(၂၀၂၅ - ၂၀၂၆) ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)အတွက် ပွဲကြိုသုံးသပ်ချက်များ

 250

ရဲထက် (NP News) - နိုဝင်ဘာ ၂၁

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်(၁၂)ကို ရောက်ရှိလာချိန်မှာတော့ အာဆင်နယ်အသင်းက အမှတ် ပေးဇယားကို ရမှတ်(၄)မှတ်ဖြတ်ထားပြီး မန်စီးတီးအသင်းကလည်း ရမှတ်(၄)မှတ်အကွာနဲ့ အနီးကပ် ဖိအားပေးထားတာကိုတွေ့ရပါတယ်။ ချဲလ်ဆီးအသင်းကလည်း အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာ မှာရပ်တည်နေကာ ချန်ပီယံလမ်းကြောင်းမှာရှိနေပြီး အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ကို ဖိအားပေးသွားဖို့ရှိနေပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းကတော့ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေမှုနဲ့ အတူ ချန်ပီယံလမ်းကြောင်းပေါ်ပြန်ရောက်အောင် ကြိုးစားရဦးမယ့်သဘောမှာရှိနေပါတယ်။ ဒါ့ပြင် ရမှတ်ကွာဟမှုတွေမှာ အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းကလွဲရင် အမှတ်ကွာဟမှုက ရမှတ်(၂) မှတ် လောက်သာရှိနေတာကြောင့် ဒီတစ်ပတ်ရဲ့ပွဲစဉ်တွေကလည်း စောင့်ကြည့်ချင်စရာကောင်းပြီး အမှားခံလို့မရတဲ့ပွဲစဉ်တွေဖြစ်လာဖို့ရှိနေပါတယ်။ ဒါကြောင့် NP News ကနေ ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၁) ရဲ့ အကောင်းဆုံးပွဲစဉ်တွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။

အာဆင်နယ် Vs စပါးစ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၂ - ၁ စပါးစ် (၁၆ - ၁ -၂၀၂၅)
စပါးစ် ဝ - ၁ အာဆင်နယ် (၁၅ - ၉ - ၂၀၂၄)
စပါးစ် ၂ - ၃ အာဆင်နယ် (၂၈-၄-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၁ စပါးစ်
အာဆင်နယ် ၃ - ၂ စပါးစ်

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယား လိဂ်ချန်ပီယံဆုကိုရယူနိုင်ဖို့ အကောင်းမွန်ဆုံး သော လူစာရင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး အမှတ်ပေးဇယားမှာလည်း အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးအသင်းကို ရမှတ်(၄)မှတ် ဖြတ်တောက်ထားတဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ဒီရာသီမှာ ပေးဂိုးအနည်းဆုံးအသင်းဖြစ်ပြီး ခံစစ်ကျစ်လျစ်မှုကလည်း အကောင်းဆုံး အနေအထား မှာရှိနေတာကြောင့် နိုင်ပွဲရယူနိုင်ဖို့ မလွယ်ကူတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ စဉ်(၁၁)မှာတော့ ဆန်ဒါးလန်းအသင်းကို ပေးဂိုး(၂)ဂိုးအထိ ခွင့်ပြုပေးခဲ့ရတာကို မြင်တွေ့ရမှာဖြစ်ပြီး ဒီပွဲ စဉ်က အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့လိုအပ်မှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ ကစားပုံက ပြိုင်ဘက်အသင်းတွေအတွက် နိုင်ပွဲရဖို့ခက်ခဲနိုင်သလို တိုက်စစ်နဲ့ကွင်းလယ်ပိုင်းက လိုသလို ကစားနိုင်မှုတွေက ပွဲရဲ့အဖြေကို ပြောင်းလဲသွားစေနိုင်တာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်း အနေနဲ့ စပါးစ်အသင်းကိုရှုံးနိမ့်ခဲ့မယ်ဆိုရင် လန်ဒန် ဒါဘီပြိုင်ပွဲဖြစ်တာကြောင့် ဂုဏ်သိက္ခာပိုင်းအရလည်း ရှုံးသလို တစ်ဖက်မှာလည်း ရမှတ်ဆုံးရှုံးမှုကြောင့် မန် စီးတီးအသင်းရဲ့ ရမှတ်အမီလိုက်တာကို ခံလိုက်ရမယ့်အပြင် ပရီးမီးယားလိဂ်ချန်ပံယံဆုအတွက်လည်း ဖိအားတစ်ခုဝင် သွားနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက် အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိ နေပါတယ်။ စပါးအသင်းကတော့ ဒီရာသီအစပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းနဲ့ရလဒ်တွေကောင်းခဲ့ပေမယ့် နယူးကာဆယ်၊ ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ ကိုအနိုင်မရခဲ့တဲ့နောက်ပိုင်းမှာ ခြေစွမ်းပိုင်းအရကျ ဆင်း သွားတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလမ်းကြောင်းကို ဖျက်ဆီးဖို့ အတွက် အသင်းကောင်းတစ်သင်းဖြစ်တဲ့အပြင် လန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်တာကြောင့် ဒီနှစ်သင်းကြားက ထိပ်တိုက်တွေ့ဆုံမှုဟာ ကျိန်းသေပေါက် ပြင်းထန်လာဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီထိပ်တိုက် တွေ့ဆုံမှု မှာ‌တော့ အာဆင်နယ်အသင်းက နှစ်ပွဲလုံး အနိုင်ရရှိထားသလို ပေးဂိုးလည်းမရှိခဲ့တာကြောင့် စပါးစ် အသင်းအနေနဲ့ ဒီရာသီမှာ ကျဆင်းနေတဲ့ခြေစွမ်းနဲ့ရလဒ်ပိုင်းကို ပြန်လည်ရရှိအောင်စွမ်းဆောင်နိုင် မလားဆိုတာကို စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ရလဒ်ပိုင်းကိုခန့်မှန်းရမယ်ဆိုရင်တော့ အာဆင်နယ် အသင်းရဲ့အိမ်ကွင်းဖြစ်တာကြောင့် စပါးစ်အသင်းအနေနဲ့ နိုင်ပွဲရဖို့ လွယ်ကူမှာမဟုတ်တဲ့အပြင် ပြီးခဲ့တဲ့ ပွဲစည်(၁၁)မှာ သရေကျထားတဲ့အသင်းတွေဖြစ်တာကြောင့် ဒီပွဲစဉ်က တိုက်စစ်အားပြိုင်မယ့်ပွဲစဉ်ဖြစ်ပြီး အပြန်လှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိနေပါတယ်။ နိုင်ပွဲအနေနဲ့ကတော့ အာဆင်နယ်အသင်းက တစ်ဂိုး လောက်အကွာနဲ့သာကပ်နိုင်ပါမယ်။

