စစ်ကိုင်းတွင်ခရီးသွားနည်းပါးပြီး ခရီးသွားလုပ်ငန်းလုပ်ကိုင်သူအချို့အလုပ်ပြောင်းလုပ်ကိုင်

 273

ပြည့်ဖြိုး (NP News) နိုဝင်ဘာ ၂၀
ခရီးသွားဝင်ရောက်မှုမရှိသလောက်အခြေအနေဖြစ်သွားပြီးနောက်ပိုင်း၊ စစ်ကိုင်းမြို့က ခရီးသွားအမှီပြုလုပ်ငန်းလုပ်ကိုင်ကြသူအချို့၊ လုပ်ငန်းပြောင်းလဲလုပ်ကိုင်လာကြကြောင်း သတင်းရရှိသည်။
အဆမတန်ကျဆင်းခဲ့သည့် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာနိုးစောင့်ကြည့်ခဲ့သော်လည်း၊ တစ်နှစ်တာကာလအတွင်း၊ လုပ်ငန်းများပြန်လည်ကောင်းမွန်လာခြင်းမရှိသဖြင့် အခြားလုပ်ငန်းများသို့ ပြောင်း ရွှေ့လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ခရီးသွားအမှီပြုလုပ်ငန်းလုပ်ကိုင်ကြသူများက ဆိုသည်။
“ဧည့်သည်မလာတော့တာနှစ်နှစ်မကတော့ဘူး၊ ပထမတစ်နှစ်တုန်းကအနည်းအကျဥ်းတွေ့ရသေးတယ်၊ ဒီနှစ်နှစ်ကုန်ပိုင်းမှာ လုံးဝကိုမတွေ့ရသလောက်ပဲ၊ ဧည့်မဝင်တော့ ခရီးသွားအမှီပြုလုပ်ငန်းတွေ အဆင်မပြေကြဘူး၊ တချို့လည်းယာယီသဘောမျိုးလုပ်ငန်းပြောင်းလုပ်တယ်၊ တချို့တော့ အပြီးဖျက်သိမ်းပြီး တခြား(မြို့/ဒေသ) ထွက်ကုန်ကြပြီ” ဟု ခရီးသွားအမှီပြုမြန်မာမှုလက်မှုလုပ်ငန်း လုပ်ကိုင်သူဒေသခံတစ်ဦးက ပြောသည်။
အိုးလုပ်ငန်း၊ ကြေးသွန်းလုပ်ငန်း၊ ကျောက်ပုတီးလုပ်ငန်း၊ ကြေးပန်းချီလုပ်ငန်း၊ အငှားယာဥ်ဝန်ဆောင်မှု လုပ်ငန်း၊ ဧည့်ကြိုဝန်ဆောင်မှုလုပ်ငန်း၊ ဘုရားစျေးနိဗ္ဗာန်ကုန်နှင့်လက်ဆောင်ပစ္စည်းအရောင်ဆိုင်များ အစရှိ သ ဖြင့် ခရီးသွားအမှီပြုလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းကြသူများအနေနှင့် ခရီးသွားဝင်ရောက်မှုမရှိတော့သည့် နောက်ပိုင်း၊ လတ်တလောရင်ဆိုင်နေရသည့်စားဝတ်နေရေး အခက်အခဲကြောင့် နီးစပ်သင့်လျော်ရာလုပ်ငန်း အသီးသီးသို့ ပြောင်းလဲရွှေ့ပြောင်းလုပ်ကိုင်နေကြ ရခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့နှင့် ဧရာဝတီမြစ်တစ်စင်းသာခြားသည့် စစ်ကိုင်းမြို့တွင်၊ ၂၀၂၃ ခု နှစ်ကုန်ပိုင်းခန့်ကစ၍၊ ဒေသတွင်းအခြေအနေကြောင့် ကမ္ဘာကျော်မင်းကွန်းဒေသအပါအဝင် မြို့၏အထင်ကရခရီးသွားနေရာ အများအပြား ခရီးသွားဝင်ရောက်မှုမရှိသလောက်ဖြစ်သွားပြီး၊ဒေသတွင်းစီးပွားရေးကြပ်တည်းမှု ကပ်ဆိုက်ခဲ့သည်။

