ယခုနှစ် အကယ်ဒမီဆုပေးပွဲအတွက် အကယ်ဒမီဆုဗန်းကိုင်များ လျှောက်ထားနိုင်တော့မည်

 7432

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၁

ယခုနှစ် အကယ်ဒမီဆုပေးပွဲအတွက် အကယ်ဒမီဆုဗန်းကိုင်အဖြစ်လုပ်ကိုင်လိုသူများ နိုဝင်ဘာ ၂၄ ရက်က စတင်ကာ လျှောက်လွှာများ ထုတ်ယူလျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
လျှောက်လွှာများအား နိုဝင်ဘာ ၂၄ ရက်က စတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်း၌ သွားရောက်ထုတ်ယူရမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်၊ ညနေ ၄ နာရီအထိ နောက်ဆုံးထားထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူသည် ယခုနှစ် ဒီဇင်ဘာလ (၃၁)ရက်အတွက် အသက်(၁၆)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး အသက်(၂၅)နှစ် မကျော်လွန်သူလည်းဖြစ်ရမည့်အပြင် လူပျို၊ အပျိုဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီးများအတွက် ဖိနပ်မပါသော အရပ်အမြင့်မှာ (၅ ပေ ၂ လက်မ မှ ၅ ပေ ၈ လက်မ) အတွင်းနှင့် အမျိုးသားအရပ်အမြင့်မှာ (ဖိနပ်မပါ) (၅ ပေ ၆ လက်မ မှ ၆ ပေ) အထိဖြစ်ရမည်ဖြစ် ကြောင်း သိရသည်။
လျှောက်ထားသူများသည် ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူနှင့် ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သူဖြစ်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ယခုႏွစ္ အကယ္ဒမီဆုေပးပြဲအတြက္ အကယ္ဒမီဆုဗန္းကိုင္မ်ား ေလွ်ာက္ထားႏိုင္ေတာ့မည္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၁
ယခုႏွစ္ အကယ္ဒမီဆုေပးပြဲအတြက္ အကယ္ဒမီဆုဗန္းကိုင္အျဖစ္လုပ္ကိုင္လိုသူမ်ား ႏိုဝင္ဘာ ၂၄ ရက္က စတင္ကာ ေလွ်ာက္လႊာမ်ား ထုတ္ယူေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ေလွ်ာက္လႊာမ်ားအား ႏိုဝင္ဘာ ၂၄ ရက္က စတင္ကာ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ အမွတ္(၁၆)၊ ဝကၤဘာလမ္း၌ သြားေရာက္ထုတ္ယူရမည္ျဖစ္ၿပီး ဒီဇင္ဘာ ၅ ရက္၊ ညေန ၄ နာရီအထိ ေနာက္ဆုံးထားထုတ္ယူေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူသည္ ယခုႏွစ္ ဒီဇင္ဘာလ (၃၁)ရက္အတြက္ အသက္(၁၆)ႏွစ္ျပည့္ၿပီးသူျဖစ္ရမည္ျဖစ္ၿပီး အသက္(၂၅)ႏွစ္ မေက်ာ္လြန္သူလည္းျဖစ္ရမည့္အျပင္ လူပ်ိဳ၊ အပ်ိဳျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အမ်ိဳးသမီးမ်ားအတြက္ ဖိနပ္မပါေသာ အရပ္အျမင့္မွာ (၅ ေပ ၂ လက္မ မွ ၅ ေပ ၈ လက္မ) အတြင္းႏွင့္ အမ်ိဳးသားအရပ္အျမင့္မွာ (ဖိနပ္မပါ) (၅ ေပ ၆ လက္မ မွ ၆ ေပ) အထိျဖစ္ရမည္ျဖစ္ ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားသည္ က်န္းမာေရးေကာင္းမြန္သူ၊ အက်င့္စာရိတၱေကာင္းမြန္သူႏွင့္ ကိုယ္ခႏၶာအခ်ိဳးအစား ေျပျပစ္သူျဖစ္ရန္ လိုအပ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.