အပြာရောင်ရေကန်များအပြင် နှင်းလျှောစီးနှင့်နွေရာသီအပန်းဖြေစခန်းအဖြစ် နာမည်ကြီးသည့် ဝါနာကာမြို့အကြောင်း

56

Pika (NP News) - နိုဝင်ဘာ ၂၁
ဝါနာကာမြို့သည် နယူးဇီလန်နိုင်ငံ South Island ကျွန်း အိုတာဂိုဒေသရှိ နှင်းလျှောစီးနှင့် နွေရာ သီအပန်းဖြေစခန်းမြို့တစ်မြို့ဖြစ်ပြီး အပြာရောင်ရေကန်များ၊ အေးမြပြီးစိမ်းစိုနေသောသစ်တောများ၏ ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းများကြောင့် နာမည်ကျော်ကြားသည်။ ဝါနာကာမြို့သည် ဝါနာ ကာရေကန်၏ တောင်ဘက်အဆုံးနှင့် ကလူသာမြစ်တို့၏အစတွင်တည်ရှိပြီး Mount Aspiring အမျိုးသား ဥယျာဉ်သို့ ဝင် ပေါက်တစ်ခုလည်းဖြစ်သည်။ ဝါနာကာသည် အဓိကအားဖြင့် နွေရာသီနှင့်ဆောင်းရာသီ နှစ်မျိုးလုံးရှိသော အပန်းဖြေစခန်းမြို့တစ်မြို့ဖြစ်သည်။ ဝါနာကာမြို့၏စီးပွားရေးသည် လက်ရှိရှိနေ သော ပြင်ပအခွင့်အလမ်းများစွာအပေါ်အခြေခံကြောင်းသိရသည်။
သမိုင်းကြောင်းအရ မာအိုရီလူမျိုးများသည် နွေရာသီတွင် အမဲလိုက်ရန်နှင့်ငါးဖမ်းရန် သို့မဟုတ် အနောက်ဘက်ကမ်းရိုးတန်းတွင် ကျောက်စိမ်းများရှာဖွေရန် ဝါနာကာဒေသသို့ လာရောက်လည်ပတ် ခဲ့ကြကြောင်းသိရသည်။ (၁၈၃၆)ခုနှစ်တွင် North Island ကျွန်းစစ်ပွဲ၏ ဝင်ရောက်စီးနင်းမှုများအပြီး တွင် Ngāi Tahu လူမျိုးများသည် ၎င်းတို့၏ရာသီအလိုက်စခန်းများကို စွန့်ခွာခဲ့ကြကြောင်းသိရသည်။ Queen stown-Lakes ခရိုင်၏ အခြားဒေသများနှင့်အတူ ဝါနာကာ မြို့သည် အလျင်အမြန် ကြီးထွားလာ နေပြီး (၂၀ဝ၅) ခုနှစ်မှ (၂၀၁၅)ခုနှစ်အတွင်း လူဦးရေ (၅၀)ရာခိုင်နှုန်းခန့်တိုးလာခဲ့ကြောင်းသိရသည်။
ဆွဲဆောင်မှုများ
အပြာရောင်ရေကန်များ၊ ရင်သပ်ရှုမောဖွယ်ကောင်းသော တောင်တန်းမြင်ကွင်းများနှင့် အတူ ဝါနာကာမြို့သည် ကွင်းစ်တောင်းမြို့ထက်ပိုပြီး လူကြိုက်များသောခရီးသွားအပန်းဖြေစခန်းတစ်ခုဖြစ် လာခဲ့ကြောင်းသိရသည်။