နယူးကာဆယ် VS မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၄ - ဝ နယူးကာဆယ် (၁၅ - ၂ -၂၀၂၅)
နယူးကာဆယ် ၁ - ၁ မန်စီးတီး (၂၈-၈-၂၀၂၄)
နယူးကာဆယ် ၂ - ၃ မန်စီးတီး (၁၄-၁-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နယူးကာဆယ် ဝ - ၂ မန်စီးတီး
နယူးကာဆယ် ၁ - ၂ မန်စီးတီး
မန်စီးတီးအသင်းအတွက် ဒီပွဲစဉ်ကအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိနေပြီး အာဆင်နယ်အ သင်းကို ရမှတ်လိုက်မီဖို့အတွက် အကောင်းဆုံးသောအခွင့်အရေးတစ်ရပ်လည်းဖြစ်လာဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေကိုပြန်ကြည့်ရင် မန်စီးတီးအသင်းဟာ ခြေစွမ်းပိုင်းအရရော ရလဒ်ပိုင်းတွေမှာပါ သိသိ သာသာ ကောင်းမွန်လာတဲ့အသင်းဖြစ်ပြီး မထင်ထားတဲ့အခြေအနေကတော့ အာဆင်နယ်အသင်းနဲ့ အပြိုင် ချန်ပီယံလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့ပြင် မန်စီးတီးအသင်းဟာ ပရီးမီယားလိဂ်ချန်ပီယံဆုကို အကြိမ်ကြိမ်ရခဲ့ဖူးတဲ့အသင်းဖြစ်တာကြောင့် ပွဲတစ်ပွဲချင်းစီကို အနိုင်ရ အောင်ကန်ဖို့ တည်ငြိမ်တဲ့ ကစားဟန်တစ်ခုကိုပါ ကောင်းကောင်းနားလည်ထားတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းကသာ အမှတ်ပေးဇယားကိုဦးဆောင်သွားခဲ့ရင် လိုက်မီနိုင်ဖို့မလွယ်ကူတဲ့ သာဓကတွေ များစွာရှိနေတာကြောင့် ဒီပွဲစဉ်က မန်စီးတီးအသင်းကို စာမေးပွဲစစ်ဖို့ အကောင်းဆုံးသော ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်က မန်စီးတီးအသင်းမှာ ကစားသမားသစ်တွေ အံဝင်လာ မှုတွေအပြင် တိုက်စစ်ပိုင်းက ဟာလန်း ဂိုးတွေဆက်တိုက်ရရှိလာမှုနဲ့ အသင်းလိုက်ကစားပုံကောင်းမွန် လာမှုတွေက မန်စီး တီးအသင်းရဲ့ အဓိကအားသာချက်တွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်(၁၁)မှာ လီဗာ ပူးလ်အသင်းကို (၃) ဂိုး ပြတ်နဲ့အနိုင်ရရှိထားတာကလည်း မန်စီးတီးအသင်း အတွက် အားတက်စရာ ဖြစ် သလို နည်းပြ ဂွာဒီယိုလာ ရဲ့လူစာရင်းနဲ့ ကစားကွက်အခင်းအကျင်းကလည်း ပြန်လည်အသက်ဝင်လာပြီ လို့ပြောလို့ရနေပါတယ်။ နယူးကာဆယ်အသင်းကတော့ ဒီရာသီမှာ ခြေစွမ်းပိုင်းအရ အတော်လေးကျ ဆင်းနေတယ်လို့ ပြောလို့ရနေပြီး ပြီးခဲ့တဲ့ရာသီကထက် ကစားပုံဆိုးရွားလာတာကို မြင်တွေ့ရမှာဖြစ်ပါ တယ်။ ဒါ့ပြင် အမှတ်ပေးဇယား ရဲ့အဆင့်(၁၄)နေရာမှာ ရမှတ်(၁၂)သာရရှိနေသေးပြီး တန်းဆင်းဇုန်က အသင်းတွေထက် ရမှတ်(၂)မှတ်လောက်သာကွာဟနေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲစဉ်က နယူး ကာဆယ်အိမ်ကွင်းဖြစ်တာကြောင့် မန်စီးတီးအသင်းအတွက် နိုင်ပွဲရဖို့ခက်ခဲနိုင်ပြီး ခက်ခက်ခဲခဲကစားပြီး မှာ နိုင်ပွဲရယူသွားနိုင်ပါတယ်။ ဂိုးတော့မပြတ်ပါဘူး။

