Miss Grand 2021 crown ပိုင်ရှင် ဗီယက်နမ်အလှမယ်၊ အလှအပအတွက် အမျှင်ဓာတ် ကြွယ်ဝတယ်လို့ဆိုကာ သကြားလုံးတွေကို လိမ်လည်ရောင်းချမှုနဲ့ ဖမ်းဆီးခံရ

118

ရောင်နီ (NP News) - နိုဝင်ဘာ ၂၁
ဗီယက်နမ်မှာ အလှအပနဲ့ကျန်းမာရေးအတွက် အမျှင်ဓာတ်ကြွယ်ဝတယ်လို့ဆိုကာ သကြားလုံးတွေကို လိမ်လည်ရောင်းချခဲ့တဲ့ Miss Grans 2021 crown ပိုင်ရှင် Social influencer/ အလှမယ် ငုရင်သွပ်တွီတင်ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
သူမကြော်ငြာတဲ့ သကြားလုံးတွေမှာ အမျှင်ဓာတ်ပါဝင်မှု ဝ.၉၄၅ ရာခိုင်နှုန်းသာရှိနေတာကို မေလ ၁၉ ရက်မှာ ရဲတပ်ဖွဲ့က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တင်ဟာ အခြား social influencer တွေဖြစ်တဲ့ ဖန်ကွန်လင်၊ ဟန်ဒူမက်တို့နဲ့အတူ Kera Supergreens Gummies အမည်ရှိ သကြားလုံးကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး သကြားလုံးတစ်ခုကို ဟင်းသီးဟင်းရွက်တစ်ပန်းကန်နဲ့ညီမျှတယ်လို့ဆိုကာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သကြားလုံးအဖြစ် ဈေးကွက်မှာ ကြော်ငြာခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေရဲ့ပြောကြားချက်အရ အဲဒီ သကြားလုံးတွေမှာ ဝမ်းနုတ်ဆေးအာနိသင်ရှိတဲ့ အတုအပ အချိုဓာတ်တစ်မျိုးဖြစ်တဲ့ sorbitol ၃၅ ရာခိုင်နှုန်းအပြင် မဖော်ပြထားတဲ့ ဖြည့်စွက်ပစ္စည်းတွေ ပါဝင်နေတာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တင် ဟာ သကြားလုံး အထုပ်ပေါင်း ၁၃၅၀၀၀ ကျော်ကို ဒေါင် ၁၈ ဘီလီယံ (စင်ကာပူဒေါ်လာ ၈၉၀၀၀၀) နီးပါးနဲ့ ဝယ်ယူသူ ၃၀၀၀၀ ခန့်ကို ရောင်းချခဲ့ပြီး ဒေါင် ၇ ဘီလီယံခန့် ကော်မရှင်ရရှိခဲ့တယ်လို့ သိရပါတယ်။
တင် ဟာ ထိုင်းနိုင်ငံအခြေစိုက် Miss Grand International 2021 ပြိုင်ပွဲမှာ crown ရရှိခဲ့ပြီး ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ဂုဏ်ပြုလက်မှတ်ပါ ရရှိထားတဲ့ နာမည်ကြီး အလှမယ်တစ်ဦးဖြစ်ပါတယ်။ အဲဒီနောက် နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေနဲ့ ကြော်ငြာသဘောတူညီချက်တွေ ရရှိခဲ့ပြီး Dior’s Friend of the House အဖြစ် သတ်မှတ်ခံရတဲ့ ပထမဆုံး ဗီယက်နမ်နာမည်ကြီး celebrity လည်းဖြစ်ခဲ့ပါတယ်။