နာမည်ကျော်ကြားသော ခရီးသွား အပန်းဖြေစခန်းတစ်ခုဖြစ်လာခဲ့မှုနှင့်အတူ ဝါနာကာမြို့တွင် စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ညဘက်ပျော်စရာပွဲတော် အများအပြားရှိလာခဲ့ကြောင်း သိရ သည်။ ဝါနာကာမြို့ရှိ အခြားဆွဲဆောင်မှုများမှာ Puzzling World အပန်းဖြေစင်တာ နှင့် Paradiso ရုပ်ရှင်ရုံတို့ဖြစ်သည်။ Puzzling World အပန်းဖြေစင်တာတွင် ဝင်္ကပါတစ်ခု၊ မျက် စိမှောက်သွားစေမည့် လှည့်ကွက်များနှင့် စောင်းနေသည့်နာရီစင်တစ်ခုတို့ပါဝင်ကြောင်းသိရသည်။ Paradiso ရုပ်ရှင်ရုံသည် ဂန္ထဝင် ရုပ်ရှင်ရုံဟောင်းတစ်ခုဖြစ်ပြီး ဆိုဖာခုံအဟောင်းများနှင့် Morris Minor ကားဟောင်းတစ်စီးတို့ ဖြင့်ဖွဲ့စည်းထားသော ရုပ်ရှင်ရုံဖြစ်သည်။ ထို့ပြင် ဝါနာကာမြို့တွင် ဝိုင်စက်ရုံ အများအပြားရှိပြီး ဝါနာကာ လေဆိပ်တွင် အမျိုးသားသယ်ယူပို့ဆောင်ရေးနှင့် အရုပ်ပြတိုက်တို့ရှိကြောင်းသိရသည်။
ဆောင်းရာသီတွင် ဝါနာကာမြို့သည် ကောင်းကင်ပေါ်တွင်ပေါ်လာသည့် အလင်းတန်းများကို ကြည့်ရှုရန် အကောင်းဆုံးနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ Roys Peak တောင်၊ Mount Iron တောင်၊ Mount Grand တောင်နှင့် Pisa Range တောင်တို့အပါအဝင် ဝါနာကာမြို့ကို ဝန်းရံထားသည့် တောင်တန်းအများအပြားကို အပန်းဖြေတက်ရောက်မှုများလုပ်ဆောင်နိုင်ပြီး ယင်းတောင် တန်းများမှ တစ်ဆင့် သာယာလှပသော ပတ်ဝန်းကျင်ဒေသ၏မြင်ကွင်းများစွာကို ကြည့်ရှုနိုင်ကြောင်းသိရသည်။
အပြာရောင်ရေကန်တစ်ခုအတွင်းတွင် ပေါက်နေသည့် willow သစ်ပင်သည် ခရီးသွားဆွဲဆောင် မှုနေရာတစ်ခုဖြစ်ပြီး ခရီးသွားအများအပြား၏ အင်စတာဂရမ်တွင်တင်ထားသောဓာတ်ပုံများတွင် ပါရှိ လေ့ရှိကြောင်းသိရသည်။ (၂၀၂၀)ပြည့်နှစ်တွင် အဆိုပါ willow သစ်ပင်၏ အောက်ဘက်ပိုင်းအကိုင်း အခက်များကိုဖျက်ဆီးသူများက ဖြတ်တောက်မှုများလုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သဘာဝ အတိုင်းပြန်လည်ပေါက်လာခဲ့ကာ ယခင်ကထက် ပိုမိုလှပသည့် willow သစ်ပင်တစ်ပင်ဖြစ်လာခဲ့ကြောင်း သိရသည်။
ရုပ်ရှင်ရိုက်ကူးရေးနေရာများ
ဝါနာကာဒေသတွင် ရိုက်ကူးခဲ့သောရုပ်ရှင်များတွင် The Lord of the Rings ၊ The Hobbit ၊ the Legend of S နှင့် A Wrinkle in Time တို့ကဲ့သို့သော နာမည်ကြီးရုပ်ရှင်စီးရီးများစွာပါဝင် ကြောင်းသိရ သည်။
နွေရာသီ