လီဗာပူးလ် Vs နော်တင်ဖောရက်စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
‌ဖောရက်စ် ၁ - ၁ လီဗာပူးလ် (၁၅ - ၁ -၂၀၂၅)
လီဗာပူးလ် ဝ - ၁ ဖောရက်စ် (၁၄- ၉ -၂၀၂၄)
‌ဖောရက်စ် ၁ - ဝ လီဗာပူးလ် (၂ - ၃ -၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၁ - ၂ ဖောရက်စ်
လီဗာပူးလ် ၂ - ၃ ဖောရက်စ်

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အပြီးမှာ (၅)ပွဲရှုံးနိမ့်သွားခဲ့ပြီပဲဖြစ်ပါတယ်။
ပြီးခဲ့ တဲ့ပွဲစဉ်(၁၁)မှာ‌လည်း မန်စီးတီးအသင်းကို ခြေစွမ်းပိုင်း အရရော တစ်ဦးချင်းဖြတ်ကျော်မှုတွေမှာပါ အသာမရခဲ့ဘဲ (၃)ဂိုးပြတ်နဲ့ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ ရှုံးပွဲတွေရဲ့ အဓိက အားနည်းချက်ကတော့ အဝေးကွင်းမှာ သွားရောက်ကစားရတဲ့ပွဲစဉ်တွေမှာ ရလဒ်ပိုင်း ဆိုးရွားမှုတွေဖြစ်ပြီး အဝေးကွင်းမှာ (၂)ပွဲ နိုင် (၄)ပွဲရှုံးနိမ့်ထားပြီး (၈)ဂိုးသွင်းယူးထာပေမယ့် ပေးဂိုးဟာ (၁၂)ဂိုးအထိရှိနေတာကိုတွေ့ရပါတယ်။ ပိုဆိုးတဲ့အချက်ကတော့ နောက်ဆုံးအဝေးကွင်း (၄)ပွဲဆက်တိုက်ရှုံးနိမ့်ထားတဲ့အချက်ဖြစ်ပြီး သန်း(၄၀ဝ) နီးပါးသုံးထားတဲ့ အသင်းတစ်သင်းအနေနဲ့ ဒီလိုရလဒ်တွေက နည်းပြအပေါ်ကို သက်ရောက်မှုတွေရှိလာ နိုင်ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ရောက်လာတဲ့ အီဆက်နဲ့ ဗလောဒီယန် ဗစ်တို့ ခြေစွမ်းမပြနိုင်သေးမှုတွေအပြင် ဆာလက်ရဲ့ခြေစွမ်းပိုင်းသိသိသာသာကျဆင်းလာမှုတွေက လီဗာ ပူးလ်အသင်းရဲ့ နိုင်ပွဲပျောက်ဆုံးမှုတွေအပေါ် သက်ရောက်စေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဇယား ထိပ် ပိုင်းက အသင်းတစ်သင်းဟာ အခုဆိုရင် အာဆင်နယ်အသင်းနဲ့ (၈)မှတ်ပြတ်သွားပြီဖြစ်သလို မန်စီးတီး အသင်းနဲ့ ရမှတ်(၄)မှတ်ပြတ်သွားပြီ လည်းဖြစ်ပါတယ်။ ပြောရရင် လီဗာပူးလ်အသင်းဟာ ချန်ပီယံဆုကို ကာကွယ်ဖို့ ခက်သွားပြီလို့ ပြောလို့ရတဲ့အနေအထားမှာရှိနေပြီး ကစားသမားတွေ ခြေစွမ်း ပြန်မရလာ ရင်ဆိုတဲ့အချက်နဲ့ ခံစစ်ပိုင်းက ဂိုးတွေဆက်တိုက်ပေးနေရမှုတွေကိုသာ မပြင်ဆင်နိုင်ရင် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ စိုးရိမ်နေရမယ့်အခြေအနေမှာရှိနေပါတယ်။ ဒါပေမဲ့ ရာသီအစ ပွဲစဉ်(၁၂)ပဲ ရှိနေသေးတာကြောင့် ပြန်လည်ပြင်ဆင်လာနိုင်ဖို့ရှိနေပြီး နောက်လာမယ့်ပွဲစဉ်တွေမှာ နိုင်ပွဲတွေ ရယူဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်။ နော်တင်ဖောရက်စ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်အသင်းကို ကောင်းကောင်းဒုက္ခပေးထားတဲ့အသင်းဖြစ်ပြီး နိုင်ပွဲလည်းရယူထားနိုင်တာကြောင့် သတိထားရမယ် အသင်းဖြစ်ပေမယ့် ဒီရာသီမှာ ခြေစွမ်းပိုင်း ကျဆင်းနေတဲ့အပြင် ရလဒ်တွေလည်းမကောင်း တော့တာ ကြောင့် ဒီပွဲစဉ်က အဝေးကွင်းဖြစ်ပေမယ့် လီဗာပူးလ်အသင်းကပဲ နိုင်ပွဲရယူနိုင်ဖို့ရှိနေပါတယ်။ ဂိုးတော့ မပြတ်ပါဘူး။

