တရုတ်ဘက်မှမြန်မာ့ပဲတီစိမ်းပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှုကြောင့်ပိတ်ပင်ထားခြင်းကိုဖြေလျှော့ပေးမည်

 1695

ပြည့်ဖြိုး(NP News) နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံကနေ တရုတ်ဘက်သို့တင်ပို့လျက်ရှိသည့် ပဲတီစိမ်းနှင့် ငှက်ပျောသီးနှံများတွင် ပိုးသတ်ဆေး ဓာတ် ကြွင်းပမာဏကြောင့် တရုတ်ဘက်က တင်ပို့ခွင့်ယာယီရပ်ဆိုင်းထားခြင်းအပေါ် ဖြေလျှော့ပေးမည် ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံမှာ ကျင်းပခဲ့သည့် (၉) ကြိမ် မြောက်အာဆီယံ-တရုတ် ပိုးမွှား ရောဂါ ကင်းစင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက် ရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်းမှာ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ရက်နေ့က တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ဒုတိယဝန်ကြီး Mr. Zhao Zeng Lian ဦး ဆောင်သောအဖွဲနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့သည့် ကုမ္ပဏီ ၂၅ ခုနှင့် ငှက်ပျောတင်ပို့သည့် ကုမ္ပဏီ ခုနစ်ခုတို့ကို ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏကြောင့် တင်ပို့ခွင့်ယာယီရပ်ဆိုင်းထားသည့်အတွက် ဖြေလျှော့ ပေး ရန် ဆွေးနွေးမှုအပေါ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့အပြင် လက်မှတ်ရေးထိုးရန် ပေးပို့ထားသည့် Protocol များနှင့် စပ်လျဉ်း၍ GACC ၏ သက်ဆိုင်ရာ သီး နှံ၊ အသား၊ ငါးကဏ္ဍအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်လက်ဆောင်ရွက်ပေးရန် ဆွေးနွေးညှိနှိုင်းသွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ငှက်သိုက်တင်ပို့မှုလုပ်ငန်းစဉ်အတွက် လိုအပ်သော အထူးသဘောတူညီချက် နှင့်စပ်လျဉ်း ၍ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း GACC ဘက်မှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္ဘက္မွျမန္မာ့ပဲတီစိမ္းပိုးသတ္ေဆးဓါတ္ႂကြင္းပါဝင္မႈေၾကာင့္ပိတ္ပင္ထားျခင္းကိုေျဖေလွ်ာ့ေပးမည္
ျပည့္ၿဖိဳး(NP News) ႏိုဝင္ဘာ ၂၁
ျမန္မာႏိုင္ငံကေန တ႐ုတ္ဘက္သို႔တင္ပို႔လ်က္ရွိသည့္ ပဲတီစိမ္းႏွင့္ ငွက္ေပ်ာသီးႏွံမ်ားတြင္ ပိုးသတ္ေဆး ဓာတ္ ႂကြင္းပမာဏေၾကာင့္ တ႐ုတ္ဘက္က တင္ပို႔ခြင့္ယာယီရပ္ဆိုင္းထားျခင္းအေပၚ ေျဖေလွ်ာ့ေပးမည္ ျဖစ္ေၾကာင္း သိရသည္။
ႏိုဝင္ဘာလအတြင္း တ႐ုတ္ႏိုင္ငံမွာ က်င္းပခဲ့သည့္ (၉) ႀကိမ္ ေျမာက္အာဆီယံ-တ႐ုတ္ ပိုးမႊား ေရာဂါ ကင္းစင္ေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ စိုက္ပ်ိဳးေရးဝန္ႀကီးမ်ားအစည္းအေဝးသို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ ပါဝင္တက္ ေရာက္ခဲ့ၿပီး အဆိုပါခရီးစဥ္အတြင္းမွာ ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ခရီးစဥ္အတြင္း ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ႏိုဝင္ဘာ ၁၂ရက္ေန႔က တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ၊ အေကာက္ခြန္အေထြေထြ အုပ္ခ်ဳပ္မႈ အာဏာပိုင္အဖြဲ႕ (GACC) ဒုတိယဝန္ႀကီး Mr. Zhao Zeng Lian ဦး ေဆာင္ေသာအဖြဲႏွင့္ ေတြ႕ဆုံၿပီး ျမန္မာႏိုင္ငံမွ ပဲတီစိမ္းတင္ပို႔သည့္ ကုမၸဏီ ၂၅ ခုႏွင့္ ငွက္ေပ်ာတင္ပို႔သည့္ ကုမၸဏီ ခုနစ္ခုတို႔ကို ပိုးသတ္ေဆးဓာတ္ႂကြင္းပမာဏေၾကာင့္ တင္ပို႔ခြင့္ယာယီရပ္ဆိုင္းထားသည့္အတြက္ ေျဖေလွ်ာ့ ေပး ရန္ ေဆြးေႏြးမႈအေပၚ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သေဘာတူညီမႈရရွိခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ထို႔အျပင္ လက္မွတ္ေရးထိုးရန္ ေပးပို႔ထားသည့္ Protocol မ်ားႏွင့္ စပ္လ်ဥ္း၍ GACC ၏ သက္ဆိုင္ရာ သီး ႏွံ၊ အသား၊ ငါးက႑အလိုက္ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္ေပးရန္ ေဆြးေႏြးညႇိႏႈိင္းသြား မည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံမွ ငွက္သိုက္တင္ပို႔မႈလုပ္ငန္းစဥ္အတြက္ လိုအပ္ေသာ အထူးသေဘာတူညီခ်က္ ႏွင့္စပ္လ်ဥ္း ၍ ကူညီေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း GACC ဘက္မွ ျပန္လည္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.