ပဲဈေးကွက်အတွင်း လိမ်လည်မှုမရှိစေရန် လေရောင်းလေဝယ် မလုပ်ရန် စာထုတ်ပြန်

 55

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၁

ပဲဈေးကွက်အတွင်း လိမ်လည်မှုများ မဖြစ်ပေါ်လာစေရန် လေရောင်းလေဝယ် မပြုလုပ်ကြရန် မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များအသင်းက သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တစ်ခုဖြစ်သော ပဲမျိုးစုံဈေးကွက်သည် နိုင်ငံခြားငွေအများအပြား ရှာဖွေနိုင်သည့် ကုန်စည်တစ်မျိုးဖြစ်သော်လည်း ပြည်တွင်းဈေးကွက်အတွင်း လိမ်လည်ရောင်းချမှုများလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။
“၂ဝ၁ဝ ဝန်းကျင်တုန်းက ပဲလောကမှာ ကျပ်သိန်းပေါင်းသောင်းနဲ့ချီပြီး လိမ်လည်တာတွေရှိဖူးတယ်။ ပဲဝယ်မယ်ပြောပြီး ငွေတွေမချေဘဲ လိမ်ပြေးသွားတာတွေ ရှိတယ်။ အခုနောက်ပိုင်းမှာတော့ တိုက်ရိုက် ကုန်ပေး-ငွေယူနဲ့ပဲ အရောင်းအဝယ်လုပ်နေတာပါ၊ အခုအချိန်မှာ အင်တာနက်ကောင်းမွန်လာတော့ နယ်ကို တိုက်ရိုက်ဆင်းမဝယ်ဘဲ လိုင်းပေါ်ကနေ ဝယ်တာမျိုးတွေရှိလာလို့ လေရောင်းလေဝယ် မလုပ်ဖို့ စာထုတ်တယ်လို့ ထင်ပါတယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တို့သည် ပြည်ပသို့အများပြားတင်ပို့သော ပဲအမျိုးအစားများဖြစ်ကြပြီး ပြည်တွင်းပဲဈေးကွက်တွင် ပဲပွဲစားများမှတဆင့် ပြည်ပသို့တင်ပို့ရခြင်းဖြစ်ရာ ပဲပွဲစားများ၏ ကုန်စည် ရန်ကုန်သို့မရောက်မှီ ဈေးကစားမှုများရှိလာကြောင်းသိရသည်။
“ပဲပွဲစားတွေက ဒိုင်မှာအများကြီးရှိတယ်၊ ဒိုင်ကနေ့စဥ်ပေါက်ဈေးဖွင့်တယ်အဲဒီပေါက်ဈေးကိုမူတည်ပြီး နယ်ဘက်မှာ တောင်သူတွေဆီကပြန်ဝယ်ကြတယ်။ လက်တလောမှာတော့ပြည်တွင်းမှာပဲလက်ကျန် အတော်နည်းနေပါပြီ၊လှောင်ထားတဲ့သူတွေအခြင်းခြင်း တဆင့်ပြန်ရောင်းနေတာတွေတော့ရှိပါတယ်၊ လေ‌ရောင်းလေဝယ် လုပ်တဲ့သူရှိလာလို့ဒီလိုစာထုတ်တယ်လို့ထင်ပါတယ်။”ဟု ပဲကုန်သည်တစ်ဦးကဆို သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအရ ကမ္ဘာ့အဆင့် (၂) နှင့် အဆင့် (၃) နေရာတို့တွင်ရှိနေပြီး မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းတို့မှာ ပြည်ပဈေးကွက်သို့ အများဆုံးတင်ပို့နေသည့် ပဲများဖြစ်သည်။
ပြည်တွင်းစိုက် ပဲမျိုးစုံကို ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၅၀၀) ဝန်းကျင်အထိ နှစ်စဉ်ရရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