ဘန်လေ Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၂ - ၂ ဘန်လေ (၃၀ - ၃ -၂၀၂၄)
ဘန်လေ ၁ - ၄ ချဲလ်ဆီး (၇ - ၁၀ -၂၀၂၃)
ဘန်လေ ဝ - ၄ ချဲလ်ဆီး (၅ - ၃ -၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘန်လေ ဝ - ၂ ချဲလ်ဆီး
ဘန်လေ ၁ - ၃ ချဲလ်ဆီး
ဒီပွဲစဉ်က ချဲလ်ဆီးအသင်းအတွက် အခွင့်အရေးယူတတ်ရင် အမှတ်ပေးဇယားကို ဖိအားပေးပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အခွင့်အရေးရှိနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာ ဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ ပွဲကျပ်တွေ ရင်ဆိုင်နေရချိန်မှာ ချဲလ်ဆီးအသင်းကတော့ ဘန် လေအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် နိုင်ပွဲရခဲ့ရင် ချဲလ်ဆီးအသင်းအတွက် အကျိုးအမြတ်ထွက် သွားနိုင်ပါတယ်။ လက်ရှိချဲလ်ဆီးအသင်းဟာ ခြေစွမ်းပိုင်းအရ အရမ်းကြီးကောင်းနေတယ်လို့ပြောလို့ မရသေးပေမယ့် ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ကိုးလ်ပါးမားနဲ့ လပိုင်းကိုလိဝဲလ်တို့ ပြန်ပါလာခဲ့ရင် နောက်တန်းရော တိုက်စစ်အတွက်ပါ အရေးပါအရာရောက်လာမှာဖြစ်ပြီး လက်ရှိလူစာရင်နဲ့ ပေါင်းစပ်လို ရင် ဘာမဆိုဖြစ်လာနိုင်ပြီး စောင့်ကြည့်ရမယ့်အသင်းဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းရဲ့ တစ်ပွဲနဲ့တစ်ပွဲ ခြေစွမ်းမတူညီမှုတွေနဲ့ ကစားသမားတွေရဲ့ခြေစွမ်းကလည်း တစ်သတ်မတ်တည်းမရှိမှု တွေက ချဲလ်ဆီးအသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်တာကြောင့် စောင့်ကြည့်ရဦး မယ့်သဘောမှာရှိ နေပါတယ်။ ဒါကြောင့် ဘန်လေအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုက အဝေးကွင်းဖြစ်ပေမယ့် ချဲလ်ဆီး အသင်းကပဲ အနိုင်(၃)မှတ်ရယူသွားဖို့ ရှိနေပါတယ်။ အနည်းဆုံး (၂)ဂိုးလောက်ပြတ်သွားနိုင်ပါတယ်။


၂၂- ၁၁ - ၂၀၂၅ (စနေနေ့ ညပိုင်း)
ည(ရး၃၀) ဘန်လေ Vs ချဲလ်ဆီး
ည(၉း၃၀) လီဗာပူးလ် Vs နော်တင်ဟမ်
ည(၁၂: ဝဝ) နယူးကာဆယ် Vs မန်စီးတီး
၂၃ - ၁၁ - ၂၀၂၅ (တနင်္ဂနွေနေ့ နံနက်ပိုင်း)
ည(၁၁ း ဝဝ) အာဆင်နယ် Vs စပါးစ်

Zawgyi Version:
(၂၀၂၅ - ၂၀၂၆) ေဘာလုံးရာသီ ပရီးမီးယားလိဂ္ပြဲစဥ္(၁၂)အတြက္ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ႏိုဝင္ဘာ ၂၁
ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ပြဲစဥ္(၁၂)ကို ေရာက္ရွိလာခ်ိန္မွာေတာ့ အာဆင္နယ္အသင္းက အမွတ္ ေပးဇယားကို ရမွတ္(၄)မွတ္ျဖတ္ထားၿပီး မန္စီးတီးအသင္းကလည္း ရမွတ္(၄)မွတ္အကြာနဲ႔ အနီးကပ္ ဖိအားေပးထားတာကိုေတြ႕ရပါတယ္။ ခ်ဲလ္ဆီးအသင္းကလည္း အမွတ္ေပးဇယားရဲ႕ အဆင့္ (၃) ေနရာ မွာရပ္တည္ေနကာ ခ်န္ပီယံလမ္းေၾကာင္းမွာရွိေနၿပီး အာဆင္နယ္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ကို ဖိအားေပးသြားဖို႔ရွိေနပါတယ္။ ဒါေပမဲ့ လီဗာပူးလ္အသင္းကေတာ့ ရလဒ္ေတြ ဆက္တိုက္ဆိုး႐ြားေနမႈနဲ႔ အတူ ခ်န္ပီယံလမ္းေၾကာင္းေပၚျပန္ေရာက္ေအာင္ ႀကိဳးစားရဦးမယ့္သေဘာမွာရွိေနပါတယ္။ ဒါ့ျပင္ ရမွတ္ကြာဟမႈေတြမွာ အာဆင္နယ္အသင္းနဲ႔ မန္စီးတီးအသင္းကလြဲရင္ အမွတ္ကြာဟမႈက ရမွတ္(၂) မွတ္ ေလာက္သာရွိေနတာေၾကာင့္ ဒီတစ္ပတ္ရဲ႕ပြဲစဥ္ေတြကလည္း ေစာင့္ၾကည့္ခ်င္စရာေကာင္းၿပီး အမွားခံလို႔မရတဲ့ပြဲစဥ္ေတြျဖစ္လာဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ NP News ကေန ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ပြဲစဥ္ (၁၁) ရဲ႕ အေကာင္းဆုံးပြဲစဥ္ေတြကို ပြဲႀကိဳသုံးသပ္ခ်က္အေနနဲ႔ ေဖာ္ျပေပးခ်င္ပါတယ္။