Zawgyi Version:
Miss Grand 2021 crown ပိုင္ရွင္ ဗီယက္နမ္အလွမယ္၊ အလွအပအတြက္ အမွ်င္ဓာတ္ ႂကြယ္ဝတယ္လို႔ဆိုကာ သၾကားလုံးေတြကို လိမ္လည္ေရာင္းခ်မႈနဲ႔ ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၁
ဗီယက္နမ္မွာ အလွအပနဲ႔က်န္းမာေရးအတြက္ အမွ်င္ဓာတ္ႂကြယ္ဝတယ္လို႔ဆိုကာ သၾကားလုံးေတြကို လိမ္လည္ေရာင္းခ်ခဲ့တဲ့ Miss Grans 2021 crown ပိုင္ရွင္ Social influencer/ အလွမယ္ ငုရင္သြပ္တြီတင္ကို အာဏာပိုင္ေတြက ဖမ္းဆီးလိုက္ပါတယ္။
သူမေၾကာ္ျငာတဲ့ သၾကားလုံးေတြမွာ အမွ်င္ဓာတ္ပါဝင္မႈ ဝ.၉၄၅ ရာခိုင္ႏႈန္းသာရွိေနတာကို ေမလ ၁၉ ရက္မွာ ရဲတပ္ဖြဲ႕က စတင္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ တင္ဟာ အျခား social influencer ေတြျဖစ္တဲ့ ဖန္ကြန္လင္၊ ဟန္ဒူမက္တို႔နဲ႔အတူ Kera Supergreens Gummies အမည္ရွိ သၾကားလုံးကို ထုတ္လုပ္ခဲ့တာျဖစ္ၿပီး သၾကားလုံးတစ္ခုကို ဟင္းသီးဟင္း႐ြက္တစ္ပန္းကန္နဲ႔ညီမွ်တယ္လို႔ဆိုကာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ သၾကားလုံးအျဖစ္ ေဈးကြက္မွာ ေၾကာ္ျငာခဲ့ပါတယ္။ စုံစမ္းစစ္ေဆးသူေတြရဲ႕ေျပာၾကားခ်က္အရ အဲဒီ သၾကားလုံးေတြမွာ ဝမ္းႏုတ္ေဆးအာနိသင္ရွိတဲ့ အတုအပ အခ်ိဳဓာတ္တစ္မ်ိဳးျဖစ္တဲ့ sorbitol ၃၅ ရာခိုင္ႏႈန္းအျပင္ မေဖာ္ျပထားတဲ့ ျဖည့္စြက္ပစၥည္းေတြ ပါဝင္ေနတာ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ တင္ ဟာ သၾကားလုံး အထုပ္ေပါင္း ၁၃၅၀၀၀ ေက်ာ္ကို ေဒါင္ ၁၈ ဘီလီယံ (စင္ကာပူေဒၚလာ ၈၉၀၀၀၀) နီးပါးနဲ႔ ဝယ္ယူသူ ၃၀၀၀၀ ခန႔္ကို ေရာင္းခ်ခဲ့ၿပီး ေဒါင္ ၇ ဘီလီယံခန႔္ ေကာ္မရွင္ရရွိခဲ့တယ္လို႔ သိရပါတယ္။
တင္ ဟာ ထိုင္းႏိုင္ငံအေျခစိုက္ Miss Grand International 2021 ၿပိဳင္ပြဲမွာ crown ရရွိခဲ့ၿပီး ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ရဲ႕ဂုဏ္ျပဳလက္မွတ္ပါ ရရွိထားတဲ့ နာမည္ႀကီး အလွမယ္တစ္ဦးျဖစ္ပါတယ္။ အဲဒီေနာက္ နာမည္ႀကီး ကုန္အမွတ္တံဆိပ္ေတြနဲ႔ ေၾကာ္ျငာသေဘာတူညီခ်က္ေတြ ရရွိခဲ့ၿပီး Dior’s Friend of the House အျဖစ္ သတ္မွတ္ခံရတဲ့ ပထမဆုံး ဗီယက္နမ္နာမည္ႀကီး celebrity လည္းျဖစ္ခဲ့ပါတယ္။