Zawgyi Version:
ပဲေဈးကြက္အတြင္း လိမ္လည္မႈမရွိေစရန္ ေလေရာင္းေလဝယ္ မလုပ္ရန္ စာထုတ္ျပန္
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၂၁
ပဲေဈးကြက္အတြင္း လိမ္လည္မႈမ်ား မျဖစ္ေပၚလာေစရန္ ေလေရာင္းေလဝယ္ မျပဳလုပ္ၾကရန္ ျမန္မာႏိုင္ငံ ပဲႏွမ္းကုန္သည္မ်ားအသင္းက သတိေပးစာ ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၏ ျပည္ပပို႔ကုန္တစ္ခုျဖစ္ေသာ ပဲမ်ိဳးစုံေဈးကြက္သည္ ႏိုင္ငံျခားေငြအမ်ားအျပား ရွာေဖြႏိုင္သည့္ ကုန္စည္တစ္မ်ိဳးျဖစ္ေသာ္လည္း ျပည္တြင္းေဈးကြက္အတြင္း လိမ္လည္ေရာင္းခ်မႈမ်ားလည္း ျဖစ္ေပၚခဲ့ဖူးသည္။
“၂ဝ၁ဝ ဝန္းက်င္တုန္းက ပဲေလာကမွာ က်ပ္သိန္းေပါင္းေသာင္းနဲ႔ခ်ီၿပီး လိမ္လည္တာေတြရွိဖူးတယ္။ ပဲဝယ္မယ္ေျပာၿပီး ေငြေတြမေခ်ဘဲ လိမ္ေျပးသြားတာေတြ ရွိတယ္။ အခုေနာက္ပိုင္းမွာေတာ့ တိုက္႐ိုက္ ကုန္ေပး-ေငြယူနဲ႔ပဲ အေရာင္းအဝယ္လုပ္ေနတာပါ၊ အခုအခ်ိန္မွာ အင္တာနက္ေကာင္းမြန္လာေတာ့ နယ္ကို တိုက္႐ိုက္ဆင္းမဝယ္ဘဲ လိုင္းေပၚကေန ဝယ္တာမ်ိဳးေတြရွိလာလို႔ ေလေရာင္းေလဝယ္ မလုပ္ဖို႔ စာထုတ္တယ္လို႔ ထင္ပါတယ္” ဟု ဘုရင့္ေနာင္ကုန္စည္ဒိုင္မွ ပဲလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
မတ္ပဲ၊ ပဲတီစိမ္းႏွင့္ ပဲစင္းငုံ တို႔သည္ ျပည္ပသို႔အမ်ားျပားတင္ပို႔ေသာ ပဲအမ်ိဳးအစားမ်ားျဖစ္ၾကၿပီး ျပည္တြင္းပဲေဈးကြက္တြင္ ပဲပြဲစားမ်ားမွတဆင့္ ျပည္ပသို႔တင္ပို႔ရျခင္းျဖစ္ရာ ပဲပြဲစားမ်ား၏ ကုန္စည္ ရန္ကုန္သို႔မေရာက္မွီ ေဈးကစားမႈမ်ားရွိလာေၾကာင္းသိရသည္။
“ပဲပြဲစားေတြက ဒိုင္မွာအမ်ားႀကီးရွိတယ္၊ ဒိုင္ကေန႔စဥ္ေပါက္ေဈးဖြင့္တယ္အဲဒီေပါက္ေဈးကိုမူတည္ၿပီး နယ္ဘက္မွာ ေတာင္သူေတြဆီကျပန္ဝယ္ၾကတယ္။ လက္တေလာမွာေတာ့ျပည္တြင္းမွာပဲလက္က်န္ အေတာ္နည္းေနပါၿပီ၊ေလွာင္ထားတဲ့သူေတြအျခင္းျခင္း တဆင့္ျပန္ေရာင္းေနတာေတြေတာ့ရွိပါတယ္၊ ေလ‌ေရာင္းေလဝယ္ လုပ္တဲ့သူရွိလာလို႔ဒီလိုစာထုတ္တယ္လို႔ထင္ပါတယ္။”ဟု ပဲကုန္သည္တစ္ဦးကဆို သည္။
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈအရ ကမာၻ႔အဆင့္ (၂) ႏွင့္ အဆင့္ (၃) ေနရာတို႔တြင္ရွိေနၿပီး မတ္ပဲ၊ ပဲစင္းငုံ ႏွင့္ ပဲတီစိမ္းတို႔မွာ ျပည္ပေဈးကြက္သို႔ အမ်ားဆုံးတင္ပို႔ေနသည့္ ပဲမ်ားျဖစ္သည္။
ျပည္တြင္းစိုက္ ပဲမ်ိဳးစုံကို ျပည္ပႏိုင္ငံအသီးသီးသို႔ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ သန္းေပါင္း (၁၅၀၀) ဝန္းက်င္အထိ ႏွစ္စဥ္ရရွိေနေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနမွ သိရသည္။

Related news

© 2021. All rights reserved.