နွေရာသီကာလအတွင်း ဝါနာကာမြို့တွင် တောင်တက်ခြင်း၊ တောင်ပေါ်တွင်စက်ဘီးစီးခြင်း၊ ကျောက်တောင်တက်ခြင်း၊ ငါးဖမ်းခြင်း၊ လေထီးစီးခြင်း၊ ကနူးလှေစီးခြင်း၊ ဂျက်လှေစီးခြင်းနှင့် ပတ်ဝန်း ကျင်ဆိုင်ရာလှုပ်ရှားမှုများပါဝင်သည့် ပြင်ပအပန်းဖြေခြင်းနှင့်ခရီးသွားခြင်းများကို လုပ်ဆောင်နိုင် ကြောင်း သိရသည်။ ဝါနာကာမြို့တွင် နေသာသောရာသီဥတုရှိပြီး ခရီးသွားအများအပြားက အပန်းဖြေမှု များလုပ်ဆောင်ရန် မကြာခဏလာရောက်လည်ပတ်လေ့ရှိကြောင်းသိရသည်။ Mount Aspiring အမျိုး သား ဥယျာဉ်သည် တောင်တက်ခြင်းနှင့် နှင်းတောင်တက်ခြင်းတို့အတွက် ရေပန်းစားသည့်နေရာ တစ်ခု ဖြစ်သည်။ ခရီးသွားအများအပြားသည် ဥယျာဉ်အတွင်း တစ်ရက်တာခရီးစဉ်များကိုကြိုက်နှစ်သက်ကြပြီး ခရီးသွားများစွာသည် ဥယျာဉ်အတွင်းတွင် သီတင်းပတ် တစ်ပတ်အထိ တောင်တက်ခြင်းများကိုလုပ် ဆောင်ကြကြောင်းသိရသည်။ Mount Aspiring အမျိုးသား ဥယျာဉ်သို့သွားရာလမ်းရှိ Matukituki ချိုင့် ဝှမ်း၏ အစိတ်အပိုင်းများသည် ကျောက်တောင်တက်ခြင်းနှင့် နေ့ခင်းဘက်လမ်းလျှောက်ခြင်းတို့အတွက် ရေပန်း စားသည့်နေရာတစ်ခုလည်းဖြစ်သည်။
ဝါနာကာရေကန်သည် ရေလွှာလျှောစီးခြင်း၊ လေထီးနှင့်အတူ ရေလွှာလျှောစီးခြင်းနှင့် ရွက်လွှင့် ခြင်းတို့အတွက် ရေပန်းစားသည့်နေရာတစ်ခုဖြစ်သည်။ အခြားမြစ်များစွာနှင့်အတူ ဝါနာကာရေကန် သည် ငါးဖမ်းခြင်းလုပ်ငန်းအတွက် အခွင့်အလမ်းများစွာကို ပေးဆောင်ထားကြောင်းသိရသည်။ ထို့ပြင် ဝါ နာကာမြို့၏ ဒေသခံထင်းရှူးတောအုပ်တွင် စေတနာ့ဝန်ထမ်းများကပြုလုပ်ထားသော သီးသန့်တောင် တက်စက်ဘီးစီးသည့်နေရာတစ်ခုလည်းရှိသည်။ အဆိုပါ စက်ဘီးဥယျာဉ်ပန်းခြံ၏ ဘေးချင်းကပ်လျက် တွင် ကျင်း(၁၈)ကျင်းပါသော ဂေါက်ကွင်းတစ်ခုရှိကြောင်းသိရသည်။ ဒေသတွင်းရှိ နှင်းလျှောစီးအပန်း ဖြေစခန်းအားလုံးကို နွေရာသီတွင် တောင်တက်စက်ဘီးစီးခြင်းနှင့် တောင်တက်ခြင်းတို့လုပ်ဆောင်နိုင် ရန်အတွက် ဖွင့်လှစ်ပေးထားကြောင်းသိရသည်။
ဆောင်းရာသီ