အာဆင္နယ္ Vs စပါးစ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၂ - ၁ စပါးစ္ (၁၆ - ၁ -၂၀၂၅)
စပါးစ္ ဝ - ၁ အာဆင္နယ္ (၁၅ - ၉ - ၂၀၂၄)
စပါးစ္ ၂ - ၃ အာဆင္နယ္ (၂၈-၄-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ၁ စပါးစ္
အာဆင္နယ္ ၃ - ၂ စပါးစ္

အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ပရီးမီးယား လိဂ္ခ်န္ပီယံဆုကိုရယူႏိုင္ဖို႔ အေကာင္းမြန္ဆုံး ေသာ လူစာရင္းနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာကို ပိုင္ဆိုင္ထားတဲ့အသင္းျဖစ္ၿပီး အမွတ္ေပးဇယားမွာလည္း အနီးကပ္ဆုံးၿပိဳင္ဘက္ မန္စီးတီးအသင္းကို ရမွတ္(၄)မွတ္ ျဖတ္ေတာက္ထားတဲ့အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ ဒီရာသီမွာ ေပးဂိုးအနည္းဆုံးအသင္းျဖစ္ၿပီး ခံစစ္က်စ္လ်စ္မႈကလည္း အေကာင္းဆုံး အေနအထား မွာရွိေနတာေၾကာင့္ ႏိုင္ပြဲရယူႏိုင္ဖို႔ မလြယ္ကူတဲ့အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲ စဥ္(၁၁)မွာေတာ့ ဆန္ဒါးလန္းအသင္းကို ေပးဂိုး(၂)ဂိုးအထိ ခြင့္ျပဳေပးခဲ့ရတာကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ဒီပြဲ စဥ္က အမွားေတြကို ျပန္လည္ျပင္ဆင္ဖို႔လိုအပ္မွာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းရဲ႕ ကစားပုံက ၿပိဳင္ဘက္အသင္းေတြအတြက္ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္သလို တိုက္စစ္နဲ႔ကြင္းလယ္ပိုင္းက လိုသလို ကစားႏိုင္မႈေတြက ပြဲရဲ႕အေျဖကို ေျပာင္းလဲသြားေစႏိုင္တာကို ျမင္ေတြ႕ရမွာလည္းျဖစ္ပါတယ္။ အာဆင္နယ္အသင္း အေနနဲ႔ စပါးစ္အသင္းကိုရႈံးနိမ့္ခဲ့မယ္ဆိုရင္ လန္ဒန္ ဒါဘီၿပိဳင္ပြဲျဖစ္တာေၾကာင့္ ဂုဏ္သိကၡာပိုင္းအရလည္း ရႈံးသလို တစ္ဖက္မွာလည္း ရမွတ္ဆုံးရႈံးမႈေၾကာင့္ မန္ စီးတီးအသင္းရဲ႕ ရမွတ္အမီလိုက္တာကို ခံလိုက္ရမယ့္အျပင္ ပရီးမီးယားလိဂ္ခ်န္ပံယံဆုအတြက္လည္း ဖိအားတစ္ခုဝင္ သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္အသင္းအတြက္ အေရးႀကီးတဲ့ပြဲစဥ္တစ္ပြဲျဖစ္လာဖို႔ရွိ ေနပါတယ္။ စပါးအသင္းကေတာ့ ဒီရာသီအစပိုင္းပြဲစဥ္ေတြမွာ ေျခစြမ္းနဲ႔ရလဒ္ေတြေကာင္းခဲ့ေပမယ့္ နယူးကာဆယ္၊ ခ်ဲလ္ဆီးနဲ႔ မန္ယူအသင္းတို႔ ကိုအႏိုင္မရခဲ့တဲ့ေနာက္ပိုင္းမွာ ေျခစြမ္းပိုင္းအရက် ဆင္း သြားတဲ့အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းရဲ႕ ခ်န္ပီယံလမ္းေၾကာင္းကို ဖ်က္ဆီးဖို႔ အတြက္ အသင္းေကာင္းတစ္သင္းျဖစ္တဲ့အျပင္ လန္ဒန္ဒါဘီၿပိဳင္ဘက္ေတြျဖစ္တာေၾကာင့္ ဒီႏွစ္သင္းၾကားက ထိပ္တိုက္ေတြ႕ဆုံမႈဟာ က်ိန္းေသေပါက္ ျပင္းထန္လာဖို႔ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ရာသီထိပ္တိုက္ ေတြ႕ဆုံမႈ မွာ‌ေတာ့ အာဆင္နယ္အသင္းက ႏွစ္ပြဲလုံး အႏိုင္ရရွိထားသလို ေပးဂိုးလည္းမရွိခဲ့တာေၾကာင့္ စပါးစ္ အသင္းအေနနဲ႔ ဒီရာသီမွာ က်ဆင္းေနတဲ့ေျခစြမ္းနဲ႔ရလဒ္ပိုင္းကို ျပန္လည္ရရွိေအာင္စြမ္းေဆာင္ႏိုင္ မလားဆိုတာကို ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ရလဒ္ပိုင္းကိုခန႔္မွန္းရမယ္ဆိုရင္ေတာ့ အာဆင္နယ္ အသင္းရဲ႕အိမ္ကြင္းျဖစ္တာေၾကာင့္ စပါးစ္အသင္းအေနနဲ႔ ႏိုင္ပြဲရဖို႔ လြယ္ကူမွာမဟုတ္တဲ့အျပင္ ၿပီးခဲ့တဲ့ ပြဲစည္(၁၁)မွာ သေရက်ထားတဲ့အသင္းေတြျဖစ္တာေၾကာင့္ ဒီပြဲစဥ္က တိုက္စစ္အားၿပိဳင္မယ့္ပြဲစဥ္ျဖစ္ၿပီး အျပန္လွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ရွိေနပါတယ္။ ႏိုင္ပြဲအေနနဲ႔ကေတာ့ အာဆင္နယ္အသင္းက တစ္ဂိုး ေလာက္အကြာနဲ႔သာကပ္ႏိုင္ပါမယ္။

