ငြိမ်းချမ်းရေး ခရီးရှည်လမ်းလျှောက်သည့် ဗုဒ္ဓဘာသာရဟန်းတော်များ မော်တော် ယာဉ်တိုက်မှုဖြစ်

789

HtayOung OungMarine(NP News)-နိုဝင်ဘာ ၂၁
အမေရိကန်နိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းလုံး "ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်ပွဲ" မှာ ပါဝင်လျက်ရှိတဲ့ ဗုဒ္ဓ ဘာသာရဟန်းတော်များဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ (မြန်မာစံတော်ချိန် နိုဝင်လာ ၂၀-ရက် ကြာသပတေးနေ့) ညနေပိုင်း တက္ကဆက်ပြည်နယ်၊ ဒေတန်မြို့အနီးမှာ မော်တော်ယာဉ်တိုက်မှုကြောင့် ၂-ပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာများက သတင်းလွှင့်တင်နေကြပါတယ်။
အမှတ် ၉၀ အဝေးပြေးလမ်းမကြီးအတိုင်း အရှေ့ဘက်သို့ ဦးတည် ကြွချီတော်မူကြစဉ် အမှတ် ၉၉ တောလ်ဂိတ် အနီး မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း၊ လမ်းပခုံးတလျောက် လျှောက်လှမ်းတော်မူကြတဲ့ ရဟန်းတော်များ နောက်မှာ အချက်ပြမီးတန်းပြေး အစောင့်လိုက်ယာဉ်နဲ့ မီးရောင်ပြန်အင်္ကျီ ဝတ်ဆင်ထားသူတစ်ဦးက လိုက်ပါ လာခဲ့ကြောင်း
အခြား ပစ်ကပ်ထရပ်ကားတစ်စီးဟာ အစောင့်လိုက်ယာဉ်ရဲ့ နောက်ဘက်ကို ဝင်တိုက်မိပြီး လမ်းလျှောက်နေတဲ့ ရဟန်းနှစ်ပါးကို တစ်ဆက်တည်း ဝင်တိုက်မိခဲ့ကြောင်း၊ ပစ်ကပ်ထရပ်ကားမောင်းသူကို စုံစမ်းစစ်ဆေးလျက်ရှိပြီး မဆင်မခြင် မောင်းနှင်ခြင်းကြောင့် ဖြစ်လိမ့်မယ်လို့ ယုံကြည်ရကြောင်း
ခြေထောက်မှာ ပြင်းထန်ဒဏ်ရာများ ရရှိသွားတဲ့ ရဟန်းတစ်ပါးကို ဟူစတန်ဆေးရုံသို့ လေကြောင်းဖြင့် ပင့် ဆောင်ပေးခဲ့ကြောင်း၊ ဒုတိယရဟန်းတစ်ပါးမှာ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် မြေပြင်လူနာတင်ယာဉ်ဖြင့် ဆက်လက် ပင့်ဆောင်မှာဖြစ်ကြောင်း၊ အစောင့်လိုက်ယာဉ်မှာ အရေးပေါ်ဆေး ဘက်ဆိုင်ရာ ကုသမှု အစီအစဉ်များပါဝင်တယ်လို့ သိရှိရကြောင်း
အဆိုပါ ဗုဒ္ဓဘာသာရဟန်းတော်တစ်စုတို့ဟာ ငြိမ်းချမ်းရေးနဲ့ သတိပဌာန်တရားကို မြှင့်တင်သောအားဖြင့် အမေရိကန် တောင်ပိုင်း တက္ကဆက်ပြည်နယ်မှ ဝါရှင်တန်ဒီစီ မြို့တော်အထိ မိုင် ၂၃၀၀ ခရီးရှည်ကို ခြေ လျင်ကြွချီတော်မူကြခြင်းဖြစ်ကြောင်း၊
လွန်ခဲ့တဲ့ အောက်တိုဘာ ၂၆-ရက် တနင်္ဂနွေနေ့ ဖို့ဝါ့သ်မြို့ “ဟောင်ဒို ဝိပဿနာ ဗိမာန်စင်တာ”မှ စတင်ထွက် ခွာလာကြခြင်း ဖြစ်ကြောင်း၊ မတော်တဆမှုဖြစ်ပွားပြီးနောက် ကျန်ရဟန်းတော်များဟာ မူလအဓိဌာန်အတိုင်း ခရီးဆက်လက်ကြွချီတော်မူကြပြီး ဒေတန်ရဲတပ်ဖွဲ့က ကူညီစောင့်အရှောက်ပေးလျက်ရှိပုံကို ယနေ့ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုများမှာ ဖူးမြင်ကြည်ညိုရကြောင်း သတင်းများက ဖော်ပြပါတယ်။
.