ဝါနာကာမြို့တွင် နယူးဇီလန်နိုင်ငံတွင်းရှိ မည်သည့်မြို့များထက်မဆို နှင်းလျှောစီးမှုများလုပ် ဆောင်နိုင်မည့် ရွေးချယ်စရာအများအပြားရှိကြောင်း သိရသည်။ အဆိုပါနှင်းလျှောစီးနေရာများတွင် Treble Cone? Cardrona Alpine အပန်းဖြေစခန်းနှင့် နယူးဇီလန်၏ ထိပ်တန်း စီးပွားဖြစ် စကိတ် စီးကွင်းအချို့ပါဝင်ကြောင်းသိရသည်။ ဝါနာကာမြို့ သည် အဆိုပါအပန်းဖြေစခန်းများအတွက် အဓိက နေရာတစ်ခုအဖြစ် ပံ့ပိုးပေးထားသည့်မြို့တစ်မြို့ဖြစ်ပြီး ဇူလိုင်လမှစက်တင်ဘာလအတွင်းတွင် လူ အလွန်စည်ကားကြောင်းသိရသည်။ ဝါနာကာမြို့ရှိ ဆောင်းရာသီသည် နှစ်စဉ် အခမဲ့ ဆောင်းရာသီအား ကစားပြိုင်ပွဲအမျိုးမျိုးကိုလက်ခံကျင်းပသည့်အချိန်တစ်ခုလည်းဖြစ်သည်။ Treble Cone အပန်းဖြေ စခန်းသည် ဓာတ်လှေကားဖြင့်သွားရောက်နိုင်သော အနေအထားများကြောင့် ခရီးသွားဧည့်သည်များ ကြားတွင် အလွန်ရေပန်းစားသည့်နေရာတစ်ခုလည်းဖြစ်သည်။ ထို့ပြင် Treble Cone အပန်းဖြေ စခန်း၏တည်နေရာနှင့်ဦးတည်ချက်များကြောင့် အနောက်မြောက်ဘက်မှတိုက်ခတ်သော မုန်တိုင်း များနှင့်အတူ နှင်းများပိုမိုရရှိသောကြောင့် အဆိုပါ ဒေသတွင် ပုံမှန်နှင်းများထက် ပိုမိုကောင်းမွန်သော နှင်းများဖြင့် ဆော့ကစားနိုင်ကြောင်းလည်းသိရသည်။

Zawgyi Version:
အျပာေရာင္ေရကန္မ်ားအျပင္ ႏွင္းေလွ်ာစီးႏွင့္ေႏြရာသီအပန္းေျဖစခန္းအျဖစ္ နာမည္ႀကီးသည့္ ဝါနာကာၿမိဳ႕အေၾကာင္း
Pika (NP News) - ႏိုဝင္ဘာ ၂၁
ဝါနာကာၿမိဳ႕သည္ နယူးဇီလန္ႏိုင္ငံ South Island ကြၽန္း အိုတာဂိုေဒသရွိ ႏွင္းေလွ်ာစီးႏွင့္ ေႏြရာ သီအပန္းေျဖစခန္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး အျပာေရာင္ေရကန္မ်ား၊ ေအးျမၿပီးစိမ္းစိုေနေသာသစ္ေတာမ်ား၏ ရင္သပ္ရႈေမာဖြယ္ေကာင္းေသာ ျမင္ကြင္းမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ဝါနာကာၿမိဳ႕သည္ ဝါနာ ကာေရကန္၏ ေတာင္ဘက္အဆုံးႏွင့္ ကလူသာျမစ္တို႔၏အစတြင္တည္ရွိၿပီး Mount Aspiring အမ်ိဳးသား ဥယ်ာဥ္သို႔ ဝင္ ေပါက္တစ္ခုလည္းျဖစ္သည္။ ဝါနာကာသည္ အဓိကအားျဖင့္ ေႏြရာသီႏွင့္ေဆာင္းရာသီ ႏွစ္မ်ိဳးလုံးရွိေသာ အပန္းေျဖစခန္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ဝါနာကာၿမိဳ႕၏စီးပြားေရးသည္ လက္ရွိရွိေန ေသာ ျပင္ပအခြင့္အလမ္းမ်ားစြာအေပၚအေျခခံေၾကာင္းသိရသည္။