နယူးကာဆယ္ VS မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ၄ - ဝ နယူးကာဆယ္ (၁၅ - ၂ -၂၀၂၅)
နယူးကာဆယ္ ၁ - ၁ မန္စီးတီး (၂၈-၈-၂၀၂၄)
နယူးကာဆယ္ ၂ - ၃ မန္စီးတီး (၁၄-၁-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
နယူးကာဆယ္ ဝ - ၂ မန္စီးတီး
နယူးကာဆယ္ ၁ - ၂ မန္စီးတီး
မန္စီးတီးအသင္းအတြက္ ဒီပြဲစဥ္ကအေရးႀကီးတဲ့ပြဲစဥ္တစ္ပြဲျဖစ္လာဖို႔ရွိေနၿပီး အာဆင္နယ္အ သင္းကို ရမွတ္လိုက္မီဖို႔အတြက္ အေကာင္းဆုံးေသာအခြင့္အေရးတစ္ရပ္လည္းျဖစ္လာဖို႔ရွိေနပါတယ္။ ၿပီးခဲ့တဲ့ပြဲစဥ္ေတြကိုျပန္ၾကည့္ရင္ မန္စီးတီးအသင္းဟာ ေျခစြမ္းပိုင္းအရေရာ ရလဒ္ပိုင္းေတြမွာပါ သိသိ သာသာ ေကာင္းမြန္လာတဲ့အသင္းျဖစ္ၿပီး မထင္ထားတဲ့အေျခအေနကေတာ့ အာဆင္နယ္အသင္းနဲ႔ အၿပိဳင္ ခ်န္ပီယံလမ္းေၾကာင္းေပၚကို ေရာက္ရွိလာခဲ့ၿပီလည္း ျဖစ္ပါတယ္။ ဒါ့ျပင္ မန္စီးတီးအသင္းဟာ ပရီးမီယားလိဂ္ခ်န္ပီယံဆုကို အႀကိမ္ႀကိမ္ရခဲ့ဖူးတဲ့အသင္းျဖစ္တာေၾကာင့္ ပြဲတစ္ပြဲခ်င္းစီကို အႏိုင္ရ ေအာင္ကန္ဖို႔ တည္ၿငိမ္တဲ့ ကစားဟန္တစ္ခုကိုပါ ေကာင္းေကာင္းနားလည္ထားတဲ့အသင္းျဖစ္ပါတယ္။ ဒါေၾကာင့္ မန္စီးတီးအသင္းကသာ အမွတ္ေပးဇယားကိုဦးေဆာင္သြားခဲ့ရင္ လိုက္မီႏိုင္ဖို႔မလြယ္ကူတဲ့ သာဓကေတြ မ်ားစြာရွိေနတာေၾကာင့္ ဒီပြဲစဥ္က မန္စီးတီးအသင္းကို စာေမးပြဲစစ္ဖို႔ အေကာင္းဆုံးေသာ ပြဲစဥ္တစ္ပြဲလည္း ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က မန္စီးတီးအသင္းမွာ ကစားသမားသစ္ေတြ အံဝင္လာ မႈေတြအျပင္ တိုက္စစ္ပိုင္းက ဟာလန္း ဂိုးေတြဆက္တိုက္ရရွိလာမႈနဲ႔ အသင္းလိုက္ကစားပုံေကာင္းမြန္ လာမႈေတြက မန္စီး တီးအသင္းရဲ႕ အဓိကအားသာခ်က္ေတြပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ပြဲစဥ္(၁၁)မွာ လီဗာ ပူးလ္အသင္းကို (၃) ဂိုး ျပတ္နဲ႔အႏိုင္ရရွိထားတာကလည္း မန္စီးတီးအသင္း အတြက္ အားတက္စရာ ျဖစ္ သလို နည္းျပ ဂြာဒီယိုလာ ရဲ႕လူစာရင္းနဲ႔ ကစားကြက္အခင္းအက်င္းကလည္း ျပန္လည္အသက္ဝင္လာၿပီ လို႔ေျပာလို႔ရေနပါတယ္။ နယူးကာဆယ္အသင္းကေတာ့ ဒီရာသီမွာ ေျခစြမ္းပိုင္းအရ အေတာ္ေလးက် ဆင္းေနတယ္လို႔ ေျပာလို႔ရေနၿပီး ၿပီးခဲ့တဲ့ရာသီကထက္ ကစားပုံဆိုး႐ြားလာတာကို ျမင္ေတြ႕ရမွာျဖစ္ပါ တယ္။ ဒါ့ျပင္ အမွတ္ေပးဇယား ရဲ႕အဆင့္(၁၄)ေနရာမွာ ရမွတ္(၁၂)သာရရွိေနေသးၿပီး တန္းဆင္းဇုန္က အသင္းေတြထက္ ရမွတ္(၂)မွတ္ေလာက္သာကြာဟေနတဲ့အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ ဒီပြဲစဥ္က နယူး ကာဆယ္အိမ္ကြင္းျဖစ္တာေၾကာင့္ မန္စီးတီးအသင္းအတြက္ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ၿပီး ခက္ခက္ခဲခဲကစားၿပီး မွာ ႏိုင္ပြဲရယူသြားႏိုင္ပါတယ္။ ဂိုးေတာ့မျပတ္ပါဘူး။

