ချောင်းဆုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းပါစာရွက်ဆုတ်ဖြဲခဲ့သူအမျိုးသားကို ထောင် (၁၇) နှစ်ချမှတ်

 705

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းပါစာရွက်ဆုတ်ဖြဲခဲ့သူအမျိုးသားကို ပါစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေအရ မော်လမြိုင်ခရိုင်တရားရုံးက ယမန်နေ့ (နိုဝင်ဘာ ၁၉ရက်)တွင် ထောင် (၁၇) နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် အသက် (၆၅) နှစ်အရွယ် ဦးကျော်မြင့်ဆိုသူဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်က ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံတွင် ကပ်ထားသည့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းပါ စာရွက်ကို ဆုတ်ဖြဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ၎င်းအား နိုဝင်ဘာလ ၅ ရက်တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ချောင်းဆုံမြို့မရဲစခန်းက (ပ) ၁၂၆/၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) အရ အမှုဖွင့်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။
“မနေ့က အမိန့်ချတယ်လို့သိရတယ်။ အမှု (၂)ခု (၃)ခုလောက်ရှိမယ်။ ဖြစ်တာကတော့ တစ်ပတ်ကျော်လောက်ရှိပြီ။ အမိန့်ချတာကလည်း မော်လမြိုင်ခရိုင်တရားရုံးက အမိန့်ချတာ”ဟု ချောင်းဆုံမြို့နယ်မှ လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။
ထို့ကြောင့် ၎င်းကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ အပါအဝင် အမှု(၃)ခုဖြင့် ထောင်ဒဏ် (၁၇) နှစ် ကျခံစေရန် မော်လမြိုင်ခရိုင်တရားရုံးက အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နှောက်ယှက်ဟန့် တားခြင်းများကြောင့် ကျူးလွန်သူ (၁၀၀) နီးပါးကို ဖမ်းဆီး၊ အရေးယူထားကြောင်း သိရသည်။

Zawgyi Version:
ေခ်ာင္းဆုံးၿမိဳ႕နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းပါစာ႐ြက္ဆုတ္ၿဖဲခဲ့သူအမ်ိဳးသားကို ေထာင္ (၁၇) ႏွစ္ခ်မွတ္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၀

မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းပါစာ႐ြက္ဆုတ္ၿဖဲခဲ့သူအမ်ိဳးသားကို ပါစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရး ဥပေဒအရ ေမာ္လၿမိဳင္ခ႐ိုင္တရား႐ုံးက ယမန္ေန႔ (ႏိုဝင္ဘာ ၁၉ရက္)တြင္ ေထာင္ (၁၇) ႏွစ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အမ်ိဳးသားသည္ အသက္ (၆၅) ႏွစ္အ႐ြယ္ ဦးေက်ာ္ျမင့္ဆိုသူျဖစ္ၿပီး ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၄ ရက္က ေခ်ာင္းဆုံၿမိဳ႕နယ္၊ ကြမ္႐ိုက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး႐ုံတြင္ ကပ္ထားသည့္ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ အမည္စာရင္းပါ စာ႐ြက္ကို ဆုတ္ၿဖဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎အား ႏိုဝင္ဘာလ ၅ ရက္တြင္ ဖမ္းဆီးစစ္ေဆးခဲ့ၿပီးေနာက္ ေခ်ာင္းဆုံၿမိဳ႕မရဲစခန္းက (ပ) ၁၂၆/၂၀၂၅ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရး ဥပေဒပုဒ္မ ၂၆ (က)/၂၄ (က) အရ အမႈဖြင့္ကာ တရားစြဲဆိုခဲ့ေၾကာင္း သိရသည္။
“မေန႔က အမိန႔္ခ်တယ္လို႔သိရတယ္။ အမႈ (၂)ခု (၃)ခုေလာက္ရွိမယ္။ ျဖစ္တာကေတာ့ တစ္ပတ္ေက်ာ္ေလာက္ရွိၿပီ။ အမိန႔္ခ်တာကလည္း ေမာ္လၿမိဳင္ခ႐ိုင္တရား႐ုံးက အမိန႔္ခ်တာ”ဟု ေခ်ာင္းဆုံၿမိဳ႕နယ္မွ လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။
ထို႔ေၾကာင့္ ၎ကို ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရး ဥပေဒ အပါအဝင္ အမႈ(၃)ခုျဖင့္ ေထာင္ဒဏ္ (၁၇) ႏွစ္ က်ခံေစရန္ ေမာ္လၿမိဳင္ခ႐ိုင္တရား႐ုံးက အမိန႔္ ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပမႈကို ပ်က္ျပားေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ေႏွာက္ယွက္ဟန႔္ တားျခင္းမ်ားေၾကာင့္ က်ဴးလြန္သူ (၁၀၀) နီးပါးကို ဖမ္းဆီး၊ အေရးယူထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.