သမိုင္းေၾကာင္းအရ မာအိုရီလူမ်ိဳးမ်ားသည္ ေႏြရာသီတြင္ အမဲလိုက္ရန္ႏွင့္ငါးဖမ္းရန္ သို႔မဟုတ္ အေနာက္ဘက္ကမ္း႐ိုးတန္းတြင္ ေက်ာက္စိမ္းမ်ားရွာေဖြရန္ ဝါနာကာေဒသသို႔ လာေရာက္လည္ပတ္ ခဲ့ၾကေၾကာင္းသိရသည္။ (၁၈၃၆)ခုႏွစ္တြင္ North Island ကြၽန္းစစ္ပြဲ၏ ဝင္ေရာက္စီးနင္းမႈမ်ားအၿပီး တြင္ Ngāi Tahu လူမ်ိဳးမ်ားသည္ ၎တို႔၏ရာသီအလိုက္စခန္းမ်ားကို စြန႔္ခြာခဲ့ၾကေၾကာင္းသိရသည္။ Queen stown-Lakes ခ႐ိုင္၏ အျခားေဒသမ်ားႏွင့္အတူ ဝါနာကာ ၿမိဳ႕သည္ အလ်င္အျမန္ ႀကီးထြားလာ ေနၿပီး (၂၀ဝ၅) ခုႏွစ္မွ (၂၀၁၅)ခုႏွစ္အတြင္း လူဦးေရ (၅၀)ရာခိုင္ႏႈန္းခန႔္တိုးလာခဲ့ေၾကာင္းသိရသည္။
ဆြဲေဆာင္မႈမ်ား
အျပာေရာင္ေရကန္မ်ား၊ ရင္သပ္ရႈေမာဖြယ္ေကာင္းေသာ ေတာင္တန္းျမင္ကြင္းမ်ားႏွင့္ အတူ ဝါနာကာၿမိဳ႕သည္ ကြင္းစ္ေတာင္းၿမိဳ႕ထက္ပိုၿပီး လူႀကိဳက္မ်ားေသာခရီးသြားအပန္းေျဖစခန္းတစ္ခုျဖစ္ လာခဲ့ေၾကာင္းသိရသည္။
နာမည္ေက်ာ္ၾကားေသာ ခရီးသြား အပန္းေျဖစခန္းတစ္ခုျဖစ္လာခဲ့မႈႏွင့္အတူ ဝါနာကာၿမိဳ႕တြင္ စားေသာက္ဆိုင္မ်ား၊ ေကာ္ဖီဆိုင္မ်ားႏွင့္ ညဘက္ေပ်ာ္စရာပြဲေတာ္ အမ်ားအျပားရွိလာခဲ့ေၾကာင္း သိရ သည္။ ဝါနာကာၿမိဳ႕ရွိ အျခားဆြဲေဆာင္မႈမ်ားမွာ Puzzling World အပန္းေျဖစင္တာ ႏွင့္ Paradiso ႐ုပ္ရွင္႐ုံတို႔ျဖစ္သည္။ Puzzling World အပန္းေျဖစင္တာတြင္ ဝကၤပါတစ္ခု၊ မ်က္ စိေမွာက္သြားေစမည့္ လွည့္ကြက္မ်ားႏွင့္ ေစာင္းေနသည့္နာရီစင္တစ္ခုတို႔ပါဝင္ေၾကာင္းသိရသည္။ Paradiso ႐ုပ္ရွင္႐ုံသည္ ဂႏၴဝင္ ႐ုပ္ရွင္႐ုံေဟာင္းတစ္ခုျဖစ္ၿပီး ဆိုဖာခုံအေဟာင္းမ်ားႏွင့္ Morris Minor ကားေဟာင္းတစ္စီးတို႔ ျဖင့္ဖြဲ႕စည္းထားေသာ ႐ုပ္ရွင္႐ုံျဖစ္သည္။ ထို႔ျပင္ ဝါနာကာၿမိဳ႕တြင္ ဝိုင္စက္႐ုံ အမ်ားအျပားရွိၿပီး ဝါနာကာ ေလဆိပ္တြင္ အမ်ိဳးသားသယ္ယူပို႔ေဆာင္ေရးႏွင့္ အ႐ုပ္ျပတိုက္တို႔ရွိေၾကာင္းသိရသည္။
ေဆာင္းရာသီတြင္ ဝါနာကာၿမိဳ႕သည္ ေကာင္းကင္ေပၚတြင္ေပၚလာသည့္ အလင္းတန္းမ်ားကို ၾကည့္ရႈရန္ အေကာင္းဆုံးေနရာတစ္ခုအျဖစ္ သတ္မွတ္ခံထားရသည္။ Roys Peak ေတာင္၊ Mount Iron ေတာင္၊ Mount Grand ေတာင္ႏွင့္ Pisa Range ေတာင္တို႔အပါအဝင္ ဝါနာကာၿမိဳ႕ကို ဝန္းရံထားသည့္ ေတာင္တန္းအမ်ားအျပားကို အပန္းေျဖတက္ေရာက္မႈမ်ားလုပ္ေဆာင္ႏိုင္ၿပီး ယင္းေတာင္ တန္းမ်ားမွ တစ္ဆင့္ သာယာလွပေသာ ပတ္ဝန္းက်င္ေဒသ၏ျမင္ကြင္းမ်ားစြာကို ၾကည့္ရႈႏိုင္ေၾကာင္းသိရသည္။