Zawgyi Version:
စစ္ကိုင္းတြင္ခရီးသြားနည္းပါးၿပီး ခရီးသြားလုပ္ငန္းလုပ္ကိုင္သူအခ်ိဳ႕အလုပ္ေျပာင္းလုပ္ကိုင္
ျပည့္ၿဖိဳး (NP News) ႏိုဝင္ဘာ ၂၀
ခရီးသြားဝင္ေရာက္မႈမရွိသေလာက္အေျခအေနျဖစ္သြားၿပီးေနာက္ပိုင္း၊ စစ္ကိုင္းၿမိဳ႕က ခရီးသြားအမွီျပဳလုပ္ငန္းလုပ္ကိုင္ၾကသူအခ်ိဳ႕၊ လုပ္ငန္းေျပာင္းလဲလုပ္ကိုင္လာၾကေၾကာင္း သတင္းရရွိသည္။
အဆမတန္က်ဆင္းခဲ့သည့္ ခရီးသြားလုပ္ငန္း ျပန္လည္ေကာင္းမြန္လာႏိုးေစာင့္ၾကည့္ခဲ့ေသာ္လည္း၊ တစ္ႏွစ္တာကာလအတြင္း၊ လုပ္ငန္းမ်ားျပန္လည္ေကာင္းမြန္လာျခင္းမရွိသျဖင့္ အျခားလုပ္ငန္းမ်ားသို႔ ေျပာင္း ေ႐ႊ႕လုပ္ကိုင္ေနၾကျခင္းျဖစ္ေၾကာင္း ခရီးသြားအမွီျပဳလုပ္ငန္းလုပ္ကိုင္ၾကသူမ်ားက ဆိုသည္။
“ဧည့္သည္မလာေတာ့တာႏွစ္ႏွစ္မကေတာ့ဘူး၊ ပထမတစ္ႏွစ္တုန္းကအနည္းအက်ဥ္းေတြ႕ရေသးတယ္၊ ဒီႏွစ္ႏွစ္ကုန္ပိုင္းမွာ လုံးဝကိုမေတြ႕ရသေလာက္ပဲ၊ ဧည့္မဝင္ေတာ့ ခရီးသြားအမွီျပဳလုပ္ငန္းေတြ အဆင္မေျပၾကဘူး၊ တခ်ိဳ႕လည္းယာယီသေဘာမ်ိဳးလုပ္ငန္းေျပာင္းလုပ္တယ္၊ တခ်ိဳ႕ေတာ့ အၿပီးဖ်က္သိမ္းၿပီး တျခား(ၿမိဳ႕/ေဒသ) ထြက္ကုန္ၾကၿပီ” ဟု ခရီးသြားအမွီျပဳျမန္မာမႈလက္မႈလုပ္ငန္း လုပ္ကိုင္သူေဒသခံတစ္ဦးက ေျပာသည္။
အိုးလုပ္ငန္း၊ ေၾကးသြန္းလုပ္ငန္း၊ ေက်ာက္ပုတီးလုပ္ငန္း၊ ေၾကးပန္းခ်ီလုပ္ငန္း၊ အငွားယာဥ္ဝန္ေဆာင္မႈ လုပ္ငန္း၊ ဧည့္ႀကိဳဝန္ေဆာင္မႈလုပ္ငန္း၊ ဘုရားေစ်းနိဗၺာန္ကုန္ႏွင့္လက္ေဆာင္ပစၥည္းအေရာင္ဆိုင္မ်ား အစရွိ သ ျဖင့္ ခရီးသြားအမွီျပဳလုပ္ငန္းျဖင့္အသက္ေမြးဝမ္းေၾကာင္းၾကသူမ်ားအေနႏွင့္ ခရီးသြားဝင္ေရာက္မႈမရွိေတာ့သည့္ ေနာက္ပိုင္း၊ လတ္တေလာရင္ဆိုင္ေနရသည့္စားဝတ္ေနေရး အခက္အခဲေၾကာင့္ နီးစပ္သင့္ေလ်ာ္ရာလုပ္ငန္း အသီးသီးသို႔ ေျပာင္းလဲေ႐ႊ႕ေျပာင္းလုပ္ကိုင္ေနၾက ရျခင္းျဖစ္ေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕ႏွင့္ ဧရာဝတီျမစ္တစ္စင္းသာျခားသည့္ စစ္ကိုင္းၿမိဳ႕တြင္၊ ၂၀၂၃ ခု ႏွစ္ကုန္ပိုင္းခန္႔ကစ၍၊ ေဒသတြင္းအေျခအေနေၾကာင့္ ကမာၻေက်ာ္မင္းကြန္းေဒသအပါအဝင္ ၿမိဳ႕၏အထင္ကရခရီးသြားေနရာ အမ်ားအျပား ခရီးသြားဝင္ေရာက္မႈမရွိသေလာက္ျဖစ္သြားၿပီး၊ေဒသတြင္းစီးပြားေရးၾကပ္တည္းမႈ ကပ္ဆိုက္ခဲ့သည္။

Related news

© 2021. All rights reserved.