လီဗာပူးလ္ Vs ေနာ္တင္ေဖာရက္စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
‌ေဖာရက္စ္ ၁ - ၁ လီဗာပူးလ္ (၁၅ - ၁ -၂၀၂၅)
လီဗာပူးလ္ ဝ - ၁ ေဖာရက္စ္ (၁၄- ၉ -၂၀၂၄)
‌ေဖာရက္စ္ ၁ - ဝ လီဗာပူးလ္ (၂ - ၃ -၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၁ - ၂ ေဖာရက္စ္
လီဗာပူးလ္ ၂ - ၃ ေဖာရက္စ္

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)အၿပီးမွာ (၅)ပြဲရႈံးနိမ့္သြားခဲ့ၿပီပဲျဖစ္ပါတယ္။
ၿပီးခဲ့ တဲ့ပြဲစဥ္(၁၁)မွာ‌လည္း မန္စီးတီးအသင္းကို ေျခစြမ္းပိုင္း အရေရာ တစ္ဦးခ်င္းျဖတ္ေက်ာ္မႈေတြမွာပါ အသာမရခဲ့ဘဲ (၃)ဂိုးျပတ္နဲ႔ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။ ရႈံးပြဲေတြရဲ႕ အဓိက အားနည္းခ်က္ကေတာ့ အေဝးကြင္းမွာ သြားေရာက္ကစားရတဲ့ပြဲစဥ္ေတြမွာ ရလဒ္ပိုင္း ဆိုး႐ြားမႈေတြျဖစ္ၿပီး အေဝးကြင္းမွာ (၂)ပြဲ ႏိုင္ (၄)ပြဲရႈံးနိမ့္ထားၿပီး (၈)ဂိုးသြင္းယူးထာေပမယ့္ ေပးဂိုးဟာ (၁၂)ဂိုးအထိရွိေနတာကိုေတြ႕ရပါတယ္။ ပိုဆိုးတဲ့အခ်က္ကေတာ့ ေနာက္ဆုံးအေဝးကြင္း (၄)ပြဲဆက္တိုက္ရႈံးနိမ့္ထားတဲ့အခ်က္ျဖစ္ၿပီး သန္း(၄၀ဝ) နီးပါးသုံးထားတဲ့ အသင္းတစ္သင္းအေနနဲ႔ ဒီလိုရလဒ္ေတြက နည္းျပအေပၚကို သက္ေရာက္မႈေတြရွိလာ ႏိုင္ပါတယ္။ တိုက္စစ္ပိုင္းမွာလည္း စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္လာတဲ့ အီဆက္နဲ႔ ဗေလာဒီယန္ ဗစ္တို႔ ေျခစြမ္းမျပႏိုင္ေသးမႈေတြအျပင္ ဆာလက္ရဲ႕ေျခစြမ္းပိုင္းသိသိသာသာက်ဆင္းလာမႈေတြက လီဗာ ပူးလ္အသင္းရဲ႕ ႏိုင္ပြဲေပ်ာက္ဆုံးမႈေတြအေပၚ သက္ေရာက္ေစခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဇယား ထိပ္ ပိုင္းက အသင္းတစ္သင္းဟာ အခုဆိုရင္ အာဆင္နယ္အသင္းနဲ႔ (၈)မွတ္ျပတ္သြားၿပီျဖစ္သလို မန္စီးတီး အသင္းနဲ႔ ရမွတ္(၄)မွတ္ျပတ္သြားၿပီ လည္းျဖစ္ပါတယ္။ ေျပာရရင္ လီဗာပူးလ္အသင္းဟာ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ ခက္သြားၿပီလို႔ ေျပာလို႔ရတဲ့အေနအထားမွာရွိေနၿပီး ကစားသမားေတြ ေျခစြမ္း ျပန္မရလာ ရင္ဆိုတဲ့အခ်က္နဲ႔ ခံစစ္ပိုင္းက ဂိုးေတြဆက္တိုက္ေပးေနရမႈေတြကိုသာ မျပင္ဆင္ႏိုင္ရင္ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ပါ စိုးရိမ္ေနရမယ့္အေျခအေနမွာရွိေနပါတယ္။ ဒါေပမဲ့ ရာသီအစ ပြဲစဥ္(၁၂)ပဲ ရွိေနေသးတာေၾကာင့္ ျပန္လည္ျပင္ဆင္လာႏိုင္ဖို႔ရွိေနၿပီး ေနာက္လာမယ့္ပြဲစဥ္ေတြမွာ ႏိုင္ပြဲေတြ ရယူဖို႔ လိုအပ္မွာလည္းျဖစ္ပါတယ္။ ေနာ္တင္ေဖာရက္စ္အသင္းကေတာ့ ၿပီးခဲ့တဲ့ရာသီမွာ လီဗာပူးလ္အသင္းကို ေကာင္းေကာင္းဒုကၡေပးထားတဲ့အသင္းျဖစ္ၿပီး ႏိုင္ပြဲလည္းရယူထားႏိုင္တာေၾကာင့္ သတိထားရမယ္ အသင္းျဖစ္ေပမယ့္ ဒီရာသီမွာ ေျခစြမ္းပိုင္း က်ဆင္းေနတဲ့အျပင္ ရလဒ္ေတြလည္းမေကာင္း ေတာ့တာ ေၾကာင့္ ဒီပြဲစဥ္က အေဝးကြင္းျဖစ္ေပမယ့္ လီဗာပူးလ္အသင္းကပဲ ႏိုင္ပြဲရယူႏိုင္ဖို႔ရွိေနပါတယ္။ ဂိုးေတာ့ မျပတ္ပါဘူး။