အျပာေရာင္ေရကန္တစ္ခုအတြင္းတြင္ ေပါက္ေနသည့္ willow သစ္ပင္သည္ ခရီးသြားဆြဲေဆာင္ မႈေနရာတစ္ခုျဖစ္ၿပီး ခရီးသြားအမ်ားအျပား၏ အင္စတာဂရမ္တြင္တင္ထားေသာဓာတ္ပုံမ်ားတြင္ ပါရွိ ေလ့ရွိေၾကာင္းသိရသည္။ (၂၀၂၀)ျပည့္ႏွစ္တြင္ အဆိုပါ willow သစ္ပင္၏ ေအာက္ဘက္ပိုင္းအကိုင္း အခက္မ်ားကိုဖ်က္ဆီးသူမ်ားက ျဖတ္ေတာက္မႈမ်ားလုပ္ေဆာင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ သဘာဝ အတိုင္းျပန္လည္ေပါက္လာခဲ့ကာ ယခင္ကထက္ ပိုမိုလွပသည့္ willow သစ္ပင္တစ္ပင္ျဖစ္လာခဲ့ေၾကာင္း သိရသည္။
႐ုပ္ရွင္႐ိုက္ကူးေရးေနရာမ်ား
ဝါနာကာေဒသတြင္ ႐ိုက္ကူးခဲ့ေသာ႐ုပ္ရွင္မ်ားတြင္ The Lord of the Rings ၊ The Hobbit ၊ the Legend of S ႏွင့္ A Wrinkle in Time တို႔ကဲ့သို႔ေသာ နာမည္ႀကီး႐ုပ္ရွင္စီးရီးမ်ားစြာပါဝင္ ေၾကာင္းသိရ သည္။
ေႏြရာသီ
ေႏြရာသီကာလအတြင္း ဝါနာကာၿမိဳ႕တြင္ ေတာင္တက္ျခင္း၊ ေတာင္ေပၚတြင္စက္ဘီးစီးျခင္း၊ ေက်ာက္ေတာင္တက္ျခင္း၊ ငါးဖမ္းျခင္း၊ ေလထီးစီးျခင္း၊ ကႏူးေလွစီးျခင္း၊ ဂ်က္ေလွစီးျခင္းႏွင့္ ပတ္ဝန္း က်င္ဆိုင္ရာလႈပ္ရွားမႈမ်ားပါဝင္သည့္ ျပင္ပအပန္းေျဖျခင္းႏွင့္ခရီးသြားျခင္းမ်ားကို လုပ္ေဆာင္ႏိုင္ ေၾကာင္း သိရသည္။ ဝါနာကာၿမိဳ႕တြင္ ေနသာေသာရာသီဥတုရွိၿပီး ခရီးသြားအမ်ားအျပားက အပန္းေျဖမႈ မ်ားလုပ္ေဆာင္ရန္ မၾကာခဏလာေရာက္လည္ပတ္ေလ့ရွိေၾကာင္းသိရသည္။ Mount Aspiring အမ်ိဳး သား ဥယ်ာဥ္သည္ ေတာင္တက္ျခင္းႏွင့္ ႏွင္းေတာင္တက္ျခင္းတို႔အတြက္ ေရပန္းစားသည့္ေနရာ တစ္ခု ျဖစ္သည္။ ခရီးသြားအမ်ားအျပားသည္ ဥယ်ာဥ္အတြင္း တစ္ရက္တာခရီးစဥ္မ်ားကိုႀကိဳက္ႏွစ္သက္ၾကၿပီး ခရီးသြားမ်ားစြာသည္ ဥယ်ာဥ္အတြင္းတြင္ သီတင္းပတ္ တစ္ပတ္အထိ ေတာင္တက္ျခင္းမ်ားကိုလုပ္ ေဆာင္ၾကေၾကာင္းသိရသည္။ Mount Aspiring အမ်ိဳးသား ဥယ်ာဥ္သို႔သြားရာလမ္းရွိ Matukituki ခ်ိဳင့္ ဝွမ္း၏ အစိတ္အပိုင္းမ်ားသည္ ေက်ာက္ေတာင္တက္ျခင္းႏွင့္ ေန႔ခင္းဘက္လမ္းေလွ်ာက္ျခင္းတို႔အတြက္ ေရပန္း စားသည့္ေနရာတစ္ခုလည္းျဖစ္သည္။