Zawgyi Version:
ၿငိမ္းခ်မ္းေရး ခရီးရွည္လမ္းေလွ်ာက္သည့္ ဗုဒၶဘာသာရဟန္းေတာ္မ်ား ေမာ္ေတာ္ ယာဥ္တိုက္မႈျဖစ္
HtayOung OungMarine(NP News)-ႏိုဝင္ဘာ ၂၁
အေမရိကန္ႏိုင္ငံနဲ႔ ကမာၻတစ္ဝွမ္းလုံး "ၿငိမ္းခ်မ္းေရးအတြက္ ခရီးရွည္လမ္းေလွ်ာက္ပြဲ" မွာ ပါဝင္လ်က္ရွိတဲ့ ဗုဒၶ ဘာသာရဟန္းေတာ္မ်ားဟာ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၉ ရက္၊ ဗုဒၶဟူးေန႔ (ျမန္မာစံေတာ္ခ်ိန္ ႏိုဝင္လာ ၂၀-ရက္ ၾကာသပေတးေန႔) ညေနပိုင္း တကၠဆက္ျပည္နယ္၊ ေဒတန္ၿမိဳ႕အနီးမွာ ေမာ္ေတာ္ယာဥ္တိုက္မႈေၾကာင့္ ၂-ပါး ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသတြင္း မီဒီယာမ်ားက သတင္းလႊင့္တင္ေနၾကပါတယ္။
အမွတ္ ၉၀ အေဝးေျပးလမ္းမႀကီးအတိုင္း အေရွ႕ဘက္သို႔ ဦးတည္ ႂကြခ်ီေတာ္မူၾကစဥ္ အမွတ္ ၉၉ ေတာလ္ဂိတ္ အနီး မေတာ္တဆမႈ ျဖစ္ပြားခဲ့ေၾကာင္း၊ လမ္းပခုံးတေလ်ာက္ ေလွ်ာက္လွမ္းေတာ္မူၾကတဲ့ ရဟန္းေတာ္မ်ား ေနာက္မွာ အခ်က္ျပမီးတန္းေျပး အေစာင့္လိုက္ယာဥ္နဲ႔ မီးေရာင္ျပန္အက်ႌ ဝတ္ဆင္ထားသူတစ္ဦးက လိုက္ပါ လာခဲ့ေၾကာင္း
အျခား ပစ္ကပ္ထရပ္ကားတစ္စီးဟာ အေစာင့္လိုက္ယာဥ္ရဲ႕ ေနာက္ဘက္ကို ဝင္တိုက္မိၿပီး လမ္းေလွ်ာက္ေနတဲ့ ရဟန္းႏွစ္ပါးကို တစ္ဆက္တည္း ဝင္တိုက္မိခဲ့ေၾကာင္း၊ ပစ္ကပ္ထရပ္ကားေမာင္းသူကို စုံစမ္းစစ္ေဆးလ်က္ရွိၿပီး မဆင္မျခင္ ေမာင္းႏွင္ျခင္းေၾကာင့္ ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ရေၾကာင္း
ေျခေထာက္မွာ ျပင္းထန္ဒဏ္ရာမ်ား ရရွိသြားတဲ့ ရဟန္းတစ္ပါးကို ဟူစတန္ေဆး႐ုံသို႔ ေလေၾကာင္းျဖင့္ ပင့္ ေဆာင္ေပးခဲ့ေၾကာင္း၊ ဒုတိယရဟန္းတစ္ပါးမွာ အသက္အႏၲရာယ္ မစိုးရိမ္ရတဲ့ ဒဏ္ရာမ်ား ရရွိခဲ့ျခင္းေၾကာင့္ ေျမျပင္လူနာတင္ယာဥ္ျဖင့္ ဆက္လက္ ပင့္ေဆာင္မွာျဖစ္ေၾကာင္း၊ အေစာင့္လိုက္ယာဥ္မွာ အေရးေပၚေဆး ဘက္ဆိုင္ရာ ကုသမႈ အစီအစဥ္မ်ားပါဝင္တယ္လို႔ သိရွိရေၾကာင္း
အဆိုပါ ဗုဒၶဘာသာရဟန္းေတာ္တစ္စုတို႔ဟာ ၿငိမ္းခ်မ္းေရးနဲ႔ သတိပဌာန္တရားကို ျမႇင့္တင္ေသာအားျဖင့္ အေမရိကန္ ေတာင္ပိုင္း တကၠဆက္ျပည္နယ္မွ ဝါရွင္တန္ဒီစီ ၿမိဳ႕ေတာ္အထိ မိုင္ ၂၃၀၀ ခရီးရွည္ကို ေျခ လ်င္ႂကြခ်ီေတာ္မူၾကျခင္းျဖစ္ေၾကာင္း၊
လြန္ခဲ့တဲ့ ေအာက္တိုဘာ ၂၆-ရက္ တနဂၤေႏြေန႔ ဖို႔ဝါ့သ္ၿမိဳ႕ “ေဟာင္ဒို ဝိပႆနာ ဗိမာန္စင္တာ”မွ စတင္ထြက္ ခြာလာၾကျခင္း ျဖစ္ေၾကာင္း၊ မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ က်န္ရဟန္းေတာ္မ်ားဟာ မူလအဓိဌာန္အတိုင္း ခရီးဆက္လက္ႂကြခ်ီေတာ္မူၾကၿပီး ေဒတန္ရဲတပ္ဖြဲ႕က ကူညီေစာင့္အေရွာက္ေပးလ်က္ရွိပုံကို ယေန႔ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုမ်ားမွာ ဖူးျမင္ၾကည္ညိဳရေၾကာင္း သတင္းမ်ားက ေဖာ္ျပပါတယ္။
.