ဘန္ေလ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၂ - ၂ ဘန္ေလ (၃၀ - ၃ -၂၀၂၄)
ဘန္ေလ ၁ - ၄ ခ်ဲလ္ဆီး (၇ - ၁၀ -၂၀၂၃)
ဘန္ေလ ဝ - ၄ ခ်ဲလ္ဆီး (၅ - ၃ -၂၀၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘန္ေလ ဝ - ၂ ခ်ဲလ္ဆီး
ဘန္ေလ ၁ - ၃ ခ်ဲလ္ဆီး
ဒီပြဲစဥ္က ခ်ဲလ္ဆီးအသင္းအတြက္ အခြင့္အေရးယူတတ္ရင္ အမွတ္ေပးဇယားကို ဖိအားေပးၿပီး ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ အခြင့္အေရးရွိေနတဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အာ ဆင္နယ္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ ပြဲက်ပ္ေတြ ရင္ဆိုင္ေနရခ်ိန္မွာ ခ်ဲလ္ဆီးအသင္းကေတာ့ ဘန္ ေလအသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ႏိုင္ပြဲရခဲ့ရင္ ခ်ဲလ္ဆီးအသင္းအတြက္ အက်ိဳးအျမတ္ထြက္ သြားႏိုင္ပါတယ္။ လက္ရွိခ်ဲလ္ဆီးအသင္းဟာ ေျခစြမ္းပိုင္းအရ အရမ္းႀကီးေကာင္းေနတယ္လို႔ေျပာလို႔ မရေသးေပမယ့္ ဒဏ္ရာရကစားသမားေတြျဖစ္တဲ့ ကိုးလ္ပါးမားနဲ႔ လပိုင္းကိုလိဝဲလ္တို႔ ျပန္ပါလာခဲ့ရင္ ေနာက္တန္းေရာ တိုက္စစ္အတြက္ပါ အေရးပါအရာေရာက္လာမွာျဖစ္ၿပီး လက္ရွိလူစာရင္နဲ႔ ေပါင္းစပ္လို ရင္ ဘာမဆိုျဖစ္လာႏိုင္ၿပီး ေစာင့္ၾကည့္ရမယ့္အသင္းျဖစ္လာႏိုင္ပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ တစ္ပြဲနဲ႔တစ္ပြဲ ေျခစြမ္းမတူညီမႈေတြနဲ႔ ကစားသမားေတြရဲ႕ေျခစြမ္းကလည္း တစ္သတ္မတ္တည္းမရွိမႈ ေတြက ခ်ဲလ္ဆီးအသင္းအတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္တာေၾကာင့္ ေစာင့္ၾကည့္ရဦး မယ့္သေဘာမွာရွိ ေနပါတယ္။ ဒါေၾကာင့္ ဘန္ေလအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈက အေဝးကြင္းျဖစ္ေပမယ့္ ခ်ဲလ္ဆီး အသင္းကပဲ အႏိုင္(၃)မွတ္ရယူသြားဖို႔ ရွိေနပါတယ္။ အနည္းဆုံး (၂)ဂိုးေလာက္ျပတ္သြားႏိုင္ပါတယ္။


၂၂- ၁၁ - ၂၀၂၅ (စေနေန႔ ညပိုင္း)
ည(ရး၃၀) ဘန္ေလ Vs ခ်ဲလ္ဆီး
ည(၉း၃၀) လီဗာပူးလ္ Vs ေနာ္တင္ဟမ္
ည(၁၂: ဝဝ) နယူးကာဆယ္ Vs မန္စီးတီး
၂၃ - ၁၁ - ၂၀၂၅ (တနဂၤေႏြေန႔ နံနက္ပိုင္း)
ည(၁၁ း ဝဝ) အာဆင္နယ္ Vs စပါးစ္

Related news

© 2021. All rights reserved.