ဝါနာကာေရကန္သည္ ေရလႊာေလွ်ာစီးျခင္း၊ ေလထီးႏွင့္အတူ ေရလႊာေလွ်ာစီးျခင္းႏွင့္ ႐ြက္လႊင့္ ျခင္းတို႔အတြက္ ေရပန္းစားသည့္ေနရာတစ္ခုျဖစ္သည္။ အျခားျမစ္မ်ားစြာႏွင့္အတူ ဝါနာကာေရကန္ သည္ ငါးဖမ္းျခင္းလုပ္ငန္းအတြက္ အခြင့္အလမ္းမ်ားစြာကို ေပးေဆာင္ထားေၾကာင္းသိရသည္။ ထို႔ျပင္ ဝါ နာကာၿမိဳ႕၏ ေဒသခံထင္းရႉးေတာအုပ္တြင္ ေစတနာ့ဝန္ထမ္းမ်ားကျပဳလုပ္ထားေသာ သီးသန႔္ေတာင္ တက္စက္ဘီးစီးသည့္ေနရာတစ္ခုလည္းရွိသည္။ အဆိုပါ စက္ဘီးဥယ်ာဥ္ပန္းၿခံ၏ ေဘးခ်င္းကပ္လ်က္ တြင္ က်င္း(၁၈)က်င္းပါေသာ ေဂါက္ကြင္းတစ္ခုရွိေၾကာင္းသိရသည္။ ေဒသတြင္းရွိ ႏွင္းေလွ်ာစီးအပန္း ေျဖစခန္းအားလုံးကို ေႏြရာသီတြင္ ေတာင္တက္စက္ဘီးစီးျခင္းႏွင့္ ေတာင္တက္ျခင္းတို႔လုပ္ေဆာင္ႏိုင္ ရန္အတြက္ ဖြင့္လွစ္ေပးထားေၾကာင္းသိရသည္။
ေဆာင္းရာသီ
ဝါနာကာၿမိဳ႕တြင္ နယူးဇီလန္ႏိုင္ငံတြင္းရွိ မည္သည့္ၿမိဳ႕မ်ားထက္မဆို ႏွင္းေလွ်ာစီးမႈမ်ားလုပ္ ေဆာင္ႏိုင္မည့္ ေ႐ြးခ်ယ္စရာအမ်ားအျပားရွိေၾကာင္း သိရသည္။ အဆိုပါႏွင္းေလွ်ာစီးေနရာမ်ားတြင္ Treble Cone? Cardrona Alpine အပန္းေျဖစခန္းႏွင့္ နယူးဇီလန္၏ ထိပ္တန္း စီးပြားျဖစ္ စကိတ္ စီးကြင္းအခ်ိဳ႕ပါဝင္ေၾကာင္းသိရသည္။ ဝါနာကာၿမိဳ႕ သည္ အဆိုပါအပန္းေျဖစခန္းမ်ားအတြက္ အဓိက ေနရာတစ္ခုအျဖစ္ ပံ့ပိုးေပးထားသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ဇူလိုင္လမွစက္တင္ဘာလအတြင္းတြင္ လူ အလြန္စည္ကားေၾကာင္းသိရသည္။ ဝါနာကာၿမိဳ႕ရွိ ေဆာင္းရာသီသည္ ႏွစ္စဥ္ အခမဲ့ ေဆာင္းရာသီအား ကစားၿပိဳင္ပြဲအမ်ိဳးမ်ိဳးကိုလက္ခံက်င္းပသည့္အခ်ိန္တစ္ခုလည္းျဖစ္သည္။ Treble Cone အပန္းေျဖ စခန္းသည္ ဓာတ္ေလွကားျဖင့္သြားေရာက္ႏိုင္ေသာ အေနအထားမ်ားေၾကာင့္ ခရီးသြားဧည့္သည္မ်ား ၾကားတြင္ အလြန္ေရပန္းစားသည့္ေနရာတစ္ခုလည္းျဖစ္သည္။ ထို႔ျပင္ Treble Cone အပန္းေျဖ စခန္း၏တည္ေနရာႏွင့္ဦးတည္ခ်က္မ်ားေၾကာင့္ အေနာက္ေျမာက္ဘက္မွတိုက္ခတ္ေသာ မုန္တိုင္း မ်ားႏွင့္အတူ ႏွင္းမ်ားပိုမိုရရွိေသာေၾကာင့္ အဆိုပါ ေဒသတြင္ ပုံမွန္ႏွင္းမ်ားထက္ ပိုမိုေကာင္းမြန္ေသာ ႏွင္းမ်ားျဖင့္ ေဆာ့ကစားႏိုင္ေၾကာင္းလည္းသိရသည္။