေကဆူညံတော့ သူတို့ဖြတ်သွားရင်လန့်လန့်သွားတယ်။ ထိထိရောက်ရောက်အရေးယူမှုတွေပြုလုပ်သွားမယ်ဆိုတော့ကောင်းပါတယ်လို့"မှော်ဘီမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
ထို့အပြင်ပါဝါအိတ်ဇောရောင်းချသည့် ဆိုင် များ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးသည့် ဝပ်ရှော့ များကို သက်ဆိုင်ရာဌာနများ၏ ဥပဒေအရပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ၏ ပြောကြားချက် များအရသိရသည်။

Zawgyi Version:
ပါဝါအိတ္ေဇာတပ္ဆင္ေမာင္းႏွင္ပါကေထာင္ဒါဏ္အထိအျပစ္ေပးရန္စီစဥ္
ျပည့္ၿဖိဳး(NP News) ႏိုဝင္ဘာ ၂၀
ပါဝါ အိတ္ေဇာတပ္ဆင္ထားသည့္ အိမ္စီးကား၊ ၿပိဳင္ကား၊ေမာ္ေတာ္ဆိုင္ကယ္မ်ားကို ဒီဇင္ဘာကစတင္ၿပီး ျပင္းထန္စြာအေရးယူအျပစ္ေပးသြားမည္ဟု ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းေရးေကာင္စီ က အသိေပးေျပာၾကားလိုက္သည္။
၂ဝ၂၅ ခုႏွစ္၊ ဇြန္ ကေန ႏိုဝင္ ဘာလလယ္အထိဖမ္းဆီး၊ ဒဏ္႐ိုက္၊ လိုင္စင္ ပိတ္သိမ္းပညာေပးခဲ့ၿပီး ျဖစ္ေၾကာင္း ၊ဒီဇင္ဘာကစတင္ၿပီး ဥပေဒအတိုင္း ျပင္းထန္စြာအေရးယူအျပစ္ေပးသြားမည္ဟုသိရသည္။
" ရန္ကုန္တိုင္းေဒသႀကီးအတြင္း အမ်ားျပည္သူသြားလာတဲ့ လမ္းမ်ားေပၚမွာ ပါဝါ အိတ္ေဇာတပ္ဆင္ထားတဲ့ အိမ္စီးကား၊ ၿပိဳင္ကားနဲ႔ ေမာ္ေတာ္ဆိုင္ကယ္ ေတြ ေမာင္းႏွင္သြားလာေနေၾကာင္း စစ္ေဆးေတြရွိရင္ တည္ဆဲဥပေဒအရ က်ဴးလြန္သူကို တစ္လထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္တစ္သိန္းထက္မပိုတဲ့ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးကိုျဖစ္ေစ၊ ခ်မွတ္မွာျဖစ္ပါတယ္။
ေနာက္တစ္ႀကိမ္ထပ္မံက်ဴးလြန္တယ္ဆိုရင္ အဲဒိသူကို သုံးလထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္သုံးသိန္းထက္မပိုတဲ့ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ျပစ္ဒဏ္ခ်မွတ္ခံရမွာျဖစ္ပါတယ္"ဟု ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းေရးေကာင္စီ က ေျပာသည္။
လက္ရွိမွာယာဥ္စည္းကမ္းထိန္းသိမ္းႀကီးၾကပ္ေရး ပူးေပါင္းအဖြဲ႕ မ်ား က ၂ဝ၂၅ ခုႏွစ္၊ ဇြန္ ကေန ႏိုဝင္ ဘာလလယ္အထိ ပါဝါအိပ္ေဇာတပ္ဆင္ထားတဲ့ ၿပိဳင္ကား(၇)စီး၊ လူစီးယာဥ္ (၇၁)စီး၊ေမာ္ေတာ္ဆိုင္ကယ္ (၂)စီး၊ စုစုေပါင္း(၈ဝ)စီးကို ဖမ္းဆီး၊ ဒဏ္႐ိုက္၊ လိုင္စင္ ပိတ္သိမ္းပညာေပးခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။
ဆက္လက္ၿပီး ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာကစၿပီး ဖမ္းဆီးရမိသည့္ ပါဝါအိတ္ေဇာတပ္ေမာ္ေတာ္ယာဥ္ မ်ားကို ဥပေဒအတိုင္း ေထာင္ဒဏ္၊ေငြဒဏ္ခ်မွတ္ၿပီးျပင္းထန္စြာအေရးယူအျပစ္ေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။
" ဒီဘက္ေတြမွာလည္းဆိုင္ကယ္ ကို iအိပ္‌ေဇာဖြင့္ေမာင္း တာ ေတြ တစ္ခါတစ္ေလေတြ႕တယ္။ အိပ္ေဇာသံေတြကဆူညံေတာ့ သူတို႔ျဖတ္သြားရင္လန႔္လန႔္သြားတယ္။ ထိထိေရာက္ေရာက္အေရးယူမႈေတြျပဳလုပ္သြားမယ္ဆိုေတာ့ေကာင္းပါတယ္လို႔"ေမွာ္ဘီၿမိဳ႕နယ္တြင္ေနထိုင္သူတစ္ဦးကေျပာသည္။
ထို႔အျပင္ပါဝါအိတ္ေဇာေရာင္းခ်သည့္ ဆိုင္ မ်ား၊ ပါဝါအိတ္ေဇာတပ္ဆင္ေပးသည့္ ဝပ္ေရွာ့ မ်ားကို သက္ဆိုင္ရာဌာနမ်ား၏ ဥပေဒအရျပင္းထန္စြာ အေရးယူခံရမည္ျဖစ္ေၾကာင္းရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းေရးေကာင္စီ ၏ ေျပာၾကားခ်က္ မ်ားအရသိရသည္။

Related news

© 2021. All rights reserved.