ကမ္ဘာ့ရွှေစျေးနှုန်းတည်ငြိမ်ပါက ပြည်ပသို့ ရွှေထည်များ ပြန်လည်တင်ပို့မည်

140

Pearl (NP News) - နိုဝင်ဘာ ၂၁
ကမ္ဘာ့ရွှေစျေးနှုန်းငြိမ်ပါက ပြည်ပသို့ ရွှေထည်များပြန်လည်တင်ပို့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က NP News သို့ပြောသည်။
ယခင်က ဂျပန်နိုင်ငံ နှင့် ကိုးရီးယားနိုင်သို့ ရွှေထည်များ တင်ပို့ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်းတွင် တင်ပို့မှုနည်းပါးသွားခဲ့ကြောင်း သိရသည်။
“အရင်လိုပဲ ပြန်လုပ်ဖို့အစီအစဉ်ရှိပါတယ်။ နိုင်ငံခြားကို ပို့တဲ့စျေးကွက်အကောင်အထည်ဖော်တာပေါ့။ ဂျပန် ၊ ကိုးရီးယား ကိုပို့မှာပါ။ အမျိုးအစားကတော့ ရွှေနဲ့ ကျောက်နဲ့လုပ်ထားတာများပါတယ်။ အဆောင်ပစ္စည်းတွေ များတယ်။ နေ့နာမ်နဲ့ ကျောက်အရောင်နဲ့ပေါ့။ အဲဒါမျိုးတွေ များပါတယ်။ ပို့တာကတော့ One Stop Service ကနေ ပို့မှာပါပဲ။ စျေးနှုန်းတွေ ဘာတွေက One Stop Service နဲ့ ဖြတ်တယ်” ဟု ဦးမျိုးမြင့်က NP News သို့ပြောသည်။
အလုပ်လက်မဲ့ဖြစ်နေသည့် ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန် အတွက် ပြည်ပသို့ပြန်လည်တင်ပို့ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ကျောက်များဖြင့် ပြုလုပ်ထားသည့် အဆောင်ပစ္စည်းရွှေထည်များကို အဓိက တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြည်ပသို့တင်ပို့ရာတွင် (၁၂)ပဲရည် ရွှေထည်ဖြင့် ပြုလုပ်ထားသည့် ရွှေထည်များကို အများဆုံးတင်ပို့မည်ဖြစ်ကြောင်းလည်း သိရသည်။
“ကမ္ဘာ့ရွှေစျေးငြိမ်တဲ့အချိန်တင်ပို့မှာပါ။ အခုက စျေးက တက်နေတော့ အရောင်းအဝယ်လုပ်လို့အဆင်မပြေဘူး။ စျေးနှုန်းအပြောင်းအလဲနည်းသွားရင် လုပ်လို့ရပြီ” ဟု ဦးမျိုးမြင့်က ပြောသည်။

Zawgyi Version:
ကမာၻ႔ေ႐ႊေစ်းႏႈန္းတည္ၿငိမ္ပါက ျပည္ပသို႔ ေ႐ႊထည္မ်ား ျပန္လည္တင္ပို႔မည္
Pearl (NP News) - ႏိုဝင္ဘာ ၂၁
ကမာၻ႔ေ႐ႊေစ်းႏႈန္းၿငိမ္ပါက ျပည္ပသို႔ ေ႐ႊထည္မ်ားျပန္လည္တင္ပို႔မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က NP News သို႔ေျပာသည္။
ယခင္က ဂ်ပန္ႏိုင္ငံ ႏွင့္ ကိုးရီးယားႏိုင္သို႔ ေ႐ႊထည္မ်ား တင္ပို႔ခဲ့ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္ေနာက္ပိုင္းတြင္ တင္ပို႔မႈနည္းပါးသြားခဲ့ေၾကာင္း သိရသည္။
“အရင္လိုပဲ ျပန္လုပ္ဖို႔အစီအစဥ္ရွိပါတယ္။ ႏိုင္ငံျခားကို ပို႔တဲ့ေစ်းကြက္အေကာင္အထည္ေဖာ္တာေပါ့။ ဂ်ပန္ ၊ ကိုးရီးယား ကိုပို႔မွာပါ။ အမ်ိဳးအစားကေတာ့ ေ႐ႊနဲ႔ ေက်ာက္နဲ႔လုပ္ထားတာမ်ားပါတယ္။ အေဆာင္ပစၥည္းေတြ မ်ားတယ္။ ေန႔နာမ္နဲ႔ ေက်ာက္အေရာင္နဲ႔ေပါ့။ အဲဒါမ်ိဳးေတြ မ်ားပါတယ္။ ပို႔တာကေတာ့ One Stop Service ကေန ပို႔မွာပါပဲ။ ေစ်းႏႈန္းေတြ ဘာေတြက One Stop Service နဲ႔ ျဖတ္တယ္” ဟု ဦးမ်ိဳးျမင့္က NP News သို႔ေျပာသည္။
အလုပ္လက္မဲ့ျဖစ္ေနသည့္ ပန္းထိမ္လုပ္ငန္းလုပ္ကိုင္သူမ်ားအတြက္ အလုပ္အကိုင္မ်ား ဖန္တီးေပးႏိုင္ရန္ အတြက္ ျပည္ပသို႔ျပန္လည္တင္ပို႔ရန္ ျပင္ဆင္ေနျခင္းျဖစ္ၿပီး ေက်ာက္မ်ားျဖင့္ ျပဳလုပ္ထားသည့္ အေဆာင္ပစၥည္းေ႐ႊထည္မ်ားကို အဓိက တင္ပို႔မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ျပည္ပသို႔တင္ပို႔ရာတြင္ (၁၂)ပဲရည္ ေ႐ႊထည္ျဖင့္ ျပဳလုပ္ထားသည့္ ေ႐ႊထည္မ်ားကို အမ်ားဆုံးတင္ပို႔မည္ျဖစ္ေၾကာင္းလည္း သိရသည္။
“ကမာၻ႔ေ႐ႊေစ်းၿငိမ္တဲ့အခ်ိန္တင္ပို႔မွာပါ။ အခုက ေစ်းက တက္ေနေတာ့ အေရာင္းအဝယ္လုပ္လို႔အဆင္မေျပဘူး။ ေစ်းႏႈန္းအေျပာင္းအလဲနည္းသြားရင္ လုပ္လို႔ရၿပီ” ဟု ဦးမ်ိဳးျမင့္က ေျပာသည္။